Premier League

ဘောလုံးသမိုင်းမှာ ဆိုးရွားတဲ့ပြယုဂ်ဖြစ်ခဲ့တဲ့ အနီကတ် ၁၀ဦးမှာ ဘုရင်က ဘယ်သူလဲ?

၁၀ ဗင်နီဂျူံးစ် ၁၂ ကတ်
ဝင်ဘယ်လ်ဒန်၊ လိဒ်စ်၊ ရှက်ဖီးလ်၊ ချယ်လ်ဆီးတို့နဲ့ ကျင်လည်ကစားခဲ့ဖူးပြီး ဝေးလ်အသင်းကို ကိုယ်စားပြုတဲ့ ဂျုံးစ်က အခုတင်ပြမယ့် လူကြမ်းကြီးများစာရင်းမှာ ပါရမီအထူးဆုံး ကစားသမားမျိုးဖြစ်ပြီး ကွင်းလယ်အဖျက်ကစားသမားအဖြစ် ၁၅ နှစ်ကြာ ကစားခဲ့ပြီး အနီကတ် ၁၂ ကတ်ထိခဲ့သူဖြစ်သလို အကြမ်းအရမ်းရုပ်ရှင်တွေဖြစ်တဲ့ Look၊ Stock နဲ့ Two Smoking Barrels စတဲ့ ဇာတ်ကားတွေမှာ မင်းသားအဖြစ်လည်း သရုပ်​ဆောင်ခဲ့ပါသေးတယ်။

၉ မော်ရစ်စီယို ပိုချက်တီနို ၁၃ ကတ်
စပါးစ်နည်းပြဟောင်းအဖြစ် ဘောလုံးစင်မြင့်ရဲ့ နည်းပြဘဝမှာ နာမည်ကောင်းတွေ ရရှိခဲ့တဲ့ အာဂျင်တီးနားသားကတော့ အက်စပန်ညိုကစားသမားဘဝမှာ ကိုပါဒယ်လ်ရေးဖလားကို ၂ ​ကြိမ်ဆွတ်ခူးခဲဲ့ပြီး သူက ငယ်စဥ်ကတည်းက ဂျူဒိုသမားဖြစ်တယ်လို့လည်း သိရပါတယ်။ ဖျက်ထုတ်ပုံမှာ ဇပြင်းပြီး ကွင်းထဲမှာ သွေးဆိုးတဲ့ ခံစစ်မှူးအဖြစ် နာမည်ကြီးခဲ့ပါတယ်။

၈ ဖီလစ်ပီ မယ်လို ၁၄ ကတ်
လက်ရှိမှာ ပါးလ်မီးရက်စ်အသင်းခေါင်းဆောင်ဖြစ်တဲ့ အသက် ၃၇ နှစ်သားက ဒီစာရင်းမှာ ပါဝင်လာခဲ့တဲ့ ရှားရှားပါးပါး နာမည်ကြီးတွေထဲက တယောက်ဖြစ်ပြီး ဖီအိုရင်တီးနား၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဂါလာတာဆာရေး စတဲ့အသင်းတွေနဲ့ ခြေစွမ်းပြခဲ့ဖူးသလို ဘရာဇီးလ်ကွင်းလယ်အဖျက်ကစားသမားဟာ အနီကတ် ၁၇ နဲ့အတူ ကစားသမားဘဝကို ရှေ့ဆက်နေဆဲပါ။

၇ ယန်းနစ် ကာဟူဇက် ၁၇ ကတ်
၄ ပွဲအတွင်း အနီကတ် ၃ ကတ်ထိခဲ့တဲ့ သြချစရာကစားသမားမျိုးဖြစ်ပြီး RC လန်းစ်အသင်းနဲ့ ပြင်သစ်လီဂူးကို တန်းတက်နိုင်ခဲ့ပေမယ့် မယ်လိုလောက်တော့ ကစားသမားဘဝမှာ အောင်မြင်မှု မထင်ရှားထားသူပါ။ သူကတော့ အနီကတ် ၁၇ ကတ်အထိ ပြဿနာရှာထားတယ်လို့ ဆိုရမှာပါ။

