Premier League Transfer News

9 Jul ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဆောက်သမ်တန်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ညာနောက်ခံလူ ဘရန်ဒန် ဝီလီယမ်စ်ကို ခေါ်ယူနိုင်မယ်လို့ သိရပြီး စွယ်စုံရခံစစ်ကစားသမားကို အငှားနဲ့ အရယူဖို့ အလိုရှိနေသလို ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းမှုဖြစ်တဲ့ စိန့်တိုက်စစ်မှူး ဒန်နီအင်းစ်ကို လက်ခံသွားဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို အရခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရသလို လီဗာပူးလ်အသင်းကလည်း သရဲနီတို့နဲ့အပြိုင် ခြေလှမ်းသွက်လာခဲ့တာကြောင့် အီတလီကလပ်က တောင်းဆိုတဲ့ ယူရိုသန်း ၆၀ ပြောင်းရွှေ့ကြေးကို အမြန်ဆုံး လိုက်မီဖို့ ကြိုးပမ်းနေ။

– အီတလီကလာတဲ့ သတင်းတွေအရ ရိုးမားအသင်းကို ကိုင်တွယ်တော့မယ့် နည်းပြသစ် ဂျိုဆေး မော်ရင်ညိုဟာ အသင်းဟောင်း ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး အဲရစ် ဘိုင်လီကို ခေါ်ယူဖို့ စိတ်ဝင်တစား ကမ်းလှမ်းထားပြီး အိုးလ်ထရက်ဖို့ဒ်ဘက်က ခွင့်ပြုမယ်ဆိုရင် ပစ်မှတ်ကစားသမားကို ရောမမြေဆီ ခေါ်ယူသွားဖို့ အလိုရှိနေ။

– ယူနိုက်တက် ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာက အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့အပေါ်မှာ မှတ်ချက်ပေးသွားခဲ့ပြီး ဆုဖလားတွေထက် ဒီအသင်းမှာသာ ကစားခွင့်ရဖို့ အရေးကြီးကြောင်း ရင်ဖွင့်ခဲ့သလို ကစားသမားသစ်တွေ ရောက်ရှိလာမယ့် ရာသီသစ်အတွက် စိတ်လှုပ်ရှားနေတယ်လို့ ဖွင့်ဟထားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဖူလ်ဟမ်ကို အငှားနဲ့ လာရောက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ဒိန်းမတ်ဗဟိုခံစစ်မှူး ယိုအာခင်မ် အန်ဒါဆန်ကို အထူးစိတ်ဝင်စားနေကြောင်းသိရပြီး ရာဖေးလ် ဗာရွန်းရဲ့ Plan B အဖြစ် စီစဥ်နေသလို စပါးစ်အသင်းနဲ့အပြိုင် ပေါင်သန်း ၃၀ နဲ့ လီယွန်အသင်းဆီ ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်းသိရ။

– ပြင်သစ်ကလာတဲ့ သတင်းတွေအရ PSG အသင်းဟာ ဒီနွေမှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ကမ်းလှမ်းမှုပြုလုပ်ပြီး ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို သွေးတိုးစမ်းနေကြောင်း သိရပြီး ရာမို့စ်၊ ဗိုင်နယ်လ်ဒမ်တို့ရဲ့နောက် ၂၈ နှစ်သားကို ခေါ်ယူဖို့ အပြင်းထန်ဆုံး စိတ်ဝင်စားနေသလို ပေါင် ၅၁ သန်း ဈေးနှုန်းသတ်မှတ်ထားတဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုနေကြောင်း သိရ။

– ယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်နဲ့အတူ ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြသနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အမြန်ဆုံး ခေါ်ယူသွားဖို့ တိုက်တွန်းခံထားရပြီး သူ့ကစားဟန်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ နီမန်ညာ မာတစ်ချ်နဲ့ မက်တော်မီနေးတို့ထက် အသင်းကို ပိုမိုအကျိုးပြုနိုင်တဲ့ ကစားသမားကောင်းဖြစ်လာလိမ့်မယ်လို့ အကြံပြုခံထားရ။

– ယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်သား ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့အပြီးမှာ အင်္ဂလန်သားနောက်တဦးဖြစ်တဲ့ လိဒ်စ်ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ်ကို အရခေါ်ယူသင့်ကြောင်း သရဲနီတိုက်စစ်မှုးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က တိုက်တွန်းသွားခဲ့ပြီး ကစားသမားရဲ့ ရင့်ကျက်မှုနဲ့ လာဘ်မြင်မှုဟာ အသင်းအတွက် အသုံးဝင်လိမ့်မယ်လို့ အတပ်ဟောသွားခဲ့။

– ခြေစွမ်းကြောင့် ဝေဖန်ခံနေရတဲ့ အန်သိုနီ မာစီယယ်လ်ဟာ အခုအပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်လာခဲ့ပြီး တိုက်စစ်မှူးအဖြစ်ရော တောင်ပံကစားသမားအဖြစ်ပါ ကစားနိုင်လို့ ဥရောပအသင်းကြီးတွေက သဘောကျနေသလို သူ့ရဲ့အနာဂတ်ကို နည်းပြ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေဘက်က အမြန်ဆုံးဆုံးဖြတ်ချက်ချသွားဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေဆာက္သမ္တန္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ညာေနာက္ခံလူ ဘရန္ဒန္ ဝီလီယမ္စ္ကို ေခၚယူႏိုင္မယ္လို႔ သိရၿပီး စြယ္စုံရခံစစ္ကစားသမားကို အငွားနဲ႔ အရယူဖို႔ အလိုရွိေနသလို ယူႏိုက္တက္အသင္းဘက္က ကမ္းလွမ္းမႈျဖစ္တဲ့ စိန္႔တိုက္စစ္မႉး ဒန္နီအင္းစ္ကို လက္ခံသြားဖို႔ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ လာဇီယိုကြင္းလယ္လူ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို အရေခၚယူဖို႔ ခ်ိတ္ဆက္ေနေၾကာင္း သိရသလို လီဗာပူးလ္အသင္းကလည္း သရဲနီတို႔နဲ႔အၿပိဳင္ ေျခလွမ္းသြက္လာခဲ့တာေၾကာင့္ အီတလီကလပ္က ေတာင္းဆိုတဲ့ ယူ႐ိုသန္း ၆၀ ေျပာင္းေ႐ႊ႕ေၾကးကို အျမန္ဆုံး လိုက္မီဖို႔ ႀကိဳးပမ္းေန။

– အီတလီကလာတဲ့ သတင္းေတြအရ ႐ိုးမားအသင္းကို ကိုင္တြယ္ေတာ့မယ့္ နည္းျပသစ္ ဂ်ိဳေဆး ေမာ္ရင္ညိဳဟာ အသင္းေဟာင္း ယူႏိုက္တက္ရဲ႕ ဗဟိုခံစစ္မႉး အဲရစ္ ဘိုင္လီကို ေခၚယူဖို႔ စိတ္ဝင္တစား ကမ္းလွမ္းထားၿပီး အိုးလ္ထရက္ဖို႔ဒ္ဘက္က ခြင့္ျပဳမယ္ဆိုရင္ ပစ္မွတ္ကစားသမားကို ေရာမေျမဆီ ေခၚယူသြားဖို႔ အလိုရွိေန။

– ယူႏိုက္တက္ ဝါရင့္ကြင္းလယ္လူ ဟြမ္မာတာက အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့အေပၚမွာ မွတ္ခ်က္ေပးသြားခဲ့ၿပီး ဆုဖလားေတြထက္ ဒီအသင္းမွာသာ ကစားခြင့္ရဖို႔ အေရးႀကီးေၾကာင္း ရင္ဖြင့္ခဲ့သလို ကစားသမားသစ္ေတြ ေရာက္ရွိလာမယ့္ ရာသီသစ္အတြက္ စိတ္လႈပ္ရွားေနတယ္လို႔ ဖြင့္ဟထားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက ဖူလ္ဟမ္ကို အငွားနဲ႔ လာေရာက္ကစားၿပီး ေျခစြမ္းျပခဲ့တဲ့ ဒိန္းမတ္ဗဟိုခံစစ္မႉး ယိုအာခင္မ္ အန္ဒါဆန္ကို အထူးစိတ္ဝင္စားေနေၾကာင္းသိရၿပီး ရာေဖးလ္ ဗာ႐ြန္းရဲ႕ Plan B အျဖစ္ စီစဥ္ေနသလို စပါးစ္အသင္းနဲ႔အၿပိဳင္ ေပါင္သန္း ၃၀ နဲ႔ လီယြန္အသင္းဆီ ကမ္းလွမ္းသြားဖြယ္ရွိေနေၾကာင္းသိရ။

