International Match Report

ဒိန်းမတ်ကို အချိန်ပိုမှာ ကျော်ဖြတ်ပြီး အိမ်ရှင်အဖြစ် ဖလားယူဖို့ နီးစပ်လာတဲ့ အင်္ဂလန်

ဒီနေ့ပွဲမှာ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ တိုက်စစ်ဦးစားပေးဖို့ ပြင်ဆင်လာခဲ့သလို လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာ ပြန်လည်ပါဝင်လာပြီး အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလီကွင်းကြီးမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုနဲ့အတူ ပွဲထွက်လာခဲ့ကြတာဖြ်စပါတယ်။

အင်္ဂလန်တိုက်စစ်ရဲ့ အမြန်နှုန်းကို ဒိန်းမတ်တို့ တစ်ချက်တစ်ချက်မှာ အငိုက်မိ ခံစားနေရပြီး ပွဲချိန် ၆ မိနစ်မှာ ဟာရီကိန်းက သူနဲ့ ဆွန်ဟောင်မင် လုပ်နေကျ အကွက်နဲ့ စတာလင်ဆီ ပို့ပေးခဲ့ပေမယ့် မန်ချက်စတာစီးတီးတောင်ပံကစားသမားအနေနဲ့ ခြေတစ်လှမ်း နောက်ကျနေခဲ့တာကြောင့် အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။

ဒိန်းမတ်တို့အနေနဲ့ ဒီနေ့မှာ ကောင်တာကနေပဲ ဂိုးရဖို့ ကြိုးစားခဲ့ပြီး လူငယ်ခြေတက် တောင်ပံကစားသမား ဒမ်းစ်ဂါ့ဒ်ရဲ့ ပြေးအားနဲ့ အလုပ်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် အင်္ဂလန်ခံစစ်က ထိန်းချုပ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ စတာလင်ရဲ့ တစ်ကိုယ်တော်ကန်ချက်ကို ဂိုးသမား ရှမိုက်ကယ် ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ဟွိုင်ဘယာ့ဂ်ရဲ့ ကန်ချက်ကို ဖမ်းယူအပြီးမှာ လူပေးမှားခဲ့တဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ကြောင့် အင်္ဂလန်ပရိသတ်တွေ မျက်လုံး ပြူးခဲ့ရပေမယ့် ဒမ်းစ်ဂါ့ဒ် အသုံးမချနိုင်ခဲ့လို့ သက်သာခဲ့ရသလို ဒိန်းမတ်တို့ကတော့ တိုက်စစ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် မကစားနိုင်ဘဲ ခပ်ကျဲကျဲပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာတော့ ဒိန်းမတ်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်ဂိုးဧရိယာအပြင်ဘက်မှာ ရရှိတဲ့ ဖရီးကစ်ကို ခြေစွမ်းပြနေတဲ့ ဒမ်းစ်ဂါ့ဒ်ကပဲ ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့ရာမှာ ထောင့်မကျဘဲ ဂိုးသမားနဲ့ နီးစပ်ခဲ့ပေမယ့် မြန်ဆန်တဲ့ ဘောလုံးအသွားနှုန်းမှာ ပစ်ခ်ဖို့ဒ်တစ်ယောက် ငုတ်တုတ် မေ့ခဲ့ပြီး ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ ဟာရီကိန်းရဲ့ အနိမ့်ဘောဖြတ်ပို့မှုကို စတာလင် အနီးကပ်ကန်ခွင့်ရခဲ့ပေမယ့် ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုးပြန်ရခဲ့ပြီး ညာခြမ်းကနေ ဆာကာရဲ့ စတာလင်ဆီ ပေးပို့မှုကို ဝင်ရောက်တားဆီးဖို့ ကြိုးစားတဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ကေယာက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေပြီး ဒုတိယပိုင်းမှာတော့ ဒမ်းစ်ဂါ့ဒ်ကို စောစောစီးစီး အနားပေးလိုက်တဲ့ ဒိန်းမတ်တို့ ဆုံးဖြတ်ချက် မှားခဲ့ပြီး အင်္ဂလန်ကတော့ ပွဲချိန်အတွင်းမှာ ဆာကာကို ဂရီးလစ်ရှ်နဲ့ လဲကစားပြီး တိုက်စစ်မှာ ချောချောမွေ့မွေ့နဲ့ ထိုးဖောက်နိုင်အောင် ကြိုးစားသွားခဲ့တာပါ။

