Premier League

အပြောင်းအရွှေ့‌ဈေးကွက်မှာ ဗီလာက အာဆင်နယ်ကို သူရဲ့ ငယ်နိုင်လို့ သဘောထားနေတာလား

အာဆင်နယ်အသင်းက ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားပြီး ပြုလုပ်လာချိန်မှာ အက်စတန်ဗီလာကပါ ကြားဝင်လာခဲ့ပြီး ဗီလာ တိုက်စစ်မှူးဟောင်း ဂက်ဘီ အဘွန်လဟောကလည်း တွစ်တာကတစ်ဆင့် ပေါ်တူဂီ ကွင်းလယ်လူကို ကမ်းလှမ်းဖို့ သူ့အသင်းဟောင်းကို တိုက်တွန်းသွားခဲ့ပါတယ်။

ဗီလာအသင်းရဲ့ ပရိသတ်တွေကလည်း အဘွန်လဟောကို ထောက်ခံသွားခဲ့ပြီး ပေါ်တူဂီသားကို အသင်းရဲ့ ကွင်းလယ်အတွက် ခေါ်သင့်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ သူတို့ အသင်းအ‌နေနဲ့ မနှစ်က မြောက်လန်ဒန်ကလပ်ရဲ့ ဂိုးသမားဖြစ်ခဲ့တဲ့ အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူခဲ့ပြီး ဂန်းနားတို့ရဲ့ အမျက်ကို ခရွန်ကီမိသားစုတို့နဲ့အတူ ခံယူခဲ့ရပါတယ်။

မြောက်လန်ဒန်ပရိသတ်တွေရဲ့ အမျက်ကို ခံယူမှုက အဲ့ဒီမှာတင် မပြီးဘဲ အဲ့ဒီဖြစ်ရပ်က အစပဲ ရှိသေးတာပါ။ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မစမီမှာ အာဆင်နယ်အသင်းဟာ နောဝစ်ခ်ျ ကစားသမား အီမီ ဘွမ်ဒီယာအတွက် ပေါင်သန်း (၃၀) နဲ့ စတင်ကမ်းလှမ်းခဲ့ပါတယ်။ နောဝစ်ခ်ျအသင်းကတော့ ပေါင်သန်း ၄၀ လောက် အလိုရှိနေခဲ့တာပါ။

ဒုတိယအကြိမ် ကမ်းလှမ်းတော့ အာဆင်နယ်က ပေါင် ၃၅ သန်းပဲ ပေးခဲ့တာဖြစ်ပြီး နောဝစ်ခ်ျက ပယ်ချခဲ့ပါတယ်။ အက်စတန်ဗီလာကတော့ ပေါင်သန်း ၃၀ အပါအဝင် ထပ်ဆောင်းပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း အပြင် ကစားသမားကို ပြန်လည်ရောင်းချခဲ့ရင် ရရှိမယ့် ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်းအလိုက် ပေးချေသွားမယ်ဆိုတဲ့ အချက်နဲ့သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကို နောက်ကောက်ချခဲ့ပါတယ်။

အသင်းရဲ့ ကင်းထောက်တွေကို ထွေထွေထူးထူး မှာထားတာမျိုးမရှိပဲ အာဆင်နယ်အသင်းရဲ့ ကင်းထောက်တွေ သဘောကျပြီး ခေါ်နိုင်ခြေရှိတဲ့ ကစားသမားတွေကိုပဲ လိုက်ခေါ်နေသလား ထင်ရတဲ့အထိ ဗီလာအသင်းက ဈေးကွက်ကို လိုက်နှောင့်ယှက်နေခဲ့တဲ့အပြင် ကစားသမားနဲ့ တဖက်အသင်းကို မြောက်လန်ဒန်အသင်းထက် ငွေအနည်းငယ်ပိုပိုပေးကာ ပိုဆွဲဆောင်နိုင်နေတာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အက်စတန်ဗီလာအသင်းက အာဆင်နယ်ရဲ့ ကွင်းလယ်ဖန်တီးရှင်လေး အီမီးလ် စမစ်ရိုးကို ခေါ်ယူဖို့ပါ ကြိုးစားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပေါင် ၂၅ သန်းနဲ့ သူ့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ရောင်းရန်မဟုတ်လို့ အကြောင်းပြန်ပြီး ပယ်ချခဲ့တာပါ။ နောက်တစ်ကြိမ် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းတာကိုလည်း ထပ်မံပယ်ချခဲ့ပါတယ်။