၆ ပါဘလို အယ်လ်ဖာရို ၁၈ ကတ်
ပေါက်ကွဲအားပြင်းတဲ့ ကွင်းလယ်လူဟာ ဆီဗီလားအသင်းနဲ့အတူ လာလီဂါမှာ ၁၆၄ ပွဲကစားခဲ့သလို ဘောလုံးသက်တမ်းလည်း ရှည်လျားခဲ့ပါတယ်။ ပြောစရာအောင်မြင်မှုအရ ယူအီးအက်ဖ်အေဖလားကို ဗိုလ်ဝင်နိုင်ခဲ့ဖူးသလို ဘာစီလိုနာအသင်းနဲ့လည်း လာလီဂါချန်ပီယံဖြစ်ခဲ့ဖူးသူပါ။သူကတော့ အနီကတ် ၁၈ ကတ်နဲ့ လူကြမ်းစာရင်းရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေခြင်းပါ။

၅ ပါအိုလို မွန်တဲရိုး ၂၁ ကတ်
ဥရုဂွေးအသင်းခေါင်း​ဆောင်ဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ ဂျူဗင်တပ်စ်အသင်းနဲ့လည်း စီးရီးအေ ၄ ကြိမ်ချန်ပီယံအဖြစ် အောင်​မြင်ခဲ့သူဖြစ်ပြီး တူရင်မြေရဲ့သမိုင်းမှာ ဟိုးဟိုးကျော်ခဲ့တဲ့ ဗဟိုခံစစ်မှူးလို့လည်း သတ်မှတ်ခံထားရသလို ပြိုင်ဘက်ကစားသမားတွေကို မထင်ရင်မထင်သလို ဥပ​ဒေပကစားပြီး ဖျက်ထုတ်တတ်သူမို့ ကစားသမားဘဝမှာ အနီကတ် ၂၁ ကတ်အထိ စု​ဆောင်းနိုင်ခဲ့တာပါ။

၄ အလက်ဆစ် ရူအာနို ဒယ်လ်ဂါဒို ၂၂ ကတ်
စွယ်စုံရခံစစ်မှူးဟာ ခံစစ်ပိုင်းမှာတော့ နေရာစုံကစားနိုင်သူဖြစ်ပြီး လက်ရှိမှာတော့ ရေးဆင်း ဆန်တန်ဒါအသင်းနဲ့ ပူးပေါင်းနေပါတယ်။ လာလီဂါမှာလည်း ၁၅ ရာသီကျော်အတွင်း ပွဲပေါင်း ၃၂၁ ပွဲကစားခဲ့ဖူးသူဖြစ်သလို ကွင်းဆက်ပြစ်ဒဏ်တွေကို ကျူးလွန်လို့ရှိလို့ အနီကတ်လူကြမ်းကြီးလို့တောင် သတ်မှတ်ခံထားရပါတယ်။

၃ ဆိုင်ရေးလ် ရူးလ် ၂၅ ကတ်
သူက အဝါကတ် ၁၈၇ ကတ်အထိ ပြသသတိပေးခဲ့ရတဲ့ ကစားသမားမျိုးဖြစ်ပြီး ကြောက်မက်ကောင်းလောက်အောင် မာကျောတဲ့ ကွင်းလယ်ကစားသမားပါ။ ဆိုးရွားတဲ့ပြယုဂ်တခုဖြစ်ခဲ့ပြီး မာဆေးလ်အသင်းအပါအဝင် ပြင်သစ်ကလပ်အတော်များများမှာ ကျင်လည်ကစားခဲ့ဖူးသလို ဘောလုံးစည်းကမ်းတိုင်းကို ချိုးဖောက်ခဲ့သူပါ။

