International Premier League

ယူရိုဖိုင်နယ်အပြီးမှာ အင်္ဂလန်ဘုရင်မကြီးရဲ့ ဓားနဲ့ ဆောက်ဂိတ်တို့ အဖွဲ့ အရိုက်ခံရမလား

လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားတဲ့ အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင်တော့ နည်းပြကြီး ဆောက်ဂိတ်နဲ့ တိုက်စစ်မှူး ရာဟင်းမ် စတာလင်တို့ဟာ အင်္ဂလန်ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ သူကောင်းပြုခြင်းကို ခံရတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ဒိန်းမတ်ကို ဝင်ဘလေကွင်းအတွင်း အနိုင်ယူခဲ့တဲ့ အင်္ဂလန်တို့ဟာ ဗိုလ်လုပွဲမှာ အီတလီအသင်းနဲ့ တွေ့ဆုံသွားရမှာဖြစ်ပြီး ခရိုအေးရှား၊ ဂျာမနီ၊ ယူကရိန်းအသင်းတို့ကို ဖြတ်ကျော်နိုင်ခဲ့လို့ အခုလို အောင်မြင်မှုရခဲ့ခြင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ဥရောပဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော့်ကစားသမားတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒီလိုအောင်ပွဲမျိုးတွေကို ရယူပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့အတွက်ပေါ့။ ဒါဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ခဲ့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ကြံ့ကြံ့ခံဖြတ်ကျော်နိုင်စွမ်းကို ပြသနိုင်ခဲ့တယ်”

“ဒိန်းမတ်ကို တဂိုးပေးရပြီးမှ နောက်ကနေလိုက်ကစားပြီး Come Back နိုင်ပွဲကို ရခဲ့တာပါ။ ဒါက ကျွန်တော်တို့အသင်းရဲ့ မာကျောမှုပါ။ အကျေနပ်ရဆုံး ကိစ္စကတော့ ဝင်ဘလီကွင်းထဲမှာ ပရိသတ်တွေနဲ့ ကျွန်တော်တို့ တနိုင်ငံလုံးအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာပါပဲ။ အားပါးတရရှိလွန်းလှပါတယ်”

“နောက် ၄ ရက်အကြာမှာတော့ ကျွန်တော်တို့ အနိုင်တိုက်ရမယ့် တိုက်ပွဲတပွဲက စောင့်ကြိုလို့နေပါပြီ။ အီတလီအသင်းက ဘယ်လောက်စွမ်းတယ်ဆိုတာ ခင်ဗျားတို့ သိပြီးသားပါ။ ခံစစ်ပိုင်းမှာ စစ်သူကြီးတွေကို ပိုင်ဆိုင်ထားပြီး ခြေစွမ်းပိုင်းက သိပ်ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်က ပိုပြီးစိတ်လှုပ်ရှားရပြီး အမြန်ဆုံး စိန်ခေါ်ချင်နေတော့တာပါ”လို့ ဒိန်းမတ်နဲ့ပွဲအပြီးမှာ ဆောက်ဂိတ်က ဆိုခဲ့တာပါ။

၅၅ နှစ်ကြာ စောင့်ဆိုင်းနေရတဲ့ နိုင်ငံတကာအဆင့်အောင်မြင်မှုကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်တယောက် အမြန်ဆုံးဆောင်ကြဥ်းပေးနိုင်တော့မလားဆိုတာက စိတ်ဝင်စားစရာကောင်းနေသလို သူက Football is Coming Home အဖြစ် အင်္ဂလန်ကို ပြည်တော်ဝင်ပြီး တနိုင်ငံလုံး ကျေနပ်ပျော်ရွှင်ရဖို့လည်း ရွက်ဆောင်သွားဖို့ အားထုတ်နေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်ပရိသတ်တွေအတွက်တော့ တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို လက်ရွေးစင်အသင်းက ယူရိုချန်ပီယံသာဖြစ်ခဲ့ရင် အသင်းနည်းပြ ဆောက်ဂိတ်၊ MBE ဘွဲ့ရ စတာလင်၊ ခံစစ်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းယားနဲ့ တိုက်စစ်မှာ ၄ ဂိုးသွင်းပြီး အမြင့်ဆုံး​ခြေစွမ်းကို ရရှိနေတဲ့ နောက်ထပ် MBE ဟာရီကိန်းတို့ဟာ အင်္ဂလန်ဘုရင်မကြီးရဲ့ သူကောင်းပြုဓားနဲ့ ပခုံးကို ရိုက်ပြီး ဆာဘွဲ့ကို ခံယူရတော့မယ်လို့ ကတိပြုခံထားရပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္ရွိက်င္းပေနတဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို တက္ေရာက္ထားတဲ့ အဂၤလန္အသင္းဟာ ယူ႐ိုခ်န္ပီယံဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ နည္းျပႀကီး ေဆာက္ဂိတ္နဲ႔ တိုက္စစ္မႉး ရာဟင္းမ္ စတာလင္တို႔ဟာ အဂၤလန္ဘုရင္မႀကီး အဲလစ္ဇဘက္ရဲ႕ သူေကာင္းျပဳျခင္းကို ခံရေတာ့မွာျဖစ္ေၾကာင္း သိရွိရပါတယ္။

ၿပီးခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ ဒိန္းမတ္ကို ဝင္ဘေလကြင္းအတြင္း အႏိုင္ယူခဲ့တဲ့ အဂၤလန္တို႔ဟာ ဗိုလ္လုပြဲမွာ အီတလီအသင္းနဲ႔ ေတြ႕ဆုံသြားရမွာျဖစ္ၿပီး ခ႐ိုေအးရွား၊ ဂ်ာမနီ၊ ယူကရိန္းအသင္းတို႔ကို ျဖတ္ေက်ာ္ႏိုင္ခဲ့လို႔ အခုလို ေအာင္ျမင္မႈရခဲ့ျခင္းဟာ ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အေနနဲ႔ ဥေရာပဗိုလ္လုပြဲအဆင့္ကို တက္ေရာက္နိင္ခဲ့တာပဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္ကစားသမားေတြအတြက္ အရမ္းဂုဏ္ယူပါတယ္။ ဒီလိုေအာင္ပြဲမ်ိဳးေတြကို ရယူၿပီး ဗိုလ္လုပြဲကို တက္ႏိုင္ခဲ့တဲ့အတြက္ေပါ့။ ဒါဟာ လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္ခဲ့ဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ရဲ႕ ႀကံ့ႀကံ့ခံျဖတ္ေက်ာ္ႏိုင္စြမ္းကို ျပသႏိုင္ခဲ့တယ္”

“ဒိန္းမတ္ကို တဂိုးေပးရၿပီးမွ ေနာက္ကေနလိုက္ကစားၿပီး Come Back ႏိုင္ပြဲကို ရခဲ့တာပါ။ ဒါက ကြၽန္ေတာ္တို႔အသင္းရဲ႕ မာေက်ာမႈပါ။ အေက်နပ္ရဆုံး ကိစၥကေတာ့ ဝင္ဘလီကြင္းထဲမွာ ပရိသတ္ေတြနဲ႔ ကြၽန္ေတာ္တို႔ တႏိုင္ငံလုံးအတြက္ သမိုင္းသစ္ေရးထိုးႏိုင္ခဲ့တာပါပဲ။ အားပါးတရရွိလြန္းလွပါတယ္”

“ေနာက္ ၄ ရက္အၾကာမွာေတာ့ ကြၽန္ေတာ္တို႔ အႏိုင္တိုက္ရမယ့္ တိုက္ပြဲတပြဲက ေစာင့္ႀကိဳလို႔ေနပါၿပီ။ အီတလီအသင္းက ဘယ္ေလာက္စြမ္းတယ္ဆိုတာ ခင္ဗ်ားတို႔ သိၿပီးသားပါ။ ခံစစ္ပိုင္းမွာ စစ္သူႀကီးေတြကို ပိုင္ဆိုင္ထားၿပီး ေျခစြမ္းပိုင္းက သိပ္ေၾကာက္စရာေကာင္းပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ပိုၿပီးစိတ္လႈပ္ရွားရၿပီး အျမန္ဆုံး စိန္ေခၚခ်င္ေနေတာ့တာပါ”လို႔ ဒိန္းမတ္နဲ႔ပြဲအၿပီးမွာ ေဆာက္ဂိတ္က ဆိုခဲ့တာပါ။

၅၅ ႏွစ္ၾကာ ေစာင့္ဆိုင္းေနရတဲ့ ႏိုင္ငံတကာအဆင့္ေအာင္ျမင္မႈကို အဂၤလန္နည္းျပ ေဆာက္ဂိတ္တေယာက္ အျမန္ဆုံးေဆာင္ၾကဥ္းေပးႏိုင္ေတာ့မလားဆိုတာက စိတ္ဝင္စားစရာေကာင္းေနသလို သူက Football is Coming Home အျဖစ္ အဂၤလန္ကို ျပည္ေတာ္ဝင္ၿပီး တႏိုင္ငံလုံး ေက်နပ္ေပ်ာ္႐ႊင္ရဖို႔လည္း ႐ြက္ေဆာင္သြားဖို႔ အားထုတ္ေနတာလည္းျဖစ္ပါတယ္။

အဂၤလန္ပရိသတ္ေတြအတြက္ေတာ့ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဆိုသလို လက္ေ႐ြးစင္အသင္းက ယူ႐ိုခ်န္ပီယံသာျဖစ္ခဲ့ရင္ အသင္းနည္းျပ ေဆာက္ဂိတ္၊ MBE ဘြဲ႕ရ စတာလင္၊ ခံစစ္ပိုင္းမွာ ေျခစြမ္းျပေနတဲ့ မက္ဂြိဳင္းယားနဲ႔ တိုက္စစ္မွာ ၄ ဂိုးသြင္းၿပီး အျမင့္ဆုံး​ေျခစြမ္းကို ရရွိေနတဲ့ ေနာက္ထပ္ MBE ဟာရီကိန္းတို႔ဟာ အဂၤလန္ဘုရင္မႀကီးရဲ႕ သူေကာင္းျပဳဓားနဲ႔ ပခုံးကို ႐ိုက္ၿပီး ဆာဘြဲ႕ကို ခံယူရေတာ့မယ္လို႔ ကတိျပဳခံထားရၿပီးျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.