Analysis International

ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်နေတဲ့ ကလေးတွေကို ဒူးနှန့်ပြီး ကြည့်နေမယ့် ရော်နယ်လ်ဒို

ယူရို ၂၀၂၀ ကတော့ အခုအချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေအထိ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ အီတလီနဲ့ စပိန်တို့ တွေ့ဆုံနေပြီး အခြားတစ်ဖက်မှာလည်း အင်္ဂလန်နဲ့ ဒိန်းမတ်တို့ တွေ့ဆုံနေတာပါ။ ပေါ်တူဂီတိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် အဖွင့်ကောင်းခဲ့ပြီး ဟန်ဂေရီနဲ့အဖွင့်ပွဲမှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သူ့အတွက် ပြိုင်ပွဲရဲ့ တတိယမြောက်သွင်းဂိုးကိုတော့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တုန်းက သွင်းယူနိုင်ခဲ့ပြီး ဒီယိုဂို ဂျိုတာရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်မှုတွေက အသင်းအတွက်တော့ လုံလောက်မှု မရှိခဲ့ဘဲ ဂျာမနီအသင်းကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူးကြီးက ပြင်သစ်နဲ့ အုပ်စု တတိယပွဲစဉ်မှာလည်း ၂ ဂိုး သွင်းယူပေးခဲ့ပြန်ပြီး ပွဲအပြီးမှာ ၂ ဂိုးစီသရေကျခဲ့ပေမယ့် အသင်းကို နောက်တစ်ဆင့် တက်စေခဲ့ပါတယ်။ သူ့အတွက်တော့ ပြင်သစ်ကို သရေကျခဲ့တာက ဆိုးဝါးခဲ့ပြီး ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်မှာ လက်ရှိ ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယမ်အသင်းနဲ့ တွေ့ဆုံ‌စေခဲ့တာကြောင့်ပါ။

ဘယ်လ်ဂျီယမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ သူ့အနေနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့အတူ ရှုံးနိမ့်ခဲ့ပြီး ယူရို ၂၀၂၀ ကို နှုတ်ဆက်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ချက်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်ကလည်း သွင်းဂိုး ၅ ဂိုး သွင်းယူထားခဲ့တဲ့ အနေအထားကြောင့် ပေါ်တူဂီတိုက်စစ်မှူးကြီးနဲ့ သွင်းဂိုးတူနေခဲ့ပြီး နှစ်ယောက်စလုံးရဲ့ အသင်းတွေကတော့ ပြိုင်ပွဲက ထွက်ထားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်ရှိတဲ့ ၄ သင်းထဲကဆိုရင် ဂိုးသွင်းဘုရင်ဆုကို မျှော်လင့်နိုင်‌တာဆိုလို့ အင်္ဂလန်ရဲ့ ရာဟင်းမ် စတာလင်နဲ့ ဟာရီကိန်း၊ ဒိန်းမတ်ရဲ့ ကက်စပါ ဒိုးလ်ဘတ်တို့က သွင်းဂိုး ၃ ဂိုးစီနဲ့ ရှိနေပြီး စပိန်ရဲ့ ဖာရန် တောရက်စ်နဲ့ အယ်လ်ဗာရို မိုရာတာ၊ အီတလီရဲ့ ချီယို အင်မိုဘီလီနဲ့ လော်ရန်ဇို အင်ဆီညာ။ ဒိန်းမတ်ရဲ့ ယူဆွပ်ဖ် ပေါလ်ဆန် စရှိတဲ့ ကစားသမားတွေကလည်း သွင်းဂိုး ၂ ဂိုးစီတော့ ရှိနေကြပါတယ်။

ဒီထဲမှာမှ အင်္ဂလန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာရီကိန်းနဲ့ စတာလင်တို့က ‌ရော်နယ်လ်ဒိုတို့နဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ယှဉ်ပြိုင်ရဖို့ ပိုအခွင့်အရေးများပြီး ဆီမီးတက်လာတဲ့ ၄ သင်းထဲမှာ အားအနည်း‌ဆုံးဖြစ်တဲ့ ဒိန်းမတ်နဲ့ ရင်ဆိုင်ရမှာကြောင့်ပါ။ သူတို့အနေနဲ့ ဒိန်းမတ်ကို အနိုင်ကန်နိုင်ခဲ့ရင် ဗိုလ်လုပွဲတစ်ပွဲသာ ထပ်ကစားရတော့မှာလည်းဖြစ်ပါတယ်။

