Premier League

10 Jul ညချမ်း နောက်ဆုံးရ လီဗာပူး အပြောင်းအရွှေ့သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်လူတစ်ယောက် ရှာဖွေနေတာတော့ မှန်ပေမယ့် ဦးစားပေးထားတဲ့ ကစားသမားလည်း မရှိသေးသလို အသလက်တီကိုမက်ဒရစ်နဲ့လည်း ဆာအူးလ် ညီရက်ဇ်အတွက် ရှေ့ဆက်ဆွေးနွေးထားတာမျိုးတော့ မရှိသေးဘူးလို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

လီဗာပူးလ်အသင်းအနေနဲ့ အီတလီတောင်ပံကစားသမား ဖယ်ဒရီကို ခီယေးဆာကို ခေါ်ယူချင်နေပြီး ပေါင် ၇၇ သန်းသတ်မှတ်ထားတဲ့ သူက လက်ရှိမှာ ဂျူဗင်တပ်စ်က သူ့ကို နှစ်ရာသီအငှား+အပြီးသတ်ဝယ်ယူခွင့်နဲ့ ဝယ်ယူထားတာဖြစ်သလို လက်ရှိမှာတော့ ပထမရာသီပဲရှိသေးတာကြောင့် ဖီအိုရင်တီးနားနဲ့ ညှိရဖို့ရှိနေကြောင်းသိရ။

လက်စတာအသင်းရဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို လီဗာပူးလ်အသင်းက ယူရို ၇၅ သန်း ပေးချေဖို့ ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပြီး ကစားသမားဘက်ကလည်း အန်ဖီးလ်ကို ပြောင်းလာဖို့ အဆင်‌သင့်‌ဖြစ်နေတယ်လို့ Voetbal24 မှ ဖော်ပြထားကြောင်းသိရ။

လီဗာပူးလ်အသင်းကတော့ ပုံမှန်ပွဲထွက်ခွင့်ရချင်လို့ အသင်းက ထွက်ခွာဖို့ရှိနေတဲ့ ဂျာဒန် ရှာကီရီနေရာမှာ မနှစ်က ဘလက်ဘန်းအသင်းမှာ အငှားထွက်ကစားပြီး ကွင်းလယ်ဖန်တီးရှင်နဲ့ ညာတောင်ပံမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမား ဟာဗေး အီလီယော့ကို ပထမအသင်းကြီးမှာ အသုံးပြုသွားဖို့ စီစဉ်နေကြောင်းသိရ။

မီကဲလ် ဒမ်းစ်ဂါ့ဒ်ကို ခေါ်ယူလိုတဲ့အသင်းထဲ လီဗာပူးလ်လည်း ပါဝင်လာခဲ့ပြီး အေစီမီလန်ရဲ့ အန်ဒရေ ကွန်တေ + ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်းမှုကိုတော့ ဆမ်ဒိုးရီးယားက ပယ်ချခဲ့တာကြောင့် အန်ဖီးလ်သားတို့အနေနဲ့လည်း ယူရို ၃၃ သန်းလောက်နဲ့ စတင်ကမ်းလှမ်းရဖို့ရှိနေ။

လီဗာပူးလ်အသင်းအနေနဲ့ ဝုလ်ဗ်စ်အသင်းရဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူချင်ပြီး ပေါင် ၂၅ သန်းကနေ စတင်ကမ်းလှမ်းသွားဖို့ရှိနေပေမယ့် ပေါင်သန်း ၅၀ နဲ့ နီးစပ်တဲ့ပမာဏနဲ့ပဲ ရောင်းချချင်တာကြောင့် ညှိနှိုင်းမှုက အချိန်ကြာနိုင်ကြောင်းသိရ။

ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်က လီဗာပူးလ်အသင်းအတွက် အကျိုးရှိမယ့် ကွင်းလယ်လူဖြစ်တာကြောင့် အန်ဖီးလ်သားတို့အနေနဲ့ ကွင်းလယ်ပိုင်းကို တောင့်တင်းအောင် ပြင်ဆင်မယ်ဆို အင်္ဂလန်ကွင်းလယ်လူကို ဝယ်ယူသင့်ကြောင်း ဂန္ထဝင်ကစားသမားကြီး ဂျွန် ဘားန်စ်က တိုက်တွန်းသွားခဲ့။

ကာလရှည်စိတ်ဝင်စားခဲ့တဲ့ ဒွန်ညဲ မာလန်အနေနဲ့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်နေပေမယ့် လီဗာပူးလ်အသင်းဘက်က ကြိုးစားခွင့် ရှိနေသေးတာကြောင့် ဂျာမန်ကလပ်ထက် ပိုကောင်းတဲ့ ကမ်းလှမ်းချက်နဲ့ အရခေါ်ယူနိုင်ဖို့လိုအပ်နေသလို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာဖြစ်ကြောင်းသိရ။

လီဗာပူးလ်အသင်းအနေနဲ့ တူရကီ လူငယ်ကစားသမားလေး ဘူရက် ကင်ဂျယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး သူ့ကို ဥရောပ အသင်းကြီးအတော်များများက စောင့်ကြည့်နေကြသလို ဘိုင်ယန်မြူးနစ်လို အသင်းပါ စောင့်ကြည့်လာတာကြောင့် ခေါ်ယူမယ်ဆို ခပ်သွက်သွက် ခေါ်ယူနိုင်ဖို့ လိုအပ်ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္လူတစ္ေယာက္ ရွာေဖြေနတာေတာ့ မွန္ေပမယ့္ ဦးစားေပးထားတဲ့ ကစားသမားလည္း မရွိေသးသလို အသလက္တီကိုမက္ဒရစ္နဲ႔လည္း ဆာအူးလ္ ညီရက္ဇ္အတြက္ ေရွ႕ဆက္ေဆြးေႏြးထားတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

