Premier League

ယူရိုဘုရင် ဗိုလ်လုပွဲမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး တစ်ဦးချင်းတိုက်ပွဲ ၅ ပွဲ

ဇူလိုင်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားမယ့် အီတလီနဲ့ အင်္ဂလန်တို့ရဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲထက်ကို ဒီပွဲမှာ ထိပ်တိုက်တွေ့ဆုံကြမယ့် မင်းဘာလဲ ငါဘာလဲဆိုတဲ့ ပြိုင်ပွဲရဲ့ သဘောကို ဖော်ဆောင်လာမယ့်၊ တစ်ဦးချင်းတိုက်ပွဲကို အသေအကြေဆင်နွှဲကြတော့မယ့် အီတလီနဲ့ အင်္ဂလန်ကစားသမားတွေထဲက အပြင်းထန်ဆုံး ပေါက်ကွဲကြမယ့် ပြိုင်ဘက် ၅ တွဲအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ရာဟီးမ် စတာလင် Vs ဂျော်ဗာနီ ဒီလော်ရန်ဇို
အုပ်စုအဖွင့်ပွဲကစပြီး အင်္ဂလန်ကို ရေမနစ်အောင် ကယ်တင်နေခဲ့ရတဲ့ စတာလင်ကတော့ ဂိုးသွင်းခြေမှန်နေတာဖြစ်ပြီး ပြိုင်ပွဲမှာလည်း ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးထားသလို ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တုန်းကလည်း ဉာဏ်နီဉာဏ်နက်နဲ့ ပင်နယ်တီ အရယူသွားခဲ့တာပါ။တောင်ပံကနေ အတွင်းကို ဆွဲဝင်လာချိန်မှာ အန္တရာယ်များတဲ့ တိုက်စစ်ကစားသမားပဲဖြစ်ပါတယ်။

အီတလီအသင်းခံစစ်က အင်မတန် မာကျောပြီး ဩစတြီးယားနဲ့ပွဲက ဂိုးမပေးရခင်အထိ ၁၀ ပွဲကျော် ဂိုးမပေးခဲ့ရဘဲ ယှဉ်ပြိုင်ခဲ့သမျှ တိုက်စစ်မှူးတိုင်းကို အိတ်ကပ်ထဲထည့်ထားခဲ့တာပါ။လီယိုနာဒို စပင်နက်ဇီုလာ ဒဏ်ရာရတာက အသင်းအတွက် အခက်အခဲဖြစ်ခဲ့ပေမယ့် ညာခြမ်းက ဒီလော်ရန်ဇိုက ခြေစွမ်းပြနေတော့ မသိသာခဲ့ပါဘူး။မာယာများတဲ့ အင်္ဂလန်တိုက်စစ် ကစားသမားနဲ့ ကြမ်းရမ်းတဲ့ အီတလီနောက်ခံလူတို့ ထိပ်တိုက်တွေ့ဆုံမှုကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ဟာရီ ကိန်း Vs ဂျော်ဂျို ခေးလီနီ
ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစက် ကိန်းကတော့ အုပ်စုတွင်းပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် ရှုံးထွက်အဆင့် ၃ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြသနေသူပါ။ခေးလီနီကတော့ အုပ်စုတွင်းပွဲတွေမှာ ပေးဂိုးမဲ့ခဲ့တဲ့ အီတလီခံစစ်ရဲ့ အဓိကနောက်ခံလူလည်းဖြစ်ပြီး အသက် ၃၆ နှစ်သားကြီးက လီယိုနာဒို ဘိုနူချီနဲ့အတွဲအဖက်ညီညီ ခံစစ်ကို ထိန်းကျောင်းနေသူပါ။အင်္ဂလန်ဂိုးသွင်းစက်နဲ့ အီတလီကျောက်ဆောင်တို့ ဝင်ဘလီမှာတိုက်ရင် ဘယ်သူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

မေဆန် မောင့် Vs ဂျော်ဂျင်ညို
ချယ်လ်ဆီးအသင်းရဲ့ အသင်းဖော်တွေဖြစ်ပေမယ့် ကိုယ်စားပြုတဲ့ နိုင်ငံတွေမတူတော့ ပြိုင်ဘက်တွေ ဖြစ်နေကြတဲ့ ကွင်းလယ်ဆရာသမားတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ယူရို ၂၀၂၀ မှာတော့ ဘယ်အသင်းမှ အနောက်ကနေ အရှေ့ကို အီတလီ ကစားတဲ့ပုံမျိုး ကစားတာ မရှိသေးပါဘူး။အဓိက ကစားသမားက ဂျော်ဂျင်ညိုဖြစ်ပြီး အလယ်ကနေ ကစားကွက်ကို ထိန်းကျောင်းနေတာပါ။

