Analysis International

ဟာရီကိန်း ပြန်လာခဲ့တဲ့ ယူကရိန်း 0-4 အင်္ဂလန်ပွဲအပြီး မှတ်မှတ်ရရ ဆိုစရာ 7 ချက်

ရောမအခက်အခဲကို ကျော်ဖြတ်ခဲ့ရတဲ့ နှစ်သင်း
အိမ်ကွင်းမှာ ကန်ရတာမဟုတ်လို့ ရောမမြို့ကို ကွာတားဖိုင်နယ်ပွဲအတွက် အင်္ဂလန်အသင်းက ဝင်ဘလီကနေ ချီတက်လာခဲ့ပြီး ယူကရိန်းအသင်းကတော့ အမ်စတာဒမ်၊ ဘူခါရက်စ်နဲ့ ဂလပ်စဂိုတို့မှာကစားပြီး ချီတက်လာခဲ့တာပါ။ အိမ်ရှင်အားသာချက် မရှိခြင်း၊ အိမ်ကွင်းပရိသတ်မရှိခြင်းနဲ့ ခရီးပန်းခြင်းတို့က နှစ်သင်းစလုံးအတွက် အခက်အခဲဖြစ်ခဲ့ရတာပါ။

လူစာရင်းပြောင်းပြီး အင်အားပြတဲ့ အင်္ဂလန်
အဖွင့်ပွဲမှာ ကီရန် ထရစ်ပီယာကို ဘယ်ခြမ်းမှာ အသုံးပြုတာကစပြီး ဂျာမနီနဲ့ပွဲက နောက်တန်း ၃ ယောက်တန်းအထိ လူစာရင်းက မငြိမ်ခဲ့ပါဘူး။ ဒီပွဲမှာတော့ ပွဲထွက်အသုံးမပြုတာ ကြာပြီဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ မေဆန်မောင့်တို့ကို အသုံးပြုခဲ့ပြီး သူတို့လည်း ခြေစွမ်းပြခဲ့ပါတယ်။ ကစားသမားအင်အား ကွာဟမှုနဲ့ ရွေးစရာများတာက လွယ်ကူစေခဲ့ပါတယ်။

ဟာရီကိန်း ပြန်လာပြီလား
ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုနဲ့ ဖန်တီးမှုအများဆုံးဆုကို ရရှိခဲ့တဲ့ ဟာရီကိန်းကတော့ ယူရို ၂၀၂၀ မှာ ဂျာမနီနဲ့ပွဲပထမပိုင်းထိ ဂိုးပေါက်ပျောက်နေခဲ့သူပါ။ ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို ဒီပွဲမှာ ထိုက်တန်ကြောင်း ပြခဲ့ပြီး ဂိုးပေါက်ကို ၄ ခါကန်ပြီး ၃ ခါဂိုးပေါက်တည့် ၂ ဂိုးသွင်းဆိုတဲ့ အနေအထားက သူပြန်လာပြီဆိုပြီး ပြနေတာလား?

အင်္ဂလန် မဟာကျောက်ဆောင်ကြီးတွေရဲ့ မာကျောမှု
အင်္ဂလန်အသင်း မရှုံးသေးတာလည်း ခံစစ်မာကျောနေလို့ဖြစ်ပြီး ဂိုးမရခဲ့တဲ့ စကော့တလန်တို့နဲ့ပွဲမှာလည်း သရေရခဲ့ပါတယ်။ အသင်းသေးတွေနဲ့မလို့ ဂိုးမပေးရတာလို့ ဝေဖန်မှုတွေလည်း ဂျာမနီအသင်းကို ဂိုးမပေးရတဲ့ပွဲက ချေဖျက်ပြခဲ့ပြီး ယူရို ၂၀၂၀ အတွင်း ဂိုးမပေးရတဲ့ တစ်သင်းတည်းသော အသင်းမှ ခံစစ်ကောင်းတယ်မပြောရင် ဘယ်အသင်းကို ပြောမှာလဲ?

