Premier League Transfer News

လိုချင်တဲ့သူတွေရဖို့ အာဆင်နယ်တို့ ဘယ်သူတွေကို ရောင်းချသွားရနိုင်သလဲ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နည်းပြ မီခယ်လ် အာတီတာသုံးစွဲနေတဲ့ နည်းစနစ်ပိုင်းနဲ့ မကိုက်ညီတဲ့ ကစားသမားတွေနေရာမှာ အံဝင် ခွင်ကျဖြစ်နိုင်မယ့် ကစားသမားသစ်တွေကို အစားထိုးဖို့ စီစဉ်နေပေမယ့် နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ပေါ်နေပြီး အဝယ်ပိုင်းကို အရောင်းပိုင်းက ထောက်ကူမှ အဆင်ပြေမယ့် အခြေအနေကိုလည်း ရောက်ရှိလာခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးကို အရစ်ကျ ပေးချေနိုင်ရင်တောင် အသင်းရဲ့ လုပ်ခလစာက အကြမ်းဖျဉ်းတွက်ချက်ထားတဲ့ စာရင်းတွေအရ တစ်ရာသီကို ပေါင် ၁၇၅ သန်း ကုန်ကျနေပြီး ဒါဟာ ဘယ်ဥရောပပြိုင်ပွဲကိုမှ မဝင်တဲ့ အသင်းတစ်သင်းအတွက်တော့ များပြားလွန်းနေသလို အသင်းမှာ ဆက်ထားလို့ အကျိုးမရှိတဲ့သူတွေကိုလည်း ရှင်းထုတ်ဖို့ လိုအပ်လာတဲ့ အချက်လည်းဖြစ်ပါတယ်။

အန်ဒါလက်ချ်ရဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါနဲ့ ဘင်ဖီကာရဲ့ နူနို တာဗာရက်စ်တို့ကို ခေါ်ယူမှုတွေက အပြီးသတ်ဖို့သာ ကျန်ရှိတော့ချိန်မှာ ကျန်တဲ့ တိုက်စစ်နဲ့ ခံစစ်ပစ်မှတ်တွေဖြစ်ကြတဲ့ ဘရိုက်တန်ရဲ့ ဘန်ဝှိုက်နဲ့ လီယွန်ရဲ့ ဟူဆင်းမ် အောဝါတို့လို ကစားသမားတွေကို ခေါ်ယူဖို့ကတော့ အသင်းရဲ့ ဘတ်ဂျက်ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့ လိုအပ်လာတော့မှာပါ။

ဘန်ဝှိုက်အတွက် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၅၀ အထက်မှာ ရှိနိုင်ပြီး လုပ်ခလစာကတော့ သိပ်မများဘဲ ပေးချေရနိုင်ချိန်မှာ အောဝါအတွက်ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ တစ်ပတ်လုပ်ခကတော့ မြင့်မားတဲ့ စာရင်းဝင် ပေါင်တစ်သိန်းနှစ်သောင်းအထက်မှာ ပေးချေရနိုင်တာဖြစ်လို့ သူတို့တွေအတွက် အသုံးပြုနိုင်ဖို့ ပိုလျှံနဲ့ အသင်းမှာ မကစားချင်သူတွေကို ရောင်းထုတ်သွားရမှာဖြစ်ပါတယ်။

လက်ရှိမှာ မက်တီယို ဂန်ဒူဇီကိုတော့ မာဆေးလ်ဆီ ဝိတ်လျှော့နိုင်ခဲ့ပြီဖြစ်ပြီး သုံးစားမရဘဲ ဂျင်းမိခဲ့တဲ့ ဝီလီယန်ကို စာချုပ်ဖျက်သိမ်းပေးဖို့ အသင့်ရှိနေပေမယ့် လက်ခံခေါ်ယူမယ့်အသင်း ရှာမတွေ့သေးချိန်မှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းကိုးသောင်းအထိ အာဆင်နယ်တို့ ထမ်းဆောင်နေရပြီး အသုံးသိပ်မဝင်တော့တဲ့ ချာကာ၊ တော်ရဲရား၊ ကိုလာစီနက်ချ်၊ ဆာလီဘာ၊ နယ်လ်ဆန်၊ နကီးတီးယားတို့လို ကစားသမားတွေအတွက် တစ်ပတ်ကို ငါးသိန်းခြောက်သောင်းခွဲနဲ့ တစ်နှစ်အတွက်ဆို စုစုပေါင်း ပေါင်သန်း ၃၀ နီးပါး ကုန်ကျနေတာလည်းဖြစ်ပါတယ်။

