Premier League Transfer News

6 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်စ်တန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ အမြန်ဆုံး ခေါ်ယူရရှိနိုင်ဖို့ ကြိုးစားနေခဲ့အပြီးမှာ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူနဲ့ တိုက်စစ်မှူး စုစုပေါင်းသုံးဦး အလိုရှိနေကြောင်း ပြောကြားထား။

– မန်စီးတီးပရိသတ်တွေအနေနဲ့ တိုက်စစ်ပိုင်းအတွက် အသင်းအနေနဲ့ ငွေများများ မသုံးနိုင်မှာ စိတ်ပူနေကြပြီး ရေတိုအတွက် ခေါ်ယူမှုမျိုးအဖြစ် စိန့်မေရီမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ပယ်ချထားခဲ့တဲ့ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင်းစ်ကို ခေါ်ယူသွားမှာကို ကန့်ကွက်မှုတွေ ပြုလုပ်နေကြ။

– ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ပြီဆိုရင် တိုက်စစ်မှူး ဟာရီကိန်းကို မဖြစ်မနေ ခေါ်ယူတော့မယ်လို့ အချက်ပြလိုက်တာပဲဖြစ်မယ်လို့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီ မီးလ်စ်က ပြောကြားလိုက်ပြီး ဗီလာအသင်းခေါင်းဆောင်ရဲ့ ကစားပုံဟာ အင်္ဂလန်ကပ္ပတိန်အတွက် အင်မတန်မှ အကျိုးရှိလိမ့်မယ်လို့ သုံးသပ်။

– တော့တင်ဟမ်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးတစ်သင်းတည်းသာ ထိပ်ဆုံးက ပြေးနေပြီး သူတို့အနေနဲ့ ပေါင်သန်း ၁၀၀ နဲ့အထက် ငွေကြေးကို ပေးချေဖို့ အခက်အခဲမရှိတဲ့ အသင်းမျိုးဖြစ်နေသလို ယူရိုပြိုင်ပွဲအပြီးမှာ ကစားသမား၊ စပါးစ်ဥက္ကဌ လီဗိုင်းနဲ့ စီးတီးတို့ကြား တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိနေ။

– လာလီဂါမှာ လစာငွေ ထိန်းချုပ်မှုတွေ ပြုလုပ်နေခဲ့ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းကြီးတွေကို အကျပ်ရိုက်စေခဲ့တဲ့ ပြိုင်ပွဲဉက္ကဌ ဟားဗီးယား တီဘက်စ်အနေနဲ့ ပရီးမီးယားလိဂ်မှာ အသင်းတွေ ဘယ်လိုဝင်ငွေရရှိနေတယ်ဆိုတာနဲ့ ရုပ်သံဝင်ငွေကို ရှာဖွေတတ်အောင် ကြိုးစားသင့်ပြီလို့ ဂွါဒီယိုလာက ပညာပေးလိုက်ချိန်မှာ အားကစားခုံရုံးနဲ့ FFP ကနေ ဘယ်လိုရုန်းထွက်ရတယ်ဆိုတာကိုပါ သင်ယူရမယ်လို့ ပြန်လည်လှောင်ပြောင်သွားခဲ့။

– အသင်းရဲ့ ပေါင်သန်း ၅၀ ကျော် ပေးချေခဲ့ရတဲ့ အရည်အသွေးမြင့် နောက်ခံလူတစ်ဦးဖြစ်ခဲ့ပေမယ့် တစ်ရာသီကစားပြီးနောက်ပိုင်းမှာ ခြေစွမ်းကျဆင်းသွားခဲ့ပြီး တိုက်စစ်ကနေ နောက်ဆင်းကစားတဲ့ ဇင်ချန်ကိုဆီပါ နေရာလွှဲပေးခဲ့ရတဲ့ ဘင်ဂျမင် မန်ဒီကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက စိတ်ဝင်စားနေ။

