Premier League Transfer News

10 Jul နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုရဲ့ အေးဂျင့်က ယူရိုသန်း ၅၀ တန်ကြေးရှိတဲ့ သူ့ကစားသမားအတွက် ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် အသင်းမှာပဲ ဆက်နေချင်လို့ ယူရိုပြိုင်ပွဲအပြီးမှာ မာရီနာ ဂရာနော့ဗ်စကားယာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးသွားဖို့ရှိကြောင်းပြောသွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်က နောဝစ်ခ်ျကို အငှားချထားခဲ့တဲ့ ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးဟာ တစ်ချိန်မှာ တကယ့် ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမား ဖြစ်နိုင်တယ်လို့ ပြောသွားခဲ့ပြီး ယူရိုပြိုင်ပွဲအတွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ချီးကျူးပြောဆိုသွားခဲ့။

– ငွေကြေးအခက်အခဲရှိနေတဲ့ ဆီဗီလာအသင်းအနေနဲ့ ခံစစ်မှူး ဂျူးလ် ကွန်ဒေကို ရောင်းချလိုနေပြီး စာချုပ်ပါလျော်ကြေး ယူရိုသန်း ၈၀ တန်ပေမယ့် စပိန်ကလပ်က ယူရို သန်း ၇၀ နဲ့ကမ်းလှမ်းမှုတွေကစပြီး နားစွင့်သွားဖို့ရှိနေသလို ကစားသမားကလည်း ချန်ပီယံလိဂ်ကစားချင်တာကြောင့် ချဲလ်ဆီးတို့အတွက် အခြေအနေကောင်းလာခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ထပ်ကြိုးစားဦးမှာဖြစ်ပြီး အေစီမီလန်အသင်းကို ကစားသမားရောင်းချမှုကတစ်ဆင့် ပေါင် ၁၁၂ သန်း ရဖို့ ပစ်မှတ်ထားလာခဲ့သလို အများဆုံး ပေါင်သန်း ၆၀ လောက်ပဲ အိတ်စိုက်ရဖို့ရှိတာကြောင့် နော်ဝေးသားအတွက် နောက်တစ်ကြိမ် ကမ်းလှမ်းဖို့ရှိနေကြောင်းသိရ။

– လီယွန်နယ် မက်ဆီကို ထပ်မံစာချုပ်လိုနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ လစာများတဲ့ ကစားသမားတစ်ဦးဖြစ်သူ အွန်ထွာ ဂရီးဇ်မန်းကို ရောင်းထုတ်လိုနေပြီး တစ်ပတ် ပေါင် ၅၉၄,၀၀၀ အထိ ပေးနေရတဲ့ ပြင်သစ်သားအတွက် ဝယ်လက်ရှာဖွေနေသလို ချဲလ်ဆီးအသင်းကလည်း စုံစမ်းမှုတွေ ပြုလုပ်ထားကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား တီမူး ဘာကာယိုကိုအတွက် အေစီမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ နီးစပ်လာချိန်မှာ နာပိုလီအသင်းကပါ ကြားဝင်ကမ်းလှမ်းလာဖို့ ရှိနေတာကြောင့် စီးရီးအေရဲ့ ဘယ်အသင်းမှာ သူ့ကို တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာ။

– ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်အတွက် မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ အီဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အသက် ၁၈ နှစ်နဲ့ ခြေစွမ်းပြနေတဲ့သူ့ကို ပေါင် ၂၅.၇ သန်းလောက်နဲ့ ခေါ်နိုင်မယ့်အချက်က ဒက်ကလန် ရိုက်စ်ကို မရခဲ့ရင် ဒုတိယဦးစားပေးအနေနဲ့ ခေါ်ယူဖို့ စီစဉ်လာနိုင်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဝုဖ်ဘတ်နောက်ခံလူ မက်ဆန့် လာခွာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လတ်တလော ယူရို ၂၈ သန်း တန်ကြေးရှိတဲ့ ၂၁ နှစ်အရွယ် ပြင်သစ်သားကို နည်းပြ သောမက်စ် တူဟယ်လ်ကလည်း သဘောကျနေသလို စပါးစ်အသင်းနဲ့ RB လိုက်ပ်ဇစ်အသင်းတို့ကပါ စိတ်ဝင်စားနေကြောင်းသိရ။

– ချဲလ်ဆီးအသင်းအနေနဲ့ အလားအလာ‌ကောင်းတွေရှိတဲ့ အယ်‌လ်ဘေးနီးယား လူငယ်တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို အသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ပထမအသင်းကြီးနဲ့အတူ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ နာမည်ကြီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

– ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးအနေနဲ့ အေစီမီလန်အသင်းကို ယူရို ၁ သန်း + အနာဂတ်ခံစားခွင့် ယူရို ၁ သန်းနဲ့ ပြောင်းရွှေ့မှာဖြစ်ကြောင်း သိရပြီး အသက် ၃၄ နှစ်အရွယ် ပြင်သစ်သားကြီးအနေနဲ့ မီလန်မြို့ကို နောက်တစ်ပတ်မှာ အပြောင်းအရွှေ့အပြီးသတ်ဖို့ သွားရောက်မှာဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ညိဳရဲ႕ ေအးဂ်င့္က ယူ႐ိုသန္း ၅၀ တန္ေၾကးရွိတဲ့ သူ႔ကစားသမားအတြက္ ကမ္းလွမ္းမႈေတြ ရွိေနေပမယ့္ အသင္းမွာပဲ ဆက္ေနခ်င္လို႔ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ မာရီနာ ဂရာေနာ့ဗ္စကားယာနဲ႔ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးသြားဖို႔ရွိေၾကာင္းေျပာသြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမားေဟာင္း ေရွာင္႐ိုက္ဖိလစ္က ေနာဝစ္ခ္်ကို အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ ဘီလီ ဂီးလ္မိုးဟာ တစ္ခ်ိန္မွာ တကယ့္ ကမာၻ႔အဆင့္ ၾကယ္ပြင့္ကစားသမား ျဖစ္ႏိုင္တယ္လို႔ ေျပာသြားခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲအတြင္း သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကိုလည္း ခ်ီးက်ဴးေျပာဆိုသြားခဲ့။

