Premier League Transfer News

4 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဟက်တာ ဘယ်လာရင် ထွက်ခွာသွားနိုင်တဲ့ ညာနောက်ခံလူနေရာအတွက် ဒိန်းမတ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ အတ္တလန်တာနောက်ခံလူ ယိုအာခင်မ် မေလီကို စိတ်ဝင်စားလာခဲ့ပြီး အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ‌ဘယ်ခြမ်းမှာပါ ကစားနိုင်ကြောင်း တွေ့မြင်ထားရ။

– လန်ဒန်ကို ရောက်ရှိနေတဲ့ ဘယ်နောက်ခံလူ နူနို တာဗာရက်စ်အတွက် လာမယ့် ၄၈ နာရီအတွင်းမှာ ဆေးစစ်နိုင်ကြောင်း သိရပြီး အာဆင်နယ်အသင်းရဲ့ ဒီနွေရာသီ ပထမဆုံး ခေါ်ယူမှုအဖြစ် ၂၁ နှစ်သားနဲ့ စတင်ဖွင့်လှစ် ကြေငြာနိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာရှိနေ။

– အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ရာသီဝက်မှာ ဆောင်းရာသီကစပြီး အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အနေနဲ့ သူ့ရှေ့က ရီးရဲလ်မက်ဒရစ်အသင်းဖော် ဒါနီ စီဘာယော့စ်လိုမျိုး နောက်တစ်နှစ်အငှားနဲ့ ထပ်ကစားဖို့ မရှိကြောင်း အတည်ပြုခဲ့ပြီး အသင်းမှာ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေအတွက် ကျေးဇူးတင်စကားကိုဆိုသွားခဲ့။

– ဘင်ဖီကာအသင်းရဲ့ ဆက်သွယ်ကြိုးပမ်းလာမှုကို ပယ်ချခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအနေနဲ့ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာသာ ပြန်လည်ခြေချဖို့ အလိုရှိနေပြီး တစ်ရာသီအငှား+ ရာသီကုန်မှာ ယူရို ၁၁ သန်းနဲ့ အပြီးသတ် ကမ်းလှမ်းခဲ့တဲ့ မာဆေးလ်အသင်းကိုပဲ ရွေးချယ်ခဲ့သလို အာဆင်နယ်အသင်းကနေ လာမယ့် သုံးလေးရက်အတွင်း တရားဝင် ထွက်ခွာဖို့ ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ အန်ဒါလက်ချ်ရဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကို ခေါ်ယူသွားဖို့ နီးစပ်နေချိန်မှာ ရူဘင် နီဗက်စ်လို ကစားသမားမျိုးကို ဂရာနစ် ချာကာရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ နောက်ခံလူဟောင်း နိုက်ဂျယ် ဝင်းတားဘန်းက ပြောလိုက်ပြီး ပေါ်တူဂီကွင်းလယ်လူဟာ အရည်အသွေး မလုံလောက်ဘူးလို့ဆို။

– အသင်းဖော်ဟောင်း နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ရဲ့ တွစ်တာပို့စ်ကို Like လုပ်သွားခဲ့တဲ့ လိုင်လီကွင်းလယ်လူ ရီနာတို ဆန်ချက်စ်ကြောင့် အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသားရဲ့ ဖြစ်နိုင်ဖွယ် အမ်းမရိတ် အပြောင်းအရွှေ့ကို မျှော်လင့်နေကြ။

– ဝက်စ်ဘရွန်းအသင်းမှာ လက်စွမ်းပြခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တံခါးကိုပါ ခေါက်နိုင်ခဲ့တဲ့ ဂိုးသမား ဆမ် ဂျွန်စတုန်းကို အာဆင်နယ်ဘက်က စိတ်ဝင်စားနေပြီး ညှိရနှိုင်းရ ဈေးကြီးနေခဲ့သလို ခေါ်ယူဖို့ မသေချာနိုင်တဲ့ အာရွန် ရမ်းစ်ဒေးလ်ရဲ့ နေရာမှာ ပြောင်းလဲ ပစ်မှတ်ထားနေ။