ပွဲချိန် ၅၂ မိနစ်မှာ ဒိုးလ်ဘာ့ဂ်ရဲ့ အနိမ့်ဘောကန်ချက်ကို ပစ်ခ်ဖို့ဒ် ကာကွယ်ခဲ့ရသလို ၅၅ မိနစ်မှာတော့ မေဆန်မောင့်ရဲ့ ဖရီးကစ်ကို နောက်ခံလူ မက်ဂွိုင်းယား ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အားပျော့တဲ့ ဘောလုံးကို ရှမိုက်ကယ် လက်ဖျားနဲ့ ထိုးထုတ်သွားနိုင်ခဲ့လို့ အင်္ဂလန်တို့ အနိုင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ ဟွိုင်ဘယာ့ဂ် ကိုယ့်ဂိုးကိုယ်သွင်းဖို့ နီးစပ်ခဲ့သေးသလို မေဆန်မောင့်ကတော့ ဒိန်းမတ်တို့ကို တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ ဟာရီကိန်းရဲ့ ပင်နယ်တီရနိုင်တဲ့ ၅၀-၅၀ အခွင့်အရေးက VAR နဲ့ ပယ်ချခံခဲ့ရပါတယ်။

မိနစ် ၉၀ အပြည့်မှာ တစ်ဂိုးစီသရေထက် ပိုထူးမလာခဲ့လို့ အချိန်ပို ဆက်လက်ကစားခဲ့ရပြီး ဟာရီကိန်းရဲ့ အခွင့်အရေးကို ရှမိုက်ကယ် ကာကွယ်ခဲ့သလို ပွဲချိန် ၁၀၂ မိနစ်မှာတော့ ညာခြမ်းကနေ ဂိုးဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ စတာလင်ကို နောက်ခံလူ မေလီက ခြေချိတ်ခဲ့မိတာကြောင့် အင်္ဂလန်တို့ ပင်နယ်တီရခဲ့ပါတယ်။

VAR နဲ့ ပြန်လည်အတည်ပြုပြီး ပွဲချိန် ၁၀၄ မိနစ်မှာတော့ တိုက်စစ်မှူး ဟာရီကိန်းက ကန်သွင်းခဲ့ရာမှာ သူကန်ခဲ့တဲ့ ညာဘက်ကို ဂိုးသမား ရှမိုက်ကယ် ဒိုက်ပစ်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို အင်္ဂလန်အသင်းခေါင်းဆောင်အနေနဲ့ အမှားမခံဘဲ ပိတ်သွင်းရယူခဲ့ပြီး အသင်း အတွက် အနိုင်ဂိုး ရှာဖွေပေးနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ချေပဂိုး ပြန်လည်ရရှိနိုင်ဖို့ ဒိန်းမတ်တို့အနေနဲ့ နောက်ခံလူ ဗက်စတာဂါ့ဒ်အစား တိုက်စစ်မှူး ဗင်းဒ်ကို ထည့်သွင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာကြောင့် အင်္ဂလန်တို့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာ ဒီဝင်ဘလီကွင်းကြီးမှာပဲ အီတလီနဲ့ ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့သလို သူတို့ရဲ့ တစ်ခါမှ မရဖူးသေးတဲ့ ယူရိုဖလားကို ပထမဆုံးအကြိမ် ရယူသွားနိုင်ဖို့ ရင်ခုန်စရာဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ တိုက္စစ္ဦးစားေပးဖို႔ ျပင္ဆင္လာခဲ့သလို လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာ ျပန္လည္ပါဝင္လာၿပီး အိမ္ကြင္းျဖစ္တဲ့ ဝင္ဘလီကြင္းႀကီးမွာ ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပးမႈနဲ႔အတူ ပြဲထြက္လာခဲ့ၾကတာျဖ္စပါတယ္။

