Article International

ဒိုင်တွေ ဘရာဇီးလ်ဘက်လိုက်မယ်လို့ ပြောချိန်မှာ အပြန်အလှန်စကားဆိုတဲ့ မက်ဆီနဲ့ နေမာ

အာဂျင်တီးနားတိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီဟာ လာမယ့် ကိုပါအမေရိက ၂၀၂၁ ဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး လက်ရွေးစင်အဆင့် ဆုဖလားအောင်မြင်မှုကို ရှာဖွေသွားဖို့ ရှိနေချိန်မှာ ရဲဘော်ရဲဘက်ဟောင်းကြီး နေမာဦးဆောင်လာမယ့် ဘရာဇီးလ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့လည်း အသင့်ဖြစ်နေပြီလို့ ထုတ်ဖော်သွားခဲ့ပါတယ်။

နေမာအနေနဲ့ ဘာစီလိုနာအသင်းမှာ လက်တွဲကစားခဲ့တဲ့ သူ့ရဲ့ Idol ကြီး မက်ဆီအပေါ်မှာ လေးစားကြည်ညိုမှု အပြည့်ရှိကြောင်း၊ တဦးချင်း အောင်မြင်မှုအတွက် ဆိုရင်တော့ မိမိအနေနဲ့ ပြိုင်ဆိုင်နေတော့မှာမဟုတ်ဘဲ မက်ဆီကိုသာ ဆုတံဆိပ်ယူစေမှာဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့တာကလည်း ဘာစီလိုနာပရိသတ်တွေအတွက် ရင်ထဲ လှိုက်ခနဲဖြစ်ခဲ့ရပါသေးတယ်။

သူက လက်ရှိမှာတော့ လက်ရွေးစင်အသင်းကို ကိုယ်စားပြုနေတာကြောင့် မက်ဆီကို အလျှော့ပေးသွားလို့ရမှာမဟုတ်ဘဲ ဘရာဇီးလ်အသင်းအတွက်ဆိုရင် တုံးတိုက်တိုက် ကျားကိုက်ကိုက် ဘာမဆိုလုပ်သွားမှာဖြစ်ပြီး ရေကုန်ရေခမ်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မက်ဆီကို အားနာနာနဲ့ပဲ သတိပေးသွားခဲ့ပါတယ်။

ဒီအချိန်မှာတော့ မက်ဆီရဲ့တုံ့ပြန်မှုက “နေမာက လူကောင်းတယောက်မို့သာ ကျွန်တော့်အတွက် အထာထားတဲ့ ဒီလိုစကားမျိုးတွေကို ပြောဆိုခဲ့တာပါ။ ဒါကို ကျွန်တော် သိပါတယ်။ ဒီဗိုလ်လုပွဲဟာ ကျွန်တော်တို့အားလုံး စောင့်မျှော်နေတဲ့ တကယ့်ပွဲကြီးပွဲကောင်းပါ။ နှစ်သင်းစလုံးက ဖလားနဲ့ ထိုက်တန်နေလို့ အရမ်းခက်ခက်ခဲခဲ ကစားရဦးမှာပါ”လို့ ဆိုသွားခဲ့ပါတယ်။

ဒီအချိန်မှာ သူ့ရဲ့ ကစားသမားဘဝမှာ ပင်နယ်တီ၊ ဖရီးကစ်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ပါရာဂွေး ဂန္ထဝင်ဂိုးသမားကြီး ဟိုဆေး လူးဝစ္စ ချီလာဗတ်ကလည်း မက်ဆီနဲ့ အာဂျင်တီးနားအသင်းအနေနဲ့ ဘရာဇီးလ်နဲ့ နေမာကိုတင် အနိုင်ကစားရမှာမဟုတ်ဘဲ ဒိုင်ရဲ့ ဘက်လိုက်မှုနဲ့ VAR ရဲ့ သွေးထိုးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရဦးမှာဖြစ်​ကြောင်း ခပ်ရှင်းရှင်းပဲ သတိပေးသွားခဲ့ပါသေးတယ်။

“မက်ဆီနဲ့ အာဂျင်တီးနားအသင်းဖော်တွေက ဘရာဇီးလ်ကို အနိုင်ကစားဖို့တင် မဟုတ်ဘဲ နေမာရဲ့ကောက်ကျစ်တဲ့ ဟန်ဆောင်မှုတွေအပြင် ဒိုင်နဲ့ VAR ရဲ့ ဘက်လိုက်မှုတွေကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ ဒါကြောင့် အာဂျင်တီးနားအသင်းအနေနဲ့ မက်ဆီရဲ့ ၄ ဂိုးပြတ် သွင်းယူမှုအထိ လိုအပ်ပါတယ်”

“ဒါမှလည်း ဒိုင်ညစ်မှုကို ကာမိမှာပါ။ သွင်းဂိုးနည်းရင်တော့ ကောင်း​ကောင်းမျက်နှာပေးခံရမယ့် ဘရာဇီးလ်အသင်းက ကောက်စားသွားပါလိမ့်မယ်။ ဉာဏ်ကောင်းတဲ့ မက်ဆီတို့အဖွဲ့ဆီက တစ်ထောင်ရာခိုင်နှုန်း ပေးဆပ်ကစားနိုင်စွမ်းကို လိုအပ်နေတဲ့ ဗိုလ်လုပွဲမျိုးပါ”လို့ ချီလာဗတ်က အခိုင်အမာဆိုပြီး မက်ဆီရဲ့ကောင်းကျိုးအတွက် သတိပေးစကားပြောခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားတိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီဟာ လာမယ့္ ကိုပါအေမရိက ၂၀၂၁ ဗိုလ္လုပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ၿပီး လက္ေ႐ြးစင္အဆင့္ ဆုဖလားေအာင္ျမင္မႈကို ရွာေဖြသြားဖို႔ ရွိေနခ်ိန္မွာ ရဲေဘာ္ရဲဘက္ေဟာင္းႀကီး ေနမာဦးေဆာင္လာမယ့္ ဘရာဇီးလ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ရဖို႔လည္း အသင့္ျဖစ္ေနၿပီလို႔ ထုတ္ေဖာ္သြားခဲ့ပါတယ္။