– ေငြေၾကးအခက္အခဲရွိေနတဲ့ ဆီဗီလာအသင္းအေနနဲ႔ ခံစစ္မႉး ဂ်ဴးလ္ ကြန္ေဒကို ေရာင္းခ်လိုေနၿပီး စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ိုသန္း ၈၀ တန္ေပမယ့္ စပိန္ကလပ္က ယူ႐ို သန္း ၇၀ နဲ႔ကမ္းလွမ္းမႈေတြကစၿပီး နားစြင့္သြားဖို႔ရွိေနသလို ကစားသမားကလည္း ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ ခ်ဲလ္ဆီးတို႔အတြက္ အေျခအေနေကာင္းလာခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ ထပ္ႀကိဳးစားဦးမွာျဖစ္ၿပီး ေအစီမီလန္အသင္းကို ကစားသမားေရာင္းခ်မႈကတစ္ဆင့္ ေပါင္ ၁၁၂ သန္း ရဖို႔ ပစ္မွတ္ထားလာခဲ့သလို အမ်ားဆုံး ေပါင္သန္း ၆၀ ေလာက္ပဲ အိတ္စိုက္ရဖို႔ရွိတာေၾကာင့္ ေနာ္ေဝးသားအတြက္ ေနာက္တစ္ႀကိမ္ ကမ္းလွမ္းဖို႔ရွိေနေၾကာင္းသိရ။

– လီယြန္နယ္ မက္ဆီကို ထပ္မံစာခ်ဳပ္လိုေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ အသင္းရဲ႕ လစာမ်ားတဲ့ ကစားသမားတစ္ဦးျဖစ္သူ အြန္ထြာ ဂရီးဇ္မန္းကို ေရာင္းထုတ္လိုေနၿပီး တစ္ပတ္ ေပါင္ ၅၉၄,၀၀၀ အထိ ေပးေနရတဲ့ ျပင္သစ္သားအတြက္ ဝယ္လက္ရွာေဖြေနသလို ခ်ဲလ္ဆီးအသင္းကလည္း စုံစမ္းမႈေတြ ျပဳလုပ္ထားေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား တီမူး ဘာကာယိုကိုအတြက္ ေအစီမီလန္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံဖို႔ နီးစပ္လာခ်ိန္မွာ နာပိုလီအသင္းကပါ ၾကားဝင္ကမ္းလွမ္းလာဖို႔ ရွိေနတာေၾကာင့္ စီးရီးေအရဲ႕ ဘယ္အသင္းမွာ သူ႔ကို ေတြ႕ရမလဲဆိုတာ စိတ္ဝင္စားစရာျဖစ္လာ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကြင္းလယ္အတြက္ မန္ခ်က္စတာယူႏိုက္တက္က စိတ္ဝင္စားေနတဲ့ အီဒူယာဒို ကာမာဗင္ဂါကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး အသက္ ၁၈ ႏွစ္နဲ႔ ေျခစြမ္းျပေနတဲ့သူ႔ကို ေပါင္ ၂၅.၇ သန္းေလာက္နဲ႔ ေခၚႏိုင္မယ့္အခ်က္က ဒက္ကလန္ ႐ိုက္စ္ကို မရခဲ့ရင္ ဒုတိယဦးစားေပးအေနနဲ႔ ေခၚယူဖို႔ စီစဥ္လာႏိုင္ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဝုဖ္ဘတ္ေနာက္ခံလူ မက္ဆန႔္ လာခြာကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး လတ္တေလာ ယူ႐ို ၂၈ သန္း တန္ေၾကးရွိတဲ့ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္သားကို နည္းျပ ေသာမက္စ္ တူဟယ္လ္ကလည္း သေဘာက်ေနသလို စပါးစ္အသင္းနဲ႔ RB လိုက္ပ္ဇစ္အသင္းတို႔ကပါ စိတ္ဝင္စားေနေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အလားအလာ‌ေကာင္းေတြရွိတဲ့ အယ္‌လ္ေဘးနီးယား လူငယ္တိုက္စစ္မႉး အာမန္ဒို ဘ႐ိုဂ်ာကို အသင္းမွာ ၂၀၂၆ ခုႏွစ္အထိရွိမယ့္ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီး ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပထမအသင္းႀကီးနဲ႔အတူ ပါဝင္ခြင့္ရမွာျဖစ္တယ္လို႔ နာမည္ႀကီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

– ခ်ဲလ္ဆီးတိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးအေနနဲ႔ ေအစီမီလန္အသင္းကို ယူ႐ို ၁ သန္း + အနာဂတ္ခံစားခြင့္ ယူ႐ို ၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕မွာျဖစ္ေၾကာင္း သိရၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ ျပင္သစ္သားႀကီးအေနနဲ႔ မီလန္ၿမိဳ႕ကို ေနာက္တစ္ပတ္မွာ အေျပာင္းအေ႐ႊ႕အၿပီးသတ္ဖို႔ သြားေရာက္မွာျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.