– ျပင္သစ္ကလာတဲ့ သတင္းေတြအရ PSG အသင္းဟာ ဒီေႏြမွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ကမ္းလွမ္းမႈျပဳလုပ္ၿပီး ယူႏိုက္တက္အသင္းရဲ႕ ဆုံးျဖတ္ခ်က္ကို ေသြးတိုးစမ္းေနေၾကာင္း သိရၿပီး ရာမို႔စ္၊ ဗိုင္နယ္လ္ဒမ္တို႔ရဲ႕ေနာက္ ၂၈ ႏွစ္သားကို ေခၚယူဖို႔ အျပင္းထန္ဆုံး စိတ္ဝင္စားေနသလို ေပါင္ ၅၁ သန္း ေဈးႏႈန္းသတ္မွတ္ထားတဲ့ ကစားသမားရဲ႕ ကိုယ္စားလွယ္အဖြဲ႕နဲ႔ ပြင့္ပြင့္လင္းလင္း စကားေျပာဆိုေနေၾကာင္း သိရ။

– ယူႏိုက္တက္အသင္းအေနနဲ႔ အဂၤလန္လက္ေ႐ြးစင္နဲ႔အတူ ကမာၻ႔အဆင့္ေျခစြမ္းကို ျပသေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို အျမန္ဆုံး ေခၚယူသြားဖို႔ တိုက္တြန္းခံထားရၿပီး သူ႔ကစားဟန္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ နီမန္ညာ မာတစ္ခ်္နဲ႔ မက္ေတာ္မီေနးတို႔ထက္ အသင္းကို ပိုမိုအက်ိဳးျပဳႏိုင္တဲ့ ကစားသမားေကာင္းျဖစ္လာလိမ့္မယ္လို႔ အႀကံျပဳခံထားရ။

– ယူႏိုက္တက္အသင္းအေနနဲ႔ အဂၤလန္သား ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့အၿပီးမွာ အဂၤလန္သားေနာက္တဦးျဖစ္တဲ့ လိဒ္စ္ကြင္းလယ္လူ ကယ္လ္ဗင္ ဖီးလစ္ကို အရေခၚယူသင့္ေၾကာင္း သရဲနီတိုက္စစ္မႈးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က တိုက္တြန္းသြားခဲ့ၿပီး ကစားသမားရဲ႕ ရင့္က်က္မႈနဲ႔ လာဘ္ျမင္မႈဟာ အသင္းအတြက္ အသုံးဝင္လိမ့္မယ္လို႔ အတပ္ေဟာသြားခဲ့။

– ေျခစြမ္းေၾကာင့္ ေဝဖန္ခံေနရတဲ့ အန္သိုနီ မာစီယယ္လ္ဟာ အခုအေျပာင္းအေ႐ႊ႕ကာလမွာ အိုးထရက္ဖို႔ဒ္ရဲ႕ အေရာင္းစာရင္းထဲမွာ ပါဝင္လာခဲ့ၿပီး တိုက္စစ္မႉးအျဖစ္ေရာ ေတာင္ပံကစားသမားအျဖစ္ပါ ကစားႏိုင္လို႔ ဥေရာပအသင္းႀကီးေတြက သေဘာက်ေနသလို သူ႔ရဲ႕အနာဂတ္ကို နည္းျပ ဆိုးလ္ရွားနဲ႔ တာဝန္ရွိသူေတြဘက္က အျမန္ဆုံးဆုံးျဖတ္ခ်က္ခ်သြားဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.