ဒီငွေကြေးပမာဏနဲ့ သူတို့အတွက် ပြောင်းရွှေ့ကြေးတွေကို ပြန်လည်ရယူနိုင်ခဲ့ရင် အာဆင်နယ်တို့အတွက် ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့က ပိုမိုမြန်ဆန်လွယ်ကူမှာဖြစ်ပြီး ဈေးကောင်းရမယ့် ကစားသမားတွေကိုလည်း ခေါ်ယူလိုတဲ့ အသင်းတွေ ရန်က ထိန်းသိမ်းမလား ရောင်းချသွားမလားဆိုတာ ဆုံးဖြတ်ရဖို့ ရှိလာခဲ့တာပါ။

ဒါကြောင့် အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ အသုံးမဝင်တော့တဲ့ ပိုလျှံအင်အားစုကို ဘယ်လိုမျိုး ရှင်းထုတ်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပြီး အသင်းအတွက် မြေလှန်တည်ဆောက်ရဖို့ ရှိနေတဲ့ အချိန်မှာ အနာဂတ်မရှိတော့တဲ့သူတွေနဲ့ အသင်းကြားမှာ မလိုအပ်ဘဲ အပြန်အလှန် ဖက်တွယ်ထားမှုမျိုး မရှိစေဘဲ ရေစက်ဖြတ်ပြီး ကိုယ့်လမ်းကိုယ် ရှင်းရှင်းလင်းလင်း သွားတတ်ဖို့က အသင်းရဲ့ အပြောင်းအရွှေ့ဌာနကို စီမံခန့်ခွဲသူတွေအနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ရှင်းထုတ်တတ်မှ ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ နည္းျပ မီခယ္လ္ အာတီတာသုံးစြဲေနတဲ့ နည္းစနစ္ပိုင္းနဲ႔ မကိုက္ညီတဲ့ ကစားသမားေတြေနရာမွာ အံဝင္ ခြင္က်ျဖစ္ႏိုင္မယ့္ ကစားသမားသစ္ေတြကို အစားထိုးဖို႔ စီစဥ္ေနေပမယ့္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြျဖစ္ေပၚေနၿပီး အဝယ္ပိုင္းကို အေရာင္းပိုင္းက ေထာက္ကူမွ အဆင္ေျပမယ့္ အေျခအေနကိုလည္း ေရာက္ရွိလာခဲ့ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးကို အရစ္က် ေပးေခ်ႏိုင္ရင္ေတာင္ အသင္းရဲ႕ လုပ္ခလစာက အၾကမ္းဖ်ဥ္းတြက္ခ်က္ထားတဲ့ စာရင္းေတြအရ တစ္ရာသီကို ေပါင္ ၁၇၅ သန္း ကုန္က်ေနၿပီး ဒါဟာ ဘယ္ဥေရာပၿပိဳင္ပြဲကိုမွ မဝင္တဲ့ အသင္းတစ္သင္းအတြက္ေတာ့ မ်ားျပားလြန္းေနသလို အသင္းမွာ ဆက္ထားလို႔ အက်ိဳးမရွိတဲ့သူေတြကိုလည္း ရွင္းထုတ္ဖို႔ လိုအပ္လာတဲ့ အခ်က္လည္းျဖစ္ပါတယ္။

အန္ဒါလက္ခ်္ရဲ႕ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါနဲ႔ ဘင္ဖီကာရဲ႕ ႏူႏို တာဗာရက္စ္တို႔ကို ေခၚယူမႈေတြက အၿပီးသတ္ဖို႔သာ က်န္ရွိေတာ့ခ်ိန္မွာ က်န္တဲ့ တိုက္စစ္နဲ႔ ခံစစ္ပစ္မွတ္ေတြျဖစ္ၾကတဲ့ ဘ႐ိုက္တန္ရဲ႕ ဘန္ဝႈိက္နဲ႔ လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါတို႔လို ကစားသမားေတြကို ေခၚယူဖို႔ကေတာ့ အသင္းရဲ႕ ဘတ္ဂ်က္ကို ပါးပါးနပ္နပ္ ကိုင္တြယ္ႏိုင္ဖို႔ လိုအပ္လာေတာ့မွာပါ။

