Premier League Transfer News

အောဝါကို နောက်တစ်ကြိမ် ခေါ်ယူခွင့်က အာဆင်နယ်ကွင်းလယ်ရဲ့ အဖြေလား

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကို ရေတိုဖြေရှင်းနည်းတွေနဲ့ အလွယ်လိုက်နေခဲ့တာဟာ နှစ်နှစ်အထိ ရှိသွားခဲ့ပြီဖြစ်ပြီး ဘောလုံးပေးကစားမယ့် နံပါတ် ၈ တာဝန်အတွက် တစ်မျိုး၊ တိုက်စစ်နဲ့ ဖန်တီးမှုသက်သက် တာဝန်ယူမယ့် နံပါတ် ၁၀ နေရာအတွက် တစ်ဖုံ ဖြေရှင်းနေရာမှာ ပရိသတ်တွေ မကြိုက်တဲ့ ပြီးပြီးရော ပုံစံတွေ တွေ့မြင်ခဲ့ရသလို လက်ရှိမှာတော့ ဒီကနေ ရုန်းထွက်နိုင်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။

ဖန်တီးမှုတာဝန်အတွက် ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးရဲ့ ဝီလီယန်ကို ခေါ်လိုက်တာဟာ ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်သွားခဲ့တာကလွဲလို့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ဘာမှ လောက်လောက်လားလား လုပ်မပြနိုင်ဘဲ လူငယ်တွေဖြစ်ကြတဲ့ အီမီးလ် စမစ်ရိုးနဲ့ ဘူကာယို ဆာကာတို့ကို အားကိုးခဲ့ရချိန်မှာ အီဒူးနဲ့ အာတီတာတို့ အရှက်ကွဲခဲ့ရသလို နံပါတ် ၈ Baller တာဝန်အတွက် ရီးရဲလ်ကနေ နှစ်နှစ်ဆက်ခေါ်ထားတဲ့ ဒါနီ စီဘာယော့စ်ကလည်း ခြေကျလာခဲ့တာပါ။

မနှစ်က ကွင်းလယ်ဖန်တီးမှုပိုင်းအတွက် လီယွန်ရဲ့ ဟူဆင်းမ် အောဝါကို လိုက်ခဲ့ချိန်မှာ ပြင်သစ်ကလပ်ဘက်က အချဉ်ဖမ်းတဲ့ ပေါင် ၅၅ သန်းကို မလိုက်ခဲ့တာက မှန်ကန်ခဲ့ပေမယ့် အသင်းအတွက်တော့ အားလျော့ခဲ့ရသလို ကွင်းလယ်ဗဟိုမှာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးဖြစ်ခဲ့တဲ့ သောမတ်စ် ပါတေးကလည်း ဖန်တီးမှုကောင်းတဲ့ ကစားသမားမျိုး မဟုတ်ခဲ့လို့ ကွက်လပ်ကြီးဖြစ်နေခဲ့တာပြီး ဒါကို ဆောင်းရာသီမှာမှ မာတင် အော်ဒီဂွါဒ်နဲ့ ခြေစွမ်းတက်လာတဲ့ စမစ်ရိုးတို့က ဖြည့်ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။

နွေရာသီမှာတော့ ပြည်တွင်းကလွဲလို့ ဘယ်ဥရောပပြိုင်ပွဲနားမှ မကပ်နိုင်တဲ့ အသင်းကို ရီးရဲလ်မက်ဒရစ်လိုအသင်းက ကစားသမားတွေဖြစ်ကြတဲ့ စီဘာယော့စ်နဲ့ အော်ဒီဂွါဒ်တို့က တာ့တာပြသွားခဲ့ကြပြီး ကွင်းလယ်အတွက် ပြန်လည်စဉ်းစားရတော့မယ့်အချိန်မှာ လီယွန်တွေ ဂျင်းထည့်လို့ မရတော့တဲ့ အောဝါကို ချရောင်းရတော့ဖို့ ရှိလာခဲ့တာပါ။