အဲ့တစ်ကြိမ် ပယ်ချခံရအပြီးမှာတော့ ဗီလာအသင်းက သူတို့ ကမ်းလှမ်းချက်ကို ဘာလို့ပယ်ချလဲဆိုတာ နားမလည်နိုင်ဘူးဆိုပြီး ထုတ်ပြောခဲ့ပါတယ်။ အခုလက်ရှိတော့ နောက်တစ်ကြိမ်အနေနဲ့ ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းလာခဲ့ပြီး အာဆင်နယ်အသင်းက ချက်ခြင်း ပယ်ချလိုက်တယ်လို့တောင် သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

မာတီနက်ဇ် ပါသွားကတည်းက ‌အမျက်ရှခံနေရတဲ့ အက်စတန်ဗီလာအသင်းဟာ ဘွမ်ဒီယာကို ခေါ်ယူအပြီးမှာတော့ မြောက်လန်ဒန်ပရိသတ်တွေရဲ့ အဆဲကို အာဆင်နယ်ဘုတ်အဖွဲ့နဲ့အတူ ခံနေရတာပါ။ ဒါ့အပြင် စမစ်ရိုးကို ခေါ်ဖို့ ကြိုးစားတာက တမင် လိုက်ရန်စနေသလား ၊ သူတို့ စိတ်ထဲ အာဆင်နယ်အသင်းကို ငွေပိုပိုပေး ကမ်းလှမ်းရင် ဘယ်ကစားသမားမဆို ရောင်းချမယ် စိတ်ထဲ ရှိနေလားတောင် ထင်ရပါတယ်။

အခုလည်း ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ စီစဉ်လာတာက အာဆင်နယ်ကို တမင် အနှောင့်အယှက် ပေးချင်နေတာလား… တကယ်လူလိုလို့လားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ရီနာတို ဆန်းချက်စ်ကိုလည်း ငွေကြေး နှမြောတသမှု များပြားနေတဲ့ အသင်းထက် ပိုမက်မောစရာ ကမ်းလှမ်းမှုတွေနဲ့ ဖြတ်ခုတ်သွားနိုင်မလား ဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းက ေပၚတူဂီ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔စိတ္ဝင္စားၿပီး ျပဳလုပ္လာခ်ိန္မွာ အက္စတန္ဗီလာကပါ ၾကားဝင္လာခဲ့ၿပီး ဗီလာ တိုက္စစ္မႉးေဟာင္း ဂက္ဘီ အဘြန္လေဟာကလည္း တြစ္တာကတစ္ဆင့္ ေပၚတူဂီ ကြင္းလယ္လူကို ကမ္းလွမ္းဖို႔ သူ႔အသင္းေဟာင္းကို တိုက္တြန္းသြားခဲ့ပါတယ္။

ဗီလာအသင္းရဲ႕ ပရိသတ္ေတြကလည္း အဘြန္လေဟာကို ေထာက္ခံသြားခဲ့ၿပီး ေပၚတူဂီသားကို အသင္းရဲ႕ ကြင္းလယ္အတြက္ ေခၚသင့္ေၾကာင္း မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။ သူတို႔ အသင္းအ‌ေနနဲ႔ မႏွစ္က ေျမာက္လန္ဒန္ကလပ္ရဲ႕ ဂိုးသမားျဖစ္ခဲ့တဲ့ အီမီလီယာႏို မာတီနက္ဇ္ကို ေခၚယူခဲ့ၿပီး ဂန္းနားတို႔ရဲ႕ အမ်က္ကို ခ႐ြန္ကီမိသားစုတို႔နဲ႔အတူ ခံယူခဲ့ရပါတယ္။

ေျမာက္လန္ဒန္ပရိသတ္ေတြရဲ႕ အမ်က္ကို ခံယူမႈက အဲ့ဒီမွာတင္ မၿပီးဘဲ အဲ့ဒီျဖစ္ရပ္က အစပဲ ရွိေသးတာပါ။ ဒီႏွစ္ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္ မစမီမွာ အာဆင္နယ္အသင္းဟာ ေနာဝစ္ခ္် ကစားသမား အီမီ ဘြမ္ဒီယာအတြက္ ေပါင္သန္း (၃၀) နဲ႔ စတင္ကမ္းလွမ္းခဲ့ပါတယ္။ ေနာဝစ္ခ္်အသင္းကေတာ့ ေပါင္သန္း ၄၀ ေလာက္ အလိုရွိေနခဲ့တာပါ။

ဒုတိယအႀကိမ္ ကမ္းလွမ္းေတာ့ အာဆင္နယ္က ေပါင္ ၃၅ သန္းပဲ ေပးခဲ့တာျဖစ္ၿပီး ေနာဝစ္ခ္်က ပယ္ခ်ခဲ့ပါတယ္။ အက္စတန္ဗီလာကေတာ့ ေပါင္သန္း ၃၀ အပါအဝင္ ထပ္ေဆာင္းေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀ သန္း အျပင္ ကစားသမားကို ျပန္လည္ေရာင္းခ်ခဲ့ရင္ ရရွိမယ့္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ရာခိုင္ႏႈန္းအလိုက္ ေပးေခ်သြားမယ္ဆိုတဲ့ အခ်က္နဲ႔သေဘာတူညီမႈ ရယူႏိုင္ခဲ့ၿပီး အာဆင္နယ္အသင္းကို ေနာက္ေကာက္ခ်ခဲ့ပါတယ္။

