Premier League Transfer News

ပြင်သစ်သားနှစ်ဦးဝယ်ပြီး တစ်ဦးကို ပြန်ထုတ်မယ့် မန်ယူနိုက်တက်ခြေလှမ်းက ဘယ်လိုလဲ?

အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ရက်သတ္တပတ်ပေါင်းများစွာ အကျေအလည် ချိတ်ဆက်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုခံစစ်မှုး ရာဖေလ်း ဗာရွန်းဟာ ပြင်သစ်အသင်းနဲ့ ယူရိုပြိုင်ပွဲကနေ ထွက်ခွာရခြင်းအပြီးမှာ အပြောင်းအရွှေ့ဆွေးနွေးမှုဟာ အရှိန်တက်လာခဲ့ပြီလို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့အားကစားဒါရိုက်တာ ဂျွန်မာတာ့ဖ်အနေနဲ့ ပြင်သစ်သားနဲ့ အပြီးသတ်သဘောတူညီမှုရယူမယ့် အဆင့်တဆင့်သာ ကျန်ရှိနေတော့ကြောင်း သိရပြီး သူ့ရဲ့လုပ်​ဆောင်ချက်တွေက အတော်လေး ပေါက်မြောက်လျင်မြန်နေသလို ဒီအပြောင်းအရွှေ့လှုပ်ရှားမှုအတွင်း ဘာတွေဖြစ်ပေါ်ခဲ့သလဲဆိုတာ တချက်ကြည့်ကြရအောင်ပါ။

ပထမအဆင့်အနေနဲ့ ယူနိုက်တက်အသင်းဘက်က ဗာရွန်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ပြီး ဖြစ်ပါတယ်။ တနှစ်လုပ်ခ ပေါင် ၁၀ သန်းပေးချေသွားမယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရှိရပြီး နောက်တဆင့်မှာတော့ ကစားသမားရဲ့အလိုဆန္ဒအရ လာမယ့် ၂ ပတ်အတွင်းမှာ အပြောင်းအရွှေ့တရပ်ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

အသက် ၂၈ နှစ်သားအနေနဲ့ ရက်ပိုင်းအတွင်း အိုးထရက်ဖို့ဒ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်စွာ ရှိနေပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ အလျင်အမြန်အထိုင်ကျ​ဖို့ လေ့ကျင့်ရေးအစီအစဥ်နဲ့ ခပ်လောလောနဲ့ပဲ ပူးပေါင်းချင်နေတာပါ။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စျေးကိုင်မှုကြောင့် တွန့်ဆုတ်မသွားဖို့လည်း တွန်းအားပေးမှုတွေ ပြုလုပ်ထားပါသေးတယ်။

စပိန်ကလာတဲ့ နောက်ဆုံးသတင်းတွေအရတော့ ယူနိုက်တက်နဲ့ ရီးရဲလ်အသင်းတို့ကြား အလုံးစုံသဘောတူညီမှုအောင်မြင်ခဲ့ပြီလို့ သိရပြီး ရှုပ်ထွေးမှုရှိနေတဲ့ အခြေအနေတချို့ကိုလည်း တင်ပြသွားခဲ့တာပါ။ ၂၀၁၁ ခုနှစ်တုန်းက နေဝင်ချိန်ရောက်နေတဲ့ ရီယို ဖာဒီနန်နေရာမှာ ဗာရွန်းနဲ့ အစားထိုးဖို့ ဖာဂူဆန်ရဲ့ ကြိုးစားမှုကလည်း ရှိခဲ့ဖူးပြီး အခုလည်း အလားသဏ္ဍာန်တူနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆန်ချိုအတွက် ပေါင် ၇၃ သန်းသုံးစွဲထားပြီးဖြစ်တဲ့ ယူနိုက်တက်ဘုတ်အဖွဲ့က ဗာရွန်းအတွက် စျေးကိစ္စကို သေချာချိန်ဆနေသလို ပေါင် ၄၃ သန်းနဲ့အတူ အပိုထပ်ဆောင်းကြေး ပေါင်းပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မှာ ပေါင်သန်း ၆၀ နီးပါးအထိ တောင်းဆိုထားတဲ့ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်ရဲ့ အကြံအစည်ကို ဘယ်လိုပညာသားပါပါ ကျော်ဖြတ်ပြမလဲဆိုတာကိုသာ စောင့်ကြည့်သွားရတော့မှာပါ။