မနှစ်က ပေါင် ၅၅ သန်းဆိုတဲ့ ကစားသမားက ဒီနှစ်မှာတော့ ပေါင်သန်း ၂၀ နဲ့ ရရှိမှာဖြစ်လို့ ၅၀ ရာခိုင်နှုန်းထက်ကို ပိုပြီး ပရိုမိုးရှင်းနဲ့ ဆေးလ်ချလိုက်တဲ့ သဘောဖြစ်ခဲ့ပြီး လီယွန်နဲ့ နောက်တစ်ကြိမ် ဆွေးနွေးရင်တော့ အာဆင်နယ်တို့အတွက် အသာစီးရနိုင်ပြီး ကွင်းလယ်လူ ဂရာနစ် ချာကာကလည်း ထွက်ခွာတော့မယ့်အချိန်မှာ အချိန်ကိုက် အစားထိုးမှုလည်း ပြုလုပ်သင့်နေတာဖြစ်ပါတယ်။

ဒီအချိန်မှာ Tom and Jerry ဇာတ်လမ်းက ရောက်ရှိလာခဲ့ပြန်ပြီး အောဝါကို မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ နည်းပြသစ် နူနို ဆန်တိုနဲ့ အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီတို့က အလိုရှိနေခဲ့သလို ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ တွစ်တာပေါ်မှာ သတင်းတွေ ထွက်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အောဝါရဲ့ အစ်ကိုနဲ့ အေးဂျင့်ဖြစ်သူ ဘရာဟင်မ် အောဝါဟာ လန်ဒန်ကို ရောက်ရှိနေတယ်လို့ ဆိုတာကြောင့် အာဆင်နယ်ပရိသတ်တွေကတော့ လက်ဦးမှု ရယူဖို့ တိုက်တွန်းခဲ့ကြပြီး အသင်းအတွက် လိုအပ်နေတဲ့ ကွင်းလယ်က ပြီးပြည့်စုံတဲ့ နံပါတ် ၈ All Rounder ကစားသမားတစ်ယောက်ကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ချိန်မှာ လိုအပ်ရင် အိမ်ပါ ကူရှာပေးဖို့ အသင့်ပဲလို့ ဆိုနေခဲ့ကြတာပါ။

လက်ရှိအခြေအနေမှာ အာဆင်နယ်အသင်းကို ပရိသတ်ဖိအားနဲ့ ဆွီဒင်သူဌေး ဒန်နီယယ်လ် အီယက်ခ်ဆီ ရောင်းပေးရမှာစိုးလို့ သဘောတွေ ကောင်းပြပြီး အသုံးစရိတ်တွေ တိုးမြှင့်ပေးနေတဲ့ ခရိုယန်ကီတွေရဲ့ ကြောက်အားလန့်အား စေတနာနဲ့ဆိုရင် အောဝါကို ခေါ်ယူဖို့က အခက်အခဲမရှိနိုင်ဘူးလို့ သိရပြီး ဘယ်ပြိုင်ပွဲမှ မဝင်တဲ့ အသင်းကိုလည်း ပွဲအနည်းဆုံး ကစားရမယ့် ရာသီမှာ မြေလှန်တည်ဆောက်ဖို့ အုတ်မြစ်ချသလိုလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အာဆင်နယ်ပရိသတ်တွေကတော့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူကို ဒုတိယရာသီ ကြိုးပမ်းမှုနဲ့အတူ ရရှိနိုင်ဖို့ စိတ်အားထက်သန်နေကြပြီး ကွင်းလယ်မှာ အောဝါ+ပါတေးအတွဲနဲ့ ဂန်းနားတွေ ပြန်လည်တောက်ပနိုင်မယ့် ခေတ်တစ်ခေတ်ကို အလိုရှိနေမှုကို အာတီတာ၊ အီဒူးနဲ့ တာဝန်ရှိသူတွေ ဖြည့်ဆည်းပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ကို ေရတိုေျဖရွင္းနည္းေတြနဲ႔ အလြယ္လိုက္ေနခဲ့တာဟာ ႏွစ္ႏွစ္အထိ ရွိသြားခဲ့ၿပီျဖစ္ၿပီး ေဘာလုံးေပးကစားမယ့္ နံပါတ္ ၈ တာဝန္အတြက္ တစ္မ်ိဳး၊ တိုက္စစ္နဲ႔ ဖန္တီးမႈသက္သက္ တာဝန္ယူမယ့္ နံပါတ္ ၁၀ ေနရာအတြက္ တစ္ဖုံ ေျဖရွင္းေနရာမွာ ပရိသတ္ေတြ မႀကိဳက္တဲ့ ၿပီးၿပီးေရာ ပုံစံေတြ ေတြ႕ျမင္ခဲ့ရသလို လက္ရွိမွာေတာ့ ဒီကေန ႐ုန္းထြက္ႏိုင္ဖို႔ အခြင့္အေရးေပၚလာခဲ့ပါတယ္။