ဒိန်းမတ်က အင်္ဂလန်တို့အတွက် ခက်ခဲမယ့် စာမေးပွဲလား
အသင်းရဲ့ အဓိက ကစားသမား ခရစ္စတီယန် အဲရစ်ဆန် မပါဝင်တာတောင် ဒိန်းမတ်က ခြေစွာနေတာပါ။ ယူရိုပြိုင်ပွဲသက်တမ်းတ‌စ်‌လျှောက်အဖွင့်ပွဲ ၂ ပွဲရှုံးပြီး ဆီမီးဖိုင်နယ်တက်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့သလို သာမန်ပွဲချိန်အတွင်း ၂ ပွဲဆက် ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်းဖြစ်နေခဲ့တာပါ။ ဒါကြောင့် အင်္ဂလန်အတွက်တော့ ဖိုင်နယ်အရောက်စစ်မယ့် စာမေးပွဲ ဖြစ်နေပါပြီ။

တောက်ပနေဆဲ စတာလင်
အုပ်စုပွဲစဉ်တွေမှာ အင်္ဂလန်အသင်းရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ စတာလင်ဟာ ဒီပွဲမှာလည်း ဟာရီကိန်းရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြခဲ့ပါသေးတယ်။ အင်္ဂလန်တိုက်စစ်မှာ ပွဲတိုင်းခြေစွမ်းပြ‌နိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပြီးတော့ သူ့ရဲ့ မွှေနှောက်နိုင်စွမ်းနဲ့ ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းနိုင်တာတွေက မရှိမဖြစ် လိုအပ်လာပါတယ်။

ဖန်တီးရှင် လုခ်ရှော
တည်ကန်ဘောတွေမှာ ကီရန် ထရစ်ပီယာကို အားကိုးခဲ့ရပြီး သူမပါတော့ ဘယ်သူရှိသလဲဆိုတဲ့ မေးခွန်းတွေအတွက် မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောက ဟာရီ မက်ဂွိုင်းယားရဲ့ သွင်းဂိုးကို တည်ကန်ဘောက ဖန်တီးပြီး အဖြေပေးလိုက်ပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးဖန်တီးပေးတာကို ကြည့်ပြီး နောက်ခံလူ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရတော့မလိုပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရာမအခက္အခဲကို ေက်ာ္ျဖတ္ခဲ့ရတဲ့ ႏွစ္သင္း
အိမ္ကြင္းမွာ ကန္ရတာမဟုတ္လို႔ ေရာမၿမိဳ႕ကို ကြာတားဖိုင္နယ္ပြဲအတြက္ အဂၤလန္အသင္းက ဝင္ဘလီကေန ခ်ီတက္လာခဲ့ၿပီး ယူကရိန္းအသင္းကေတာ့ အမ္စတာဒမ္၊ ဘူခါရက္စ္နဲ႔ ဂလပ္စဂိုတို႔မွာကစားၿပီး ခ်ီတက္လာခဲ့တာပါ။ အိမ္ရွင္အားသာခ်က္ မရွိျခင္း၊ အိမ္ကြင္းပရိသတ္မရွိျခင္းနဲ႔ ခရီးပန္းျခင္းတို႔က ႏွစ္သင္းစလုံးအတြက္ အခက္အခဲျဖစ္ခဲ့ရတာပါ။

လူစာရင္းေျပာင္းၿပီး အင္အားျပတဲ့ အဂၤလန္
အဖြင့္ပြဲမွာ ကီရန္ ထရစ္ပီယာကို ဘယ္ျခမ္းမွာ အသုံးျပဳတာကစၿပီး ဂ်ာမနီနဲ႔ပြဲက ေနာက္တန္း ၃ ေယာက္တန္းအထိ လူစာရင္းက မၿငိမ္ခဲ့ပါဘူး။ ဒီပြဲမွာေတာ့ ပြဲထြက္အသုံးမျပဳတာ ၾကာၿပီျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ေမဆန္ေမာင့္တို႔ကို အသုံးျပဳခဲ့ၿပီး သူတို႔လည္း ေျခစြမ္းျပခဲ့ပါတယ္။ ကစားသမားအင္အား ကြာဟမႈနဲ႔ ေ႐ြးစရာမ်ားတာက လြယ္ကူေစခဲ့ပါတယ္။

ဟာရီကိန္း ျပန္လာၿပီလား
ၿပီးခဲ့တဲ့ေဘာလုံးရာသီက ပရီးမီးယားလိဂ္မွာ ေ႐ႊဖိနပ္ဆုနဲ႔ ဖန္တီးမႈအမ်ားဆုံးဆုကို ရရွိခဲ့တဲ့ ဟာရီကိန္းကေတာ့ ယူ႐ို ၂၀၂၀ မွာ ဂ်ာမနီနဲ႔ပြဲပထမပိုင္းထိ ဂိုးေပါက္ေပ်ာက္ေနခဲ့သူပါ။ ေဆာက္ဂိတ္ရဲ႕ ယုံၾကည္မႈကို ဒီပြဲမွာ ထိုက္တန္ေၾကာင္း ျပခဲ့ၿပီး ဂိုးေပါက္ကို ၄ ခါကန္ၿပီး ၃ ခါဂိုးေပါက္တည့္ ၂ ဂိုးသြင္းဆိုတဲ့ အေနအထားက သူျပန္လာၿပီဆိုၿပီး ျပေနတာလား?