အသင္းရဲ႕ ကင္းေထာက္ေတြကို ေထြေထြထူးထူး မွာထားတာမ်ိဳးမရွိပဲ အာဆင္နယ္အသင္းရဲ႕ ကင္းေထာက္ေတြ သေဘာက်ၿပီး ေခၚႏိုင္ေျခရွိတဲ့ ကစားသမားေတြကိုပဲ လိုက္ေခၚေနသလား ထင္ရတဲ့အထိ ဗီလာအသင္းက ေဈးကြက္ကို လိုက္ေႏွာင့္ယွက္ေနခဲ့တဲ့အျပင္ ကစားသမားနဲ႔ တဖက္အသင္းကို ေျမာက္လန္ဒန္အသင္းထက္ ေငြအနည္းငယ္ပိုပိုေပးကာ ပိုဆြဲေဆာင္ႏိုင္ေနတာ ျဖစ္ပါတယ္။

ဒါတင္မကေသးဘဲ အက္စတန္ဗီလာအသင္းက အာဆင္နယ္ရဲ႕ ကြင္းလယ္ဖန္တီးရွင္ေလး အီမီးလ္ စမစ္႐ိုးကို ေခၚယူဖို႔ပါ ႀကိဳးစားလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လထဲမွာ ေပါင္ ၂၅ သန္းနဲ႔ သူ႔အတြက္ ကမ္းလွမ္းခဲ့ေပမယ့္ ေရာင္းရန္မဟုတ္လို႔ အေၾကာင္းျပန္ၿပီး ပယ္ခ်ခဲ့တာပါ။ ေနာက္တစ္ႀကိမ္ ေပါင္သန္း ၃၀ နဲ႔ ကမ္းလွမ္းတာကိုလည္း ထပ္မံပယ္ခ်ခဲ့ပါတယ္။

အဲ့တစ္ႀကိမ္ ပယ္ခ်ခံရအၿပီးမွာေတာ့ ဗီလာအသင္းက သူတို႔ ကမ္းလွမ္းခ်က္ကို ဘာလို႔ပယ္ခ်လဲဆိုတာ နားမလည္ႏိုင္ဘူးဆိုၿပီး ထုတ္ေျပာခဲ့ပါတယ္။ အခုလက္ရွိေတာ့ ေနာက္တစ္ႀကိမ္အေနနဲ႔ ေပါင္ ၃၅ သန္းနဲ႔ ကမ္းလွမ္းလာခဲ့ၿပီး အာဆင္နယ္အသင္းက ခ်က္ျခင္း ပယ္ခ်လိုက္တယ္လို႔ေတာင္ သတင္းေတြ ထြက္ေပၚလာခဲ့တာပါ။

မာတီနက္ဇ္ ပါသြားကတည္းက ‌အမ်က္ရွခံေနရတဲ့ အက္စတန္ဗီလာအသင္းဟာ ဘြမ္ဒီယာကို ေခၚယူအၿပီးမွာေတာ့ ေျမာက္လန္ဒန္ပရိသတ္ေတြရဲ႕ အဆဲကို အာဆင္နယ္ဘုတ္အဖြဲ႕နဲ႔အတူ ခံေနရတာပါ။ ဒါ့အျပင္ စမစ္႐ိုးကို ေခၚဖို႔ ႀကိဳးစားတာက တမင္ လိုက္ရန္စေနသလား ၊ သူတို႔ စိတ္ထဲ အာဆင္နယ္အသင္းကို ေငြပိုပိုေပး ကမ္းလွမ္းရင္ ဘယ္ကစားသမားမဆို ေရာင္းခ်မယ္ စိတ္ထဲ ရွိေနလားေတာင္ ထင္ရပါတယ္။

အခုလည္း ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔ စီစဥ္လာတာက အာဆင္နယ္ကို တမင္ အေႏွာင့္အယွက္ ေပးခ်င္ေနတာလား… တကယ္လူလိုလို႔လားဆိုတာေတာ့ သူတို႔ကိုယ္တိုင္ပဲ သိပါလိမ့္မယ္။ ရီနာတို ဆန္းခ်က္စ္ကိုလည္း ေငြေၾကး ႏွေျမာတသမႈ မ်ားျပားေနတဲ့ အသင္းထက္ ပိုမက္ေမာစရာ ကမ္းလွမ္းမႈေတြနဲ႔ ျဖတ္ခုတ္သြားႏိုင္မလား ဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.