Serie A

ကျွန်တော်သာ ခံစစ်အတွင်းလူဆို ရော်နယ်ဒိုကို တွယ်ထည့်လိုက်ပြီလို့ ပြောတဲ့ မော်ရင်ညို

ဂျိုဆေး မော်ရင်ညိုက သူ့ရဲ့ ရီးရဲလ်မက်ဒရစ်က လက်တွဲဖော် တပည့်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ စီးရီးအေမှာ ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ရမှာကို မစိုးရိမ်ကြောင်းနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ကြောက်ရွံ့နေစရာ အကြောင်းပြချက် တစ်ခုမှမရှိကြောင်း ရိုးမားအသင်းရဲ့ နည်းပြဖြစ်အလာမှာ ပြောကြားသွားခဲ့ပါတယ်။

စီးရီးအေကို ပြန်လာပြီး ရိုးမားကို တာဝန်ယူမယ့် မော်ရင်ညိုကတော့ သူ့တပည့်ဟောင်းနဲ့ လာမယ့်ဘောလုံးရာသီမှာ ထိပ်တိုက်‌တွေ့ဖို့ ရှိနေခဲ့တာပါ။ တစ်နိုင်ငံတည်းသားအနေနဲ့ သူ့ကို ရင်ဆိုင်ရမှာ စိုးရိမ်နေမလားဆိုတဲ့အမေးကို မော်ရင်ညိုက ဟာသနှောပြီး ဖြေခဲ့ပါတယ်။

“မစိုးရိမ်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နောက်ခံအတွင်းလူ မဟုတ်ဘူးလေ။ ကျွန်တော်သာ နောက်ခံအတွင်းလူအဖြစ် ကစားခဲ့ရရင် သူ့ကို တွယ်ပြီးနေပြီ။ မမျှော်လင့်ဘဲ ကျွန်တော်ကလည်း အဲ့ဒီလောက် မကောင်းသလို သူနဲ့ ယှဉ်ပြိုင်ဖို့က အသက်ကြီးလွန်းနေပြီ”လို့ ‌ပြောသွားခဲ့ပါတယ်။

စီးရီးအေက မော်ရင်ညိုအတွက် အောင်မြေဖြစ်ခဲ့ပြီး သူနည်းပြခဲ့တဲ့ ၂၀၀၈-၂၀၁၀ မှာ အင်တာမီလန်က စီးရီးအေ ချန်ပီယံ ၂ ကြိမ်၊ ကိုပါအီတလီယာ ချန်ပီယံ ၁ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရခဲ့သလို ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာတော့ အီတလီကလပ်အသင်းတွေထဲမှာ တစ်ရာသီအတွင်း အဓိကဖလား ၃ လုံးရတဲ့ ပထမဆုံးအသင်းဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

သူထွက်သွားကတည်းက အင်တာမီလန်အသင်းအနေနဲ့ ဖလားလက်မဲ့ရာသီတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကမှ အန်တိုနီယို ကွန်‌တီ(မေလ ၂၆ ရက်နေ့က အသင်းနဲ့ လမ်းခွဲထား)က စီးရီးအေချန်ပီယံဆုကို ပထမဆုံးဆုဖလားအနေနဲ့ ယူပေးခဲ့သလို အဲဒီနောက်ပိုင်းမှာတော့ မော်ရင်ညိုနဲ့ သူ့ကို မကြာခဏ နှိုင်းယှဉ်လာခဲ့ကြတာမျိုးတွေလည်း ရှိလာခဲ့ကြပါတယ်။

မော်ရင်ညိုကတော့ “ကလပ်အသင်းသမိုင်းမှာ ဘယ်တော့မှ တခြားလူတွေနဲ့ မနှိုင်းသင့်တဲ့ နည်းပြတွေရှိတယ်။ ဥပမာ ရိုးမားမှာဆိုရင် ‌ဖာဘီယို ကာပယ်လိုနဲ့ နီးစ် လိဒ်ဟုမ်း၊ အင်တာမှာဆို ဟယ်လင်နီယို ဟာရဲယားနဲ့ ကျွန်တော့်ကို တခြားနည်းပြတွေနဲ့ ဘယ်တော့မှ မနှိုင်းနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ ဒါမျိုးမလုပ်နိုင်လို့ပဲ”ဆိုပြီး ခပ်တင်းတင်းပဲ ပြောပြသွားခဲ့ပါတယ်။

မော်ရင်ညိုကတော့ အင်တာမီလန်နဲ့ ချယ်လ်ဆီးအတွက် သူစွမ်းဆောင်ခဲ့သလို ကွန်တီက မစွမ်းဆောင်နိုင်သေးတာဖြစ်လို့ ရိုးမားရောက်တာနဲ့ ကြွယ်ပြခဲ့ပြီး လက်တွဲဖော်ဟောင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် ရောမမြေမှာ ဘယ်အထိ ခရီးပေါက်နိုင်မလဲဆိုတာ စောင့်ကြည့်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ိဳေဆး ေမာ္ရင္ညိဳက သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္က လက္တြဲေဖာ္ တပည့္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ စီးရီးေအမွာ ၿပိဳင္ဘက္အေနနဲ႔ ရင္ဆိုင္ရမွာကို မစိုးရိမ္ေၾကာင္းနဲ႔ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြအေပၚ ေၾကာက္႐ြံ႕ေနစရာ အေၾကာင္းျပခ်က္ တစ္ခုမွမရွိေၾကာင္း ႐ိုးမားအသင္းရဲ႕ နည္းျပျဖစ္အလာမွာ ေျပာၾကားသြားခဲ့ပါတယ္။