ေနမာအေနနဲ႔ ဘာစီလိုနာအသင္းမွာ လက္တြဲကစားခဲ့တဲ့ သူ႔ရဲ႕ Idol ႀကီး မက္ဆီအေပၚမွာ ေလးစားၾကည္ညိဳမႈ အျပည့္ရွိေၾကာင္း၊ တဦးခ်င္း ေအာင္ျမင္မႈအတြက္ ဆိုရင္ေတာ့ မိမိအေနနဲ႔ ၿပိဳင္ဆိုင္ေနေတာ့မွာမဟုတ္ဘဲ မက္ဆီကိုသာ ဆုတံဆိပ္ယူေစမွာျဖစ္ေၾကာင္း ထုတ္ေဖာ္သြားခဲ့တာကလည္း ဘာစီလိုနာပရိသတ္ေတြအတြက္ ရင္ထဲ လႈိက္ခနဲျဖစ္ခဲ့ရပါေသးတယ္။

သူက လက္ရွိမွာေတာ့ လက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳေနတာေၾကာင့္ မက္ဆီကို အေလွ်ာ့ေပးသြားလို႔ရမွာမဟုတ္ဘဲ ဘရာဇီးလ္အသင္းအတြက္ဆိုရင္ တုံးတိုက္တိုက္ က်ားကိုက္ကိုက္ ဘာမဆိုလုပ္သြားမွာျဖစ္ၿပီး ေရကုန္ေရခမ္းတိုက္ပြဲဝင္သြားမွာျဖစ္တယ္လို႔ မက္ဆီကို အားနာနာနဲ႔ပဲ သတိေပးသြားခဲ့ပါတယ္။

ဒီအခ်ိန္မွာေတာ့ မက္ဆီရဲ႕တုံ႔ျပန္မႈက “ေနမာက လူေကာင္းတေယာက္မို႔သာ ကြၽန္ေတာ့္အတြက္ အထာထားတဲ့ ဒီလိုစကားမ်ိဳးေတြကို ေျပာဆိုခဲ့တာပါ။ ဒါကို ကြၽန္ေတာ္ သိပါတယ္။ ဒီဗိုလ္လုပြဲဟာ ကြၽန္ေတာ္တို႔အားလုံး ေစာင့္ေမွ်ာ္ေနတဲ့ တကယ့္ပြဲႀကီးပြဲေကာင္းပါ။ ႏွစ္သင္းစလုံးက ဖလားနဲ႔ ထိုက္တန္ေနလို႔ အရမ္းခက္ခက္ခဲခဲ ကစားရဦးမွာပါ”လို႔ ဆိုသြားခဲ့ပါတယ္။

ဒီအခ်ိန္မွာ သူ႔ရဲ႕ ကစားသမားဘဝမွာ ပင္နယ္တီ၊ ဖရီးကစ္ေတြနဲ႔ နာမည္ႀကီးခဲ့တဲ့ ပါရာေဂြး ဂႏၴဝင္ဂိုးသမားႀကီး ဟိုေဆး လူးဝစၥ ခ်ီလာဗတ္ကလည္း မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းအေနနဲ႔ ဘရာဇီးလ္နဲ႔ ေနမာကိုတင္ အႏိုင္ကစားရမွာမဟုတ္ဘဲ ဒိုင္ရဲ႕ ဘက္လိုက္မႈနဲ႔ VAR ရဲ႕ ေသြးထိုးမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ရဦးမွာျဖစ္​ေၾကာင္း ခပ္ရွင္းရွင္းပဲ သတိေပးသြားခဲ့ပါေသးတယ္။

“မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းေဖာ္ေတြက ဘရာဇီးလ္ကို အႏိုင္ကစားဖို႔တင္ မဟုတ္ဘဲ ေနမာရဲ႕ေကာက္က်စ္တဲ့ ဟန္ေဆာင္မႈေတြအျပင္ ဒိုင္နဲ႔ VAR ရဲ႕ ဘက္လိုက္မႈေတြကို မလြဲမေသြ ႀကဳံေတြ႕ရမွာပါ။ ဒါေၾကာင့္ အာဂ်င္တီးနားအသင္းအေနနဲ႔ မက္ဆီရဲ႕ ၄ ဂိုးျပတ္ သြင္းယူမႈအထိ လိုအပ္ပါတယ္”

“ဒါမွလည္း ဒိုင္ညစ္မႈကို ကာမိမွာပါ။ သြင္းဂိုးနည္းရင္ေတာ့ ေကာင္း​ေကာင္းမ်က္ႏွာေပးခံရမယ့္ ဘရာဇီးလ္အသင္းက ေကာက္စားသြားပါလိမ့္မယ္။ ဉာဏ္ေကာင္းတဲ့ မက္ဆီတို႔အဖြဲ႕ဆီက တစ္ေထာင္ရာခိုင္ႏႈန္း ေပးဆပ္ကစားႏိုင္စြမ္းကို လိုအပ္ေနတဲ့ ဗိုလ္လုပြဲမ်ိဳးပါ”လို႔ ခ်ီလာဗတ္က အခိုင္အမာဆိုၿပီး မက္ဆီရဲ႕ေကာင္းက်ိဳးအတြက္ သတိေပးစကားေျပာခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.