Premier League

ဒိန်းမတ်နဲ့ပွဲက အင်္ဂလန်ရဲ့ အငြင်းပွားဖွယ်ရာ ပင်နယ်တီကို ဘာကြောင့် VAR ခွင့်ပြုခဲ့သလဲ?

ပြီးခဲ့တဲ့ညက အင်္ဂလန်အသင်နဲ့ ဒိန်းမတ်အသင်းတို့ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုအထိ ကစားခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူး ရာဟင်းမ် စတာလင်ကို ဒိန်းမတ် နောက်ခံလူ မေလီက ပြစ်ဒဏ်ကျုးလွန်ခဲ့တယ်လို့ သတ်မှတ်ခံရပြီး အင်္ဂလန်တို့ အချိန်ပိုမှာ ပင်နယ်တီရခဲ့ပါတယ်။

ဒီပင်နယ်တီကို တိုက်စစ်မှူးဟာရီကိန်းက ကန်သွင်းယူသွားခဲ့ပြီး သူ့ကန်သွင်းမှုကို ဒိန်းမတ်အသင်းဂိုးသမား ကက်စ်ပါ ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ကန်ထွက်လာတဲ့ ​ဘောလုံးကို ကိန်း​က ထပ်မံပိတ်သွင်းယူပြီး အင်္ဂလန်တို့ ယူရိုဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့လို့ အီတလီနဲ့ ဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းရရှိခဲ့တဲ့ ပင်နယ်တီကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး စတာလင်ကို ဖျက်ထုတ်မှုက သိသိသာသာ လူမထိခဲ့ဘူးလို့ သတ်မှတ်မှုတွေ ရှိလာသလို တဖက်မှာ ဒိုင်လူကြီး ဒန်နီ မက်ကေလီရဲ့ ပင်နယ်တီခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ကို VAR က ဘာကြောင့်လက်ခံခဲ့ရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။

ဝင်ဘလေကွင်းထဲက ဆုံးဖြတ်ချက်ကို VAR က ဝင်စွက်ဖက်ခွင့် မရှိခဲ့လို့ အင်္ဂလန်တို့ ဒိုင်ရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရတယ်လို့ စောဒကတက်မှုတွေက ထွက်ပေါ်လာခဲ့ပြီး အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကလည်း ဒီဆုံးဖြတ်ချက်ဟာ ယုတ္တိကင်းမဲ့နေတယ်လို့ ပြောခဲ့သလို VAR ကို ပြန်ကြည့်ခဲ့သင့်တယ်လို့ ဝေဖန်သွားခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ပီတာ ဝေါ်လ်တန်က ITV ကို ရှင်းပြခဲ့ရာမှာ ” ကွင်းထဲက ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို VAR က ဝင်ရောက်ပြင်ဆင်နိုင်ဖို့ဆိုရင် အဲဒီဖြစ်ရပ်ဟာ အမှားတခုဆိုတာ သိသာထင်ရှားနေဖို့ လိုပါတယ်။ ဒါမှသာ ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့အတွက် VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မှာပါ”

” ဒိန်းမတ်ကစားသမားရဲ့ ခန္ဓာကိုယ်အထက်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း ကိုယ်ဟန်အနေအထားအရ ပင်နယ်တီပေးသင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် VAR က ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မပယ်ဖျက်ခဲ့ခြင်းပါ” လို့ ကွဲပြားနေတဲ့ အမြင်များစွာထဲက သူ့ရဲ့အယူအဆကို ထုတ်ဖော်သွားခဲ့ပါတယ်။

ဒါ့အ​ပြင် အင်္ဂလန်ကစားသမားဟောင်း Lee Dixon ကလည်း “ဟုတ်တယ်။ မေလီက စတာလင်ကို ထိခိုက်မိသလိုဖြစ်သွားတယ်။ ဒါပေမယ့် ရုပ်ပျက်ဆင်းပျက်ကြီး ထိခိုက်မိတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ခြေထောက်နဲ့ စတာလင်ကို လဲကျစေသလို ဖြစ်သွားခဲ့တာပါ။ ဒါကို ဒိုင်ကလည်း ခပ်ရှင်းရှင်းမြင်နိုင်တဲ့နေရာမှာ ရှိနေတာပါ။ ခြေထောက်နဲ့ ချိတ်မိသွားတယ်လို့ပဲ ဆိုရမှာပေါ့” လို့ ဒီပွဲအပြီးမှာ သုံးသပ်ပြသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက အဂၤလန္အသင္နဲ႔ ဒိန္းမတ္အသင္းတို႔ ဝင္ဘေလကြင္းမွာ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၁ ဂိုးစီ သေရက်ေနလို႔ အခ်ိန္ပိုအထိ ကစားခဲ့ၿပီး အဂၤလန္တိုက္စစ္မႉး ရာဟင္းမ္ စတာလင္ကို ဒိန္းမတ္ ေနာက္ခံလူ ေမလီက ျပစ္ဒဏ္က်ဳးလြန္ခဲ့တယ္လို႔ သတ္မွတ္ခံရၿပီး အဂၤလန္တို႔ အခ်ိန္ပိုမွာ ပင္နယ္တီရခဲ့ပါတယ္။