ဘန္ဝႈိက္အတြက္ ေျပာင္းေ႐ႊ႕ေၾကးက ေပါင္သန္း ၅၀ အထက္မွာ ရွိႏိုင္ၿပီး လုပ္ခလစာကေတာ့ သိပ္မမ်ားဘဲ ေပးေခ်ရႏိုင္ခ်ိန္မွာ ေအာဝါအတြက္ကေတာ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ တစ္ပတ္လုပ္ခကေတာ့ ျမင့္မားတဲ့ စာရင္းဝင္ ေပါင္တစ္သိန္းႏွစ္ေသာင္းအထက္မွာ ေပးေခ်ရႏိုင္တာျဖစ္လို႔ သူတို႔ေတြအတြက္ အသုံးျပဳႏိုင္ဖို႔ ပိုလွ်ံနဲ႔ အသင္းမွာ မကစားခ်င္သူေတြကို ေရာင္းထုတ္သြားရမွာျဖစ္ပါတယ္။

လက္ရွိမွာ မက္တီယို ဂန္ဒူဇီကိုေတာ့ မာေဆးလ္ဆီ ဝိတ္ေလွ်ာ့ႏိုင္ခဲ့ၿပီျဖစ္ၿပီး သုံးစားမရဘဲ ဂ်င္းမိခဲ့တဲ့ ဝီလီယန္ကို စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ အသင့္ရွိေနေပမယ့္ လက္ခံေခၚယူမယ့္အသင္း ရွာမေတြ႕ေသးခ်ိန္မွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းကိုးေသာင္းအထိ အာဆင္နယ္တို႔ ထမ္းေဆာင္ေနရၿပီး အသုံးသိပ္မဝင္ေတာ့တဲ့ ခ်ာကာ၊ ေတာ္ရဲရား၊ ကိုလာစီနက္ခ်္၊ ဆာလီဘာ၊ နယ္လ္ဆန္၊ နကီးတီးယားတို႔လို ကစားသမားေတြအတြက္ တစ္ပတ္ကို ငါးသိန္းေျခာက္ေသာင္းခြဲနဲ႔ တစ္ႏွစ္အတြက္ဆို စုစုေပါင္း ေပါင္သန္း ၃၀ နီးပါး ကုန္က်ေနတာလည္းျဖစ္ပါတယ္။

ဒီေငြေၾကးပမာဏနဲ႔ သူတို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးေတြကို ျပန္လည္ရယူႏိုင္ခဲ့ရင္ အာဆင္နယ္တို႔အတြက္ ေဈးကြက္ထဲ ျပန္လည္ဝင္ေရာက္ဖို႔က ပိုမိုျမန္ဆန္လြယ္ကူမွာျဖစ္ၿပီး ေဈးေကာင္းရမယ့္ ကစားသမားေတြကိုလည္း ေခၚယူလိုတဲ့ အသင္းေတြ ရန္က ထိန္းသိမ္းမလား ေရာင္းခ်သြားမလားဆိုတာ ဆုံးျဖတ္ရဖို႔ ရွိလာခဲ့တာပါ။

ဒါေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ အသုံးမဝင္ေတာ့တဲ့ ပိုလွ်ံအင္အားစုကို ဘယ္လိုမ်ိဳး ရွင္းထုတ္သြားမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာျဖစ္ေနၿပီး အသင္းအတြက္ ေျမလွန္တည္ေဆာက္ရဖို႔ ရွိေနတဲ့ အခ်ိန္မွာ အနာဂတ္မရွိေတာ့တဲ့သူေတြနဲ႔ အသင္းၾကားမွာ မလိုအပ္ဘဲ အျပန္အလွန္ ဖက္တြယ္ထားမႈမ်ိဳး မရွိေစဘဲ ေရစက္ျဖတ္ၿပီး ကိုယ့္လမ္းကိုယ္ ရွင္းရွင္းလင္းလင္း သြားတတ္ဖို႔က အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ဌာနကို စီမံခန႔္ခြဲသူေတြအေနနဲ႔ ပါးပါးနပ္နပ္ ကိုင္တြယ္ရွင္းထုတ္တတ္မွ ရလိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.