– ပေါင် ၄၉ သန်းနဲ့ အသင်းက ထွက်ခွင့်ပြုမယ်လို့ ဆိုထားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ရာဟင်းမ် စတာလင်အနေနဲ့ လက်ရှိယူရိုပြိုင်ပွဲမှာ ပြသနေတဲ့ ခြေစွမ်းတွေအရ အစ်တီဟတ်မှာ ဆက်လက်ထိန်းသိမ်းထားဖို့ ထိုက်တန်တယ်လို့ ဘီဘီစီရဲ့ လော်ရိုက သုံးသပ်လိုက်ပြီး သူ့ရဲ့ မန်စီးတီးအနာဂတ် ရှေ့ဆက်ဖို့ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ နောက်ခံလူ ဘင်ဂျမင် မန်ဒီကို ရောင်းထုတ်နိုင်ဖို့အတွက် ဖူလ်ဟမ်အသင်းရဲ့ ဘယ်တောင်ပံခံစစ်မှူး အန်တိုနီး ရော်ဘင်ဆန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ခံစစ်ပိုင်းမှာ တစ်ဦးချင်း ထိန်းချုပ်မှု ကောင်းမွန်တဲ့ အမေရိကန်သားအနေနဲ့ လက်ရှိ ပေါင် ၆.၃ သန်း တန်ကြေးရှိနေတယ်လို့ သိရ။

– နည်းပြ ဂွါဒီယိုလာရဲ့ တောင်းဆိုမှုအရ မန်စီးတီးအသင်းအနေနဲ့ ဟာရီကိန်းကို ဦးစားပေး ပစ်မှတ်အဖြစ် ကမ်းလှမ်းလို့ အဆင်မပြေခဲ့ရင် Plan B အဖြစ် ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းနဲ့ အသင်းတိုက်စစ်ကို ပြန်လည်တည်ဆောက်ဖို့ စဉ်းစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အက္စ္တန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ အျမန္ဆုံး ေခၚယူရရွိႏိုင္ဖို႔ ႀကိဳးစားေနခဲ့အၿပီးမွာ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ဗဟိုေနာက္ခံလူ၊ ဘယ္ေနာက္ခံလူနဲ႔ တိုက္စစ္မႉး စုစုေပါင္းသုံးဦး အလိုရွိေနေၾကာင္း ေျပာၾကားထား။

– မန္စီးတီးပရိသတ္ေတြအေနနဲ႔ တိုက္စစ္ပိုင္းအတြက္ အသင္းအေနနဲ႔ ေငြမ်ားမ်ား မသုံးႏိုင္မွာ စိတ္ပူေနၾကၿပီး ေရတိုအတြက္ ေခၚယူမႈမ်ိဳးအျဖစ္ စိန႔္ေမရီမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ပယ္ခ်ထားခဲ့တဲ့ ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီအင္းစ္ကို ေခၚယူသြားမွာကို ကန႔္ကြက္မႈေတြ ျပဳလုပ္ေနၾက။

– ကြင္းလယ္လူ ဂရီးလစ္ရွ္ကို ေခၚယူႏိုင္ၿပီဆိုရင္ တိုက္စစ္မႉး ဟာရီကိန္းကို မျဖစ္မေန ေခၚယူေတာ့မယ္လို႔ အခ်က္ျပလိုက္တာပဲျဖစ္မယ္လို႔ မန္စီးတီးေနာက္ခံလူေဟာင္း ဒန္နီ မီးလ္စ္က ေျပာၾကားလိုက္ၿပီး ဗီလာအသင္းေခါင္းေဆာင္ရဲ႕ ကစားပုံဟာ အဂၤလန္ကပၸတိန္အတြက္ အင္မတန္မွ အက်ိဳးရွိလိမ့္မယ္လို႔ သုံးသပ္။

– ေတာ့တင္ဟမ္တိုက္စစ္မႉး ဟာရီကိန္းကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးတစ္သင္းတည္းသာ ထိပ္ဆုံးက ေျပးေနၿပီး သူတို႔အေနနဲ႔ ေပါင္သန္း ၁၀၀ နဲ႔အထက္ ေငြေၾကးကို ေပးေခ်ဖို႔ အခက္အခဲမရွိတဲ့ အသင္းမ်ိဳးျဖစ္ေနသလို ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ ကစားသမား၊ စပါးစ္ဥကၠဌ လီဗိုင္းနဲ႔ စီးတီးတို႔ၾကား ေတ့ေတ့ဆိုင္ဆိုင္ ညႇိႏႈိင္းေဆြးေႏြးသြားဖို႔ ရွိေန။