၂ ဆာဂျီယို ရာမို့စ် ၂၆ ကတ်

ရီးရဲလ်မက်ဒရစ်နဲ့ စပိန်အသင်းရဲ့သမိုင်းတလျှောက် အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦးလို့ သတ်မှတ်ရမယ့် ရာမို့စ်က အသင်းကို ဦးဆောင်နိုင်စွမ်းမြင့်သလို ပြိုင်ဘက်တိုက်စစ်မှူးတိုင်းကိုလည်း ဖြုံစေခဲ့တဲ့အထိ ရုပ်ပိုင်းကြံ့ခိုင်မှုနဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်ကစားခဲ့ပြီး နာမည်ကြီးသလောက် သူ့ကစားသမားဘဝမှာတော့ အနီကတ် ၂၆ ကတ်နဲ့ အကျည်းတန်စာမျက်နှာတရပ်က ရှိနေပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာ မိုဆာလားကို ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာပါ။

၁ ဂျရတ်ဒို ဘီဒိုယာ ၄၆ ကတ်
အနီကတ်အများဆုံးထိတဲ့ ကစားသမားတွေထဲမှာ အနီကတ်ဘုရင်ဖြစ်ခဲ့သူက ကိုလံဘီယာလက်ရွေးစင် ကွင်းလယ်အဖျက်ကစားသမားဖြစ်ပြီး သူက ရာမို့စ်ထက်ကို အနီကတ်အရေအတွက် ၂၀ အထိ အပြတ်အသတ်များနေသေးတာပါ။ ဘောလုံးသမိုင်းရဲ့ အနီကတ်အများဆုံးထိတဲ့ ကစားသမားအဖြစ်လည်း စံချိန်လူသားဖြစ်ခဲ့ပြီး သူ့ဘဝမှာ အနီကတ်တွေက ပေးတဲ့ သင်ခန်းစာတွေကို သင်ယူနိုင်စွမ်းလည်း မရှိခဲ့တဲ့အထိ ကြမ်းကြမ်းရမ်းရမ်းကစားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၀ ဗင္နီဂ်ဴံးစ္ ၁၂ ကတ္
ဝင္ဘယ္လ္ဒန္၊ လိဒ္စ္၊ ရွက္ဖီးလ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ က်င္လည္ကစားခဲ့ဖူးၿပီး ေဝးလ္အသင္းကို ကိုယ္စားျပဳတဲ့ ဂ်ဳံးစ္က အခုတင္ျပမယ့္ လူၾကမ္းႀကီးမ်ားစာရင္းမွာ ပါရမီအထူးဆုံး ကစားသမားမ်ိဳးျဖစ္ၿပီး ကြင္းလယ္အဖ်က္ကစားသမားအျဖစ္ ၁၅ ႏွစ္ၾကာ ကစားခဲ့ၿပီး အနီကတ္ ၁၂ ကတ္ထိခဲ့သူျဖစ္သလို အၾကမ္းအရမ္း႐ုပ္ရွင္ေတြျဖစ္တဲ့ Look၊ Stock နဲ႔ Two Smoking Barrels စတဲ့ ဇာတ္ကားေတြမွာ မင္းသားအျဖစ္လည္း သ႐ုပ္​ေဆာင္ခဲ့ပါေသးတယ္။

၉ ေမာ္ရစ္စီယို ပိုခ်က္တီႏို ၁၃ ကတ္
စပါးစ္နည္းျပေဟာင္းအျဖစ္ ေဘာလုံးစင္ျမင့္ရဲ႕ နည္းျပဘဝမွာ နာမည္ေကာင္းေတြ ရရွိခဲ့တဲ့ အာဂ်င္တီးနားသားကေတာ့ အက္စပန္ညိဳကစားသမားဘဝမွာ ကိုပါဒယ္လ္ေရးဖလားကို ၂ ​ႀကိမ္ဆြတ္ခူးခဲဲ့ၿပီး သူက ငယ္စဥ္ကတည္းက ဂ်ဴဒိုသမားျဖစ္တယ္လို႔လည္း သိရပါတယ္။ ဖ်က္ထုတ္ပုံမွာ ဇျပင္းၿပီး ကြင္းထဲမွာ ေသြးဆိုးတဲ့ ခံစစ္မႉးအျဖစ္ နာမည္ႀကီးခဲ့ပါတယ္။