ဒါ့အပြင် ဒီရာသီမှာ PSG ကို ထွက်ခွာလာဖို့ အားကစားဒါရိုက်တာ လီယိုနာဒိုရဲ့ တိုက်ရိုက်ဆက်သွယ်မှုကို လက်ခံရရှိထားတဲ့ ပေါလ် ပေါ့ဘာရဲ့ ပြဿနာကို ရေရှည်အထိ ဖြေရှင်းနိုင်ဖို့ ယူနိုက်တက်က ရင်းနေးအသင်းရဲ့ အသက် ၁၈ နှစ်သား ပြင်သစ်လူငယ်ကြယ်ပွင့် အီဒူယာဒို ကာမာဗင်ဂါကို ပေါင်သန်း ၃၀ ဝန်း​ကျင်နဲ့ ဝယ်ယူဖို့ လက်သွက်သွက်နဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ အသက် ၂၈ နှစ်သားကိုသာ အသင်းမှာ ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင်လည်း ကွင်းလယ်လူနေရာကို တိုက်ပွဲဝင်သွားစေဖို့ နည်းပြ ဆိုးလ်ရှားက ဖန်တီးလုပ်ဆောင်နေတာမို့ ကာမာဗင်ဂါက ပြင်သစ်တနိုင်ငံတည်းသားချင်း ပေါ့ဘာကိုလည်း လက်တွဲနိုင်ဖို့ ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သလို ဘောလုံးအမွေကို လက်ဆင့်ကမ်းသွားဖို့လည်း ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ မာတစ်ချ်နေရာမှာ အစားထိုးသွားဖို့အတွက်လည်း ယူရိုမှာ အထူးခြေစွမ်းပြပြီး အင်္ဂလန်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကိုပါ တပါတည်းချိတ်ဆက်နေတာကို တွေ့ရပြီး ဒီလှုပ်ရှားမှုမှာတော့ ဟမ်းတားတွေဘက်က တောင်းဆိုထားတဲ့ ပေါင်သန်း ၁၀၀ ကို ဂျက်ဆီ လင်ဂတ်နဲ့ အလိုက်ပေးမှုကို လက်ခံခဲ့မယ်ဆိုရင်တော့ အလဲအထပ်နဲ့ ငွေသား ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ အောင်မြင်နိုင်ခြေရှိနေကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ ရက္သတၱပတ္ေပါင္းမ်ားစြာ အေက်အလည္ ခ်ိတ္ဆက္လာခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ဗဟိုခံစစ္မႈး ရာေဖလ္း ဗာ႐ြန္းဟာ ျပင္သစ္အသင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲကေန ထြက္ခြာရျခင္းအၿပီးမွာ အေျပာင္းအေ႐ႊ႕ေဆြးေႏြးမႈဟာ အရွိန္တက္လာခဲ့ၿပီလို႔ သိရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အနီးစပ္ဆုံးအေနအထားကို ေရာက္ရွိေနတာျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕အားကစားဒါ႐ိုက္တာ ဂြၽန္မာတာ့ဖ္အေနနဲ႔ ျပင္သစ္သားနဲ႔ အၿပီးသတ္သေဘာတူညီမႈရယူမယ့္ အဆင့္တဆင့္သာ က်န္ရွိေနေတာ့ေၾကာင္း သိရၿပီး သူ႔ရဲ႕လုပ္​ေဆာင္ခ်က္ေတြက အေတာ္ေလး ေပါက္ေျမာက္လ်င္ျမန္ေနသလို ဒီအေျပာင္းအေ႐ႊ႕လႈပ္ရွားမႈအတြင္း ဘာေတြျဖစ္ေပၚခဲ့သလဲဆိုတာ တခ်က္ၾကည့္ၾကရေအာင္ပါ။

ပထမအဆင့္အေနနဲ႔ ယူႏိုက္တက္အသင္းဘက္က ဗာ႐ြန္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရခဲ့ၿပီး ျဖစ္ပါတယ္။ တႏွစ္လုပ္ခ ေပါင္ ၁၀ သန္းေပးေခ်သြားမယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရွိရၿပီး ေနာက္တဆင့္မွာေတာ့ ကစားသမားရဲ႕အလိုဆႏၵအရ လာမယ့္ ၂ ပတ္အတြင္းမွာ အေျပာင္းအေ႐ႊ႕တရပ္ျဖစ္ေပၚလာဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရွိရပါတယ္။

အသက္ ၂၈ ႏွစ္သားအေနနဲ႔ ရက္ပိုင္းအတြင္း အိုးထရက္ဖို႔ဒ္ကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္စြာ ရွိေနၿပီး ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာ အလ်င္အျမန္အထိုင္က်​ဖို႔ ေလ့က်င့္ေရးအစီအစဥ္နဲ႔ ခပ္ေလာေလာနဲ႔ပဲ ပူးေပါင္းခ်င္ေနတာပါ။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေစ်းကိုင္မႈေၾကာင့္ တြန္႔ဆုတ္မသြားဖို႔လည္း တြန္းအားေပးမႈေတြ ျပဳလုပ္ထားပါေသးတယ္။

