Premier League

8 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ဘာစီလိုနာအသင်းက အသင်းလက်မဲ့ဖြစ်နေတဲ့ လီယွန်နယ် မက်ဆီကို ပြန်ခေါ်ယူနိုင်ဖို့ ရောင်းချမယ့်စာရင်းထဲ အွန်ထွာ ဂရီးဇ်မန်းပါဝင်နေပြီး ကမ်းလှမ်းမယ့်အသင်းထဲ ချယ်လ်ဆီးလည်း ပါနေသလို နည်းပြ သောမက်စ် တူဟယ်လ်ကလည်း သူ့ပရိသတ်ဖြစ်နေတာကြောင့် မကြာမီ ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ ရှိနေကြောင်းသိရ။

ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ မီရာလမ် ပယာနစ်ခ်ျကို လန်ဒန်မြို့ခံ ပြိုင်ဘက်တွေဖြစ်တဲ့ စပါးစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကပါ စိတ်ဝင်စားလာခဲ့ပြီး The Metro ရဲ့ ဖော်ပြချက်အရဆိုရင် ဂန်းနားတို့ကတောင် ဘော့စနီးယားသားကို ခေါ်ယူဖို့ အခြေအနေပိုကောင်းနေတယ်လို့ ဖော်ပြထားကြောင်းသိရ။

ဝက်စ်ဟမ်းအသင်းရဲ့ ဂန္ထဝင်ကစားသမား ပေါ်လို ဒီကာနီယိုကတော့ အင်္ဂလန်နဲ့ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေတဲ့ ဒက်ကလန် ရိုက်စ်ကို ချယ်လ်ဆီးအသင်းအနေနဲ့ ခေါ်ယူလိုတာ မဆန်းကြောင်းနဲ့ ဒေကလန်ရိုက်စ်က အလွန်ကောင်းတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးသွားခဲ့။

လေဗာကူဆင်နောက်ခံလူ အက်ဒ်မန် တက်ဘ်ဆိုဘာကတော့ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့် ‌လက်ရှိကလပ်မှာပဲ ပျော်ရွှင်နေကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားမှာမဟုတ်ကြောင်း ပြောခဲ့ပြီး လက်ရှိအသင်းက အတော်တိုးတက်လာတဲ့ လူငယ်တွေနဲ့ စုစည်းထားတဲ့ အသင်းဖြစ်ကြောင်း ပြောသွားခဲ့။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အာလင်း ဟာလန်းအတွက် ပေါင်သန်း ၁၀၀ နဲ့ကမ်းလှမ်းတာကို ဒေါ့မွန်က ပယ်ချခံရပြီးနောက် ကစားသမားကလည်း လန်ဒန်ကလပ်ကို ပြောင်းချင်တယ်လို့ ပြောခဲ့သလို၊ ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ဂုရုကြီး မာရီနာကလည်း ဒေါ့မွန်အသင်းနဲ့ နောက်တစ်ကြိမ် နော်ဝေးသားအတွက် ဆွေးနွေးပြီး ပေါင်သန်း ၁၅၀ အထိ တိုးမြှင့်ကမ်းလှမ်းသွားဖို့ စီစဉ်နေတဲ့ အနေအထားတွေကြောင့် ဂျာမန်ကလပ်အနေနဲ့ လက်ခံဖို့ရှိလာကြောင်းသိရ။

ဝုလ်ဗ်အသင်းက သူတို့ရဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ချယ်လ်ဆီးအသင်းအနေနဲ့ ကမ်းလှမ်းလာဖို့ မျှော်လင့်နေပြီး ပေါင်သန်း ၄၀ ဝန်းကျင် လိုချင်ပေမယ့် ပေါင် ၂၅ သန်းဝန်းကျင်ပဲ လန်ဒန်ကလပ်က ပေးချေချင်တာကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ် အာလင်း ဟာလန်းကတော့ မန်ချက်စတာယူနိုက်တက်ကို ရောက်သွားတဲ့ ဂျေဒန် ဆန်ချိုရဲ့ အင်စတာဂရမ်က ပို့စ်အောက်မှာ ငိုနေတဲ့ အီမိုဂျီပို့ခဲ့ပြီး အသင်းဖော်ဟောင်းနဲ့ ခွဲခွာရလို့လား? ဒါမှမဟုတ် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာကြောင့်လားဆိုတာ လန်ဒန်ကလပ် ကမ်းလှမ်းမယ့် ပေါင်သန်း ၁၅၀ ဝန်းကျင်ကြောင့် စိတ်ဝင်စားစရာဖြစ်လာခဲ့။