၈ ဖီလစ္ပီ မယ္လို ၁၄ ကတ္
လက္ရွိမွာ ပါးလ္မီးရက္စ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ အသက္ ၃၇ ႏွစ္သားက ဒီစာရင္းမွာ ပါဝင္လာခဲ့တဲ့ ရွားရွားပါးပါး နာမည္ႀကီးေတြထဲက တေယာက္ျဖစ္ၿပီး ဖီအိုရင္တီးနား၊ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္၊ ဂါလာတာဆာေရး စတဲ့အသင္းေတြနဲ႔ ေျခစြမ္းျပခဲ့ဖူးသလို ဘရာဇီးလ္ကြင္းလယ္အဖ်က္ကစားသမားဟာ အနီကတ္ ၁၇ နဲ႔အတူ ကစားသမားဘဝကို ေရွ႕ဆက္ေနဆဲပါ။

၇ ယန္းနစ္ ကာဟူဇက္ ၁၇ ကတ္
၄ ပြဲအတြင္း အနီကတ္ ၃ ကတ္ထိခဲ့တဲ့ ၾသခ်စရာကစားသမားမ်ိဳးျဖစ္ၿပီး RC လန္းစ္အသင္းနဲ႔ ျပင္သစ္လီဂူးကို တန္းတက္ႏိုင္ခဲ့ေပမယ့္ မယ္လိုေလာက္ေတာ့ ကစားသမားဘဝမွာ ေအာင္ျမင္မႈ မထင္ရွားထားသူပါ။ သူကေတာ့ အနီကတ္ ၁၇ ကတ္အထိ ျပႆနာရွာထားတယ္လို႔ ဆိုရမွာပါ။

၆ ပါဘလို အယ္လ္ဖာ႐ို ၁၈ ကတ္
ေပါက္ကြဲအားျပင္းတဲ့ ကြင္းလယ္လူဟာ ဆီဗီလားအသင္းနဲ႔အတူ လာလီဂါမွာ ၁၆၄ ပြဲကစားခဲ့သလို ေဘာလုံးသက္တမ္းလည္း ရွည္လ်ားခဲ့ပါတယ္။ ေျပာစရာေအာင္ျမင္မႈအရ ယူအီးအက္ဖ္ေအဖလားကို ဗိုလ္ဝင္ႏိုင္ခဲ့ဖူးသလို ဘာစီလိုနာအသင္းနဲ႔လည္း လာလီဂါခ်န္ပီယံျဖစ္ခဲ့ဖူးသူပါ။သူကေတာ့ အနီကတ္ ၁၈ ကတ္နဲ႔ လူၾကမ္းစာရင္းရဲ႕ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနျခင္းပါ။

၅ ပါအိုလို မြန္တဲ႐ိုး ၂၁ ကတ္
ဥ႐ုေဂြးအသင္းေခါင္း​ေဆာင္ဟာ ၁၉၉၀ ျပည့္ႏွစ္ကာလေတြမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လည္း စီးရီးေအ ၄ ႀကိမ္ခ်န္ပီယံအျဖစ္ ေအာင္​ျမင္ခဲ့သူျဖစ္ၿပီး တူရင္ေျမရဲ႕သမိုင္းမွာ ဟိုးဟိုးေက်ာ္ခဲ့တဲ့ ဗဟိုခံစစ္မႉးလို႔လည္း သတ္မွတ္ခံထားရသလို ၿပိဳင္ဘက္ကစားသမားေတြကို မထင္ရင္မထင္သလို ဥပ​ေဒပကစားၿပီး ဖ်က္ထုတ္တတ္သူမို႔ ကစားသမားဘဝမွာ အနီကတ္ ၂၁ ကတ္အထိ စု​ေဆာင္းႏိုင္ခဲ့တာပါ။

