Serie A

ပြိုင်ဘက်တွေ အောင်မြင်တာ သူအိပ်နေသလောက်ပဲရှိတယ်လို့ ပေါ်တင်ဆိုတဲ့ မော်ရင်ညို

ရိုးမားနည်းပြသစ်ဖြစ်လာခဲ့တဲ့ ပေါ်တူဂီသားကြီး ဂျိုဆေး မော်ရင်ညိုက သူ့ရဲ့ပရီးမီးယားလိဂ်နည်းပြသက်တမ်းဟာ ဝေဖန်သူအများ စာဖွဲ့နေတာတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့ပြီး သူ့နည်းပြဘဝမှာ ဘယ်သူ့ထက်မဆို ပိုပြီးအောင်မြင်ခဲ့တယ်လို့ ပုံကြီးချဲ့ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ စပါးစ်အသင်းတွေက​နေ ဆက်တိုက်ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ညိုကတော့ တစက်ကလေးမှ မာန်မချသွားခဲ့ဘဲ စပါယ်ရှယ်ဝမ်းအသစ်တဖန်မွေးဖွားလာခဲ့ပြီလို့ ကြုံးဝါးခဲ့သလို ရိုးမားနည်းပြဘဝမှာ သူဘာလုပ်မလဲ စောင့်ကြည့်နေလိုက်စမ်းပါလို့ အဓိပ္ပါယ်ရတဲ့ အပြောမျိုးကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုပြီး ​ပြိုင်ဘက်နည်းပြတွေကို လက်ဖျောက်တီးလို့ စိန်ခေါ်သွားခဲ့ပြန်ပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ ကျွန်တော် ဖလား ၃ လုံးယူပြခဲ့တယ်။ ဒါလည်း ကျွန်တော်ကျဆုံးခဲ့တယ်လို့ ပြောနေကြတုန်းပဲ။ စပါးစ်မှာဆိုရင် သူတို့အခက်ခဲဆုံးကာလမှာ ကျွန်တော်ကိုင်တွယ်ခဲ့ရတယ်။ ဖလားဗိုလ်လုပွဲအထိ တက်ခဲ့တယ်။ ဒါပေမယ့် အဲဒီဗိုလ်လုပွဲကို ကျွန်တော် ကိုင်တွယ်ခွင့်တောင် မရခဲ့ဘူးလေ”

“အဲဒီအဖြစ်ကိုလည်း ကျွန်တော်ကျဆုံးခဲ့တယ်လို့ ပြောနေကြတုန်းပဲ။ ကြည့်ရတာတော့ ကျွန်တော်ကျဆုံးခဲ့တယ်ဆိုတာက တခြားသူတွေ တသက်လုံး ဖင်ထောင်ကြိုးစားခဲ့ရတဲ့ ကိစ္စတွေများ ဖြစ်နေသလားဗျာ။ ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ မော်ရင်ညိုရဲ့ ကျဆုံးမှုတွေဆိုတာ ဘယ်သူမှ တသက်လုံး လုပ်မပြနိုင်ခဲ့တဲ့အရာတွေဖြစ်နေတာပဲ”

“အဲဒါတော့ ကျွန်တော့်ကံဆိုးမှုသက်သက်ပါပဲ”လို့ ကလိတိတိနဲ့ အပီရိသွားခဲ့တဲ့ ပေါ်တူဂီသားကြီးရဲ့ စကားက အတော်လေး ပွဲဆူသွားခဲ့တာပါ။ ဒါ့အပြင် သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးဖြစ်တဲ့ အာဆင်နယ်ကွင်းလယ်လူ ချာကာကို ရိုးမားအသင်းဆီ ခေါ်ယူသွားဖို့ သေချာနေပြီလားဆိုတဲ့ မေးခွန်းတချို့ကိုတော့ ငြင်းပယ်သွားခဲ့ပြီး ကိုယ်ရည်သွေးဖို့ဆိုရင်တော့ နှုတ်ဖွာနေဆဲဖြစ်တဲ့ မူလလက်ဟောင်း မော်ရင်ညိုစစ်စစ်ကိုသာ ထပ်မံမြင်တွေ့ခဲ့ရတာပါ။

