Premier League

6 Jul နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီးကစားသမားဖြစ်ပြီး အသင်းနဲ့ နှစ်ရှည် သက်တမ်း ကျန်နေတဲ့အပြင် အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ သောမက်စ် တူဟယ်လ်က ပြောခဲ့ပြီး အပြောင်းအရွှေ့သတင်းတွေကို ငြင်းပယ်သွားခဲ့။

ချယ်လ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းကြီးနေတဲ့ ရန်းနက်စ် ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့် ယော်နသန် ဘားနက်ကို တိုက်ရိုက် ဆက်သွယ်နေတယ်လို့ သိရပြီး စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့သူ့ကို ပေါင် ၂၅.၇ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေ။

ရိုးမားအသင်းရဲ့ လက်ရှိနည်းပြ ဂျိုဆေး မော်ရင်ညိုက သူ့အသင်းဟောင်း ချယ်လ်ဆီးအသင်းရဲ့ မားကို့စ် အလွန်ဆိုနဲ့ အီမာဆန် ပယ်လ်မီယာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့အသင်းက ပြောင်းဖို့များတဲ့ လီယိုနာဒို စပင်နက်ဇိုလာအတွက် အစားထိုးသွားလိုတာကြောင့် ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိကြောင်း သိရ။

ချယ်လ်ဆီး နည်းပြဟောင်း မော်ရီဇီယို ဆာရီက သူ့‌အနေနဲ့ လန်ဒန်ကလပ်ကနေ ထွက်ခွာခဲ့တာ မှားခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး သူ့အနေနဲ့ အသင်းမှာ ဆက်နေချင်တဲ့ စိတ်ထက် အီတလီမြေကို ပြန်ချင်စိတ်ကများခဲ့ကြောင်း၊ ဒါကြောင့်လည်း တာဝန်ရှိတဲ့သူတွေ တားခဲ့တဲ့ကြားက ရအောင်ပြောင်းခဲ့တာဖြစ်ပြီး နောင်တရခဲ့ရကြောင်း ထုတ်ဖော်ပြောပြသွားခဲ့။

အင်္ဂလန်အသင်းရဲ့ YouTube Channel မှာ ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ် ဒေကလန် ရိုက်စ်က ငါးယောက်တစ်သင်းခွဲကန်ရင် နောက်တန်း၊ ဂိုးသမားနဲ့ ကွင်းလယ်အတွက် သူနဲ့ အန်ဂိုလို ကွန်တေ ရှိရင် ရပြီဟု ပြောပြီး သူတို့ရှေ့မှာတော့ မေဆန်မောင့်ရှိမယ်လို့ ပြောခဲ့တာကြောင့် သူ့ကို စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ မြင်ရဖို့ များလာ။

တိုက်စစ်မှူး ခေါ်ယူလိုနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဝုဖ်ဘတ်အသင်းတိုက်စစ်မှူး ဗောက် ဗက်ဟော့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ပေါင် ၂၇ သန်းလောက်ပဲ ကုန်ကျနိုင်တဲ့ အနေအထားကြောင့်လည်း အရန်အစီအစဉ်အနေနဲ့ ပစ်မှတ်ထားလာတာ ဖြစ်နေ။

စီးရီးအေကလပ် အေစီမီလန်အသင်းအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီးယက်ရှ်ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားလာဖို့ ရှိနေပြီး အပြီးသတ်ဝယ်ယူခွင့်ပါ တစ်ပါတည်း ထည့်သွင်းလာနိုင်ခြေရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ်ရှိနေ။

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား အေဒူယာ မန်ဒီကတော့ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပြီး အသင်းအတွက် ၄၄ ပွဲ ကစား၊ ၂၅ ပွဲ ပေးဂိုးမဲ့အောင် ကစားပြခဲ့ပြီး ၂၉ ဂိုးသာ ခွင့်ပြုပေးခဲ့ရတဲ့အထိ စွမ်းဆောင်ပြခဲ့တာကြောင့် ထိုက်တန်တယ်လို့ မှတ်ချက်ပြုနေကြ။

ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ်က ကစားသမားဘဝက အနားယူတဲ့အခါ နည်းပြလောကထဲ ဝင်ချင်နေပြီး သူသာ ချယ်လ်ဆီးနည်းပြ သို့မဟုတ် အာဆင်နယ်နည်းပြ ဖြစ်နေခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ခိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ ဦးစားပေး ကြိုးစားမှာဖြစ်ကြောင်း ပြောသွားခဲ့။

