Premier League

6 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

ဘရိုက်တန်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာတဲ့ တောင်ပံကစားသမားသစ် ဆန်ချိုကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးဖွယ်ရှိနေတဲ့ ဒန်နီယယ်လ်ဂျိမ်းစ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရသလို ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကိုလည်း အင်တာမီလန်အသင်းက အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထား။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီအထွက်စာရင်းမှာ အသက် ၂၃ နှစ်သား အက်ဇ်လဲ တွမ်ဇီဘီကို အက်စတန် ဗီလာအသင်းက အငှားနဲ့ ခေါ်ယူဖို့ သေချာသလောက်ရှိနေသလို ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆလော့တီကလည်း ဒီယိုဂို ဒါးလော့ကို အငှားနဲ့ ခေါ်ယူဖို့ တောင်းဆိုထားတယ်လို့ သိရပြီး သူ့ကို အေစီမီလန်အသင်းထက် လက်ဦးမှုရယူသွားဖို့ စီစဉ်ထားကြောင်းသိရ။

ပီအက်စ်ဂျီ အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ ကစားသမားနဲ့ တိုက်ရိုက်ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရချိန်မှာ ဂျူဗင်တပ်စ်အသင်းမှာ တကျော့ပြန်ကစားဖို့တော့ ပြင်သစ်သားအနေနဲ့ ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၅ နှစ်တာသက်တမ်းအတွင်း တကြိမ်တခါမှ နီးစပ်ခဲ့ခြင်းမရှိဘူးလို့ တူရင်ကလပ်ရဲ့အားကစားဒါရိုက်တာဟောင်း ဖေဘီယို ပါရာတီချီက ပြောကြားသွား။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ကာရင်တန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပြီး ရာသီကြိုပြင်ဆင်မှုအနေနဲ့ ဂိုးသမားသစ် တွမ်ဟီတန်က ပူးပေါင်းလာခဲ့သလို ဖာကန်ဒို ပယ်လစ်စထရီ၊ မန်ဂီ၊ ဂျိမ်းစ်ဂါနာနဲ့ တာဟစ်ချောင်တို့ဟာလည်း အငှားကနေ ပြန်လည်ရောက်ရှိပြီး လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပေမယ့် အသင်းပြောင်းဖို့ လှုပ်ရှားနေတဲ့ ဒွန်နီ ဗန်ဒဘိခ်နဲ့ မာစီယယ်လ်တို့ကိုတော့ မြင်တွေ့ခဲ့ရခြင်းမရှိ။

အိုးထရက်ဖို့ဒ်မြေကို ပြောင်းရွှေ့ဖို့ အရာရာအဆင်သင့်ဖြစ်နေတဲ့ ရာဖေးလ် ဗာရွန်းအတွက် မန်ချက်စတာယူနိုက်တက်ဘက်က ရီးရဲလ်မက်ဒရစ် ယူရိုသန်း ၅၀ အထိ ဈေးတိုးပေးလိုက်ကြောင်း သိရချိန်မှာ ကစားသမားနဲ့ နှုတ်အားဖြင့် အပြောင်းအရွှေ့သဘောတူညီမှုရယူခဲ့သလို ရီးရဲလ်အသင်းဘက်က ဈေးဆက်ကိုင်ထားမယ်ဆိုရင်တော့ ဆီဗီလားကစားသမား ဂျူးလ်စ် ကွန်ဒေကို Plan B အဖြစ် ကမ်းလှမ်းသွားဖွယ်ရှိနေ။

ဆောက်သမ်တန်အသင်းက ကမ်းလှမ်းထားတဲ့ ၄ နှစ် စာချုပ်သစ်ကို ပယ်ချခဲ့တဲ့ စိန့်တိုက်စစ်မှူး ဒန်နီအင်းစ်ဟာ ဈေးသက်သာမယ့် တိုက်စစ်မှူးတဦးကို ရှာဖွေနေတဲ့ ယူနိုက်တက်တို့အတွက် အကြိုက်တွေ့စရာ option တခုဖြစ်လာခဲ့ပြီး ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလိုနေတဲ့ ကစားသမားကို လူသစ်စုဆောင်းသွားဖွယ်ရှိနေ။

ယူနိုက်တက်က ဒီနွေမှာ စာချုပ်အပြီးသတ်နိုင်ဖို့ ကြိုးစားနေတဲ့ အသင်းရဲ့ ကာလရှည်ကြာပစ်မှတ်ဖြစ်တဲ့ ရင်းနေးကွင်းလယ်လူ ကာမာဗင်ဂါကို အမြန်ဆုံး ခေါ်ယူသင့်ကြောင်း ပြင်သစ်တနိုင်ငံတည်းသားချင်းဖြစ်တဲ့ ပေါလ် ပေါ့ဘာကလည်း တိုက်တွန်းထားချိန်မှာ အပြောင်းအရွှေ့ကိစ္စတွေက တိုးတက်လာခဲ့ကြောင်း သိရပြီး ရင်းနင်းအသင်းရဲ့ တံခါးဖွင့်ကြိုဆိုမှုကြောင့် ပြင်သစ်သားဟာ အိုးထရက်ဖို့မြေနဲ့ အနီးစပ်ရှိနေပြီလို့ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့။