“ရိုးမားမှာ ကျွန်တော်ပထမဆုံးလုပ်မယ့်အလုပ်ကတော့ ပွဲဦးထွက်ကို အနိုင်ကန်ဖို့ပါ။ ပြီးရင်တော့ ကျွန်တော်တို့ရဲ့ နောက်ထပ်ပစ်မှတ်ကို အာရုံစိုက်သွားပါမယ်။ ဒီအသင်းရဲ့ ထရီဂိုးရီးယား လေ့ကျင့်ရေးကွင်းဟာ အတော်လေးပြီးပြည့်စုံတဲ့ အထောက်အပံ့တွေ ရှိနေပြီး ကျွန်တော်တို့ ဘာမဆိုဖြစ်အောင် လုပ်သွားလို့ရတဲ့ အနေအထားပါ”

“ကျွန်တော်ပြောခဲ့ပြီးပါပြီ။ နောက်ဆုံးနည်းပြခဲ့တဲ့ ကျွန်တော့်အသင်းသုံးသင်းကို ကြည့်ဗျာ။ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တယ်။ မန်ယူနိုက်တက်နဲ့ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တယ်။ စပါးစ်အသင်းနဲ့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တယ်။ ဖလားယူရမယ့်ပွဲကိုတော့ ကျွန်တော်ကိုင်တွယ်ခွင့် မရခဲ့ဘူး”လို့ သူက ခပ်ရဲရဲပဲ ပြောဆိုသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုးမားနည္းျပသစ္ျဖစ္လာခဲ့တဲ့ ေပၚတူဂီသားႀကီး ဂ်ိဳေဆး ေမာ္ရင္ညိဳက သူ႔ရဲ႕ပရီးမီးယားလိဂ္နည္းျပသက္တမ္းဟာ ေဝဖန္သူအမ်ား စာဖြဲ႕ေနတာေတြနဲ႔ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ေနခဲ့ၿပီး သူ႔နည္းျပဘဝမွာ ဘယ္သူ႔ထက္မဆို ပိုၿပီးေအာင္ျမင္ခဲ့တယ္လို႔ ပုံႀကီးခ်ဲ႕ေျပာၾကားသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္၊ စပါးစ္အသင္းေတြက​ေန ဆက္တိုက္ထုတ္ပယ္ခံခဲ့ရတဲ့ ေမာ္ရင္ညိဳကေတာ့ တစက္ကေလးမွ မာန္မခ်သြားခဲ့ဘဲ စပါယ္ရွယ္ဝမ္းအသစ္တဖန္ေမြးဖြားလာခဲ့ၿပီလို႔ ႀကဳံးဝါးခဲ့သလို ႐ိုးမားနည္းျပဘဝမွာ သူဘာလုပ္မလဲ ေစာင့္ၾကည့္ေနလိုက္စမ္းပါလို႔ အဓိပၸါယ္ရတဲ့ အေျပာမ်ိဳးကို ယုံၾကည္မႈအျပည့္နဲ႔ ေျပာဆိုၿပီး ​ၿပိဳင္ဘက္နည္းျပေတြကို လက္ေဖ်ာက္တီးလို႔ စိန္ေခၚသြားခဲ့ျပန္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္မွာ ကြၽန္ေတာ္ ဖလား ၃ လုံးယူျပခဲ့တယ္။ ဒါလည္း ကြၽန္ေတာ္က်ဆုံးခဲ့တယ္လို႔ ေျပာေနၾကတုန္းပဲ။ စပါးစ္မွာဆိုရင္ သူတို႔အခက္ခဲဆုံးကာလမွာ ကြၽန္ေတာ္ကိုင္တြယ္ခဲ့ရတယ္။ ဖလားဗိုလ္လုပြဲအထိ တက္ခဲ့တယ္။ ဒါေပမယ့္ အဲဒီဗိုလ္လုပြဲကို ကြၽန္ေတာ္ ကိုင္တြယ္ခြင့္ေတာင္ မရခဲ့ဘူးေလ”