လီဗာပူးလ္အသင္းအေနနဲ႔ အီတလီေတာင္ပံကစားသမား ဖယ္ဒရီကို ခီေယးဆာကို ေခၚယူခ်င္ေနၿပီး ေပါင္ ၇၇ သန္းသတ္မွတ္ထားတဲ့ သူက လက္ရွိမွာ ဂ်ဴဗင္တပ္စ္က သူ႔ကို ႏွစ္ရာသီအငွား+အၿပီးသတ္ဝယ္ယူခြင့္နဲ႔ ဝယ္ယူထားတာျဖစ္သလို လက္ရွိမွာေတာ့ ပထမရာသီပဲရွိေသးတာေၾကာင့္ ဖီအိုရင္တီးနားနဲ႔ ညႇိရဖို႔ရွိေနေၾကာင္းသိရ။

လက္စတာအသင္းရဲ႕ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို လီဗာပူးလ္အသင္းက ယူ႐ို ၇၅ သန္း ေပးေခ်ဖို႔ ရွိေနတယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ၿပီး ကစားသမားဘက္ကလည္း အန္ဖီးလ္ကို ေျပာင္းလာဖို႔ အဆင္‌သင့္‌ျဖစ္ေနတယ္လို႔ Voetbal24 မွ ေဖာ္ျပထားေၾကာင္းသိရ။

လီဗာပူးလ္အသင္းကေတာ့ ပုံမွန္ပြဲထြက္ခြင့္ရခ်င္လို႔ အသင္းက ထြက္ခြာဖို႔ရွိေနတဲ့ ဂ်ာဒန္ ရွာကီရီေနရာမွာ မႏွစ္က ဘလက္ဘန္းအသင္းမွာ အငွားထြက္ကစားၿပီး ကြင္းလယ္ဖန္တီးရွင္နဲ႔ ညာေတာင္ပံမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္ကစားသမား ဟာေဗး အီလီေယာ့ကို ပထမအသင္းႀကီးမွာ အသုံးျပဳသြားဖို႔ စီစဥ္ေနေၾကာင္းသိရ။

မီကဲလ္ ဒမ္းစ္ဂါ့ဒ္ကို ေခၚယူလိုတဲ့အသင္းထဲ လီဗာပူးလ္လည္း ပါဝင္လာခဲ့ၿပီး ေအစီမီလန္ရဲ႕ အန္ဒေရ ကြန္ေတ + ယူ႐ို သန္း ၂၀ နဲ႔ ကမ္းလွမ္းမႈကိုေတာ့ ဆမ္ဒိုးရီးယားက ပယ္ခ်ခဲ့တာေၾကာင့္ အန္ဖီးလ္သားတို႔အေနနဲ႔လည္း ယူ႐ို ၃၃ သန္းေလာက္နဲ႔ စတင္ကမ္းလွမ္းရဖို႔ရွိေန။

လီဗာပူးလ္အသင္းအေနနဲ႔ ဝုလ္ဗ္စ္အသင္းရဲ႕ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ေခၚယူခ်င္ၿပီး ေပါင္ ၂၅ သန္းကေန စတင္ကမ္းလွမ္းသြားဖို႔ရွိေနေပမယ့္ ေပါင္သန္း ၅၀ နဲ႔ နီးစပ္တဲ့ပမာဏနဲ႔ပဲ ေရာင္းခ်ခ်င္တာေၾကာင့္ ညႇိႏႈိင္းမႈက အခ်ိန္ၾကာႏိုင္ေၾကာင္းသိရ။

ဝက္စ္ဟမ္းအသင္း ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္က လီဗာပူးလ္အသင္းအတြက္ အက်ိဳးရွိမယ့္ ကြင္းလယ္လူျဖစ္တာေၾကာင့္ အန္ဖီးလ္သားတို႔အေနနဲ႔ ကြင္းလယ္ပိုင္းကို ေတာင့္တင္းေအာင္ ျပင္ဆင္မယ္ဆို အဂၤလန္ကြင္းလယ္လူကို ဝယ္ယူသင့္ေၾကာင္း ဂႏၴဝင္ကစားသမားႀကီး ဂြၽန္ ဘားန္စ္က တိုက္တြန္းသြားခဲ့။

ကာလရွည္စိတ္ဝင္စားခဲ့တဲ့ ဒြန္ညဲ မာလန္အေနနဲ႔ ေဒါ့မြန္အသင္းကို ေျပာင္းေ႐ႊ႕ရန္ နီးစပ္ေနေပမယ့္ လီဗာပူးလ္အသင္းဘက္က ႀကိဳးစားခြင့္ ရွိေနေသးတာေၾကာင့္ ဂ်ာမန္ကလပ္ထက္ ပိုေကာင္းတဲ့ ကမ္းလွမ္းခ်က္နဲ႔ အရေခၚယူႏိုင္ဖို႔လိုအပ္ေနသလို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္မွာျဖစ္ေၾကာင္းသိရ။

လီဗာပူးလ္အသင္းအေနနဲ႔ တူရကီ လူငယ္ကစားသမားေလး ဘူရက္ ကင္ဂ်ယ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာၿပီး သူ႔ကို ဥေရာပ အသင္းႀကီးအေတာ္မ်ားမ်ားက ေစာင့္ၾကည့္ေနၾကသလို ဘိုင္ယန္ျမဴးနစ္လို အသင္းပါ ေစာင့္ၾကည့္လာတာေၾကာင့္ ေခၚယူမယ္ဆို ခပ္သြက္သြက္ ေခၚယူႏိုင္ဖို႔ လိုအပ္ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.