Premier League

အသင္းကို ဆုဖလားလိုခ်င္စိတ္ရွိတဲ့သူေတြ ေရာက္လာတာပဲ ျမင္ခ်င္တယ္လို႔ဆုိလိုက္တဲ့ ဖာနန္ဒက္စ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဇန္နဝါရီေခၚယူမွဳျဖစ္တဲ့ ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္က သူ႕အေနနဲ႔ ႏိုင္ပြဲေတြနဲ႔ ဆုဖလားေတြကို ဆာေလာင္မြတ္သိပ္သူေတြကိုနဲ႔သာ တြဲဖက္ကစားခ်င္ၿပီး အသင္းကို ေရာက္လာမယ့္ ကစားသမားသစ္ေတြကိုလည္း ဒီလိုလူေတြပဲ လုိခ်င္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

အသင္းကို ေရာက္ရွိလာခဲ့ကတည္းက အလ်င္အျမန္အထိုင္က်ၿပီး ေျခစြမ္းျပခဲ့တဲ့အျပင္ သြင္းဂိုးေတြနဲ႔ ဖန္တီးမွဳေတြက ဒီအသက္ ၂၅ ႏွစ္ အရြယ္ ကြင္းလယ္လူရဲ႕ အေရးပါမွဳနဲ႔ အေလးထားခံရမွဳကို ပုိမိုျမင့္တက္ေစခဲ့ၿပီး သူကလည္း ယူႏုိက္တက္ကို ေရာက္လာခဲ့ကတည္းက ေခါင္းေဆာင္မွဳ စြမ္းရည္ကို ျပသေနခဲ့သူလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ အရည္အေသြး၊ ေဘာလုံးအျမင္၊ စိတ္ဓာတ္ပုိင္းျပင္းျပမွဳေတြကို အသင္းဂႏၴဝင္ေတြကပါ ခ်ီးက်ဴးထားခ်ိန္မွာ သူ႕ရဲ႕ အေနအထားက စင္ေပၚ ေရာက္ေနခဲ့ၿပီလို႔လည္း ဆုိႏုိင္ၿပီး လာမယ့္အနာဂတ္မွာ အုိးလ္ထရက္ဖို႔ဒ္ရဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို အေႏွးနဲ႔ အျမန္ ရယူမယ့္သူလုိ႔လည္း ပရိသတ္ေတြက ထင္ျမင္ေနၾကခ်ိန္မွာ သူက ဒီလိုမ်ဳိး ရဲရင့္တဲ့ စကားကို ဆုိခဲ့တာပါ။

