Premier League Transfer News

6 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဂရာနစ် ချာကာနေရာမှာ ပြန်လည်အစားထိုးဖို့ အသည်းအသန်အလိုရှိနေတဲ့ ဆာဆူအိုလိုကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအနေနဲ့ အသင်းပြောင်းဖို့ စိတ်ဝင်စားနေပေမယ့် ဂျူဗင်တပ်စ်အသင်းက ကြားဝင်မလာခင် ဂန်းနားတွေ တက်သုတ်ရိုက်လုပ်ဆောင်ရဖွယ်ရှိနေ။

– အင်္ဂလန်သား ငယ်မွေးခြံပေါက်နောက်ခံလူ ဘန်ဝှိုက်ကို အာဆင်နယ်တို့ အလိုရှိနေပေမယ့် ပေါင်သန်း ၅၀ နဲ့တောင် အပြီးမသတ်တဲ့ ဘရိုက်တန်ရဲ့ လောဘကြီးမှုကြောင့် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပေါင်သန်း ၄၀ လောက်နဲ့ ပွဲပြတ်နိုင်တဲ့ လေဗာကူဆင်ခံစစ်မှူး အက်ဒ်မွန် တက်ပ်ဆိုဘာကို ပြောင်းလဲကြိုးစားဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူ နူနို တာဗာရက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်မှုက ကိုဗစ်ကြောင့် ကြန့်ကြာနေပြီး စိတ်မချရတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ပေါ်တူဂီရဲ့ ရောဂါပျံ့နှံ့မှု အနေအထားကြောင့် ကစားသမားအနေနဲ့ လန်ဒန်မှာ ကွာရန်တင်းဝင်ပြီးမှ အပြောင်းအရွှေ့ကို ကြေငြာနိုင်ဖို့ ရှိနေ။

– လက်စတာစီးတီးအသင်းရဲ့ ကစားသမားသစ်တွေ အားဖြည့်နေမှုမှာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို ပြန်လည်ရောင်းထုတ်လာနိုင်တဲ့ အခြေအနေကြောင့် မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး အတွေ့အကြုံရှိ ငယ်မွေးခြံပေါက် အင်္ဂလန်ဖန်တီးရှင်တစ်ယောက်ကို ပေါင်သန်း ၆၀ ဆိုတာကတော့ ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းတစ်ရပ်လည်းဖြစ်နေ။

– အာဆင်နယ်ပရိသတ်တွေကတော့ တာဝန်ရှိသူတွေ ဘာကြည့်ကြိုက်မှန်း မသိတဲ့ ရှက်ဖီးလ်ဒ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်အစား ဝက်စ်ဘရွန်းရဲ့ ဆမ် ဂျွန်စတုန်းကိုပဲ အလိုရှိနေကြချိန်မှာ အသင်းအနေနဲ့ နောက်ထပ်ပစ်မှတ်အနေနဲ့ ဘာစီလိုနာ ဝါရင့်ဂိုးသမား နီတိုကို ပြန်လည်စိတ်ဝင်စားလာ။

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်အတွက် တတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံပြုလုပ်သွားဦးမယ်လို့ စကိုင်းစပို့စ် ဂျာနယ်လစ် ဒါးမက် ရှက်သ်က ဖော်ပြခဲ့ပြီး သူတို့ရဲ့ အသင်းပိုင်ရှင် တိုနီ ဘလွမ်းတောင်းဆိုတဲ့ ဈေးနှုန်းကိုတော့ မဆစ်ဘဲ ပေးချေနိုင်မှ ရလိမ့်မယ်လို့ ခန့်မှန်း။

– အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ပြင်သစ်မြေက ကွင်းလယ်ကစားသမားသုံးဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး လီယွန်ရဲ့ ပေါင်သန်း ၂၀ တန် ဟူဆင်းမ် အောဝါ၊ ရင်းနေးရဲ့ ဈေးကျလာပြီး ပေါင် ၂၅ သန်းသာ တန်တော့တဲ့ အေဒူယာဒို ကာမာဗင်ဂါနဲ့ ယူရိုမှာ ခြေစွမ်းပြပြီး ပေါင်သန်း ၃၀ လောက်အထိ တန်ဖိုးမြင့်တက်သွားတဲ့ ရီနာတို ဆန်ချက်စ်တို့ဖြစ်ကြောင်း သိရ။

– အသင်းဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီက ထောက်ခံပေးထားသလို မန်ချက်စတာစီးတီးလူဟောင်းတွေဖြစ်ကြတဲ့ နည်းပြ မီခယ်လ် အာတီတာနဲ့ အန်ဒါလက်ချ်နည်းပြ ဗင်းဆင့် ကွန်ပနီတို့ကြားက ဆက်ဆံရေးကောင်းက ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါ ပြောင်းရွှေ့လာနိုင်ဖို့ သေချာနေကြောင်း သတင်းတွေ ဖော်ပြ။

– ရွိုင်းဟော့ဆန်အလွန်မှာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာအနေနဲ့ အသင်းဟောင်းက ကစားသမားတွေကို ခေါ်ယူသွားနိုင်ပြီး ရီးစ် နယ်လ်ဆန်၊ အိန်းစလီ မိတ်လန်းနိုင်းလ်စ်၊ မိုဟာမက် အယ်လ်နန်နီ၊ အက်ဒီ နကီးတီးယား၊ ဖိုလာရင် ဘာလိုဂွန်နဲ့ ဂျိုးဝီလော့ခ်တို့ထဲက ကြိုးစားလာနိုင်ကြောင်း ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကေန ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာေနရာမွာ ျပန္လည္အစားထိုးဖို႔ အသည္းအသန္အလိုရွိေနတဲ့ ဆာဆူအိုလိုကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအေနနဲ႔ အသင္းေျပာင္းဖို႔ စိတ္ဝင္စားေနေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ၾကားဝင္မလာခင္ ဂန္းနားေတြ တက္သုတ္႐ိုက္လုပ္ေဆာင္ရဖြယ္ရွိေန။

– အဂၤလန္သား ငယ္ေမြးၿခံေပါက္ေနာက္ခံလူ ဘန္ဝႈိက္ကို အာဆင္နယ္တို႔ အလိုရွိေနေပမယ့္ ေပါင္သန္း ၅၀ နဲ႔ေတာင္ အၿပီးမသတ္တဲ့ ဘ႐ိုက္တန္ရဲ႕ ေလာဘႀကီးမႈေၾကာင့္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ေပါင္သန္း ၄၀ ေလာက္နဲ႔ ပြဲျပတ္ႏိုင္တဲ့ ေလဗာကူဆင္ခံစစ္မႉး အက္ဒ္မြန္ တက္ပ္ဆိုဘာကို ေျပာင္းလဲႀကိဳးစားဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ခံလူ ႏူႏို တာဗာရက္စ္ကို ေခၚယူဖို႔ လုပ္ေဆာင္မႈက ကိုဗစ္ေၾကာင့္ ၾကန႔္ၾကာေနၿပီး စိတ္မခ်ရတဲ့ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တဲ့ ေပၚတူဂီရဲ႕ ေရာဂါပ်ံ႕ႏွံ႔မႈ အေနအထားေၾကာင့္ ကစားသမားအေနနဲ႔ လန္ဒန္မွာ ကြာရန္တင္းဝင္ၿပီးမွ အေျပာင္းအေ႐ႊ႕ကို ေၾကျငာႏိုင္ဖို႔ ရွိေန။