တကယ်ကို ကောင်းမွန်တဲ့ ပေးပို့မှုတွေနဲ့ ကစားကွက် အတင်အချလုပ်နေပြီး ရောဘတ်တို မန်ချီနီရဲ့ အယုံကြည်ရဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်သလို သူက အင်္ဂလန်သားမဟုတ်ပဲ အီတလီအတွက် ကိုယ်စားပြုနေတာ ကံကောင်းပါတယ်။မောင့်ကလည်း ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်လို့ ဂျော်ဂျင်ညိုနဲ့ မကြာခဏ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေပြီး အကြောင်းသိတွေ ဖြစ်တာကြောင့်လည်း ဘယ်သူက အသာရသွားမလဲ‌ဆိုတာ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

လုခ်ရှော Vs ဖယ်ဒရီကို ခီယေးဆာ
ခြေစွမ်းတအားထက်နေတဲ့ တောင်ပံတိုက်စစ်မှူးနဲ့ တောင်ပံခံစစ်မှူးတို့ရဲ့ အားပြိုင်မှုကိုလည်း တွေ့ရဦးမှာဖြစ်ပြီး လုခ်ရှောရဲ့ တိုက်စစ်၊ခံစစ်မျှတာတွေက အင်္ဂလန်အသင်းအတွက် အကျိုးရှိခဲ့တာကို ဂျာမနီနဲ့ပွဲမှာ တွေ့နိုင်ပါတယ်။ခီယေးဆာကတော့ တန်ပြန်တိုက်စစ်မှာ ခြေစွမ်းပိုပြနိုင်တဲ့လူဖြစ်လို့ တိုက်စစ်ကို လုခ်ရှော လိုက်တဲ့အခါ သူ့ရဲ့တန်ပြန်တိုက်စစ်နဲ့အတူ သူတို့ရဲ့ ပြိုင်‌ဆိုင်မှုကို နှစ်ထောင်းအားရ ကြည့်ရှုရမှာပါ။

စီရို အင်မိုဘီလီ Vs ဟာရီ မက်ဂွိုင်းယား + ဂျွန် စတုန်းစ်
ပြိးခဲ့တဲ့ရာသီက စီးရီးအေမှာ ဂိုး ၂၀ ထိ သွင်းယူခဲ့တဲ့ အီတလီ တိုက်စစ်မှူး အင်မိုဘီလီကတော့ ပြိုင်ပွဲအတွင်း ၂ ဂိုးသာ သွင်းယူထားပေမယ့် သူ့ရုန်းအားနဲ့ နေရာလွတ်တွေ ရှာဖွေပေးနိုင်သူပါ။အဆုံးသတ်လည်း ကမ္ဘာ့အဆင့်ရှိတာကြောင့် သူ့ရဲ့ နေရာလွတ် ရှာဖွေနိုင်စွမ်းကသာ အရေးကြီးပြီး ဒါကို အကောင်အထည်ဖော်ဖို့ကလည်း အင်္ဂလန်အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းယားနဲ့ စတုန်းစ်တို့ကို ကျော်ဖြတ်ဖို့သာ လိုအပ်တာပါ။

မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်နေတဲ့ မက်ဂွိုင်းယားအတွက်တော့ ယူရိုတစ်လျှောက် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲကို ရင်ဆိုင်သွားရဖို့ရှိနေပြီး စတုန်းစ်ရဲ့ ခံစစ်ကစားပုံကလည်း ကောင်းနေတာကြောင့် ခြေစွမ်းထက်နေတဲ့ သူတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို အသေအချာ စောင့်ကြည့်သွားရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဇူလိုင္လ ၁၂ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁ နာရီခြဲမွာ ကစားမယ့္ အီတလီနဲ႔ အဂၤလန္တို႔ရဲ႕ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲထက္ကို ဒီပြဲမွာ ထိပ္တိုက္ေတြ႕ဆုံၾကမယ့္ မင္းဘာလဲ ငါဘာလဲဆိုတဲ့ ၿပိဳင္ပြဲရဲ႕ သေဘာကို ေဖာ္ေဆာင္လာမယ့္၊ တစ္ဦးခ်င္းတိုက္ပြဲကို အေသအေၾကဆင္ႏႊဲၾကေတာ့မယ့္ အီတလီနဲ႔ အဂၤလန္ကစားသမားေတြထဲက အျပင္းထန္ဆုံး ေပါက္ကြဲၾကမယ့္ ၿပိဳင္ဘက္ ၅ တြဲအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ရာဟီးမ္ စတာလင္ Vs ေဂ်ာ္ဗာနီ ဒီေလာ္ရန္ဇို
အုပ္စုအဖြင့္ပြဲကစၿပီး အဂၤလန္ကို ေရမနစ္ေအာင္ ကယ္တင္ေနခဲ့ရတဲ့ စတာလင္ကေတာ့ ဂိုးသြင္းေျခမွန္ေနတာျဖစ္ၿပီး ၿပိဳင္ပြဲမွာလည္း ၃ ဂိုးသြင္း ၁ ဂိုးဖန္တီးထားသလို ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ဒိန္းမတ္အသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တုန္းကလည္း ဉာဏ္နီဉာဏ္နက္နဲ႔ ပင္နယ္တီ အရယူသြားခဲ့တာပါ။ေတာင္ပံကေန အတြင္းကို ဆြဲဝင္လာခ်ိန္မွာ အႏၲရာယ္မ်ားတဲ့ တိုက္စစ္ကစားသမားပဲျဖစ္ပါတယ္။

အီတလီအသင္းခံစစ္က အင္မတန္ မာေက်ာၿပီး ဩစႀတီးယားနဲ႔ပြဲက ဂိုးမေပးရခင္အထိ ၁၀ ပြဲေက်ာ္ ဂိုးမေပးခဲ့ရဘဲ ယွဥ္ၿပိဳင္ခဲ့သမွ် တိုက္စစ္မႉးတိုင္းကို အိတ္ကပ္ထဲထည့္ထားခဲ့တာပါ။လီယိုနာဒို စပင္နက္ဇီုလာ ဒဏ္ရာရတာက အသင္းအတြက္ အခက္အခဲျဖစ္ခဲ့ေပမယ့္ ညာျခမ္းက ဒီေလာ္ရန္ဇိုက ေျခစြမ္းျပေနေတာ့ မသိသာခဲ့ပါဘူး။မာယာမ်ားတဲ့ အဂၤလန္တိုက္စစ္ ကစားသမားနဲ႔ ၾကမ္းရမ္းတဲ့ အီတလီေနာက္ခံလူတို႔ ထိပ္တိုက္ေတြ႕ဆုံမႈကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။

ဟာရီ ကိန္း Vs ေဂ်ာ္ဂ်ိဳ ေခးလီနီ
ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းစက္ ကိန္းကေတာ့ အုပ္စုတြင္းပြဲေတြမွာ ဂိုးေပါက္ေပ်ာက္ခဲ့ေပမယ့္ ရႈံးထြက္အဆင့္ ၃ ပြဲမွာ ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ေျခစြမ္းျပသေနသူပါ။ေခးလီနီကေတာ့ အုပ္စုတြင္းပြဲေတြမွာ ေပးဂိုးမဲ့ခဲ့တဲ့ အီတလီခံစစ္ရဲ႕ အဓိကေနာက္ခံလူလည္းျဖစ္ၿပီး အသက္ ၃၆ ႏွစ္သားႀကီးက လီယိုနာဒို ဘိုႏူခ်ီနဲ႔အတြဲအဖက္ညီညီ ခံစစ္ကို ထိန္းေက်ာင္းေနသူပါ။အဂၤလန္ဂိုးသြင္းစက္နဲ႔ အီတလီေက်ာက္ေဆာင္တို႔ ဝင္ဘလီမွာတိုက္ရင္ ဘယ္သူႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါ။

ေမဆန္ ေမာင့္ Vs ေဂ်ာ္ဂ်င္ညိဳ
ခ်ယ္လ္ဆီးအသင္းရဲ႕ အသင္းေဖာ္ေတြျဖစ္ေပမယ့္ ကိုယ္စားျပဳတဲ့ ႏိုင္ငံေတြမတူေတာ့ ၿပိဳင္ဘက္ေတြ ျဖစ္ေနၾကတဲ့ ကြင္းလယ္ဆရာသမားေတြရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။ယူ႐ို ၂၀၂၀ မွာေတာ့ ဘယ္အသင္းမွ အေနာက္ကေန အေရွ႕ကို အီတလီ ကစားတဲ့ပုံမ်ိဳး ကစားတာ မရွိေသးပါဘူး။အဓိက ကစားသမားက ေဂ်ာ္ဂ်င္ညိဳျဖစ္ၿပီး အလယ္ကေန ကစားကြက္ကို ထိန္းေက်ာင္းေနတာပါ။