စီးရီးေအကို ျပန္လာၿပီး ႐ိုးမားကို တာဝန္ယူမယ့္ ေမာ္ရင္ညိဳကေတာ့ သူ႔တပည့္ေဟာင္းနဲ႔ လာမယ့္ေဘာလုံးရာသီမွာ ထိပ္တိုက္‌ေတြ႕ဖို႔ ရွိေနခဲ့တာပါ။ တစ္ႏိုင္ငံတည္းသားအေနနဲ႔ သူ႔ကို ရင္ဆိုင္ရမွာ စိုးရိမ္ေနမလားဆိုတဲ့အေမးကို ေမာ္ရင္ညိဳက ဟာသေႏွာၿပီး ေျဖခဲ့ပါတယ္။

“မစိုးရိမ္ေလာက္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္က ေနာက္ခံအတြင္းလူ မဟုတ္ဘူးေလ။ ကြၽန္ေတာ္သာ ေနာက္ခံအတြင္းလူအျဖစ္ ကစားခဲ့ရရင္ သူ႔ကို တြယ္ၿပီးေနၿပီ။ မေမွ်ာ္လင့္ဘဲ ကြၽန္ေတာ္ကလည္း အဲ့ဒီေလာက္ မေကာင္းသလို သူနဲ႔ ယွဥ္ၿပိဳင္ဖို႔က အသက္ႀကီးလြန္းေနၿပီ”လို႔ ‌ေျပာသြားခဲ့ပါတယ္။

စီးရီးေအက ေမာ္ရင္ညိဳအတြက္ ေအာင္ေျမျဖစ္ခဲ့ၿပီး သူနည္းျပခဲ့တဲ့ ၂၀၀၈-၂၀၁၀ မွာ အင္တာမီလန္က စီးရီးေအ ခ်န္ပီယံ ၂ ႀကိမ္၊ ကိုပါအီတလီယာ ခ်န္ပီယံ ၁ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ရခဲ့သလို ၂၀၀၉-၂၀၁၀ ေဘာလုံးရာသီမွာေတာ့ အီတလီကလပ္အသင္းေတြထဲမွာ တစ္ရာသီအတြင္း အဓိကဖလား ၃ လုံးရတဲ့ ပထမဆုံးအသင္းျဖစ္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

သူထြက္သြားကတည္းက အင္တာမီလန္အသင္းအေနနဲ႔ ဖလားလက္မဲ့ရာသီေတြကို ဆက္တိုက္ရင္ဆိုင္ခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီကမွ အန္တိုနီယို ကြန္‌တီ(ေမလ ၂၆ ရက္ေန႔က အသင္းနဲ႔ လမ္းခြဲထား)က စီးရီးေအခ်န္ပီယံဆုကို ပထမဆုံးဆုဖလားအေနနဲ႔ ယူေပးခဲ့သလို အဲဒီေနာက္ပိုင္းမွာေတာ့ ေမာ္ရင္ညိဳနဲ႔ သူ႔ကို မၾကာခဏ ႏႈိင္းယွဥ္လာခဲ့ၾကတာမ်ိဳးေတြလည္း ရွိလာခဲ့ၾကပါတယ္။

ေမာ္ရင္ညိဳကေတာ့ “ကလပ္အသင္းသမိုင္းမွာ ဘယ္ေတာ့မွ တျခားလူေတြနဲ႔ မႏႈိင္းသင့္တဲ့ နည္းျပေတြရွိတယ္။ ဥပမာ ႐ိုးမားမွာဆိုရင္ ‌ဖာဘီယို ကာပယ္လိုနဲ႔ နီးစ္ လိဒ္ဟုမ္း၊ အင္တာမွာဆို ဟယ္လင္နီယို ဟာရဲယားနဲ႔ ကြၽန္ေတာ့္ကို တျခားနည္းျပေတြနဲ႔ ဘယ္ေတာ့မွ မႏႈိင္းနဲ႔။ ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ားတို႔ ဒါမ်ိဳးမလုပ္ႏိုင္လို႔ပဲ”ဆိုၿပီး ခပ္တင္းတင္းပဲ ေျပာျပသြားခဲ့ပါတယ္။

ေမာ္ရင္ညိဳကေတာ့ အင္တာမီလန္နဲ႔ ခ်ယ္လ္ဆီးအတြက္ သူစြမ္းေဆာင္ခဲ့သလို ကြန္တီက မစြမ္းေဆာင္ႏိုင္ေသးတာျဖစ္လို႔ ႐ိုးမားေရာက္တာနဲ႔ ႂကြယ္ျပခဲ့ၿပီး လက္တြဲေဖာ္ေဟာင္း တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုလည္း ေၾကာက္႐ြံ႕ေနမွာမဟုတ္ဘူးလို႔ ေျပာခဲ့တာေၾကာင့္ ေရာမေျမမွာ ဘယ္အထိ ခရီးေပါက္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ဖို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.