ချယ်လ်ဆီးအသင်းအနေနဲ့ ၂၀၂၁-၂၂ ရာသီကြိုလေ့ကျင့်မှုကို အိုင်ယာလန်တွင် စတင်နေပြီဖြစ်ပြီး အာဆင်နယ်၊ စပါးစ်တို့နဲ့ ရာသီကြိုခြေစမ်းပွဲကို ဩဂုတ်လ ၁ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်သလို ၁၁ ရက်နေ့မှာ ဗီလာရီးယဲလ်နဲ့ စူပါဖလား၊ ၁၄ ရက်နေ့မှာ‌တော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရ။

ဂျေဒန်ဆန်ချိုကို ရောင်းချထားပြီးလို့ ငွေကြေးလိုအပ်ချက် မရှိတဲ့ ဒေါ့မွန်က တိုက်စစ်မှူး အာလင်း ဟာလန်းကို ရောင်းထုတ်ဖို့ဆို ပေါင်သန်း ၁၅၀ ဝန်းကျင်ရမှသာဖြစ်မယ်ဆိုတဲ့အတွက် ချယ်လ်ဆီးအသင်းအနေနဲ့ ပိုလျှံကစားသမားတွေကို ရောင်းထုတ်ပြီးရင် ပေါင် ၁၃၈ သန်းဝန်းကျင်အပြင် နော်ဝေးသားအကြိုက် ကျောနံပါတ် ၉ ပါပေးပြီး အရခေါ်ယူသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ေပၚလာခဲ့ေပမယ့္ ရီးစ္ဂ်ိမ္းစ္ဟာ ခ်ယ္လ္ဆီးကစားသမား ျဖစ္ၿပီး အသင္းနဲ႔ ႏွစ္ရွည္ သက္တမ္း က်န္ေနတဲ့အျပင္ အသင္းရဲ႕ အနာဂတ္အစီအစဥ္ေတြမွာ အေရးပါတဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနည္းျပ ေသာမက္စ္ တူဟယ္လ္က ေျပာခဲ့ၿပီး အေျပာင္းအေ႐ႊ႕သတင္းေတြကို ျငင္းပယ္သြားခဲ့။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ သတင္းႀကီးေနတဲ့ ရန္းနက္စ္ ကြင္းလယ္လူ အက္ဂြါဒို ကာမာဗင္ဂါကို ေခၚယူဖို႔ သူ႔ရဲ႕ ေအးဂ်င့္ ေယာ္နသန္ ဘားနက္ကို တိုက္႐ိုက္ ဆက္သြယ္ေနတယ္လို႔ သိရၿပီး စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တဲ့သူ႔ကို ေပါင္ ၂၅.၇ သန္း ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖြယ္ရွိေန။

႐ိုးမားအသင္းရဲ႕ လက္ရွိနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက သူ႔အသင္းေဟာင္း ခ်ယ္လ္ဆီးအသင္းရဲ႕ မားကို႔စ္ အလြန္ဆိုနဲ႔ အီမာဆန္ ပါလ္မီအဲရီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး သူ႔အသင္းက ေျပာင္းဖို႔မ်ားတဲ့ လီယိုနာဒို စပင္နက္ဇိုလာအတြက္ အစားထိုးသြားလိုတာေၾကာင့္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖြယ္ရွိေၾကာင္း သိရ။

ခ်ယ္လ္ဆီး နည္းျပေဟာင္း ေမာ္ရီဇယို ဆာရီက သူ႔‌အေနနဲ႔ လန္ဒန္ကလပ္ကေန ထြက္ခြာခဲ့တာ မွားခဲ့ေၾကာင္း ဝန္ခံသြားခဲ့ၿပီး သူ႔အေနနဲ႔ အသင္းမွာ ဆက္ေနခ်င္တဲ့ စိတ္ထက္ အီတလီေျမကို ျပန္ခ်င္စိတ္ကမ်ားခဲ့ေၾကာင္း၊ ဒါေၾကာင့္လည္း တာဝန္ရွိတဲ့သူေတြ တားခဲ့တဲ့ၾကားက ရေအာင္ေျပာင္းခဲ့တာျဖစ္ၿပီး ေနာင္တရခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာျပသြားခဲ့။