“ကၽြန္ေတာ္က အားလုံးကို ရယူခ်င္တယ္။ အဲ့ဒီလို ရယူဖို႔လည္း ဆာေလာင္မွဳရွိတယ္။ ကၽြန္ေတာ္ မန္ခ်က္စတာကို လာခဲ့တာက ႏိုင္ပြဲေတြ ယူဖို႔၊ ဆုဖလားေတြ အမွန္ေပးခ်န္ပီယံေတြ ခ်န္ပီယံလိဂ္ေတြ အရယူဖို႔ လာခဲ့တာပဲ။ လက္ရွိမွာ ကၽြန္ေတာ္တုိ႔အေနနဲ႔ အေကာင္းဆုံးစုဖြဲ႕မွဳနဲ႔ အေကာင္းဆုံး ျဖစ္လာႏုိင္တဲ့ လူငယ္ေတြကိုလည္း ပုိင္ဆုိင္ထားတဲ့ အသင္းႀကီးတစ္သင္းျဖစ္ေနၿပီ။ ဒီေတာ့ ေနာက္ထပ္ အသင္းကို ေရာက္လာမယ့္သူေတြ အားလုံးကလည္း ႏိုင္ပြဲဆာေလာင္ၿပီး အရာအားလုံးကို ရယူသိမ္းပုိက္ခ်င္တဲ့သူမ်ဳိးေတြပဲ ျဖစ္ရလိမ့္မယ္”လို႔ အသင္းရဲ႕ ဝက္ဘ္ဆုိက္ကေန ေျပာၾကားသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္အသင္းနည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ အမွဳေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္တုိ႔လည္း အသင္းအတြက္ ကစာသမားေကာင္းေတြကို ရွာေဖြေနခဲ့ၿပီး လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ေငြေတာ္ေတာ္မ်ားမ်ားသုံးဖို႔ ရွိေနခ်ိန္မွာ ဖာနန္ဒက္စ္ရဲ႕ တုိက္ပြဲဝင္စိတ္နဲ႔ ျပင္းျပတဲ့ ဆႏၵေတြကေတာ့ ပရိသတ္ေတြအတြက္ လာမယ့္ရာသီကစၿပီး ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔ စိတ္ခ်မ္းသာစရာျဖစ္လာမလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဇန်နဝါရီခေါ်ယူမှုဖြစ်တဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ နိုင်ပွဲတွေနဲ့ ဆုဖလားတွေကို ဆာလောင်မွတ်သိပ်သူတွေကိုနဲ့သာ တွဲဖက်ကစားချင်ပြီး အသင်းကို ရောက်လာမယ့် ကစားသမားသစ်တွေကိုလည်း ဒီလိုလူတွေပဲ လိုချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အသင်းကို ရောက်ရှိလာခဲ့ကတည်းက အလျင်အမြန်အထိုင်ကျပြီး ခြေစွမ်းပြခဲ့တဲ့အပြင် သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေက ဒီအသက် ၂၅ နှစ် အရွယ် ကွင်းလယ်လူရဲ့ အရေးပါမှုနဲ့ အလေးထားခံရမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး သူကလည်း ယူနိုက်တက်ကို ရောက်လာခဲ့ကတည်းက ခေါင်းဆောင်မှု စွမ်းရည်ကို ပြသနေခဲ့သူလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ အရည်အသွေး၊ ဘောလုံးအမြင်၊ စိတ်ဓာတ်ပိုင်းပြင်းပြမှုတွေကို အသင်းဂန္ထဝင်တွေကပါ ချီးကျူးထားချိန်မှာ သူ့ရဲ့ အနေအထားက စင်ပေါ် ရောက်နေခဲ့ပြီလို့လည်း ဆိုနိုင်ပြီး လာမယ့်အနာဂတ်မှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အနှေးနဲ့ အမြန် ရယူမယ့်သူလို့လည်း ပရိသတ်တွေက ထင်မြင်နေကြချိန်မှာ သူက ဒီလိုမျိုး ရဲရင့်တဲ့ စကားကို ဆိုခဲ့တာပါ။

“ကျွန်တော်က အားလုံးကို ရယူချင်တယ်။ အဲ့ဒီလို ရယူဖို့လည်း ဆာလောင်မှုရှိတယ်။ ကျွန်တော် မန်ချက်စတာကို လာခဲ့တာက နိုင်ပွဲတွေ ယူဖို့၊ ဆုဖလားတွေ အမှန်ပေးချန်ပီယံတွေ ချန်ပီယံလိဂ်တွေ အရယူဖို့ လာခဲ့တာပဲ။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးစုဖွဲ့မှုနဲ့ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ လူငယ်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အသင်းကြီးတစ်သင်းဖြစ်နေပြီ။ ဒီတော့ နောက်ထပ် အသင်းကို ရောက်လာမယ့်သူတွေ အားလုံးကလည်း နိုင်ပွဲဆာလောင်ပြီး အရာအားလုံးကို ရယူသိမ်းပိုက်ချင်တဲ့သူမျိုးတွေပဲ ဖြစ်ရလိမ့်မယ်”လို့ အသင်းရဲ့ ဝက်ဘ်ဆိုက်ကနေ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်တို့လည်း အသင်းအတွက် ကစာသမားကောင်းတွေကို ရှာဖွေနေခဲ့ပြီး လာမယ့်အပြောင်းအရွှေ့ကာလမှာ ငွေတော်တော်များများသုံးဖို့ ရှိနေချိန်မှာ ဖာနန်ဒက်စ်ရဲ့ တိုက်ပွဲဝင်စိတ်နဲ့ ပြင်းပြတဲ့ ဆန္ဒတွေကတော့ ပရိသတ်တွေအတွက် လာမယ့်ရာသီကစပြီး မျှော်လင့်ချက်ကြီးကြီးနဲ့ စိတ်ချမ်းသာစရာဖြစ်လာမလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.