– စောစောစီးစီး တောင်းတဲ့ ပြောင်းရွှေ့ကြေးကို သဘောမတူခဲ့တဲ့ ဂျိုဆေး မော်ရင်ညိုရဲ့ ရိုးမားအသင်းအနေနဲ့ ကွင်းလယ်လူ ချာကာအတွက် နောက်ကောက်ကျဖွယ်ရှိနေပြီး ယူရိုမှာ ခြေစွမ်းပြခဲ့ချိန်မှာ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ စပါးစ်အသင်းတွေက သူ့ကို ယူရို ၂၅ သန်း (ပေါင် ၂၁.၅ သန်း)ပေးပြီး ခေါ်ယူဖို့ အဆင်သင့်ရှိနေကြ။

– ပြီးခဲ့တဲ့ ယူကရိန်းအသင်းနဲ့ ပွဲစဉ်မှာ ဘူကာယို ဆာကာရဲ့ ဒဏ်ရာကြောင့် ပါဝင်ကစားခွင့်ရခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုရဲ့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေးကို လွဲချော်ခဲ့ချိန်မှာ သူတို့ ကစားသမားသာဆိုရင် ဝင်အောင်ကန်နိုင်မှာလို့ အာဆင်နယ်ပရိသတ်တွေက ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရောက်ဖို့ ရှိနေတဲ့ ကစားသမားကို လှောင်ပြောင်သွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဟက္တာ ဘယ္လာရင္ ထြက္ခြာသြားႏိုင္တဲ့ ညာေနာက္ခံလူေနရာအတြက္ ဒိန္းမတ္အသင္းမွာ ေျခစြမ္းျပသေနတဲ့ အတၱလန္တာေနာက္ခံလူ ယိုအာခင္မ္ ေမလီကို စိတ္ဝင္စားလာခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ‌ဘယ္ျခမ္းမွာပါ ကစားႏိုင္ေၾကာင္း ေတြ႕ျမင္ထားရ။

– လန္ဒန္ကို ေရာက္ရွိေနတဲ့ ဘယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္အတြက္ လာမယ့္ ၄၈ နာရီအတြင္းမွာ ေဆးစစ္ႏိုင္ေၾကာင္း သိရၿပီး အာဆင္နယ္အသင္းရဲ႕ ဒီေႏြရာသီ ပထမဆုံး ေခၚယူမႈအျဖစ္ ၂၁ ႏွစ္သားနဲ႔ စတင္ဖြင့္လွစ္ ေၾကျငာႏိုင္ဖို႔ အနီးစပ္ဆုံး အေနအထားမွာရွိေန။

– အာဆင္နယ္အသင္းကို ၿပီးခဲ့တဲ့ ရာသီဝက္မွာ ေဆာင္းရာသီကစၿပီး အငွားနဲ႔ လာေရာက္ကစားခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ သူ႔ေရွ႕က ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ ဒါနီ စီဘာေယာ့စ္လိုမ်ိဳး ေနာက္တစ္ႏွစ္အငွားနဲ႔ ထပ္ကစားဖို႔ မရွိေၾကာင္း အတည္ျပဳခဲ့ၿပီး အသင္းမွာ ေပ်ာ္႐ႊင္ခဲ့ရတဲ့ အခ်ိန္ေတြအတြက္ ေက်းဇူးတင္စကားကိုဆိုသြားခဲ့။