ဖန္တီးမႈတာဝန္အတြက္ ၿပီးခဲ့တဲ့ႏွစ္က ခ်ဲလ္ဆီးရဲ႕ ဝီလီယန္ကို ေခၚလိုက္တာဟာ ဝန္ထုတ္ဝန္ပိုးတစ္ခုျဖစ္သြားခဲ့တာကလြဲလို႔ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ဘာမွ ေလာက္ေလာက္လားလား လုပ္မျပႏိုင္ဘဲ လူငယ္ေတြျဖစ္ၾကတဲ့ အီမီးလ္ စမစ္႐ိုးနဲ႔ ဘူကာယို ဆာကာတို႔ကို အားကိုးခဲ့ရခ်ိန္မွာ အီဒူးနဲ႔ အာတီတာတို႔ အရွက္ကြဲခဲ့ရသလို နံပါတ္ ၈ Baller တာဝန္အတြက္ ရီးရဲလ္ကေန ႏွစ္ႏွစ္ဆက္ေခၚထားတဲ့ ဒါနီ စီဘာေယာ့စ္ကလည္း ေျခက်လာခဲ့တာပါ။

မႏွစ္က ကြင္းလယ္ဖန္တီးမႈပိုင္းအတြက္ လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါကို လိုက္ခဲ့ခ်ိန္မွာ ျပင္သစ္ကလပ္ဘက္က အခ်ဥ္ဖမ္းတဲ့ ေပါင္ ၅၅ သန္းကို မလိုက္ခဲ့တာက မွန္ကန္ခဲ့ေပမယ့္ အသင္းအတြက္ေတာ့ အားေလ်ာ့ခဲ့ရသလို ကြင္းလယ္ဗဟိုမွာ အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးမ်ိဳးျဖစ္ခဲ့တဲ့ ေသာမတ္စ္ ပါေတးကလည္း ဖန္တီးမႈေကာင္းတဲ့ ကစားသမားမ်ိဳး မဟုတ္ခဲ့လို႔ ကြက္လပ္ႀကီးျဖစ္ေနခဲ့တာၿပီး ဒါကို ေဆာင္းရာသီမွာမွ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ေျခစြမ္းတက္လာတဲ့ စမစ္႐ိုးတို႔က ျဖည့္ဆည္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေႏြရာသီမွာေတာ့ ျပည္တြင္းကလြဲလို႔ ဘယ္ဥေရာပၿပိဳင္ပြဲနားမွ မကပ္ႏိုင္တဲ့ အသင္းကို ရီးရဲလ္မက္ဒရစ္လိုအသင္းက ကစားသမားေတြျဖစ္ၾကတဲ့ စီဘာေယာ့စ္နဲ႔ ေအာ္ဒီဂြါဒ္တို႔က တာ့တာျပသြားခဲ့ၾကၿပီး ကြင္းလယ္အတြက္ ျပန္လည္စဥ္းစားရေတာ့မယ့္အခ်ိန္မွာ လီယြန္ေတြ ဂ်င္းထည့္လို႔ မရေတာ့တဲ့ ေအာဝါကို ခ်ေရာင္းရေတာ့ဖို႔ ရွိလာခဲ့တာပါ။