အဂၤလန္အသင္းရဲ႕ YouTube Channel မွာ ခ်ယ္လ္ဆီးရဲ႕ အဓိကပစ္မွတ္ ေဒကလန္ ႐ိုက္စ္က ငါးေယာက္တစ္သင္းခြဲကန္ရင္ ေနာက္တန္း၊ ဂိုးသမားနဲ႔ ကြင္းလယ္အတြက္ သူနဲ႔ အန္ဂိုလို ကြန္ေတ ရွိရင္ ရၿပီဟု ေျပာၿပီး သူတို႔ေရွ႕မွာေတာ့ ေမဆန္ေမာင့္ရွိမယ္လို႔ ေျပာခဲ့တာေၾကာင့္ သူ႔ကို စတန္းဖို႔ဒ္ဘရစ္ဂ္်မွာ ျမင္ရဖို႔ မ်ားလာ။

တိုက္စစ္မႉး ေခၚယူလိုေနတဲ့ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဝုဖ္ဘတ္အသင္းတိုက္စစ္မႉး ေဝါက္ ဗက္ေဟာ့စ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး ေပါင္ ၂၇ သန္းေလာက္ပဲ ကုန္က်ႏိုင္တဲ့ အေနအထားေၾကာင့္လည္း အရန္အစီအစဥ္အေနနဲ႔ ပစ္မွတ္ထားလာတာ ျဖစ္ေန။

စီးရီးေအကလပ္ ေအစီမီလန္အသင္းအေနနဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ဟာကင္မ္ ဇီးယက္ရွ္ကို အငွားနဲ႔ေခၚယူဖို႔ ႀကိဳးစားလာဖို႔ ရွိေနၿပီး အၿပီးသတ္ဝယ္ယူခြင့္ပါ တစ္ပါတည္း ထည့္သြင္းလာႏိုင္ေျခရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာဖြယ္ရွိေန။

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂိုးသမား ေအဒူယာ မန္ဒီကေတာ့ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု ရရွိခဲ့ၿပီး အသင္းအတြက္ ၄၄ ပြဲ ကစား၊ ၂၅ ပြဲ ေပးဂိုးမဲ့ေအာင္ ကစားျပခဲ့ၿပီး ၂၉ ဂိုးသာ ခြင့္ျပဳေပးခဲ့ရတဲ့အထိ စြမ္းေဆာင္ျပခဲ့တာေၾကာင့္ ထိုက္တန္တယ္လို႔ မွတ္ခ်က္ျပဳေနၾက။

ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း ဆက္စ္ ဖာဘရီဂတ္စ္က ကစားသမားဘဝက အနားယူတဲ့အခါ နည္းျပေလာကထဲ ဝင္ခ်င္ေနၿပီး သူသာ ခ်ယ္လ္ဆီးနည္းျပ သို႔မဟုတ္ အာဆင္နယ္နည္းျပ ျဖစ္ေနခဲ့မယ္ဆိုရင္ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မႉး ခိုင္လီယန္ အမ္ဘာေပကို ေခၚယူဖို႔ ဦးစားေပး ႀကိဳးစားမွာျဖစ္ေၾကာင္း ေျပာသြားခဲ့။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ၂၀၂၁-၂၂ ရာသီႀကိဳေလ့က်င့္မႈကို အိုင္ယာလန္တြင္ စတင္ေနၿပီျဖစ္ၿပီး အာဆင္နယ္၊ စပါးစ္တို႔နဲ႔ ရာသီႀကိဳေျခစမ္းပြဲကို ဩဂုတ္လ ၁ ရက္ေန႔နဲ႔ ၅ ရက္ေန႔မွာ ယွဥ္ၿပိဳင္သြားမွာျဖစ္သလို ၁၁ ရက္ေန႔မွာ ဗီလာရီးယဲလ္နဲ႔ စူပါဖလား၊ ၁၄ ရက္ေန႔မွာ‌ေတာ့ ခရစၥတယ္ပဲေလ့စ္နဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲကို ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း သိရ။

ေဂ်ဒန္ဆန္ခ်ိဳကို ေရာင္းခ်ထားၿပီးလို႔ ေငြေၾကးလိုအပ္ခ်က္ မရွိတဲ့ ေဒါ့မြန္က တိုက္စစ္မႉး အာလင္း ဟာလန္းကို ေရာင္းထုတ္ဖို႔ဆို ေပါင္သန္း ၁၅၀ ဝန္းက်င္ရမွသာျဖစ္မယ္ဆိုတဲ့အတြက္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ပိုလွ်ံကစားသမားေတြကို ေရာင္းထုတ္ၿပီးရင္ ေပါင္ ၁၃၈ သန္းဝန္းက်င္အျပင္ ေနာ္ေဝးသားအႀကိဳက္ ေက်ာနံပါတ္ ၉ ပါေပးၿပီး အရေခၚယူသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.