အဂၤလန္ မဟာေက်ာက္ေဆာင္ႀကီးေတြရဲ႕ မာေက်ာမႈ
အဂၤလန္အသင္း မရႈံးေသးတာလည္း ခံစစ္မာေက်ာေနလို႔ျဖစ္ၿပီး ဂိုးမရခဲ့တဲ့ စေကာ့တလန္တို႔နဲ႔ပြဲမွာလည္း သေရရခဲ့ပါတယ္။ အသင္းေသးေတြနဲ႔မလို႔ ဂိုးမေပးရတာလို႔ ေဝဖန္မႈေတြလည္း ဂ်ာမနီအသင္းကို ဂိုးမေပးရတဲ့ပြဲက ေခ်ဖ်က္ျပခဲ့ၿပီး ယူ႐ို ၂၀၂၀ အတြင္း ဂိုးမေပးရတဲ့ တစ္သင္းတည္းေသာ အသင္းမွ ခံစစ္ေကာင္းတယ္မေျပာရင္ ဘယ္အသင္းကို ေျပာမွာလဲ?

ဒိန္းမတ္က အဂၤလန္တို႔အတြက္ ခက္ခဲမယ့္ စာေမးပြဲလား
အသင္းရဲ႕ အဓိက ကစားသမား ခရစၥတီယန္ အဲရစ္ဆန္ မပါဝင္တာေတာင္ ဒိန္းမတ္က ေျခစြာေနတာပါ။ ယူ႐ိုၿပိဳင္ပြဲသက္တမ္းတ‌စ္‌ေလွ်ာက္အဖြင့္ပြဲ ၂ ပြဲရႈံးၿပီး ဆီမီးဖိုင္နယ္တက္တဲ့ ပထမဆုံးအသင္း ျဖစ္လာခဲ့သလို သာမန္ပြဲခ်ိန္အတြင္း ၂ ပြဲဆက္ ၄ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးအသင္းျဖစ္ေနခဲ့တာပါ။ ဒါေၾကာင့္ အဂၤလန္အတြက္ေတာ့ ဖိုင္နယ္အေရာက္စစ္မယ့္ စာေမးပြဲ ျဖစ္ေနပါၿပီ။

ေတာက္ပေနဆဲ စတာလင္
အုပ္စုပြဲစဥ္ေတြမွာ အဂၤလန္အသင္းရဲ႕ သြင္းဂိုး ၂ ဂိုးစလုံးကို သြင္းယူေပးခဲ့တဲ့ စတာလင္ဟာ ဒီပြဲမွာလည္း ဟာရီကိန္းရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့ၿပီး ေျခစြမ္းျပခဲ့ပါေသးတယ္။ အဂၤလန္တိုက္စစ္မွာ ပြဲတိုင္းေျခစြမ္းျပ‌ႏိုင္တဲ့ တစ္ဦးတည္းေသာသူ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ ေမႊေႏွာက္ႏိုင္စြမ္းနဲ႔ ခ်ိန္သားကိုက္ ေျပးဝင္ပိတ္သြင္းႏိုင္တာေတြက မရွိမျဖစ္ လိုအပ္လာပါတယ္။

ဖန္တီးရွင္ လုခ္ေရွာ
တည္ကန္ေဘာေတြမွာ ကီရန္ ထရစ္ပီယာကို အားကိုးခဲ့ရၿပီး သူမပါေတာ့ ဘယ္သူရွိသလဲဆိုတဲ့ ေမးခြန္းေတြအတြက္ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာက ဟာရီ မက္ဂြိဳင္းယားရဲ႕ သြင္းဂိုးကို တည္ကန္ေဘာက ဖန္တီးၿပီး အေျဖေပးလိုက္ပါတယ္။ ေနာက္ဆုံး ၂ ပြဲမွာ ၃ ဂိုးဖန္တီးေပးတာကို ၾကည့္ၿပီး ေနာက္ခံလူ ဟုတ္ရဲ႕လားလို႔ ေမးခြန္းထုတ္ရေတာ့မလိုပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.