Premier League

အလက္ဇန္းဒါး-အာႏုိးလ္ဒ္ဟာ ဂယ္ရီ နဗီးလ္ထက္ ေအာင္ျမင္မယ္လို႔ ကာေရဂါ ခန္႔မွန္း

လီဗာပူးလ္အသင္းရဲ႕ ညာေနာက္ခံလူအျဖစ္ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ပဲ ေျခစြမ္းျပကစားေနႏုိင္တဲ့ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ သူ႕ရဲ႕ ကစားသမားဘဝမွာ ဒီထက္ပို ေအာင္ျမင္မွဳေတြ ရယူႏိုင္ဦးမွာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ေအာင္ျမင္ခဲ့တဲ့ အဂၤလန္စီနီယာကို ေက်ာ္ျဖတ္ႏုိင္မယ္လို႔ ေဘာလုံးကၽြမ္းက်င္သူ ေဂ်မီ ကာေရဂါက ခန္႔မွန္းလုိက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ညာေနာက္ခံကစားသမားဟာ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ ကမာၻ႕ကလပ္ခ်န္ပီယံဆုေတြကို ရယူထားသလို ပရီးမီးယားလိဂ္ဖလားကိုပါ ရယူႏုိင္ဖို႔ နီးစပ္ေနၿပီး ဒီၿပဳိင္ပြဲရဲ႕ အေကာင္းဆုံးနဲ႔ အေအာင္ျမင္ဆုံးျဖစ္တဲ့ ဆုဖလားေပါင္း ၁၇ ခုရွင္ နဗီးလ္ကို ေက်ာ္ျဖတ္ႏုိင္ဖို႔ လီဗာပူးလ္ကစားသမားေဟာင္း ကာေရဂါက ယုံၾကည္ေနတာျဖစ္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ ၂၉ ပြဲမွာ ၁၂ ဂိုး ဖန္တီးေပးထားတဲ့ ႏွဳန္းဟာ ေနာက္ခံလူေတြထဲမွာ အျမင့္မားဆုံးနဲ႔ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ေနာက္မွာ ဒုတိယေနရာက ရွိေနတာျဖစ္ၿပီး ကာေရဂါကေတာ့ သူ႕ကို ေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္ ကြင္းလယ္ကစားသမားေတြရဲ႕ အရည္အေသြးနဲ႔ ျပည့္စုံသူလို႔လည္း ဆုိခဲ့ၿပီး တိက်တဲ့ တည္ကန္ေဘာေတြကိုလည္း ပုိင္ဆုိင္ထားသူျဖစ္ပါတယ္။

“ကဲ… လီဗာပူးလ္မွာေတာ့ ဂယ္ရီ နဗီးလ္ရဲ႕ စံခ်ိန္ေတြကို ေက်ာ္ျဖတ္ႏုိင္မယ့္သူတစ္ေယာက္ကို ပုိင္ဆုိင္ထားႏိုင္ခဲ့ပါၿပီ။ လူေတြက ဂယ္ရီ နဗီးလ္ျဖစ္လာဖို႔အတြက္ အိပ္မက္မက္ခဲ့ၾကတာ မဟုတ္ေပမယ့္ သူ႕ရဲ႕ ဆုဖလားစံခ်ိန္ေတြကို ေက်ာ္ျဖတ္ႏုိင္ဖို႔ကေတာ့ လီဗာပူးလ္အသင္းက လူေတြအေနနဲ႔ လုပ္ေဆာင္ရမယ့္ အရာလည္းျဖစ္ပါတယ္”လုိ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကိုလည္း တြန္းအားေပးလုိက္ပါတယ္။

၂၀၁၆-၁၇ ရာသီမွာ အသင္းႀကီးနဲ႔ စတင္ကစားခြင့္ရခဲ့ၿပီး ေနာက္ရာသီေတြမွာေတာ့ ညာေနာက္ခံလူေနရာက စီနီယာကစားသမား နာသန္နီယယ္ ကလုိင္းကို ဖယ္ထုတ္ႏုိင္ခဲ့တဲ့ သူနဲ႔ ဂ်ဳိးဂိုမက္ဇ္တုိ႔ဟာ လက္ရွိမွာ ႏွစ္ဦးစလုံး ပုံမွန္ပဲြထြက္ကစားသမားေတြ ျဖစ္ေနႏုိင္ခဲ့ၿပီး လီဗာပူးလ္အသင္းအတြက္ ၁၂၅ ပြဲ ကစားေပးခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူအဖြစ် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ခြေစွမ်းပြကစားနေနိုင်တဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဒီထက်ပို အောင်မြင်မှုတွေ ရယူနိုင်ဦးမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အောင်မြင်ခဲ့တဲ့ အင်္ဂလန်စီနီယာကို ကျော်ဖြတ်နိုင်မယ်လို့ ဘောလုံးကျွမ်းကျင်သူ ဂျေမီ ကာရေဂါက ခန့်မှန်းလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညာနောက်ခံကစားသမားဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဆုတွေကို ရယူထားသလို ပရီးမီးယားလိဂ်ဖလားကိုပါ ရယူနိုင်ဖို့ နီးစပ်နေပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ဆုဖလားပေါင်း ၁၇ ခုရှင် နဗီးလ်ကို ကျော်ဖြတ်နိုင်ဖို့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက ယုံကြည်နေတာဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ၂၉ ပွဲမှာ ၁၂ ဂိုး ဖန်တီးပေးထားတဲ့ နှုန်းဟာ နောက်ခံလူတွေထဲမှာ အမြင့်မားဆုံးနဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားရဲ့နောက်မှာ ဒုတိယနေရာက ရှိနေတာဖြစ်ပြီး ကာရေဂါကတော့ သူ့ကို နောက်ခံလူတစ်ဦးဖြစ်ပေမယ့် ကွင်းလယ်ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ပြည့်စုံသူလို့လည်း ဆိုခဲ့ပြီး တိကျတဲ့ တည်ကန်ဘောတွေကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

“ကဲ… လီဗာပူးလ်မှာတော့ ဂယ်ရီ နဗီးလ်ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်မယ့်သူတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။ လူတွေက ဂယ်ရီ နဗီးလ်ဖြစ်လာဖို့အတွက် အိပ်မက်မက်ခဲ့ကြတာ မဟုတ်ပေမယ့် သူ့ရဲ့ ဆုဖလားစံချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ကတော့ လီဗာပူးလ်အသင်းက လူတွေအနေနဲ့ လုပ်ဆောင်ရမယ့် အရာလည်းဖြစ်ပါတယ်”လို့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကိုလည်း တွန်းအားပေးလိုက်ပါတယ်။

၂၀၁၆-၁၇ ရာသီမှာ အသင်းကြီးနဲ့ စတင်ကစားခွင့်ရခဲ့ပြီး နောက်ရာသီတွေမှာတော့ ညာနောက်ခံလူနေရာက စီနီယာကစားသမား နာသန်နီယယ် ကလိုင်းကို ဖယ်ထုတ်နိုင်ခဲ့တဲ့ သူနဲ့ ဂျိုးဂိုမက်ဇ်တို့ဟာ လက်ရှိမှာ နှစ်ဦးစလုံး ပုံမှန်ပွဲထွက်ကစားသမားတွေ ဖြစ်နေနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ၁၂၅ ပွဲ ကစားပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.