စပိန္ကလာတဲ့ ေနာက္ဆုံးသတင္းေတြအရေတာ့ ယူႏိုက္တက္နဲ႔ ရီးရဲလ္အသင္းတို႔ၾကား အလုံးစုံသေဘာတူညီမႈေအာင္ျမင္ခဲ့ၿပီလို႔ သိရၿပီး ရႈပ္ေထြးမႈရွိေနတဲ့ အေျခအေနတခ်ိဳ႕ကိုလည္း တင္ျပသြားခဲ့တာပါ။ ၂၀၁၁ ခုႏွစ္တုန္းက ေနဝင္ခ်ိန္ေရာက္ေနတဲ့ ရီယို ဖာဒီနန္ေနရာမွာ ဗာ႐ြန္းနဲ႔ အစားထိုးဖို႔ ဖာဂူဆန္ရဲ႕ ႀကိဳးစားမႈကလည္း ရွိခဲ့ဖူးၿပီး အခုလည္း အလားသ႑ာန္တူေနတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ဆန္ခ်ိဳအတြက္ ေပါင္ ၇၃ သန္းသုံးစြဲထားၿပီးျဖစ္တဲ့ ယူႏိုက္တက္ဘုတ္အဖြဲ႕က ဗာ႐ြန္းအတြက္ ေစ်းကိစၥကို ေသခ်ာခ်ိန္ဆေနသလို ေပါင္ ၄၃ သန္းနဲ႔အတူ အပိုထပ္ေဆာင္းေၾကး ေပါင္းေပးမယ္ဆိုတဲ့ ကမ္းလွမ္းခ်က္မွာ ေပါင္သန္း ၆၀ နီးပါးအထိ ေတာင္းဆိုထားတဲ့ ရီးရဲလ္ဥကၠဌ ပီရက္ဇ္ရဲ႕ အႀကံအစည္ကို ဘယ္လိုပညာသားပါပါ ေက်ာ္ျဖတ္ျပမလဲဆိုတာကိုသာ ေစာင့္ၾကည့္သြားရေတာ့မွာပါ။

ဒါ့အျပင္ ဒီရာသီမွာ PSG ကို ထြက္ခြာလာဖို႔ အားကစားဒါ႐ိုက္တာ လီယိုနာဒိုရဲ႕ တိုက္႐ိုက္ဆက္သြယ္မႈကို လက္ခံရရွိထားတဲ့ ေပါလ္ ေပါ့ဘာရဲ႕ ျပႆနာကို ေရရွည္အထိ ေျဖရွင္းႏိုင္ဖို႔ ယူႏိုက္တက္က ရင္းေနးအသင္းရဲ႕ အသက္ ၁၈ ႏွစ္သား ျပင္သစ္လူငယ္ၾကယ္ပြင့္ အီဒူယာဒို ကာမာဗင္ဂါကို ေပါင္သန္း ၃၀ ဝန္း​က်င္နဲ႔ ဝယ္ယူဖို႔ လက္သြက္သြက္နဲ႔ ခ်ိတ္ဆက္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

တကယ္လို႔ အသက္ ၂၈ ႏွစ္သားကိုသာ အသင္းမွာ ဆက္ထိန္းႏိုင္ခဲ့မယ္ဆိုရင္လည္း ကြင္းလယ္လူေနရာကို တိုက္ပြဲဝင္သြားေစဖို႔ နည္းျပ ဆိုးလ္ရွားက ဖန္တီးလုပ္ေဆာင္ေနတာမို႔ ကာမာဗင္ဂါက ျပင္သစ္တႏိုင္ငံတည္းသားခ်င္း ေပါ့ဘာကိုလည္း လက္တြဲႏိုင္ဖို႔ ႀကိဳဆိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးျဖစ္သလို ေဘာလုံးအေမြကို လက္ဆင့္ကမ္းသြားဖို႔လည္း ဆႏၵရွိေနပါတယ္။

ယူႏိုက္တက္အေနနဲ႔ မာတစ္ခ်္ေနရာမွာ အစားထိုးသြားဖို႔အတြက္လည္း ယူ႐ိုမွာ အထူးေျခစြမ္းျပၿပီး အဂၤလန္အသင္းကို ဗိုလ္လုပြဲေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့တဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကိုပါ တပါတည္းခ်ိတ္ဆက္ေနတာကို ေတြ႕ရၿပီး ဒီလႈပ္ရွားမႈမွာေတာ့ ဟမ္းတားေတြဘက္က ေတာင္းဆိုထားတဲ့ ေပါင္သန္း ၁၀၀ ကို ဂ်က္ဆီ လင္ဂတ္နဲ႔ အလိုက္ေပးမႈကို လက္ခံခဲ့မယ္ဆိုရင္ေတာ့ အလဲအထပ္နဲ႔ ေငြသား ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ေအာင္ျမင္ႏိုင္ေျခရွိေနေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.