“အဲဒီအျဖစ္ကိုလည္း ကြၽန္ေတာ္က်ဆုံးခဲ့တယ္လို႔ ေျပာေနၾကတုန္းပဲ။ ၾကည့္ရတာေတာ့ ကြၽန္ေတာ္က်ဆုံးခဲ့တယ္ဆိုတာက တျခားသူေတြ တသက္လုံး ဖင္ေထာင္ႀကိဳးစားခဲ့ရတဲ့ ကိစၥေတြမ်ား ျဖစ္ေနသလားဗ်ာ။ ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာျပမယ္။ ေမာ္ရင္ညိဳရဲ႕ က်ဆုံးမႈေတြဆိုတာ ဘယ္သူမွ တသက္လုံး လုပ္မျပႏိုင္ခဲ့တဲ့အရာေတြျဖစ္ေနတာပဲ”

“အဲဒါေတာ့ ကြၽန္ေတာ့္ကံဆိုးမႈသက္သက္ပါပဲ”လို႔ ကလိတိတိနဲ႔ အပီရိသြားခဲ့တဲ့ ေပၚတူဂီသားႀကီးရဲ႕ စကားက အေတာ္ေလး ပြဲဆူသြားခဲ့တာပါ။ ဒါ့အျပင္ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕နာမည္ႀကီးျဖစ္တဲ့ အာဆင္နယ္ကြင္းလယ္လူ ခ်ာကာကို ႐ိုးမားအသင္းဆီ ေခၚယူသြားဖို႔ ေသခ်ာေနၿပီလားဆိုတဲ့ ေမးခြန္းတခ်ိဳ႕ကိုေတာ့ ျငင္းပယ္သြားခဲ့ၿပီး ကိုယ္ရည္ေသြးဖို႔ဆိုရင္ေတာ့ ႏႈတ္ဖြာေနဆဲျဖစ္တဲ့ မူလလက္ေဟာင္း ေမာ္ရင္ညိဳစစ္စစ္ကိုသာ ထပ္မံျမင္ေတြ႕ခဲ့ရတာပါ။

“႐ိုးမားမွာ ကြၽန္ေတာ္ပထမဆုံးလုပ္မယ့္အလုပ္ကေတာ့ ပြဲဦးထြက္ကို အႏိုင္ကန္ဖို႔ပါ။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေနာက္ထပ္ပစ္မွတ္ကို အာ႐ုံစိုက္သြားပါမယ္။ ဒီအသင္းရဲ႕ ထရီဂိုးရီးယား ေလ့က်င့္ေရးကြင္းဟာ အေတာ္ေလးၿပီးျပည့္စုံတဲ့ အေထာက္အပံ့ေတြ ရွိေနၿပီး ကြၽန္ေတာ္တို႔ ဘာမဆိုျဖစ္ေအာင္ လုပ္သြားလို႔ရတဲ့ အေနအထားပါ”

“ကြၽန္ေတာ္ေျပာခဲ့ၿပီးပါၿပီ။ ေနာက္ဆုံးနည္းျပခဲ့တဲ့ ကြၽန္ေတာ့္အသင္းသုံးသင္းကို ၾကည့္ဗ်ာ။ ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တယ္။ မန္ယူႏိုက္တက္နဲ႔ ဖလား ၃ လုံးခ်န္ပီယံျဖစ္ခဲ့တယ္။ စပါးစ္အသင္းနဲ႔ ဗိုလ္လုပြဲကို တက္ႏိုင္ခဲ့တယ္။ ဖလားယူရမယ့္ပြဲကိုေတာ့ ကြၽန္ေတာ္ကိုင္တြယ္ခြင့္ မရခဲ့ဘူး”လို႔ သူက ခပ္ရဲရဲပဲ ေျပာဆိုသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.