– လက္စတာစီးတီးအသင္းရဲ႕ ကစားသမားသစ္ေတြ အားျဖည့္ေနမႈမွာ ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို ျပန္လည္ေရာင္းထုတ္လာႏိုင္တဲ့ အေျခအေနေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပိဳင္ အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး အေတြ႕အႀကဳံရွိ ငယ္ေမြးၿခံေပါက္ အဂၤလန္ဖန္တီးရွင္တစ္ေယာက္ကို ေပါင္သန္း ၆၀ ဆိုတာကေတာ့ ဆြဲေဆာင္မႈရွိတဲ့ ေဈးႏႈန္းတစ္ရပ္လည္းျဖစ္ေန။

– အာဆင္နယ္ပရိသတ္ေတြကေတာ့ တာဝန္ရွိသူေတြ ဘာၾကည့္ႀကိဳက္မွန္း မသိတဲ့ ရွက္ဖီးလ္ဒ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္အစား ဝက္စ္ဘ႐ြန္းရဲ႕ ဆမ္ ဂြၽန္စတုန္းကိုပဲ အလိုရွိေနၾကခ်ိန္မွာ အသင္းအေနနဲ႔ ေနာက္ထပ္ပစ္မွတ္အေနနဲ႔ ဘာစီလိုနာ ဝါရင့္ဂိုးသမား နီတိုကို ျပန္လည္စိတ္ဝင္စားလာ။

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္အတြက္ တတိယအႀကိမ္ ကမ္းလွမ္းမႈကို ထပ္မံျပဳလုပ္သြားဦးမယ္လို႔ စကိုင္းစပို႔စ္ ဂ်ာနယ္လစ္ ဒါးမက္ ရွက္သ္က ေဖာ္ျပခဲ့ၿပီး သူတို႔ရဲ႕ အသင္းပိုင္ရွင္ တိုနီ ဘလြမ္းေတာင္းဆိုတဲ့ ေဈးႏႈန္းကိုေတာ့ မဆစ္ဘဲ ေပးေခ်ႏိုင္မွ ရလိမ့္မယ္လို႔ ခန႔္မွန္း။

– အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ျပင္သစ္ေျမက ကြင္းလယ္ကစားသမားသုံးဦးထဲက တစ္ဦးကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး လီယြန္ရဲ႕ ေပါင္သန္း ၂၀ တန္ ဟူဆင္းမ္ ေအာဝါ၊ ရင္းေနးရဲ႕ ေဈးက်လာၿပီး ေပါင္ ၂၅ သန္းသာ တန္ေတာ့တဲ့ ေအဒူယာဒို ကာမာဗင္ဂါနဲ႔ ယူ႐ိုမွာ ေျခစြမ္းျပၿပီး ေပါင္သန္း ၃၀ ေလာက္အထိ တန္ဖိုးျမင့္တက္သြားတဲ့ ရီနာတို ဆန္ခ်က္စ္တို႔ျဖစ္ေၾကာင္း သိရ။

– အသင္းဂႏၴဝင္တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီက ေထာက္ခံေပးထားသလို မန္ခ်က္စတာစီးတီးလူေဟာင္းေတြျဖစ္ၾကတဲ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ အန္ဒါလက္ခ်္နည္းျပ ဗင္းဆင့္ ကြန္ပနီတို႔ၾကားက ဆက္ဆံေရးေကာင္းက ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါ ေျပာင္းေ႐ႊ႕လာႏိုင္ဖို႔ ေသခ်ာေနေၾကာင္း သတင္းေတြ ေဖာ္ျပ။

– ႐ြိဳင္းေဟာ့ဆန္အလြန္မွာ ခရစၥတယ္လ္ပဲေလ့စ္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာအေနနဲ႔ အသင္းေဟာင္းက ကစားသမားေတြကို ေခၚယူသြားႏိုင္ၿပီး ရီးစ္ နယ္လ္ဆန္၊ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္၊ မိုဟာမက္ အယ္လ္နန္နီ၊ အက္ဒီ နကီးတီးယား၊ ဖိုလာရင္ ဘာလိုဂြန္နဲ႔ ဂ်ိဳးဝီေလာ့ခ္တို႔ထဲက ႀကိဳးစားလာႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.