Premier League

နယူးကာဆယ္လ္အသင္း အာရပ္ပုိင္ရွင္လက္ထဲ ေရာက္ရန္ အနီးစပ္ဆုံးျဖစ္လာ

နယူးကာဆယ္လ္ယူႏုိက္တက္အသင္းပုိင္ရွင္ မုိက္ အက္ရွ္လီအေနနဲ႔ သူပုိင္ဆုိင္ထားတဲ့အသင္းကို ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္းဆီကို ေပါင္သန္း ၃၀၀ တန္ဖိုးသတ္မွတ္ၿပီး လႊဲေျပာင္းေရာင္းခ်ဖို႔ အနီးစပ္ဆုံးအေနအထားမွာ ရွိေနခဲ့ၿပီး အာဏာပုိင္ေတြကလည္း ခြင့္ျပဳေပးသြားဖို႔ ရွိေနပါတယ္။

ငွက္က်ားပရိသတ္ေတြအတြက္ေတာ့ သူတုိ႔မုန္းတဲ့ ပုိင္ရွင္ အသင္းက ထြက္ခြာသြားတာကို တစ္ေပ်ာ္ႀကီး ၾကည့္ရႏုိင္ၿပီး သူ႕ရဲ႕ ၾကြယ္ဝမွဳက ေပါင္ ၂.၄ ဘီလီယံရွိတဲ့အျပင္ အိမ္ေရွ႕မင္းသားအေနနဲ႔ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံကို ဆက္ခံရရင္ မိဘေတြဆီက ရရွိမယ့္အေမြ ေပါင္ ၁.၃ ထရီလီယံရဲ႕ လမ္းေၾကာင္းေပၚမွာလည္း ရွိေနလို႔ အသင္းနာဂတ္အတြက္လည္း စိတ္ေက်နပ္စရာျဖစ္လာမွာပါ။

အသင္းကို ၁၃ ႏွစ္တာ ပုိင္ဆုိင္ခဲ့တဲ့ မုိက္ အက္ရွ္လီဟာ နယူးကာဆယ္လ္ပရိသတ္ေတြအတြက္ေတာ့ ဘယ္တုန္းကမွ လက္ခံႏိုင္ခဲ့တဲ့သူမ်ဳိး မဟုတ္သလို သူ႕ရဲ႕ စီမံခန္႔ခြဲမွဳေတြကို စိတ္ပ်က္ေနၾကတဲ့သူေတြဟာ ၂၀၀၈ ခုႏွစ္က သူနဲ႔ ႐ုပ္ခ်င္းဆင္တဲ့ အလန္ မက္ကင္နာဆုိတဲ့ ပရိသတ္တစ္ဦးကို လူမွားၿပီး ထိုးႀကိတ္ဖို႔ ႀကံစည္တဲ့အထိေတာင္ ျဖစ္ခဲ့ဖူးပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝယ္ယူဖို႔လည္း စုံစမ္းခဲ့ဖူးၿပီး ပယ္ခ်ခံရဖူးတဲ့ ဘင္ဆယ္လ္မန္းဟာ သူတုိ႔ အာရပ္လုပ္ငန္းရွင္ေတြနဲ႔ ရင္းႏွီးၿပီး မန္ခ်က္စတာစီးတီးကို ရွိတ္မန္ေဆာ္ ဝယ္ယူစဥ္က အက်ဳိးေဆာင္ေပးခဲ့တဲ့ အမန္ဒါ စေတ့ဗ္လီဆုိတဲ့ အမ်ဳိးသမီးလုပ္ငန္းရွင္တစ္ဦးကို သူ႕ရဲ႕ ကိုယ္စားလွယ္အျဖစ္ လႊဲအပ္ၿပီး နယူးကာဆယ္လ္ကို ရယူဖို႔ ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။