မႏွစ္က ေပါင္ ၅၅ သန္းဆိုတဲ့ ကစားသမားက ဒီႏွစ္မွာေတာ့ ေပါင္သန္း ၂၀ နဲ႔ ရရွိမွာျဖစ္လို႔ ၅၀ ရာခိုင္ႏႈန္းထက္ကို ပိုၿပီး ပ႐ိုမိုးရွင္းနဲ႔ ေဆးလ္ခ်လိုက္တဲ့ သေဘာျဖစ္ခဲ့ၿပီး လီယြန္နဲ႔ ေနာက္တစ္ႀကိမ္ ေဆြးေႏြးရင္ေတာ့ အာဆင္နယ္တို႔အတြက္ အသာစီးရႏိုင္ၿပီး ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကလည္း ထြက္ခြာေတာ့မယ့္အခ်ိန္မွာ အခ်ိန္ကိုက္ အစားထိုးမႈလည္း ျပဳလုပ္သင့္ေနတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ Tom and Jerry ဇာတ္လမ္းက ေရာက္ရွိလာခဲ့ျပန္ၿပီး ေအာဝါကို ေျမာက္လန္ဒန္ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ နည္းျပသစ္ ႏူႏို ဆန္တိုနဲ႔ အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီတို႔က အလိုရွိေနခဲ့သလို ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ တြစ္တာေပၚမွာ သတင္းေတြ ထြက္လာခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ေအာဝါရဲ႕ အစ္ကိုနဲ႔ ေအးဂ်င့္ျဖစ္သူ ဘရာဟင္မ္ ေအာဝါဟာ လန္ဒန္ကို ေရာက္ရွိေနတယ္လို႔ ဆိုတာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြကေတာ့ လက္ဦးမႈ ရယူဖို႔ တိုက္တြန္းခဲ့ၾကၿပီး အသင္းအတြက္ လိုအပ္ေနတဲ့ ကြင္းလယ္က ၿပီးျပည့္စုံတဲ့ နံပါတ္ ၈ All Rounder ကစားသမားတစ္ေယာက္ကို ေဈးသက္သက္သာသာနဲ႔ ရရွိႏိုင္ခ်ိန္မွာ လိုအပ္ရင္ အိမ္ပါ ကူရွာေပးဖို႔ အသင့္ပဲလို႔ ဆိုေနခဲ့ၾကတာပါ။

လက္ရွိအေျခအေနမွာ အာဆင္နယ္အသင္းကို ပရိသတ္ဖိအားနဲ႔ ဆြီဒင္သူေဌး ဒန္နီယယ္လ္ အီယက္ခ္ဆီ ေရာင္းေပးရမွာစိုးလို႔ သေဘာေတြ ေကာင္းျပၿပီး အသုံးစရိတ္ေတြ တိုးျမႇင့္ေပးေနတဲ့ ခ႐ိုယန္ကီေတြရဲ႕ ေၾကာက္အားလန႔္အား ေစတနာနဲ႔ဆိုရင္ ေအာဝါကို ေခၚယူဖို႔က အခက္အခဲမရွိႏိုင္ဘူးလို႔ သိရၿပီး ဘယ္ၿပိဳင္ပြဲမွ မဝင္တဲ့ အသင္းကိုလည္း ပြဲအနည္းဆုံး ကစားရမယ့္ ရာသီမွာ ေျမလွန္တည္ေဆာက္ဖို႔ အုတ္ျမစ္ခ်သလိုလည္း ျဖစ္လာႏိုင္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြကေတာ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္ကြင္းလယ္လူကို ဒုတိယရာသီ ႀကိဳးပမ္းမႈနဲ႔အတူ ရရွိႏိုင္ဖို႔ စိတ္အားထက္သန္ေနၾကၿပီး ကြင္းလယ္မွာ ေအာဝါ+ပါေတးအတြဲနဲ႔ ဂန္းနားေတြ ျပန္လည္ေတာက္ပႏိုင္မယ့္ ေခတ္တစ္ေခတ္ကို အလိုရွိေနမႈကို အာတီတာ၊ အီဒူးနဲ႔ တာဝန္ရွိသူေတြ ျဖည့္ဆည္းေပးႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.