Premier League Transfer News

8 Jul နောက်ဆုံးရ လီဗာပူးလ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– RB လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူထားတဲ့ နောက်ခံလူသစ် အီဘရာဟီမာ ကိုနာတေအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၅ ကို ဆက်ခံပြီး ဝတ်ဆင်သွားမယ်လို့ လီဗာပူးလ်အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေ တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့။

– ဒတ်ချ်သတင်းဌာန Voetbal ဂျာနယ်လစ်တစ်ဦးဖြစ်သူ မာကို တင်မာက ပီအက်စ်ဗီတိုက်စစ်မှူး ဒွန်ညဲ မာလန်ကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့် မီနို ရွိုင်အိုလာအနေနဲ့ လီဗာပူးလ်နဲ့ ဒေါ့မွန်လိုမျိုး အသင်းတွေနဲ့ ဆွေးနွေးနေတယ်လို့ ထုတ်ဖော်သွားခဲ့ပြီး ဆွေးနွေးမှုအခြေအနေနဲ့ ဘယ်အတိုင်းအတာအထိ ခရီးရောက်နေလဲဆိုတာကိုတော့ မသိရသေး။

– လာဇီယိုအသင်းရဲ့ ကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့အထဲမှာ လီဗာပူးလ်အသင်းလည်း ပါဝင်လာခဲ့ပေမယ့် ရောမသားတွေ အလိုရှိတဲ့ ပေါင်သန်း ၆၀ ကိုတော့ မပေးချင်တာကြောင့် အဲ့ဒီထက်နည်းတဲ့ ပမာဏနဲ့ပဲ အရင်ဆုံး စတင်ကမ်းလှမ်းကြည့်ဖို့ ရှိနေ။

– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ နီကိုလို ဘာရဲလားကို ထိန်းသိမ်းသွားဖို့ အင်တာမီလန်အသင်းအနေနဲ့ အစွမ်းကုန် ကြိုးစားသွားဖို့ရှိနေပြီး လစာတိုးမြှင့်မယ့်အပြင် အနာဂတ်မှာ အသင်းခေါင်းဆောင် ခန့်အပ်မယ့် အချက် ပါဝင်တဲ့ စာချုပ်သစ် ကမ်းလှမ်းဖို့ရှိနေကြောင်းသိရ။

– လီဗာပူးလ်ကွင်းလယ်လူ မာကို ဂရူယစ်ချ်အနေနဲ့ ပေါ်တိုအသင်းကို ယူရို ၁၃ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ဖြစ်ဖို့များနေပြီး မာဆေးဆိုဒ်ကလပ်ရဲ့ ပစ်မှတ် ကွင်းလယ်ဖန်တီးရှင် အိုတာဗျိုရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားနဲ့ အသင်းအတွက် အကျိုးအမြတ်ရှိမယ်ဆို ဆားဘီးယားသားနဲ့ အလဲအထပ်လုပ်ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာမယ်လို့ အတည်ပြုသွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့အတွက် ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ကာလကြာရှည် ဒဏ်ရာရထားတဲ့ အချက်ကြောင့် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်မယ့် နော်ဝေသားကို ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြ။

– ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဖူလ်ဟမ်အသင်းရဲ့ ကွင်းလယ်လူ အွန်ဒရေ-ဖရန့်ခ် ဇွမ်ဘို အွန်ဂီးဆာကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းဘက်က စိတ်ဝင်စားမှု ပြသလာခဲ့ပြီး ကွင်းလယ်မှာ နေရာစုံ ကစားနိုင်တဲ့ ကင်းမရွန်းသားအနေနဲ့ အသင်းရဲ့ နည်းဗျူဟာပိုင်းမှာ အသုံးတည့်နိုင်တာကြောင့် ခေါ်ယူသွားဖို့ အသံထွက်လာ။

– လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ‌ဝက်စ်ဘရွန်းအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ မာသီးယပ်စ် ပါရဲယားကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ကွင်းလယ်တိုက်စစ်အပြင် ဘယ်ညာတောင်ပံတွေမှာပါ ကောင်းကောင်းကစားနိုင်သလို တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုနဲ့ ကစားပုံချင်း ဆင်တာကြောင့် ရေရှည်အတွက် ခေါ်ယူလိုနေ။

– လီဗာပူးလ်အသင်းဘက် ပစ်မှတ်ထားနေခဲ့တဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် အာဆင်နယ်အသင်းအနေနဲ့ ပြင်သစ်ကလပ်ဘက်က လက်ခံနိုင်မယ့် ပမာဏနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး အန်းဖီးလ်ဘက်ကတော့ ကမ်းလှမ်းမှု တစ်ခုမှ ပြုလုပ်မထားရသေးကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– RB လိုက္ပ္ဇစ္အသင္းကေန ေခၚယူထားတဲ့ ေနာက္ခံလူသစ္ အီဘရာဟီမာ ကိုနာေတအေနနဲ႔ လာမယ့္ေဘာလုံးရာသီမွာ အသင္းရဲ႕ ကြင္းလယ္လူေဟာင္း ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၅ ကို ဆက္ခံၿပီး ဝတ္ဆင္သြားမယ္လို႔ လီဗာပူးလ္အသင္းရဲ႕ ဝက္ဘ္ဆိုဒ္ကေန တရားဝင္ ထုတ္ျပန္ေၾကျငာသြားခဲ့။