၄ အလက္ဆစ္ ႐ူအာႏို ဒယ္လ္ဂါဒို ၂၂ ကတ္
စြယ္စုံရခံစစ္မႉးဟာ ခံစစ္ပိုင္းမွာေတာ့ ေနရာစုံကစားႏိုင္သူျဖစ္ၿပီး လက္ရွိမွာေတာ့ ေရးဆင္း ဆန္တန္ဒါအသင္းနဲ႔ ပူးေပါင္းေနပါတယ္။ လာလီဂါမွာလည္း ၁၅ ရာသီေက်ာ္အတြင္း ပြဲေပါင္း ၃၂၁ ပြဲကစားခဲ့ဖူးသူျဖစ္သလို ကြင္းဆက္ျပစ္ဒဏ္ေတြကို က်ဴးလြန္လို႔ရွိလို႔ အနီကတ္လူၾကမ္းႀကီးလို႔ေတာင္ သတ္မွတ္ခံထားရပါတယ္။

၃ ဆိုင္ေရးလ္ ႐ူးလ္ ၂၅ ကတ္
သူက အဝါကတ္ ၁၈၇ ကတ္အထိ ျပသသတိေပးခဲ့ရတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ေၾကာက္မက္ေကာင္းေလာက္ေအာင္ မာေက်ာတဲ့ ကြင္းလယ္ကစားသမားပါ။ ဆိုး႐ြားတဲ့ျပယုဂ္တခုျဖစ္ခဲ့ၿပီး မာေဆးလ္အသင္းအပါအဝင္ ျပင္သစ္ကလပ္အေတာ္မ်ားမ်ားမွာ က်င္လည္ကစားခဲ့ဖူးသလို ေဘာလုံးစည္းကမ္းတိုင္းကို ခ်ိဳးေဖာက္ခဲ့သူပါ။

၂ ဆာဂ်ီယို ရာမို႔စ္ ၂၆ ကတ္

ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္အသင္းရဲ႕သမိုင္းတေလွ်ာက္ အေကာင္းဆုံး ဗဟိုခံစစ္မႉးေတြထဲက တဦးလို႔ သတ္မွတ္ရမယ့္ ရာမို႔စ္က အသင္းကို ဦးေဆာင္ႏိုင္စြမ္းျမင့္သလို ၿပိဳင္ဘက္တိုက္စစ္မႉးတိုင္းကိုလည္း ၿဖဳံေစခဲ့တဲ့အထိ ႐ုပ္ပိုင္းႀကံ့ခိုင္မႈနဲ႔ ခပ္ၾကမ္းၾကမ္းကိုင္တြယ္ကစားခဲ့ၿပီး နာမည္ႀကီးသေလာက္ သူ႔ကစားသမားဘဝမွာေတာ့ အနီကတ္ ၂၆ ကတ္နဲ႔ အက်ည္းတန္စာမ်က္ႏွာတရပ္က ရွိေနၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ မိုဆာလားကို က်ဴးလြန္ခဲ့တဲ့ျဖစ္ရပ္ကလည္း နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တာပါ။

၁ ဂ်ရတ္ဒို ဘီဒိုယာ ၄၆ ကတ္
အနီကတ္အမ်ားဆုံးထိတဲ့ ကစားသမားေတြထဲမွာ အနီကတ္ဘုရင္ျဖစ္ခဲ့သူက ကိုလံဘီယာလက္ေ႐ြးစင္ ကြင္းလယ္အဖ်က္ကစားသမားျဖစ္ၿပီး သူက ရာမို႔စ္ထက္ကို အနီကတ္အေရအတြက္ ၂၀ အထိ အျပတ္အသတ္မ်ားေနေသးတာပါ။ ေဘာလုံးသမိုင္းရဲ႕ အနီကတ္အမ်ားဆုံးထိတဲ့ ကစားသမားအျဖစ္လည္း စံခ်ိန္လူသားျဖစ္ခဲ့ၿပီး သူ႔ဘဝမွာ အနီကတ္ေတြက ေပးတဲ့ သင္ခန္းစာေတြကို သင္ယူႏိုင္စြမ္းလည္း မရွိခဲ့တဲ့အထိ ၾကမ္းၾကမ္းရမ္းရမ္းကစားခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.