တကယ္ကို ေကာင္းမြန္တဲ့ ေပးပို႔မႈေတြနဲ႔ ကစားကြက္ အတင္အခ်လုပ္ေနၿပီး ေရာဘတ္တို မန္ခ်ီနီရဲ႕ အယုံၾကည္ရဆုံး ကစားသမားတစ္ေယာက္လည္း ျဖစ္သလို သူက အဂၤလန္သားမဟုတ္ပဲ အီတလီအတြက္ ကိုယ္စားျပဳေနတာ ကံေကာင္းပါတယ္။ေမာင့္ကလည္း ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္လို႔ ေဂ်ာ္ဂ်င္ညိဳနဲ႔ မၾကာခဏ ထိပ္တိုက္ရင္ဆိုင္ရဖို႔ ရွိေနၿပီး အေၾကာင္းသိေတြ ျဖစ္တာေၾကာင့္လည္း ဘယ္သူက အသာရသြားမလဲ‌ဆိုတာ ပိုစိတ္ဝင္စားစရာေကာင္းပါတယ္။

လုခ္ေရွာ Vs ဖယ္ဒရီကို ခီေယးဆာ
ေျခစြမ္းတအားထက္ေနတဲ့ ေတာင္ပံတိုက္စစ္မႉးနဲ႔ ေတာင္ပံခံစစ္မႉးတို႔ရဲ႕ အားၿပိဳင္မႈကိုလည္း ေတြ႕ရဦးမွာျဖစ္ၿပီး လုခ္ေရွာရဲ႕ တိုက္စစ္၊ခံစစ္မွ်တာေတြက အဂၤလန္အသင္းအတြက္ အက်ိဳးရွိခဲ့တာကို ဂ်ာမနီနဲ႔ပြဲမွာ ေတြ႕ႏိုင္ပါတယ္။ခီေယးဆာကေတာ့ တန္ျပန္တိုက္စစ္မွာ ေျခစြမ္းပိုျပႏိုင္တဲ့လူျဖစ္လို႔ တိုက္စစ္ကို လုခ္ေရွာ လိုက္တဲ့အခါ သူ႔ရဲ႕တန္ျပန္တိုက္စစ္နဲ႔အတူ သူတို႔ရဲ႕ ၿပိဳင္‌ဆိုင္မႈကို ႏွစ္ေထာင္းအားရ ၾကည့္ရႈရမွာပါ။

စီ႐ို အင္မိုဘီလီ Vs ဟာရီ မက္ဂြိဳင္းယား + ဂြၽန္ စတုန္းစ္
ၿပိးခဲ့တဲ့ရာသီက စီးရီးေအမွာ ဂိုး ၂၀ ထိ သြင္းယူခဲ့တဲ့ အီတလီ တိုက္စစ္မႉး အင္မိုဘီလီကေတာ့ ၿပိဳင္ပြဲအတြင္း ၂ ဂိုးသာ သြင္းယူထားေပမယ့္ သူ႔႐ုန္းအားနဲ႔ ေနရာလြတ္ေတြ ရွာေဖြေပးႏိုင္သူပါ။အဆုံးသတ္လည္း ကမာၻ႔အဆင့္ရွိတာေၾကာင့္ သူ႔ရဲ႕ ေနရာလြတ္ ရွာေဖြႏိုင္စြမ္းကသာ အေရးႀကီးၿပီး ဒါကို အေကာင္အထည္ေဖာ္ဖို႔ကလည္း အဂၤလန္အသင္းနဲ႔အတူ အေကာင္းဆုံး ေျခစြမ္းျပေနတဲ့ မက္ဂြိဳင္းယားနဲ႔ စတုန္းစ္တို႔ကို ေက်ာ္ျဖတ္ဖို႔သာ လိုအပ္တာပါ။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခံစစ္ေၾကာင္းကို အေကာင္းဆုံး ဦးေဆာင္ေနတဲ့ မက္ဂြိဳင္းယားအတြက္ေတာ့ ယူ႐ိုတစ္ေလွ်ာက္ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးပြဲကို ရင္ဆိုင္သြားရဖို႔ရွိေနၿပီး စတုန္းစ္ရဲ႕ ခံစစ္ကစားပုံကလည္း ေကာင္းေနတာေၾကာင့္ ေျခစြမ္းထက္ေနတဲ့ သူတို႔ရဲ႕ ထိပ္တိုက္ရင္ဆိုင္မႈကို အေသအခ်ာ ေစာင့္ၾကည့္သြားရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.