La Liga Ligue1 Premier League

ခံစစ္ဦးစားေပးကစားသမားႏွစ္ဦးအတြက္ ကမ္းလွမ္းမွဳေတြ ျပဳလုပ္ထားတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ၿပဳိင္ပြဲအရပ္ရပ္မွာ အထိနာေစခဲ့တဲ့ အားနည္းခ်က္ျဖစ္တဲ့ ႏွစ္ေပါင္းမ်ားစြာ အိတ္ေပါက္နဲ႔ ဖားေကာက္ေနခဲ့ရတဲ့ ခံစစ္ပုိင္းကို အေျပာင္းအလဲလုပ္ဖို႔ ျပင္ဆင္ေနရာမွာ ကစားသမားႏွစ္ဦးကို စုစုေပါင္း ေပါင္သန္း ၆၀ ေလာက္ အသုံးျပဳၿပီး ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳမ်ားလာတဲ့ RB လုိက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏုိကိုေတာ့ ေခၚဖို႔ လက္ေလွ်ာ့လုိက္ၿပီလုိ႔ ယူဆရၿပီး အာဆင္နယ္အသင္းအေနနဲ႔ ျပင္သစ္ကလပ္ ရမ္းစ္အသင္းက လူငယ္ေနာက္ခံလူ အိတ္ဇယ္လ္ ဒီဆာဆီနဲ႔ အက္သလက္တီကို မက္ဒရစ္ရဲ႕ ကြင္းလယ္ကစားသမား ေသာမတ္စ္ ပါေတးတုိ႔ကို စတင္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

ရမ္းစ္ေနာက္ခံလူ အိတ္ဇယ္လ္ ဒီဆာဆီဟာ ႀကံ့ခိုင္သန္စြမ္းတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အရပ္ ၆ ေပ ၃ လက္မနဲ႔ ခံစစ္မွာ မားမားမတ္မတ္ ရပ္တည္ႏုိင္သူတစ္ဦးျဖစ္သလို ျပင္သစ္ ယူ-၂၀ လက္ေရြးစင္ေဟာင္းတစ္ဦးျဖစ္ၿပီး လက္ရွိမွာေတာ့ မိဘေတြရဲ႕ ႏုိင္ငံ ကြန္ဂိုမွာ ကစားဖို႔လည္း ျဖစ္ေနႏုိင္တဲ့ သူ႕အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္ ၁၅ သန္းအထိ အသုံးျပဳသြားဖြယ္ရွိေနပါတယ္။

ကြင္းလယ္ခံစစ္ပုိင္းကေတာ့ အာဆင္နယ္အသင္းတြက္ ေနာက္ခံလူထက္ အေရးႀကီးၿပီး မျဖစ္မေန အားျဖည့္ရမယ့္အခ်ိန္လည္း ျဖစ္ေနရာမွာ ေသာမတ္စ္ ပါေတးအတြက္ ေပါင္ ၄၃.၅ သန္းနဲ႔ ကမ္းလွမ္းမွာျဖစ္ၿပီး ယုံစားလို႔ မရတဲ့ အသင္းရဲ႕ ကြင္းလယ္အဖ်က္ကစားသမားေတြကို ဖယ္ရွားၿပီး ေနရာေပးဖို႔ ရွိေနပါတယ္။

နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ခံစစ္ကို စိတ္ပ်က္ေကာင္း စိတ္ပ်က္ေနႏုိင္ၿပီး ေရွ႕က ဂိုးေတြ သြင္းယူေနေပမယ့္ အမွားေတြ က်ဴးလြန္ေနတာေၾကာင့္ ကစားထားခဲ့တဲ့ ၂၈ ပြဲမွာ ႏုိင္ပြဲ ၉ ပြဲသာ ရွာေဖြႏိုင္ခဲ့ရာမွာ ခံစစ္ဟာ အေၾကာင္းရင္းခံလည္းျဖစ္ေနလို႔ ဒီကစားသမား ႏွစ္ဦးအတြက္ ေစာေစာစီးစီးကတည္းက ေခၚယူမွဳျပဳလုပ္သြားဖို႔ စီစဥ္ေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပြိုင်ပွဲအရပ်ရပ်မှာ အထိနာစေခဲ့တဲ့ အားနည်းချက်ဖြစ်တဲ့ နှစ်ပေါင်းများစွာ အိတ်ပေါက်နဲ့ ဖားကောက်နေခဲ့ရတဲ့ ခံစစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေရာမှာ ကစားသမားနှစ်ဦးကို စုစုပေါင်း ပေါင်သန်း ၆၀ လောက် အသုံးပြုပြီး ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုများလာတဲ့ RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုကိုတော့ ခေါ်ဖို့ လက်လျှော့လိုက်ပြီလို့ ယူဆရပြီး အာဆင်နယ်အသင်းအနေနဲ့ ပြင်သစ်ကလပ် ရမ်းစ်အသင်းက လူငယ်နောက်ခံလူ အိတ်ဇယ်လ် ဒီဆာဆီနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးတို့ကို စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။

ရမ်းစ်နောက်ခံလူ အိတ်ဇယ်လ် ဒီဆာဆီဟာ ကြံ့ခိုင်သန်စွမ်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အရပ် ၆ ပေ ၃ လက်မနဲ့ ခံစစ်မှာ မားမားမတ်မတ် ရပ်တည်နိုင်သူတစ်ဦးဖြစ်သလို ပြင်သစ် ယူ-၂၀ လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ မိဘတွေရဲ့ နိုင်ငံ ကွန်ဂိုမှာ ကစားဖို့လည်း ဖြစ်နေနိုင်တဲ့ သူ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၁၅ သန်းအထိ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

ကွင်းလယ်ခံစစ်ပိုင်းကတော့ အာဆင်နယ်အသင်းတွက် နောက်ခံလူထက် အရေးကြီးပြီး မဖြစ်မနေ အားဖြည့်ရမယ့်အချိန်လည်း ဖြစ်နေရာမှာ သောမတ်စ် ပါတေးအတွက် ပေါင် ၄၃.၅ သန်းနဲ့ ကမ်းလှမ်းမှာဖြစ်ပြီး ယုံစားလို့ မရတဲ့ အသင်းရဲ့ ကွင်းလယ်အဖျက်ကစားသမားတွေကို ဖယ်ရှားပြီး နေရာပေးဖို့ ရှိနေပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်ကို စိတ်ပျက်ကောင်း စိတ်ပျက်နေနိုင်ပြီး ရှေ့က ဂိုးတွေ သွင်းယူနေပေမယ့် အမှားတွေ ကျူးလွန်နေတာကြောင့် ကစားထားခဲ့တဲ့ ၂၈ ပွဲမှာ နိုင်ပွဲ ၉ ပွဲသာ ရှာဖွေနိုင်ခဲ့ရာမှာ ခံစစ်ဟာ အကြောင်းရင်းခံလည်းဖြစ်နေလို့ ဒီကစားသမား နှစ်ဦးအတွက် စောစောစီးစီးကတည်းက ခေါ်ယူမှုပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.