International Match Report

သုံးဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မက်ဆီနဲ့ ကိုပါဆီမီးတက်သွားတဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း တည်ငြိမ်တဲ့ ခြေစွမ်းကို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဦးဆောင်မှုနဲ့ ပြသနေပြီး ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သလို အန်နာ ဗလင်စီယာတစ်ယောက်နဲ့ အီကွေဒေါတို့ ရင်ဆိုင်ကစားနိုင်ခြင်းမရှိဘဲ နောက်ကောက်ကျခဲ့ရတာလည်းဖြစ်ပါတယ်။

ဆာဂျီယို အဂွေရို၊ အာလီဟန်ဒရို ဂိုမက်ဇ်၊ အန်ဟဲလ် ဒီမာရီယာနဲ့ ကော်ရီးယားတွေကို အရန်ခုံမှာ ထားခဲ့တဲ့ အာဂျင်တီးနားတို့အနေနဲ့ လီယန်ဒရို ပါရေးဒက်စ်၊ ရိုဒရီဂို ဒီပေါလ်တို့ရဲ့ ကွင်းလယ်နဲ့ မက်ဆီရဲ့နောက်က ကစားပေးခဲ့သလို လော်တာရို မာတီနက်ဇ်နဲ့ ဖီအိုရင်တီးနားရောက် နီကိုလတ်စ် ဂွန်ဇာလက်ဇ်တို့ကတော့ တိုက်စစ်အထောင်မှာ ကစားလာခဲ့ကြပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြ အယ်လ်ဖာရို ကိုင်တွယ်တဲ့ အီကွေဒေါအသင်းအနေနဲ့ လော်တာရို မာတီနက်ဇ်ရဲ့ ပြေးအားကို မထိန်းနိုင်ဘဲ မကြာခဏဆိုသလို ပေါက်ထွက်နေခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာတော့ ကွင်းလယ်ကနေ နောက်ပြန်ပေးတဲ့ ဘောလုံးကို မက်ဆီတစ်ယောက်တည်း ဂိုးသမားရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ်ရပြီး ကန်သွင်းခွင့်ရခဲ့ပေမယ့် တိုင်ထိသွားခဲ့လို့ ဖြူပြာကျားတွေ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ အီကွေဒေါကွင်းလယ်လူ ဂျက်ဆန် မန်ဒက်ဇ်ရဲ့ ဗော်လီကန်ချက်ကို ဂိုးသမား အီမီ မာတီနက်ဇ် ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် မိနစ် ၄၀ မှာတော့ နီကိုလတ်စ် ဂွန်ဇာလက်နဲ့ ဂိုးသမား တစ်ယောက်ချင်းတွေ့ပြီး ပျက်ခဲ့တဲ့ ဘောလုံးကို မက်ဆီက ညာခြမ်းကို ချိုးပေးတာမှာ ဒီနွေ ဥရောပ ဈေးကွက်မှာမှာ ဟော့နေတဲ့ ရိုဒရီဂို ဒီပေါလ်က သွေးအေးအေးနဲ့ အဆုံးသတ်ပြီး အာဂျင်တီးနားတို့ အဖွင့်ဂိုးရခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အာဂျင်တီးနားတို့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်ရဖို့ ကြိုးစားနေခဲ့တဲ့ အီကွေဒေါကြောင့် ဂိုးသမား မာတီနက်ဇ် အလုပ်များခဲ့ရပြီး အင်နာ ဗလင်စီယာဦးဆောင်တဲ့ တိုက်စစ်ပိုင်းက တော်တော်လေး ပြန်လည်ထကြွလာခဲ့ကြတာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ အမှတ်မရှိတဲ့ အီကွေဒေါနောက်တန်းရဲ့ လူပေးမှားမှုကနေပဲ မက်ဆီက ဘောလုံးပြန်ရပြီး ဘယ်ကနေ လိုက်တက်လာတဲ့ လော်တာရိုဆီ ပေးရာမှာ အင်တာတိုက်စစ်မှူးက ဂိုးသမားရဲ့ အပေါ်ထောင့်ကို ကန်သွင်းရယူသွားခဲ့လို့ အာဂျင်တီးနားတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲ ဝင်လာတဲ့ လူစားဝင် ဒီမာရီယာကို ဆွဲလှဲတဲ့ အီကွေဒေါနောက်ခံလူ ဟင်ကာပီး အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရသလို ဒိုင်လူကြီးက ဧရိယာအပြင်မှာ ပြစ်ဒဏ်ဘောသာ သတ်မှတ်ပေးခဲ့ပေမယ့် မက်ဆီကတော့ သူ့ရဲ့ အတိကျဆုံး အရည်အသွေးနဲ့ လှလှပပ ကန်သွင်းပြီး အာဂျင်တီးနားအတွက် တတိယမြောက်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ ဒီနှစ် ကိုပါအမေရိကပြိုင်ပွဲမှာ အထက်မြက်ဆုံး ခြေစွမ်းပြနေပြီး သွင်းဂိုး ၄ ဂိုးအထိ သွင်းယူထားနိုင်သလို ဖန်တီးမှုလည်း ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်သလို အာဂျင်တီးနားရဲ့ ကစားထားပြီးသမျှ ၅ ပွဲမှာ ၄ ကြိမ်အထိ ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဥရုဂွေးကို ပင်နယ်တီမှာ အနိုင်ရရှိပြီး တက်လာတဲ့ ကိုလံဘီယာနဲ့ တွေ့ဆုံရမှာဖြစ်ပြီး တစ်ဖက် ပီရူးနဲ့ တွေ့ဆုံနေတဲ့ ဘရာဇီးလ်ကို ရင်ဆိုင်ဖို့ နောက်တစ်ဆင့်တက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး မက်ဆီရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ချိန်မှာမှ တစ်သင်းလုံး တက်ညီလက်ညီ လှော်ခတ်နေကြတဲ့ အာဂျင်တီးနားတို့ ၁၉၉၃ နောက်ပိုင်း တစ်ခါမှ ဗိုလ်မစွဲဖူးသေးတဲ့ ၂၄ နှစ်ကြာ မှတ်တမ်းကို ချိုးဖျက်နိုင်ဖို့ ပရိသတ်တွေ မျှော်လင့်ဆုတောင်းနေကြမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔ပြဲမွာလည္း တည္ၿငိမ္တဲ့ ေျခစြမ္းကို အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီရဲ႕ ဦးေဆာင္မႈနဲ႔ ျပသေနၿပီး ကြာတားဖိုင္နယ္အဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို အန္နာ ဗလင္စီယာတစ္ေယာက္နဲ႔ အီေကြေဒါတို႔ ရင္ဆိုင္ကစားႏိုင္ျခင္းမရွိဘဲ ေနာက္ေကာက္က်ခဲ့ရတာလည္းျဖစ္ပါတယ္။

ဆာဂ်ီယို အေဂြ႐ို၊ အာလီဟန္ဒ႐ို ဂိုမက္ဇ္၊ အန္ဟဲလ္ ဒီမာရီယာနဲ႔ ေကာ္ရီးယားေတြကို အရန္ခုံမွာ ထားခဲ့တဲ့ အာဂ်င္တီးနားတို႔အေနနဲ႔ လီယန္ဒ႐ို ပါေရးဒက္စ္၊ ႐ိုဒရီဂို ဒီေပါလ္တို႔ရဲ႕ ကြင္းလယ္နဲ႔ မက္ဆီရဲ႕ေနာက္က ကစားေပးခဲ့သလို ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဖီအိုရင္တီးနားေရာက္ နီကိုလတ္စ္ ဂြန္ဇာလက္ဇ္တို႔ကေတာ့ တိုက္စစ္အေထာင္မွာ ကစားလာခဲ့ၾကပါတယ္။

အာဂ်င္တီးနားလူမ်ိဳးနည္းျပ အယ္လ္ဖာ႐ို ကိုင္တြယ္တဲ့ အီေကြေဒါအသင္းအေနနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ေျပးအားကို မထိန္းႏိုင္ဘဲ မၾကာခဏဆိုသလို ေပါက္ထြက္ေနခဲ့ၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ကြင္းလယ္ကေန ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို မက္ဆီတစ္ေယာက္တည္း ဂိုးသမားေရွ႕မွာ လြတ္လြတ္ကြၽတ္ကြၽတ္ရၿပီး ကန္သြင္းခြင့္ရခဲ့ေပမယ့္ တိုင္ထိသြားခဲ့လို႔ ျဖဴျပာက်ားေတြ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ အီေကြေဒါကြင္းလယ္လူ ဂ်က္ဆန္ မန္ဒက္ဇ္ရဲ႕ ေဗာ္လီကန္ခ်က္ကို ဂိုးသမား အီမီ မာတီနက္ဇ္ ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ နီကိုလတ္စ္ ဂြန္ဇာလက္နဲ႔ ဂိုးသမား တစ္ေယာက္ခ်င္းေတြ႕ၿပီး ပ်က္ခဲ့တဲ့ ေဘာလုံးကို မက္ဆီက ညာျခမ္းကို ခ်ိဳးေပးတာမွာ ဒီေႏြ ဥေရာပ ေဈးကြက္မွာမွာ ေဟာ့ေနတဲ့ ႐ိုဒရီဂို ဒီေပါလ္က ေသြးေအးေအးနဲ႔ အဆုံးသတ္ၿပီး အာဂ်င္တီးနားတို႔ အဖြင့္ဂိုးရခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အာဂ်င္တီးနားတို႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးျပန္ရဖို႔ ႀကိဳးစားေနခဲ့တဲ့ အီေကြေဒါေၾကာင့္ ဂိုးသမား မာတီနက္ဇ္ အလုပ္မ်ားခဲ့ရၿပီး အင္နာ ဗလင္စီယာဦးေဆာင္တဲ့ တိုက္စစ္ပိုင္းက ေတာ္ေတာ္ေလး ျပန္လည္ထႂကြလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အမွတ္မရွိတဲ့ အီေကြေဒါေနာက္တန္းရဲ႕ လူေပးမွားမႈကေနပဲ မက္ဆီက ေဘာလုံးျပန္ရၿပီး ဘယ္ကေန လိုက္တက္လာတဲ့ ေလာ္တာ႐ိုဆီ ေပးရာမွာ အင္တာတိုက္စစ္မႉးက ဂိုးသမားရဲ႕ အေပၚေထာင့္ကို ကန္သြင္းရယူသြားခဲ့လို႔ အာဂ်င္တီးနားတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာထဲ ဝင္လာတဲ့ လူစားဝင္ ဒီမာရီယာကို ဆြဲလွဲတဲ့ အီေကြေဒါေနာက္ခံလူ ဟင္ကာပီး အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရသလို ဒိုင္လူႀကီးက ဧရိယာအျပင္မွာ ျပစ္ဒဏ္ေဘာသာ သတ္မွတ္ေပးခဲ့ေပမယ့္ မက္ဆီကေတာ့ သူ႔ရဲ႕ အတိက်ဆုံး အရည္အေသြးနဲ႔ လွလွပပ ကန္သြင္းၿပီး အာဂ်င္တီးနားအတြက္ တတိယေျမာက္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီကေတာ့ ဒီႏွစ္ ကိုပါအေမရိကၿပိဳင္ပြဲမွာ အထက္ျမက္ဆုံး ေျခစြမ္းျပေနၿပီး သြင္းဂိုး ၄ ဂိုးအထိ သြင္းယူထားႏိုင္သလို ဖန္တီးမႈလည္း ၄ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာျဖစ္သလို အာဂ်င္တီးနားရဲ႕ ကစားထားၿပီးသမွ် ၅ ပြဲမွာ ၄ ႀကိမ္အထိ ရယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္အဆင့္မွာေတာ့ ဥ႐ုေဂြးကို ပင္နယ္တီမွာ အႏိုင္ရရွိၿပီး တက္လာတဲ့ ကိုလံဘီယာနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး တစ္ဖက္ ပီ႐ူးနဲ႔ ေတြ႕ဆုံေနတဲ့ ဘရာဇီးလ္ကို ရင္ဆိုင္ဖို႔ ေနာက္တစ္ဆင့္တက္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး မက္ဆီရဲ႕ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္လာႏိုင္ခ်ိန္မွာမွ တစ္သင္းလုံး တက္ညီလက္ညီ ေလွာ္ခတ္ေနၾကတဲ့ အာဂ်င္တီးနားတို႔ ၁၉၉၃ ေနာက္ပိုင္း တစ္ခါမွ ဗိုလ္မစြဲဖူးေသးတဲ့ ၂၄ ႏွစ္ၾကာ မွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ဆုေတာင္းေနၾကမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.