La Liga Premier League

တျဖည္းျဖည္းနဲ႔ အူဘာမီယန္းကိုပဲ ဦးစားေပးအျဖစ္ ေခၚယူရေတာ့မယ့္ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားေတြကို စီမံခန္႔ခြဲမွဳမွာ လိုအပ္ခ်က္ေတြရွိေနၿပီး ေရာင္းခ်မရမွဳနဲ႔ ပစ္မွတ္တုိက္စစ္မွဴးေတြအေနနဲ႔ တျခားၿပဳိင္ဘက္အသင္းေတြကို ေျပာင္းေရႊ႕ဖို႔ ပုိမိုဆႏၵရွိေနမွဳေၾကာင့္ အာဆင္နယ္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကိုပဲ ဦးစားေပးအျဖစ္ ေခၚယူရဖို႔ ျဖစ္လာေနတယ္လို႔ ဆုိပါတယ္။

အျဖဴေရာင္ေတာ္ဝင္ကလပ္အသင္းရဲ႕ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္အေနနဲ႔ ဘာစီလိုနာနဲ႔ သူတုိ႔နဲ႔ အလားသဏၭာန္ခ်င္း နီးစပ္တဲ့ မန္ခ်က္စတာစီးတီးတို႔ကိုပဲ သြားေရာက္ဖို႔ ရွိေနၿပီး လီယြန္နယ္ မက္ဆီနဲ႔ ဆာဂ်ီယို အေဂြ႐ို၊ ဂြါဒီယိုလာတို႔က ဆြဲေဆာင္သြားႏုိင္ခ်ိန္မွာ ဘာေနဗ်ဴးကို ေရာက္ဖို႔ကေတာ့ အခြင့္အလမ္းနည္းလြန္းေနခဲ့ပါတယ္။

ဒါေၾကာင့္ နည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ အူဘာမီယန္းကို ဦးစားေပးမဟုတ္ဘူးလို႔ ေအာ္ခ်ိန္တုန္းကလည္း ေအာ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူသာလွ်င္ အျဖစ္ႏုိင္ဆုံး ပစ္မွတ္ျဖစ္ေနၿပီး အာဆင္နယ္အသင္းဘက္က ေတာင္းဆုိႏုိင္တဲ့ ေပါင္ ၄၄ သန္း ပမာဏကို ေပးေခ်သြားဖို႔ ရွိေနသလို အသင္းနဲ႔ အံမဝင္ေသးတဲ့ လူကာ ယုိဗစ္ခ်္နဲ႔လည္း အလဲအထပ္ျပဳလုပ္ႏုိင္ေျခရွိပါတယ္။

ေနာက္ဆုံးသတင္းတစ္ခုအရလည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၃၀ အရြယ္ ဂါဘြန္တုိက္စစ္မွဴးအတြက္ အာဆင္နယ္အသင္းဆီကို စုံစမ္းမွဳ ျပဳလုပ္ခဲ့ၿပီး စာခ်ဳပ္တစ္ႏွစ္သာ က်န္ရွိေတာ့ခ်ိန္မွာ ထိန္းသိမ္းဖို႔ မလြယ္ေတာ့တဲ့ အသင္းေခါင္းေဆာင္ကို ေျမာက္လန္ဒန္အသင္းကလည္း ေရာင္းခ်ဖုိ႔ပဲ ျပင္ဆင္ေနတယ္လို႔ ဆုိပါတယ္။

အာဆင္နယ္အသင္းမွာ ကစားၿပီးသမွ် ၉၇ ပြဲမွာ ၆၁ ဂိုးသြင္းထားခဲ့တဲ့ အူဘာမီယန္းအေနနဲ႔ အသင္းက ထြက္ခြာဖို႔ တုိက္တြန္းမွဳေတြရွိေနၿပီး ရီးရဲလ္မက္ဒရစ္လို အသင္းမ်ဳိးကို ေျပာင္းေရႊ႕ဖို႔ ခန္႔မွန္းထားၾကသလို ဘာစီလိုနာ၊ အင္တာမီလန္၊ ပီအက္စ္ဂ်ီနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြကလည္း ေစာင့္ၾကည့္ေနၾကတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားတွေကို စီမံခန့်ခွဲမှုမှာ လိုအပ်ချက်တွေရှိနေပြီး ရောင်းချမရမှုနဲ့ ပစ်မှတ်တိုက်စစ်မှူးတွေအနေနဲ့ တခြားပြိုင်ဘက်အသင်းတွေကို ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေမှုကြောင့် အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကိုပဲ ဦးစားပေးအဖြစ် ခေါ်ယူရဖို့ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

အဖြူရောင်တော်ဝင်ကလပ်အသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်အနေနဲ့ ဘာစီလိုနာနဲ့ သူတို့နဲ့ အလားသဏ္ဌာန်ချင်း နီးစပ်တဲ့ မန်ချက်စတာစီးတီးတို့ကိုပဲ သွားရောက်ဖို့ ရှိနေပြီး လီယွန်နယ် မက်ဆီနဲ့ ဆာဂျီယို အဂွေရို၊ ဂွါဒီယိုလာတို့က ဆွဲဆောင်သွားနိုင်ချိန်မှာ ဘာနေဗျူးကို ရောက်ဖို့ကတော့ အခွင့်အလမ်းနည်းလွန်းနေခဲ့ပါတယ်။

ဒါကြောင့် နည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ အူဘာမီယန်းကို ဦးစားပေးမဟုတ်ဘူးလို့ အော်ချိန်တုန်းကလည်း အော်ခဲ့ပေမယ့် လက်ရှိမှာတော့ သူသာလျှင် အဖြစ်နိုင်ဆုံး ပစ်မှတ်ဖြစ်နေပြီး အာဆင်နယ်အသင်းဘက်က တောင်းဆိုနိုင်တဲ့ ပေါင် ၄၄ သန်း ပမာဏကို ပေးချေသွားဖို့ ရှိနေသလို အသင်းနဲ့ အံမဝင်သေးတဲ့ လူကာ ယိုဗစ်ချ်နဲ့လည်း အလဲအထပ်ပြုလုပ်နိုင်ခြေရှိပါတယ်။

နောက်ဆုံးသတင်းတစ်ခုအရလည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၃၀ အရွယ် ဂါဘွန်တိုက်စစ်မှူးအတွက် အာဆင်နယ်အသင်းဆီကို စုံစမ်းမှု ပြုလုပ်ခဲ့ပြီး စာချုပ်တစ်နှစ်သာ ကျန်ရှိတော့ချိန်မှာ ထိန်းသိမ်းဖို့ မလွယ်တော့တဲ့ အသင်းခေါင်းဆောင်ကို မြောက်လန်ဒန်အသင်းကလည်း ရောင်းချဖို့ပဲ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းမှာ ကစားပြီးသမျှ ၉၇ ပွဲမှာ ၆၁ ဂိုးသွင်းထားခဲ့တဲ့ အူဘာမီယန်းအနေနဲ့ အသင်းက ထွက်ခွာဖို့ တိုက်တွန်းမှုတွေရှိနေပြီး ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို ပြောင်းရွှေ့ဖို့ ခန့်မှန်းထားကြသလို ဘာစီလိုနာ၊ အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကလည်း စောင့်ကြည့်နေကြတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.