Premier League

ယူႏုိက္တက္ဟာ ႀကီးမားတဲ့ မိသားစုႀကီးတစ္ခုျဖစ္လို႔ ခုလိုမ်ဳိး တုိးတက္ခြင့္ရခဲ့တာလို႔ တာဟစ္ခ်ဳံးဆို

မန္ခ်က္စတာယူႏုိက္တက္အသင္းကို အသက္ ၁၆ ႏွစ္အရြယ္ကတည္းက ေရာက္ရွိလာခဲ့ၿပီး လူငယ္အသင္းအဆင့္ဆင့္ကေန အသင္းႀကီးဆီ ကစားခြင့္ရတဲ့အထိ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္တဲ့ ေတာင္ပံကစားသမား တာဟစ္ခ်ဳံးက အသင္းအေနနဲ႔ မိသားစုႀကီးတစ္ခုလို ျဖစ္ေနတာဟာ သူတုိ႔လူငယ္ေတြကို ဒီအဆင့္ကို ေရာက္ေစႏုိင္တာလို႔ ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ အင္တာမီလန္အသင္းနဲ႔ နီးစပ္ခဲ့ဖူးတဲ့ တာဟစ္ခ်ဳံးဟာ မတ္လမွာ အသင္းနဲ႔ စာခ်ဳပ္သစ္ ေရးထိုးႏုိင္ခဲ့မွဳနဲ႔အတူ ၂၀၂၂ ေႏြရာသီအထိ ဆက္လက္ရွိေနေတာ့မွာျဖစ္ၿပီး ယူ႐ိုပါလိဂ္ၿပဳိင္ပြဲအျဖစ္ကစားတဲ့ အေဝးကြင္းက LASK လင့္ဇ္နဲ႔ပြဲမွာလည္း ႏွစ္ဂိုးဖန္တီးေပးႏုိင္ခဲ့ၿပီး ေဘာလုံးပြဲေတြ ရပ္နားခဲ့ရတာက လြဲရင္ သူ႕အတြက္ ေပ်ာ္ရႊင္စရာ လတစ္လလည္းျဖစ္ခဲ့တာပ။ါ

ၿပီးခဲ့တဲ့ ေလးႏွစ္တုန္းက နယ္သာလန္ကလပ္ ဖီယင္ႏုအကယ္ဒမီကေန နည္းျပေဟာင္း လြီဗန္ငါး(လူးဝစ္ ဗန္ဂါးလ္)လက္ထက္မွာ ေရာက္ရွိလာခဲ့တဲ့ တာဟစ္ခ်ဳံးဟာ ယူႏိုက္တက္ရဲ႕ လူငယ္အသင္းအဆင့္ဆင့္ကို ျဖတ္သန္းခဲ့သလိုပဲ ႏုိင္ငံအသင္းမွာလည္း ယူ-၁၅ အဆင့္ကေန စတင္ကစားခဲ့ၿပီး လက္ရွိမွာ ယူ-၂၁ အဆင့္အထိ ဆက္တုိက္ကစားခြင့္ရရွိထားသူျဖစ္ပါတယ္။