အဂၤလန္တိုက္စစ္ရဲ႕ အျမန္ႏႈန္းကို ဒိန္းမတ္တို႔ တစ္ခ်က္တစ္ခ်က္မွာ အငိုက္မိ ခံစားေနရၿပီး ပြဲခ်ိန္ ၆ မိနစ္မွာ ဟာရီကိန္းက သူနဲ႔ ဆြန္ေဟာင္မင္ လုပ္ေနက် အကြက္နဲ႔ စတာလင္ဆီ ပို႔ေပးခဲ့ေပမယ့္ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမားအေနနဲ႔ ေျခတစ္လွမ္း ေနာက္က်ေနခဲ့တာေၾကာင့္ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ဒိန္းမတ္တို႔အေနနဲ႔ ဒီေန႔မွာ ေကာင္တာကေနပဲ ဂိုးရဖို႔ ႀကိဳးစားခဲ့ၿပီး လူငယ္ေျခတက္ ေတာင္ပံကစားသမား ဒမ္းစ္ဂါ့ဒ္ရဲ႕ ေျပးအားနဲ႔ အလုပ္ျဖစ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဂၤလန္ခံစစ္က ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ စတာလင္ရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္ကို ဂိုးသမား ရွမိုက္ကယ္ ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ဟြိဳင္ဘယာ့ဂ္ရဲ႕ ကန္ခ်က္ကို ဖမ္းယူအၿပီးမွာ လူေပးမွားခဲ့တဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္ေၾကာင့္ အဂၤလန္ပရိသတ္ေတြ မ်က္လုံး ျပဴးခဲ့ရေပမယ့္ ဒမ္းစ္ဂါ့ဒ္ အသုံးမခ်ႏိုင္ခဲ့လို႔ သက္သာခဲ့ရသလို ဒိန္းမတ္တို႔ကေတာ့ တိုက္စစ္မွာ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ မကစားႏိုင္ဘဲ ခပ္က်ဲက်ဲပဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဒိန္းမတ္တို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဂၤလန္ဂိုးဧရိယာအျပင္ဘက္မွာ ရရွိတဲ့ ဖရီးကစ္ကို ေျခစြမ္းျပေနတဲ့ ဒမ္းစ္ဂါ့ဒ္ကပဲ ကန္ခ်က္ျပင္းျပင္းနဲ႔ ကန္သြင္းခဲ့ရာမွာ ေထာင့္မက်ဘဲ ဂိုးသမားနဲ႔ နီးစပ္ခဲ့ေပမယ့္ ျမန္ဆန္တဲ့ ေဘာလုံးအသြားႏႈန္းမွာ ပစ္ခ္ဖို႔ဒ္တစ္ေယာက္ ငုတ္တုတ္ ေမ့ခဲ့ၿပီး ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဟာရီကိန္းရဲ႕ အနိမ့္ေဘာျဖတ္ပို႔မႈကို စတာလင္ အနီးကပ္ကန္ခြင့္ရခဲ့ေပမယ့္ ရွမိုက္ကယ္ ကာကြယ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အဂၤလန္တို႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ညာျခမ္းကေန ဆာကာရဲ႕ စတာလင္ဆီ ေပးပို႔မႈကို ဝင္ေရာက္တားဆီးဖို႔ ႀကိဳးစားတဲ့ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ေကယာက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနၿပီး ဒုတိယပိုင္းမွာေတာ့ ဒမ္းစ္ဂါ့ဒ္ကို ေစာေစာစီးစီး အနားေပးလိုက္တဲ့ ဒိန္းမတ္တို႔ ဆုံးျဖတ္ခ်က္ မွားခဲ့ၿပီး အဂၤလန္ကေတာ့ ပြဲခ်ိန္အတြင္းမွာ ဆာကာကို ဂရီးလစ္ရွ္နဲ႔ လဲကစားၿပီး တိုက္စစ္မွာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ထိုးေဖာက္ႏိုင္ေအာင္ ႀကိဳးစားသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၂ မိနစ္မွာ ဒိုးလ္ဘာ့ဂ္ရဲ႕ အနိမ့္ေဘာကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ခဲ့ရသလို ၅၅ မိနစ္မွာေတာ့ ေမဆန္ေမာင့္ရဲ႕ ဖရီးကစ္ကို ေနာက္ခံလူ မက္ဂြိဳင္းယား ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ အားေပ်ာ့တဲ့ ေဘာလုံးကို ရွမိုက္ကယ္ လက္ဖ်ားနဲ႔ ထိုးထုတ္သြားႏိုင္ခဲ့လို႔ အဂၤလန္တို႔ အႏိုင္ဂိုးနဲ႔ ေဝးခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကေန ကြင္းလယ္လူ ဟြိဳင္ဘယာ့ဂ္ ကိုယ့္ဂိုးကိုယ္သြင္းဖို႔ နီးစပ္ခဲ့ေသးသလို ေမဆန္ေမာင့္ကေတာ့ ဒိန္းမတ္တို႔ကို ေတာ္ေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဟာရီကိန္းရဲ႕ ပင္နယ္တီရႏိုင္တဲ့ ၅၀-၅၀ အခြင့္အေရးက VAR နဲ႔ ပယ္ခ်ခံခဲ့ရပါတယ္။