ယူနိုက်တက်ကစားသမားသစ် ဂျေဒန် ဆန်ချိုက အင်္ဂလန်နဲ့ ယူနိုက်တက်အသင်းဖော် လုခ်ရှောရဲ့ ယူရို ၂၀၂၀ မှာ ပြသနေတဲ့ ခြေစွမ်းကို အထူးတလည်ချီးကျူးသွားခဲ့ပြီး နာမည်ကြီး ဘရာဇီးလ်ဂန္ထဝင်ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့်စ်နဲ့ နှိုင်းယှဉ်ပြီး သူ့ကို ” ရှောဘတ်တိုကားလို့်စ်” လို့ အမည်ပြောင်ပေးသွားခဲ့။

ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အတွက် အပြောင်းအရွှေ့တရပ်ဖြစ်ပေါ်လာဖို့ တစိတ်တပိုင်းအနေနဲ့ အလိုက်ပေး ကမ်းလှမ်းခံရမှုကို လက်ခံသွားမှာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်ကစားသမား ဂျက်စီ လင်ဂတ်က ပယ်ချသွားခဲ့ပြီး လင်ဂတ်သာ လက်ခံနိုင်မယ်ဆိုရင် လန်ဒန်အသင်းဘက်က ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ အထိ လျှော့ချသွားမှာဖြစ်ကြောင်း ESPN က ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ရွိလာတဲ့ ေတာင္ပံကစားသမားသစ္ ဆန္ခ်ိဳေၾကာင့္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးဖြယ္ရွိေနတဲ့ ဒန္နီယယ္လ္ဂ်ိမ္းစ္ကို ေခၚယူဖို႔ မ်က္စိက်ေနေၾကာင္း သိရသလို ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကိုလည္း အင္တာမီလန္အသင္းက အငွားနဲ႔ေခၚယူဖို႔ ကမ္းလွမ္းထား။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေႏြရာသီအထြက္စာရင္းမွာ အသက္ ၂၃ ႏွစ္သား အက္ဇ္လဲ တြမ္ဇီဘီကို အက္စတန္ ဗီလာအသင္းက အငွားနဲ႔ ေခၚယူဖို႔ ေသခ်ာသေလာက္ရွိေနသလို ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ အန္ဆေလာ့တီကလည္း ဒီယိုဂို ဒါးေလာ့ကို အငွားနဲ႔ ေခၚယူဖို႔ ေတာင္းဆိုထားတယ္လို႔ သိရၿပီး သူ႔ကို ေအစီမီလန္အသင္းထက္ လက္ဦးမႈရယူသြားဖို႔ စီစဥ္ထားေၾကာင္းသိရ။

ပီအက္စ္ဂ်ီ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ လီယိုနာဒိုက မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ေခၚယူဖို႔ ကစားသမားနဲ႔ တိုက္႐ိုက္ဆက္သြယ္မႈ ျပဳလုပ္ခဲ့ေၾကာင္း သိရခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းမွာ တေက်ာ့ျပန္ကစားဖို႔ေတာ့ ျပင္သစ္သားအေနနဲ႔ ယူႏိုက္တက္မွာ ကစားခဲ့တဲ့ ၅ ႏွစ္တာသက္တမ္းအတြင္း တႀကိမ္တခါမွ နီးစပ္ခဲ့ျခင္းမရွိဘူးလို႔ တူရင္ကလပ္ရဲ႕အားကစားဒါ႐ိုက္တာေဟာင္း ေဖဘီယို ပါရာတီခ်ီက ေျပာၾကားသြား။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရာသီသစ္အတြက္ ကာရင္တန္မွာ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလို႔ သိရၿပီး ရာသီႀကိဳျပင္ဆင္မႈအေနနဲ႔ ဂိုးသမားသစ္ တြမ္ဟီတန္က ပူးေပါင္းလာခဲ့သလို ဖာကန္ဒို ပယ္လစ္စထရီ၊ မန္ဂီ၊ ဂ်ိမ္းစ္ဂါနာနဲ႔ တာဟစ္ေခ်ာင္တို႔ဟာလည္း အငွားကေန ျပန္လည္ေရာက္ရွိၿပီး ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ေပမယ့္ အသင္းေျပာင္းဖို႔ လႈပ္ရွားေနတဲ့ ဒြန္နီ ဗန္ဒဘိခ္နဲ႔ မာစီယယ္လ္တို႔ကိုေတာ့ ျမင္ေတြ႕ခဲ့ရျခင္းမရွိ။