ချယ်လ်ဆီးအသင်းက အာလင်း ဟာလန်းကို မရခဲ့ရင်ဆိုတဲ့ အစီအစဉ်အတွက် အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားလာခဲ့ပြီး ငွေကြေးလိုအပ်ချက်ရှိနေတဲ့ မီလန်မြို့ခံအသင်းကြောင့် ခေါ်ယူဖို့ သိပ်မခက်ခဲနိုင်ကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ မေဆန် မောင့်နဲ့ အန်ဒရေ ခရစ္စတန်ဆန်တို့က ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ဖြစ်တဲ့ အင်္ဂလန်နဲ့ ဒိန်းမတ်တို့ပွဲမှာ သက်ဆိုင်ရာနိုင်ငံအတွက် အသီးသီးပါဝင်ခဲ့ပြီး ခရစ္စတန်ဆန်ကတော့ ဒဏ်ရာရသွားသလို လူစားလဲခံလိုက်ရတာကြောင့် လန်ဒန်မြို့ခံအသင်းရဲ့ ပရိသတ်တွေအနေနဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေကြ။

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ရှိနေသေးတဲ့ အိုလီဗီယေး ဂျရူးကို ခေါ်ယူဖို့ အေစီမီလန်အသင်းအနေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး ဒီနှစ်နွေရာသီအပြောင်းမရွှေ့ကာလမှာတင် အပြီးသတ်ခေါ်ယူသွားနိုင်ဖို့ မီလန်မြို့ခံကလပ်အနေနဲ့ စီစဉ်ထားကြောင်းသိရ။

BT Sport ရဲ့ သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ ခရစ္စ ဆပ်တန်ကတော့ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုအတွက် ဘယ်လွန်ဒေါဆု မရခဲ့တောင် နီးစပ်သင့်ကြောင်း ပြောသွားခဲ့ပြီး အီတလီအတွက် ယူရို ၂၀၂၀ မှာ ခြေစွမ်းပြနေသလို ချန်ပီယံလိဂ်ရတဲ့အသင်းရဲ့ အဓိက ကွင်းလယ်လူဖြစ်တာကြောင့် ဘယ်လွန်ဒေါဆုအ‌တွက် ထောက်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းက အသင္းလက္မဲ့ျဖစ္ေနတဲ့ လီယြန္နယ္ မက္ဆီကို ျပန္ေခၚယူႏိုင္ဖို႔ ေရာင္းခ်မယ့္စာရင္းထဲ အြန္ထြာ ဂရီးဇ္မန္းပါဝင္ေနၿပီး ကမ္းလွမ္းမယ့္အသင္းထဲ ခ်ယ္လ္ဆီးလည္း ပါေနသလို နည္းျပ ေသာမက္စ္ တူဟယ္လ္ကလည္း သူ႔ပရိသတ္ျဖစ္ေနတာေၾကာင့္ မၾကာမီ ေဆြးေႏြးမႈမ်ား ျပဳလုပ္သြားဖို႔ ရွိေနေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဘာစီလိုနာ ကြင္းလယ္လူ မီရာလမ္ ပယာနစ္ခ္်ကို လန္ဒန္ၿမိဳ႕ခံ ၿပိဳင္ဘက္ေတြျဖစ္တဲ့ စပါးစ္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ကပါ စိတ္ဝင္စားလာခဲ့ၿပီး The Metro ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ ဂန္းနားတို႔ကေတာင္ ေဘာ့စနီးယားသားကို ေခၚယူဖို႔ အေျခအေနပိုေကာင္းေနတယ္လို႔ ေဖာ္ျပထားေၾကာင္းသိရ။

ဝက္စ္ဟမ္းအသင္းရဲ႕ ဂႏၴဝင္ကစားသမား ေပၚလို ဒီကာနီယိုကေတာ့ အဂၤလန္နဲ႔ ဝက္စ္ဟမ္းမွာ ေျခစြမ္းျပေနတဲ့ ဒက္ကလန္ ႐ိုက္စ္ကို ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ေခၚယူလိုတာ မဆန္းေၾကာင္းနဲ႔ ေဒကလန္႐ိုက္စ္က အလြန္ေကာင္းတဲ့ ကစားသမားျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့။

ေလဗာကူဆင္ေနာက္ခံလူ အက္ဒ္မန္ တက္ဘ္ဆိုဘာကေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ေပၚေနေပမယ့္ ‌လက္ရွိကလပ္မွာပဲ ေပ်ာ္႐ႊင္ေနေၾကာင္းနဲ႔ ပရီးမီးယားလိဂ္မွာ ကစားမွာမဟုတ္ေၾကာင္း ေျပာခဲ့ၿပီး လက္ရွိအသင္းက အေတာ္တိုးတက္လာတဲ့ လူငယ္ေတြနဲ႔ စုစည္းထားတဲ့ အသင္းျဖစ္ေၾကာင္း ေျပာသြားခဲ့။

ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ အာလင္း ဟာလန္းအတြက္ ေပါင္သန္း ၁၀၀ နဲ႔ကမ္းလွမ္းတာကို ေဒါ့မြန္က ပယ္ခ်ခံရၿပီးေနာက္ ကစားသမားကလည္း လန္ဒန္ကလပ္ကို ေျပာင္းခ်င္တယ္လို႔ ေျပာခဲ့သလို၊ ခ်ယ္လ္ဆီးရဲ႕ အေျပာင္းအေ႐ႊ႕ဂု႐ုႀကီး မာရီနာကလည္း ေဒါ့မြန္အသင္းနဲ႔ ေနာက္တစ္ႀကိမ္ ေနာ္ေဝးသားအတြက္ ေဆြးေႏြးၿပီး ေပါင္သန္း ၁၅၀ အထိ တိုးျမႇင့္ကမ္းလွမ္းသြားဖို႔ စီစဥ္ေနတဲ့ အေနအထားေတြေၾကာင့္ ဂ်ာမန္ကလပ္အေနနဲ႔ လက္ခံဖို႔ရွိလာေၾကာင္းသိရ။

ဝုလ္ဗ္အသင္းက သူတို႔ရဲ႕ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ကမ္းလွမ္းလာဖို႔ ေမွ်ာ္လင့္ေနၿပီး ေပါင္သန္း ၄၀ ဝန္းက်င္ လိုခ်င္ေပမယ့္ ေပါင္ ၂၅ သန္းဝန္းက်င္ပဲ လန္ဒန္ကလပ္က ေပးေခ်ခ်င္တာေၾကာင့္ ၾကန႔္ၾကာေနရျခင္းျဖစ္ေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ပစ္မွတ္ အာလင္း ဟာလန္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္သြားတဲ့ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ အင္စတာဂရမ္က ပို႔စ္ေအာက္မွာ ငိုေနတဲ့ အီမိုဂ်ီပို႔ခဲ့ၿပီး အသင္းေဖာ္ေဟာင္းနဲ႔ ခြဲခြာရလို႔လား? ဒါမွမဟုတ္ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ရမွာေၾကာင့္လားဆိုတာ လန္ဒန္ကလပ္ ကမ္းလွမ္းမယ့္ ေပါင္သန္း ၁၅၀ ဝန္းက်င္ေၾကာင့္ စိတ္ဝင္စားစရာျဖစ္လာခဲ့။

ခ်ယ္လ္ဆီးအသင္းက အာလင္း ဟာလန္းကို မရခဲ့ရင္ဆိုတဲ့ အစီအစဥ္အတြက္ အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ စဥ္းစားလာခဲ့ၿပီး ေငြေၾကးလိုအပ္ခ်က္ရွိေနတဲ့ မီလန္ၿမိဳ႕ခံအသင္းေၾကာင့္ ေခၚယူဖို႔ သိပ္မခက္ခဲႏိုင္ေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ ေမဆန္ ေမာင့္နဲ႔ အန္ဒေရ ခရစၥတန္ဆန္တို႔က ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္ျဖစ္တဲ့ အဂၤလန္နဲ႔ ဒိန္းမတ္တို႔ပြဲမွာ သက္ဆိုင္ရာႏိုင္ငံအတြက္ အသီးသီးပါဝင္ခဲ့ၿပီး ခရစၥတန္ဆန္ကေတာ့ ဒဏ္ရာရသြားသလို လူစားလဲခံလိုက္ရတာေၾကာင့္ လန္ဒန္ၿမိဳ႕ခံအသင္းရဲ႕ ပရိသတ္ေတြအေနနဲ႔ ဒဏ္ရာျပင္းထန္မွာကို စိုးရိမ္ေနၾက။

ခ်ယ္လ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ရွိေနေသးတဲ့ အိုလီဗီေယး ဂ်႐ူးကို ေခၚယူဖို႔ ေအစီမီလန္အသင္းအေနနဲ႔ ေဆြးေႏြးသြားမွာျဖစ္ၿပီး ဒီႏွစ္ေႏြရာသီအေျပာင္းမေ႐ႊ႕ကာလမွာတင္ အၿပီးသတ္ေခၚယူသြားႏိုင္ဖို႔ မီလန္ၿမိဳ႕ခံကလပ္အေနနဲ႔ စီစဥ္ထားေၾကာင္းသိရ။

BT Sport ရဲ႕ သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ ခရစၥ ဆပ္တန္ကေတာ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳအတြက္ ဘယ္လြန္ေဒါဆု မရခဲ့ေတာင္ နီးစပ္သင့္ေၾကာင္း ေျပာသြားခဲ့ၿပီး အီတလီအတြက္ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပေနသလို ခ်န္ပီယံလိဂ္ရတဲ့အသင္းရဲ႕ အဓိက ကြင္းလယ္လူျဖစ္တာေၾကာင့္ ဘယ္လြန္ေဒါဆုအ‌တြက္ ေထာက္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.