– လာလီဂါမွာ လစာေငြ ထိန္းခ်ဳပ္မႈေတြ ျပဳလုပ္ေနခဲ့ၿပီး ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔လို ထိပ္တန္းအသင္းႀကီးေတြကို အက်ပ္႐ိုက္ေစခဲ့တဲ့ ၿပိဳင္ပြဲဉကၠဌ ဟားဗီးယား တီဘက္စ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ အသင္းေတြ ဘယ္လိုဝင္ေငြရရွိေနတယ္ဆိုတာနဲ႔ ႐ုပ္သံဝင္ေငြကို ရွာေဖြတတ္ေအာင္ ႀကိဳးစားသင့္ၿပီလို႔ ဂြါဒီယိုလာက ပညာေပးလိုက္ခ်ိန္မွာ အားကစားခုံ႐ုံးနဲ႔ FFP ကေန ဘယ္လို႐ုန္းထြက္ရတယ္ဆိုတာကိုပါ သင္ယူရမယ္လို႔ ျပန္လည္ေလွာင္ေျပာင္သြားခဲ့။

– အသင္းရဲ႕ ေပါင္သန္း ၅၀ ေက်ာ္ ေပးေခ်ခဲ့ရတဲ့ အရည္အေသြးျမင့္ ေနာက္ခံလူတစ္ဦးျဖစ္ခဲ့ေပမယ့္ တစ္ရာသီကစားၿပီးေနာက္ပိုင္းမွာ ေျခစြမ္းက်ဆင္းသြားခဲ့ၿပီး တိုက္စစ္ကေန ေနာက္ဆင္းကစားတဲ့ ဇင္ခ်န္ကိုဆီပါ ေနရာလႊဲေပးခဲ့ရတဲ့ ဘင္ဂ်မင္ မန္ဒီကို ေခၚယူဖို႔ အင္တာမီလန္အသင္းက စိတ္ဝင္စားေန။

– ေပါင္ ၄၉ သန္းနဲ႔ အသင္းက ထြက္ခြင့္ျပဳမယ္လို႔ ဆိုထားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ရာဟင္းမ္ စတာလင္အေနနဲ႔ လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ ျပသေနတဲ့ ေျခစြမ္းေတြအရ အစ္တီဟတ္မွာ ဆက္လက္ထိန္းသိမ္းထားဖို႔ ထိုက္တန္တယ္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုက သုံးသပ္လိုက္ၿပီး သူ႔ရဲ႕ မန္စီးတီးအနာဂတ္ ေရွ႕ဆက္ဖို႔ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီကို ေရာင္းထုတ္ႏိုင္ဖို႔အတြက္ ဖူလ္ဟမ္အသင္းရဲ႕ ဘယ္ေတာင္ပံခံစစ္မႉး အန္တိုနီး ေရာ္ဘင္ဆန္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနၿပီး ခံစစ္ပိုင္းမွာ တစ္ဦးခ်င္း ထိန္းခ်ဳပ္မႈ ေကာင္းမြန္တဲ့ အေမရိကန္သားအေနနဲ႔ လက္ရွိ ေပါင္ ၆.၃ သန္း တန္ေၾကးရွိေနတယ္လို႔ သိရ။

– နည္းျပ ဂြါဒီယိုလာရဲ႕ ေတာင္းဆိုမႈအရ မန္စီးတီးအသင္းအေနနဲ႔ ဟာရီကိန္းကို ဦးစားေပး ပစ္မွတ္အျဖစ္ ကမ္းလွမ္းလို႔ အဆင္မေျပခဲ့ရင္ Plan B အျဖစ္ ဘာစီလိုနာအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး အြန္ထြာ ဂရစ္ဇ္မန္းနဲ႔ အသင္းတိုက္စစ္ကို ျပန္လည္တည္ေဆာက္ဖို႔ စဥ္းစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.