“ကၽြန္ေတာ့္အတြက္တင္ မဟုတ္ပါဘူး… တျခားလူေတြလည္း ဒီလိုပဲျဖစ္မွာပါ။ အသက္ ၁၆ ႏွစ္မွာ အသင္းကို ေရာက္လာကတည္းက ဒီမွာ အားလုံး တစ္စုတစ္စည္းတည္းရွိတဲ့ မိသားစုစိတ္ဓာတ္ကို ခံစားခဲ့ရပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႔လို လူငယ္ေတြအတြက္ အေကာင္းဆုံး ခြန္အားလည္း ျဖစ္ခဲ့တာပါ”လို႔ အသက္ ၂၀ အရြယ္ ေတာင္ပံကစားသမားက ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္တူး ၿပဳိင္ပြဲဝင္အသင္းမွာ ပုံမွန္ကစားခြင့္ရေနတဲ့ တာဟစ္ခ်ဳံးဟာ ယူ-၂၃ အသင္းအတြက္ ၅ ဂိုးသြင္း ၅ ဂိုးဖန္တီးေပးထားၿပီး သူ႕ရဲ႕ ေျခစြမ္းကို ႏွစ္သက္ေနတဲ့ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက ဒီရာသီမွာ အသင္းႀကီးနဲ႔အတူ မၾကာခဏ လူစားဝင္အျဖစ္ ကစားခြင့္ေပးထားခဲ့ၿပီး ယူ႐ိုပါလိဂ္၊ အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားေတြမွာ ပြဲထြက္ ၃ ပြဲအထိ ကစားခဲ့ၿပီးျဖစ္ေၾကာင္းလည္ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကို အသက် ၁၆ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့ပြီး လူငယ်အသင်းအဆင့်ဆင့်ကနေ အသင်းကြီးဆီ ကစားခွင့်ရတဲ့အထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်တဲ့ တောင်ပံကစားသမား တာဟစ်ချုံးက အသင်းအနေနဲ့ မိသားစုကြီးတစ်ခုလို ဖြစ်နေတာဟာ သူတို့လူငယ်တွေကို ဒီအဆင့်ကို ရောက်စေနိုင်တာလို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အင်တာမီလန်အသင်းနဲ့ နီးစပ်ခဲ့ဖူးတဲ့ တာဟစ်ချုံးဟာ မတ်လမှာ အသင်းနဲ့ စာချုပ်သစ် ရေးထိုးနိုင်ခဲ့မှုနဲ့အတူ ၂၀၂၂ နွေရာသီအထိ ဆက်လက်ရှိနေတော့မှာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ်ကစားတဲ့ အဝေးကွင်းက LASK လင့်ဇ်နဲ့ပွဲမှာလည်း နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဘောလုံးပွဲတွေ ရပ်နားခဲ့ရတာက လွဲရင် သူ့အတွက် ပျော်ရွှင်စရာ လတစ်လလည်းဖြစ်ခဲ့တာပ။ါ

ပြီးခဲ့တဲ့ လေးနှစ်တုန်းက နယ်သာလန်ကလပ် ဖီယင်နုအကယ်ဒမီကနေ နည်းပြဟောင်း လွီဗန်ငါး(လူးဝစ် ဗန်ဂါးလ်)လက်ထက်မှာ ရောက်ရှိလာခဲ့တဲ့ တာဟစ်ချုံးဟာ ယူနိုက်တက်ရဲ့ လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းခဲ့သလိုပဲ နိုင်ငံအသင်းမှာလည်း ယူ-၁၅ အဆင့်ကနေ စတင်ကစားခဲ့ပြီး လက်ရှိမှာ ယူ-၂၁ အဆင့်အထိ ဆက်တိုက်ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တင် မဟုတ်ပါဘူး… တခြားလူတွေလည်း ဒီလိုပဲဖြစ်မှာပါ။ အသက် ၁၆ နှစ်မှာ အသင်းကို ရောက်လာကတည်းက ဒီမှာ အားလုံး တစ်စုတစ်စည်းတည်းရှိတဲ့ မိသားစုစိတ်ဓာတ်ကို ခံစားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့လို လူငယ်တွေအတွက် အကောင်းဆုံး ခွန်အားလည်း ဖြစ်ခဲ့တာပါ”လို့ အသက် ၂၀ အရွယ် တောင်ပံကစားသမားက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်တူး ပြိုင်ပွဲဝင်အသင်းမှာ ပုံမှန်ကစားခွင့်ရနေတဲ့ တာဟစ်ချုံးဟာ ယူ-၂၃ အသင်းအတွက် ၅ ဂိုးသွင်း ၅ ဂိုးဖန်တီးပေးထားပြီး သူ့ရဲ့ ခြေစွမ်းကို နှစ်သက်နေတဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ဒီရာသီမှာ အသင်းကြီးနဲ့အတူ မကြာခဏ လူစားဝင်အဖြစ် ကစားခွင့်ပေးထားခဲ့ပြီး ယူရိုပါလိဂ်၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတွေမှာ ပွဲထွက် ၃ ပွဲအထိ ကစားခဲ့ပြီးဖြစ်ကြောင်းလည် သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.