Ligue1 Premier League Transfer News

PSGထက် လစာပိုပေးပေမယ့် အာဆင်နယ်နဲ့ မန်စီးတီးကို ငြင်းပယ်ခဲ့တဲ့ ရာမို့စ်

ရာမို့စ်အနေနဲ့ ရီးယဲလ်မက်ဒရစ်မှာ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်း ရရှိခဲ့သူလည်းဖြစ်ပြီး စာချုပ်သက်တမ်းတိုးမယ့်အချိန်မှာတော့ မက်ဒရစ်ကလပ်ကနေ သူ့ကို လစာထဲက နည်းနည်းဖြတ်တောက်မယ့်အချက်နဲ့ ကမ်းလှမ်းခဲ့သလို သူကတော့ အချိန်နည်းနည်းယူပြီး စဉ်းစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

စာချုပ်သစ်ကို လက်ခံကြောင်း သူအကြောင်းပြန်ချိန်မှာဘဲ ကမ်းလှမ်းမှုက သတ်မှတ်ချိန်ကျော်သွားပြီလို့ အသင်းဘက်က အကြောင်းပြန်ခဲ့တာပါ။အသင်းလက်မဲ့ဖြစ်သွားတဲ့သူ့ကို ဥရောပအသင်းကြီးတွေ ချဉ်းကပ်ခဲ့ကြပြီး မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့လို အသင်းတွေအပြင် ပီအက်စ်ဂျီလိုအသင်းကပါ ချိတ်ဆက်ခဲ့ကြတာပါ။

မန်ချက်စတာစီးတီးက လစာကို အတည်တကျ ဖော်ပြထားခြင်းမရှိဘဲ အသင်းမှာ ၂၀၂၃ အထိ ရှိ‌နိုင်မယ့် စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး သက်တမ်းကုန်ရင် အသင်းပိုင်ရှင်အတူတူပဲဖြစ်တဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းမှာ ကစားဖို့အချက်ပါဝင်နေခဲ့သလို သူ့အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပေမယ့် ရွေးချယ်စရာအထိတော့ မဖြစ်ခဲ့ပါဘူး။

ဥရောပပြိုင်ပွဲတွေနဲ့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဝေးသွားခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလို ခံစစ်ပြဿနာတွေ ထပ်မဖြစ်ဖို့ အသင်းနည်းပြ မီခဲလ် အာတီတာ အလိုရှိမယ့် ခံစစ်ကစားသမားတွေကို ခေါ်ယူပေးဖို့အတွက် စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Goal ရဲ့ ဖော်ပြချက်အရ သူတို့က စပိန်သားကြီးကို တစ်နှစ်ကို ပေါင် ၁၅ သန်းအထိ ရရှိစေမယ့် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။အဲ့ဒီဖော်ပြချက်အရတော့ ရာမို့စ် လက်မခံခဲ့တာက မြောက်လန်ဒန်ကလပ်ရဲ့ အနေအထားကြောင့်ပဲဖြစ်ပြီး ချန်ပီယံလိဂ်အပါအဝင် ဥရောပဖလား တစ်ခုမှပါဝင်ခွင့်မရတာဖြစ်သလို အသင်းကြီးရဲ့ဟန်လည်း မရှိတော့လို့ပါ။

ပီအက်စ်ဂျီအသင်းက ကြားဝင်ကမ်းလှမ်းခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၂ သန်းနဲ့ ၂ နှစ်စာချုပ်အပြင် အပိုဆုကြေးလည်း ပါဝင်သလို ခီလီယန် အမ်ဘာပေ၊ နေမာတို့နဲ့ ချန်ပီယံလိဂ်ယူဖို့ ပစ်မှတ်ထားနေတာနဲ့ အသင်းကြီးရဲ့ဟန်ရှိပြီး ချန်ပီယံလိဂ်ဖလားကို ခြိမ်းခြောက်နိုင်တဲ့အချက်က ရာမို့စ်အနေနဲ့ ပါရီသားတွေကို ရွေးချယ်စေခဲ့တာပါ။

ဆာဂျီယိုရာမို့စ်အနေနဲ့ ချန်ပီယံလိဂ် ၃ ကြိမ်ဆက်ရဖူးတဲ့ အတွေ့အကြုံကောင်းတွေကို ပီအက်စ်ဂျီမှာ အသုံးချပြီး ချန်ပီယံလိဂ်ယူနိုင်မလားဆိုတာတော့ လာမယ့်ဘောလုံးရာသီမှာ ပီအက်စ်ဂျီပရိသတ်တွေ၊ ရာမို့စ်ပရိသတ်တွေ၊ ဘောလုံးပရိသတ်တွေနဲ့အတူ စောင့်ကြည့်ကြရအောင်…….

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.