အိုးထရက္ဖို႔ဒ္ေျမကို ေျပာင္းေ႐ႊ႕ဖို႔ အရာရာအဆင္သင့္ျဖစ္ေနတဲ့ ရာေဖးလ္ ဗာ႐ြန္းအတြက္ မန္ခ်က္စတာယူႏိုက္တက္ဘက္က ရီးရဲလ္မက္ဒရစ္ ယူ႐ိုသန္း ၅၀ အထိ ေဈးတိုးေပးလိုက္ေၾကာင္း သိရခ်ိန္မွာ ကစားသမားနဲ႔ ႏႈတ္အားျဖင့္ အေျပာင္းအေ႐ႊ႕သေဘာတူညီမႈရယူခဲ့သလို ရီးရဲလ္အသင္းဘက္က ေဈးဆက္ကိုင္ထားမယ္ဆိုရင္ေတာ့ ဆီဗီလားကစားသမား ဂ်ဴးလ္စ္ ကြန္ေဒကို Plan B အျဖစ္ ကမ္းလွမ္းသြားဖြယ္ရွိေန။

ေဆာက္သမ္တန္အသင္းက ကမ္းလွမ္းထားတဲ့ ၄ ႏွစ္ စာခ်ဳပ္သစ္ကို ပယ္ခ်ခဲ့တဲ့ စိန႔္တိုက္စစ္မႉး ဒန္နီအင္းစ္ဟာ ေဈးသက္သာမယ့္ တိုက္စစ္မႉးတဦးကို ရွာေဖြေနတဲ့ ယူႏိုက္တက္တို႔အတြက္ အႀကိဳက္ေတြ႕စရာ option တခုျဖစ္လာခဲ့ၿပီး ဒီေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာလိုေနတဲ့ ကစားသမားကို လူသစ္စုေဆာင္းသြားဖြယ္ရွိေန။

ယူႏိုက္တက္က ဒီေႏြမွာ စာခ်ဳပ္အၿပီးသတ္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ အသင္းရဲ႕ ကာလရွည္ၾကာပစ္မွတ္ျဖစ္တဲ့ ရင္းေနးကြင္းလယ္လူ ကာမာဗင္ဂါကို အျမန္ဆုံး ေခၚယူသင့္ေၾကာင္း ျပင္သစ္တႏိုင္ငံတည္းသားခ်င္းျဖစ္တဲ့ ေပါလ္ ေပါ့ဘာကလည္း တိုက္တြန္းထားခ်ိန္မွာ အေျပာင္းအေ႐ႊ႕ကိစၥေတြက တိုးတက္လာခဲ့ေၾကာင္း သိရၿပီး ရင္းနင္းအသင္းရဲ႕ တံခါးဖြင့္ႀကိဳဆိုမႈေၾကာင့္ ျပင္သစ္သားဟာ အိုးထရက္ဖို႔ေျမနဲ႔ အနီးစပ္ရွိေနၿပီလို႔ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့။

ယူႏိုက္တက္ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳက အဂၤလန္နဲ႔ ယူႏိုက္တက္အသင္းေဖာ္ လုခ္ေရွာရဲ႕ ယူ႐ို ၂၀၂၀ မွာ ျပသေနတဲ့ ေျခစြမ္းကို အထူးတလည္ခ်ီးက်ဴးသြားခဲ့ၿပီး နာမည္ႀကီး ဘရာဇီးလ္ဂႏၴဝင္ဘယ္ေနာက္ခံလူ ေရာ္ဘတ္တို ကားလို႔္စ္နဲ႔ ႏႈိင္းယွဥ္ၿပီး သူ႔ကို ” ေရွာဘတ္တိုကားလို႔္စ္” လို႔ အမည္ေျပာင္ေပးသြားခဲ့။

ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အတြက္ အေျပာင္းအေ႐ႊ႕တရပ္ျဖစ္ေပၚလာဖို႔ တစိတ္တပိုင္းအေနနဲ႔ အလိုက္ေပး ကမ္းလွမ္းခံရမႈကို လက္ခံသြားမွာမဟုတ္ဘူးလို႔ မန္ခ်က္စတာယူႏိုက္တက္ကစားသမား ဂ်က္စီ လင္ဂတ္က ပယ္ခ်သြားခဲ့ၿပီး လင္ဂတ္သာ လက္ခံႏိုင္မယ္ဆိုရင္ လန္ဒန္အသင္းဘက္က ႐ိုက္စ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၈၀ အထိ ေလွ်ာ့ခ်သြားမွာျဖစ္ေၾကာင္း ESPN က ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.