– ဘင္ဖီကာအသင္းရဲ႕ ဆက္သြယ္ႀကိဳးပမ္းလာမႈကို ပယ္ခ်ခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအေနနဲ႔ ျပင္သစ္လီဂူးဝမ္းၿပိဳင္ပြဲမွာသာ ျပန္လည္ေျခခ်ဖို႔ အလိုရွိေနၿပီး တစ္ရာသီအငွား+ ရာသီကုန္မွာ ယူ႐ို ၁၁ သန္းနဲ႔ အၿပီးသတ္ ကမ္းလွမ္းခဲ့တဲ့ မာေဆးလ္အသင္းကိုပဲ ေ႐ြးခ်ယ္ခဲ့သလို အာဆင္နယ္အသင္းကေန လာမယ့္ သုံးေလးရက္အတြင္း တရားဝင္ ထြက္ခြာဖို႔ ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ အန္ဒါလက္ခ်္ရဲ႕ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါကို ေခၚယူသြားဖို႔ နီးစပ္ေနခ်ိန္မွာ ႐ူဘင္ နီဗက္စ္လို ကစားသမားမ်ိဳးကို ဂရာနစ္ ခ်ာကာရဲ႕ေနရာမွာ အစားထိုးဖို႔ ေခၚယူသြားမွာ မဟုတ္ဘူးလို႔ ေနာက္ခံလူေဟာင္း ႏိုက္ဂ်ယ္ ဝင္းတားဘန္းက ေျပာလိုက္ၿပီး ေပၚတူဂီကြင္းလယ္လူဟာ အရည္အေသြး မလုံေလာက္ဘူးလို႔ဆို။

– အသင္းေဖာ္ေဟာင္း ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ရဲ႕ တြစ္တာပို႔စ္ကို Like လုပ္သြားခဲ့တဲ့ လိုင္လီကြင္းလယ္လူ ရီနာတို ဆန္ခ်က္စ္ေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ ေပၚတူဂီသားရဲ႕ ျဖစ္ႏိုင္ဖြယ္ အမ္းမရိတ္ အေျပာင္းအေ႐ႊ႕ကို ေမွ်ာ္လင့္ေနၾက။

– ဝက္စ္ဘ႐ြန္းအသင္းမွာ လက္စြမ္းျပခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ တံခါးကိုပါ ေခါက္ႏိုင္ခဲ့တဲ့ ဂိုးသမား ဆမ္ ဂြၽန္စတုန္းကို အာဆင္နယ္ဘက္က စိတ္ဝင္စားေနၿပီး ညႇိရႏႈိင္းရ ေဈးႀကီးေနခဲ့သလို ေခၚယူဖို႔ မေသခ်ာႏိုင္တဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ေနရာမွာ ေျပာင္းလဲ ပစ္မွတ္ထားေန။

– ေစာေစာစီးစီး ေတာင္းတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာမတူခဲ့တဲ့ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းအေနနဲ႔ ကြင္းလယ္လူ ခ်ာကာအတြက္ ေနာက္ေကာက္က်ဖြယ္ရွိေနၿပီး ယူ႐ိုမွာ ေျခစြမ္းျပခဲ့ခ်ိန္မွာ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီ၊ လီဗာပူးလ္၊ မန္စီးတီးနဲ႔ စပါးစ္အသင္းေတြက သူ႔ကို ယူ႐ို ၂၅ သန္း (ေပါင္ ၂၁.၅ သန္း)ေပးၿပီး ေခၚယူဖို႔ အဆင္သင့္ရွိေနၾက။

– ၿပီးခဲ့တဲ့ ယူကရိန္းအသင္းနဲ႔ ပြဲစဥ္မွာ ဘူကာယို ဆာကာရဲ႕ ဒဏ္ရာေၾကာင့္ ပါဝင္ကစားခြင့္ရခဲ့တဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ ပထမပိုင္းမွာ ရရွိခဲ့တဲ့ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ခ်ိန္မွာ သူတို႔ ကစားသမားသာဆိုရင္ ဝင္ေအာင္ကန္ႏိုင္မွာလို႔ အာဆင္နယ္ပရိသတ္ေတြက ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ဖို႔ ရွိေနတဲ့ ကစားသမားကို ေလွာင္ေျပာင္သြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.