– ဒတ္ခ်္သတင္းဌာန Voetbal ဂ်ာနယ္လစ္တစ္ဦးျဖစ္သူ မာကို တင္မာက ပီအက္စ္ဗီတိုက္စစ္မႉး ဒြန္ညဲ မာလန္ကို ေခၚယူဖို႔ သူ႔ရဲ႕ ေအးဂ်င့္ မီႏို ႐ြိဳင္အိုလာအေနနဲ႔ လီဗာပူးလ္နဲ႔ ေဒါ့မြန္လိုမ်ိဳး အသင္းေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ ထုတ္ေဖာ္သြားခဲ့ၿပီး ေဆြးေႏြးမႈအေျခအေနနဲ႔ ဘယ္အတိုင္းအတာအထိ ခရီးေရာက္ေနလဲဆိုတာကိုေတာ့ မသိရေသး။

– လာဇီယိုအသင္းရဲ႕ ကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို ေခၚယူဖို႔ စိတ္ဝင္စားလာတဲ့အထဲမွာ လီဗာပူးလ္အသင္းလည္း ပါဝင္လာခဲ့ေပမယ့္ ေရာမသားေတြ အလိုရွိတဲ့ ေပါင္သန္း ၆၀ ကိုေတာ့ မေပးခ်င္တာေၾကာင့္ အဲ့ဒီထက္နည္းတဲ့ ပမာဏနဲ႔ပဲ အရင္ဆုံး စတင္ကမ္းလွမ္းၾကည့္ဖို႔ ရွိေန။

– လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ နီကိုလို ဘာရဲလားကို ထိန္းသိမ္းသြားဖို႔ အင္တာမီလန္အသင္းအေနနဲ႔ အစြမ္းကုန္ ႀကိဳးစားသြားဖို႔ရွိေနၿပီး လစာတိုးျမႇင့္မယ့္အျပင္ အနာဂတ္မွာ အသင္းေခါင္းေဆာင္ ခန႔္အပ္မယ့္ အခ်က္ ပါဝင္တဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ရွိေနေၾကာင္းသိရ။

– လီဗာပူးလ္ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္အေနနဲ႔ ေပၚတိုအသင္းကို ယူ႐ို ၁၃ သန္းဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕ျဖစ္ဖို႔မ်ားေနၿပီး မာေဆးဆိုဒ္ကလပ္ရဲ႕ ပစ္မွတ္ ကြင္းလယ္ဖန္တီးရွင္ အိုတာဗ်ိဳရဲ႕ ေအးဂ်င့္ကေတာ့ သူ႔ကစားသမားနဲ႔ အသင္းအတြက္ အက်ိဳးအျမတ္ရွိမယ္ဆို ဆားဘီးယားသားနဲ႔ အလဲအထပ္လုပ္ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေပၚလာမယ္လို႔ အတည္ျပဳသြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္အင္အားကို ျဖည့္တင္းဖို႔အတြက္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဆန္ဒါ ဘာဂါကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ကာလၾကာရွည္ ဒဏ္ရာရထားတဲ့ အခ်က္ေၾကာင့္ ေဈးသက္သက္သာသာနဲ႔ ရရွိႏိုင္မယ့္ ေနာ္ေဝသားကို ေခၚယူဖို႔ စဥ္းစားေနတာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾက။

– ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ့တဲ့ ဖူလ္ဟမ္အသင္းရဲ႕ ကြင္းလယ္လူ အြန္ဒေရ-ဖရန႔္ခ္ ဇြမ္ဘို အြန္ဂီးဆာကို ေခၚယူဖို႔ လီဗာပူးလ္အသင္းဘက္က စိတ္ဝင္စားမႈ ျပသလာခဲ့ၿပီး ကြင္းလယ္မွာ ေနရာစုံ ကစားႏိုင္တဲ့ ကင္းမ႐ြန္းသားအေနနဲ႔ အသင္းရဲ႕ နည္းဗ်ဴဟာပိုင္းမွာ အသုံးတည့္ႏိုင္တာေၾကာင့္ ေခၚယူသြားဖို႔ အသံထြက္လာ။

– လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ‌ဝက္စ္ဘ႐ြန္းအသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ မာသီးယပ္စ္ ပါရဲယားကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ကြင္းလယ္တိုက္စစ္အျပင္ ဘယ္ညာေတာင္ပံေတြမွာပါ ေကာင္းေကာင္းကစားႏိုင္သလို တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုနဲ႔ ကစားပုံခ်င္း ဆင္တာေၾကာင့္ ေရရွည္အတြက္ ေခၚယူလိုေန။

– လီဗာပူးလ္အသင္းဘက္ ပစ္မွတ္ထားေနခဲ့တဲ့ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ျပင္သစ္ကလပ္ဘက္က လက္ခံႏိုင္မယ့္ ပမာဏနဲ႔ ကမ္းလွမ္းထားတယ္လို႔ သတင္းေတြ ထြက္ေပၚလာၿပီး အန္းဖီးလ္ဘက္ကေတာ့ ကမ္းလွမ္းမႈ တစ္ခုမွ ျပဳလုပ္မထားရေသးေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.