ဘင္ဆယ္လ္မန္းအေနနဲ႔ နယူးကာဆယ္လ္အသင္းကို သူတစ္ဦးတည္း ပုိင္ဆုိင္မွဳနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမွာ မဟုတ္ဘဲ ေဆာ္ဒီျပည္သူ႕ရင္းႏွီးျမႇဳပ္ႏွံမွဳ ရန္ပုံေငြအဖြဲ႕အေနနဲ႔ ဝယ္ယူမွာျဖစ္လို႔ လုပ္ငန္းစဥ္ေတြအားလုံးၿပီးဆုံးရင္ ပရီးမီးယားလိဂ္ရဲ႕ အခ်မ္းသာဆုံးပုိင္ရွင္အျဖစ္ ရပ္တည္မွာလည္းျဖစ္ၿပီး သူတုိ႔ရဲ႕ ရန္ပုံေငြအဖြဲ႕ဟာ ေပါင္ ၂၆၀ ဘီလီယံ ခ်မ္းသာေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နယူးကာဆယ်လ်ယူနိုက်တက်အသင်းပိုင်ရှင် မိုက် အက်ရှ်လီအနေနဲ့ သူပိုင်ဆိုင်ထားတဲ့အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်းဆီကို ပေါင်သန်း ၃၀၀ တန်ဖိုးသတ်မှတ်ပြီး လွှဲပြောင်းရောင်းချဖို့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေခဲ့ပြီး အာဏာပိုင်တွေကလည်း ခွင့်ပြုပေးသွားဖို့ ရှိနေပါတယ်။

ငှက်ကျားပရိသတ်တွေအတွက်တော့ သူတို့မုန်းတဲ့ ပိုင်ရှင် အသင်းက ထွက်ခွာသွားတာကို တစ်ပျော်ကြီး ကြည့်ရနိုင်ပြီး သူ့ရဲ့ ကြွယ်ဝမှုက ပေါင် ၂.၄ ဘီလီယံရှိတဲ့အပြင် အိမ်ရှေ့မင်းသားအနေနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ဆက်ခံရရင် မိဘတွေဆီက ရရှိမယ့်အမွေ ပေါင် ၁.၃ ထရီလီယံရဲ့ လမ်းကြောင်းပေါ်မှာလည်း ရှိနေလို့ အသင်းနာဂတ်အတွက်လည်း စိတ်ကျေနပ်စရာဖြစ်လာမှာပါ။

အသင်းကို ၁၃ နှစ်တာ ပိုင်ဆိုင်ခဲ့တဲ့ မိုက် အက်ရှ်လီဟာ နယူးကာဆယ်လ်ပရိသတ်တွေအတွက်တော့ ဘယ်တုန်းကမှ လက်ခံနိုင်ခဲ့တဲ့သူမျိုး မဟုတ်သလို သူ့ရဲ့ စီမံခန့်ခွဲမှုတွေကို စိတ်ပျက်နေကြတဲ့သူတွေဟာ ၂၀၀၈ ခုနှစ်က သူနဲ့ ရုပ်ချင်းဆင်တဲ့ အလန် မက်ကင်နာဆိုတဲ့ ပရိသတ်တစ်ဦးကို လူမှားပြီး ထိုးကြိတ်ဖို့ ကြံစည်တဲ့အထိတောင် ဖြစ်ခဲ့ဖူးပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့လည်း စုံစမ်းခဲ့ဖူးပြီး ပယ်ချခံရဖူးတဲ့ ဘင်ဆယ်လ်မန်းဟာ သူတို့ အာရပ်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးပြီး မန်ချက်စတာစီးတီးကို ရှိတ်မန်ဆော် ဝယ်ယူစဉ်က အကျိုးဆောင်ပေးခဲ့တဲ့ အမန်ဒါ စတေ့ဗ်လီဆိုတဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးကို သူ့ရဲ့ ကိုယ်စားလှယ်အဖြစ် လွှဲအပ်ပြီး နယူးကာဆယ်လ်ကို ရယူဖို့ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ဘင်ဆယ်လ်မန်းအနေနဲ့ နယူးကာဆယ်လ်အသင်းကို သူတစ်ဦးတည်း ပိုင်ဆိုင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘဲ ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အနေနဲ့ ဝယ်ယူမှာဖြစ်လို့ လုပ်ငန်းစဉ်တွေအားလုံးပြီးဆုံးရင် ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးပိုင်ရှင်အဖြစ် ရပ်တည်မှာလည်းဖြစ်ပြီး သူတို့ရဲ့ ရန်ပုံငွေအဖွဲ့ဟာ ပေါင် ၂၆၀ ဘီလီယံ ချမ်းသာကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.