ဒီပင္နယ္တီကို တိုက္စစ္မႉးဟာရီကိန္းက ကန္သြင္းယူသြားခဲ့ၿပီး သူ႔ကန္သြင္းမႈကို ဒိန္းမတ္အသင္းဂိုးသမား ကက္စ္ပါ ရွမိုက္ကယ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ကန္ထြက္လာတဲ့ ​ေဘာလုံးကို ကိန္း​က ထပ္မံပိတ္သြင္းယူၿပီး အဂၤလန္တို႔ ယူ႐ိုဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့လို႔ အီတလီနဲ႔ ဗိုလ္လုရေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ အဂၤလန္အသင္းရရွိခဲ့တဲ့ ပင္နယ္တီကေတာ့ အျငင္းပြားဖြယ္ရာျဖစ္ခဲ့ၿပီး စတာလင္ကို ဖ်က္ထုတ္မႈက သိသိသာသာ လူမထိခဲ့ဘူးလို႔ သတ္မွတ္မႈေတြ ရွိလာသလို တဖက္မွာ ဒိုင္လူႀကီး ဒန္နီ မက္ေကလီရဲ႕ ပင္နယ္တီခြင့္ျပဳတဲ့ ဆုံးျဖတ္ခ်က္ကို VAR က ဘာေၾကာင့္လက္ခံခဲ့ရသလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့တာပါ။

ဝင္ဘေလကြင္းထဲက ဆုံးျဖတ္ခ်က္ကို VAR က ဝင္စြက္ဖက္ခြင့္ မရွိခဲ့လို႔ အဂၤလန္တို႔ ဒိုင္ရဲ႕ မ်က္ႏွာသာေပးျခင္းကို ခံခဲ့ရတယ္လို႔ ေစာဒကတက္မႈေတြက ထြက္ေပၚလာခဲ့ၿပီး အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးကလည္း ဒီဆုံးျဖတ္ခ်က္ဟာ ယုတၱိကင္းမဲ့ေနတယ္လို႔ ေျပာခဲ့သလို VAR ကို ျပန္ၾကည့္ခဲ့သင့္တယ္လို႔ ေဝဖန္သြားခဲ့တာပါ။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ပီတာ ေဝၚလ္တန္က ITV ကို ရွင္းျပခဲ့ရာမွာ ” ကြင္းထဲက ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ကို VAR က ဝင္ေရာက္ျပင္ဆင္ႏိုင္ဖို႔ဆိုရင္ အဲဒီျဖစ္ရပ္ဟာ အမွားတခုဆိုတာ သိသာထင္ရွားေနဖို႔ လိုပါတယ္။ ဒါမွသာ ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲဖို႔အတြက္ VAR နဲ႔ ျပန္လည္ၾကည့္ရႈစစ္ေဆးႏိုင္မွာပါ”

” ဒိန္းမတ္ကစားသမားရဲ႕ ခႏၶာကိုယ္အထက္ပိုင္းကိုၾကည့္မယ္ဆိုရင္လည္း ကိုယ္ဟန္အေနအထားအရ ပင္နယ္တီေပးသင့္တယ္လို႔ ယူဆပါတယ္။ ဒါေၾကာင့္ VAR က ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ကို မပယ္ဖ်က္ခဲ့ျခင္းပါ” လို႔ ကြဲျပားေနတဲ့ အျမင္မ်ားစြာထဲက သူ႔ရဲ႕အယူအဆကို ထုတ္ေဖာ္သြားခဲ့ပါတယ္။

ဒါ့အ​ျပင္ အဂၤလန္ကစားသမားေဟာင္း Lee Dixon ကလည္း “ဟုတ္တယ္။ ေမလီက စတာလင္ကို ထိခိုက္မိသလိုျဖစ္သြားတယ္။ ဒါေပမယ့္ ႐ုပ္ပ်က္ဆင္းပ်က္ႀကီး ထိခိုက္မိတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ သူ႔ေျခေထာက္နဲ႔ စတာလင္ကို လဲက်ေစသလို ျဖစ္သြားခဲ့တာပါ။ ဒါကို ဒိုင္ကလည္း ခပ္ရွင္းရွင္းျမင္ႏိုင္တဲ့ေနရာမွာ ရွိေနတာပါ။ ေျခေထာက္နဲ႔ ခ်ိတ္မိသြားတယ္လို႔ပဲ ဆိုရမွာေပါ့” လို႔ ဒီပြဲအၿပီးမွာ သုံးသပ္ျပသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.