မိနစ္ ၉၀ အျပည့္မွာ တစ္ဂိုးစီသေရထက္ ပိုထူးမလာခဲ့လို႔ အခ်ိန္ပို ဆက္လက္ကစားခဲ့ရၿပီး ဟာရီကိန္းရဲ႕ အခြင့္အေရးကို ရွမိုက္ကယ္ ကာကြယ္ခဲ့သလို ပြဲခ်ိန္ ၁၀၂ မိနစ္မွာေတာ့ ညာျခမ္းကေန ဂိုးဧရိယာထဲ ဆြဲဝင္လာခဲ့တဲ့ စတာလင္ကို ေနာက္ခံလူ ေမလီက ေျခခ်ိတ္ခဲ့မိတာေၾကာင့္ အဂၤလန္တို႔ ပင္နယ္တီရခဲ့ပါတယ္။

VAR နဲ႔ ျပန္လည္အတည္ျပဳၿပီး ပြဲခ်ိန္ ၁၀၄ မိနစ္မွာေတာ့ တိုက္စစ္မႉး ဟာရီကိန္းက ကန္သြင္းခဲ့ရာမွာ သူကန္ခဲ့တဲ့ ညာဘက္ကို ဂိုးသမား ရွမိုက္ကယ္ ဒိုက္ပစ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို အဂၤလန္အသင္းေခါင္းေဆာင္အေနနဲ႔ အမွားမခံဘဲ ပိတ္သြင္းရယူခဲ့ၿပီး အသင္း အတြက္ အႏိုင္ဂိုး ရွာေဖြေပးႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေခ်ပဂိုး ျပန္လည္ရရွိႏိုင္ဖို႔ ဒိန္းမတ္တို႔အေနနဲ႔ ေနာက္ခံလူ ဗက္စတာဂါ့ဒ္အစား တိုက္စစ္မႉး ဗင္းဒ္ကို ထည့္သြင္းခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့တာေၾကာင့္ အဂၤလန္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဇူလိုင္လ ၁၁ ရက္ေန႔မွာ ဒီဝင္ဘလီကြင္းႀကီးမွာပဲ အီတလီနဲ႔ ယွဥ္ၿပိဳင္ဖို႔ျဖစ္လာခဲ့သလို သူတို႔ရဲ႕ တစ္ခါမွ မရဖူးေသးတဲ့ ယူ႐ိုဖလားကို ပထမဆုံးအႀကိမ္ ရယူသြားႏိုင္ဖို႔ ရင္ခုန္စရာျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.