သူတို့သာ ဗိုလ်လုပွဲတက်ခဲ့ရင်တောင် ၂ ပွဲအတွင်း ၂ ဂိုးထက် ပိုသွင်းနိုင်မှသာ ရွှေဖိနပ်ဆုကို လွတ်လွတ်လပ်လပ် ရရှိနိုင်မှာဖြစ်ပြီး သွင်းဂိုးတူနေခဲ့ရင်တောင် ရော်နယ်လ်ဒိုက ဂိုးဖန်တီးမှု ၁ ကြိမ်ရှိထားလို့ သူနဲ့ ဂိုးဖန်တီးမှု တူတာ စတာလင်ပဲ ရှိနေချိန်မှာ ရှစ်ခ်ကတော့ နောက်မှာ ကျန်ရစ်ခဲ့မှာလည်း ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ရဲ့ ရွှေဖိနပ်ဆုအတွက် ၃၆ နှစ်သားကြီးက လောလောဆယ်မှာ ရှေ့ဆုံးက ရှိနေပြီး ပေါ်တူဂီအသင်း စောစောစီးစီး မပြုတ်ခဲ့ရင် ၇ ဂိုးလောက်ထိ သွင်းနိုင်သူဖြစ်သလို တစ်ပွဲပို ကစားပြီးခဲ့တာတောင် သူများတွေက သူ့ကို ကျော်မတက်နိုင်သေးတာပါ။ ဒါကြောင့် စတာလင်နဲ့ ဟာရီကိန်းတို့အနေနဲ့ လက်ကျန်ပွဲတွေမှာ လိုအပ်တဲ့ သွင်းဂိုးတွေကို ရယူနိုင်ဖို့က ဖြစ်နိုင်ပေမယ့် ခက်ခဲတဲ့ အလုပ်ဖြစ်နေလို့ ရော်နယ်လ်ဒိုအနေနဲ့ ဒူးနှန့်ပြီး စောင့်ကြည့်ရမလား ရင်ခုန်ရမလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ကေတာ့ အခုအခ်ိန္မွာ ဆီမီးဖိုင္နယ္ ပြဲစဥ္ေတြအထိ ေရာက္ရွိလာခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္မွာေတာ့ အီတလီနဲ႔ စပိန္တို႔ ေတြ႕ဆုံေနၿပီး အျခားတစ္ဖက္မွာလည္း အဂၤလန္နဲ႔ ဒိန္းမတ္တို႔ ေတြ႕ဆုံေနတာပါ။ ေပၚတူဂီတိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ အဖြင့္ေကာင္းခဲ့ၿပီး ဟန္ေဂရီနဲ႔အဖြင့္ပြဲမွာ ေျခစြမ္းျပၿပီး ၂ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

သူ႔အတြက္ ၿပိဳင္ပြဲရဲ႕ တတိယေျမာက္သြင္းဂိုးကိုေတာ့ ဂ်ာမနီအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တုန္းက သြင္းယူႏိုင္ခဲ့ၿပီး ဒီယိုဂို ဂ်ိဳတာရဲ႕ သြင္းဂိုးကိုလည္း ဖန္တီးေပးခဲ့ပါေသးတယ္။ ဒါေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္မႈေတြက အသင္းအတြက္ေတာ့ လုံေလာက္မႈ မရွိခဲ့ဘဲ ဂ်ာမနီအသင္းကို ၄-၂ နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။

ဂ်ဴဗင္တပ္စ္ တိုက္စစ္မႉးႀကီးက ျပင္သစ္နဲ႔ အုပ္စု တတိယပြဲစဥ္မွာလည္း ၂ ဂိုး သြင္းယူေပးခဲ့ျပန္ၿပီး ပြဲအၿပီးမွာ ၂ ဂိုးစီသေရက်ခဲ့ေပမယ့္ အသင္းကို ေနာက္တစ္ဆင့္ တက္ေစခဲ့ပါတယ္။ သူ႔အတြက္ေတာ့ ျပင္သစ္ကို သေရက်ခဲ့တာက ဆိုးဝါးခဲ့ၿပီး ၁၆ သင္းအဆင့္ ရႈံးထြက္အဆင့္မွာ လက္ရွိ ကမာၻ႔အဆင့္ ၁ ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ ေတြ႕ဆုံ‌ေစခဲ့တာေၾကာင့္ပါ။

ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ သူ႔အေနနဲ႔ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရသလို တစ္ဂိုး-ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔အတူ ရႈံးနိမ့္ခဲ့ၿပီး ယူ႐ို ၂၀၂၀ ကို ႏႈတ္ဆက္ခဲ့ရပါတယ္။ တစ္ဖက္မွာလည္း ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွစ္ခ္ကလည္း သြင္းဂိုး ၅ ဂိုး သြင္းယူထားခဲ့တဲ့ အေနအထားေၾကာင့္ ေပၚတူဂီတိုက္စစ္မႉးႀကီးနဲ႔ သြင္းဂိုးတူေနခဲ့ၿပီး ႏွစ္ေယာက္စလုံးရဲ႕ အသင္းေတြကေတာ့ ၿပိဳင္ပြဲက ထြက္ထားခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ က်န္ရွိတဲ့ ၄ သင္းထဲကဆိုရင္ ဂိုးသြင္းဘုရင္ဆုကို ေမွ်ာ္လင့္ႏိုင္‌တာဆိုလို႔ အဂၤလန္ရဲ႕ ရာဟင္းမ္ စတာလင္နဲ႔ ဟာရီကိန္း၊ ဒိန္းမတ္ရဲ႕ ကက္စပါ ဒိုးလ္ဘတ္တို႔က သြင္းဂိုး ၃ ဂိုးစီနဲ႔ ရွိေနၿပီး စပိန္ရဲ႕ ဖာရန္ ေတာရက္စ္နဲ႔ အယ္လ္ဗာ႐ို မိုရာတာ၊ အီတလီရဲ႕ ခ်ီယို အင္မိုဘီလီနဲ႔ ေလာ္ရန္ဇို အင္ဆီညာ။ ဒိန္းမတ္ရဲ႕ ယူဆြပ္ဖ္ ေပါလ္ဆန္ စရွိတဲ့ ကစားသမားေတြကလည္း သြင္းဂိုး ၂ ဂိုးစီေတာ့ ရွိေနၾကပါတယ္။

ဒီထဲမွာမွ အဂၤလန္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဟာရီကိန္းနဲ႔ စတာလင္တို႔က ‌ေရာ္နယ္လ္ဒိုတို႔နဲ႔ ဂိုးသြင္းဘုရင္ဆုအတြက္ ယွဥ္ၿပိဳင္ရဖို႔ ပိုအခြင့္အေရးမ်ားၿပီး ဆီမီးတက္လာတဲ့ ၄ သင္းထဲမွာ အားအနည္း‌ဆုံးျဖစ္တဲ့ ဒိန္းမတ္နဲ႔ ရင္ဆိုင္ရမွာေၾကာင့္ပါ။ သူတို႔အေနနဲ႔ ဒိန္းမတ္ကို အႏိုင္ကန္ႏိုင္ခဲ့ရင္ ဗိုလ္လုပြဲတစ္ပြဲသာ ထပ္ကစားရေတာ့မွာလည္းျဖစ္ပါတယ္။

သူတို႔သာ ဗိုလ္လုပြဲတက္ခဲ့ရင္ေတာင္ ၂ ပြဲအတြင္း ၂ ဂိုးထက္ ပိုသြင္းႏိုင္မွသာ ေ႐ႊဖိနပ္ဆုကို လြတ္လြတ္လပ္လပ္ ရရွိႏိုင္မွာျဖစ္ၿပီး သြင္းဂိုးတူေနခဲ့ရင္ေတာင္ ေရာ္နယ္လ္ဒိုက ဂိုးဖန္တီးမႈ ၁ ႀကိမ္ရွိထားလို႔ သူနဲ႔ ဂိုးဖန္တီးမႈ တူတာ စတာလင္ပဲ ရွိေနခ်ိန္မွာ ရွစ္ခ္ကေတာ့ ေနာက္မွာ က်န္ရစ္ခဲ့မွာလည္း ျဖစ္ပါတယ္။

ယူ႐ို ၂၀၂၀ ရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ ၃၆ ႏွစ္သားႀကီးက ေလာေလာဆယ္မွာ ေရွ႕ဆုံးက ရွိေနၿပီး ေပၚတူဂီအသင္း ေစာေစာစီးစီး မျပဳတ္ခဲ့ရင္ ၇ ဂိုးေလာက္ထိ သြင္းႏိုင္သူျဖစ္သလို တစ္ပြဲပို ကစားၿပီးခဲ့တာေတာင္ သူမ်ားေတြက သူ႔ကို ေက်ာ္မတက္ႏိုင္ေသးတာပါ။ ဒါေၾကာင့္ စတာလင္နဲ႔ ဟာရီကိန္းတို႔အေနနဲ႔ လက္က်န္ပြဲေတြမွာ လိုအပ္တဲ့ သြင္းဂိုးေတြကို ရယူႏိုင္ဖို႔က ျဖစ္ႏိုင္ေပမယ့္ ခက္ခဲတဲ့ အလုပ္ျဖစ္ေနလို႔ ေရာ္နယ္လ္ဒိုအေနနဲ႔ ဒူးႏွန႔္ၿပီး ေစာင့္ၾကည့္ရမလား ရင္ခုန္ရမလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.