Premier League Transfer News

ပီရက်ဇ်ရဲ့ အကြံအစည်ကို မန်ချက်စတာယူနိုက်တက်တို့ ကျော်ဖြတ်နိုင်မလား?

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မန်တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကို ခေါ်ယူလို့အပြီးမှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအတွက် အတွဲအဖက်ဖြစ်လာဖို့ ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှုးကို ရှာဖွေနေတာက ရီးရဲလ်မက်ဒရစ်ကစားသမား ရာဖေးလ် ဗာရွန်းနဲ့ အတော်လေး နီးစပ်မှုရှိလာခဲ့ပြီး အပြောင်းအရွှေ့ကိစ္စအတွက် နေ့စဥ်တိုးတက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒီနေရာမှာ အခက်အခဲတခုအနေနဲ့ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ ဆုံးဖြတ်ချက်က ကြားခံနေသလို ညှိနှိုင်းမှုတွေနဲ့ စကားပြောဆိုမှုတွေဟာ အဆင့်တခုအထိ ပေါက်ရောက်ခဲ့ပြီးမှ ယူနိုက်တက်ကို အခက်တွေ့အောင် ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ စပိန်ကလာတဲ့ သတင်းတွေက ဖော်ပြနေကြတာဖြစ်ပြီး ဒါဟာ မက်ဒရစ်ဘောလုံးမာဖီးယားကြီးရဲ့ စျေးတင်းထားမှုဖြစ်တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ဗာရွန်းကို ပေါင် ၄၃ သန်းနဲ့ စျေးဖွင့်ခဲ့ပြီး ဒါဟာ ရီးရဲလ်အသင်းအတွက်လည်း ပျော်ရွှင်စရာ စျေးနှုန်းဖြစ်ပြီး ကမ်းလှမ်းမှုကို ကြိုဆိုခံထားရချိန်မှာ ဆာဂျီယို ရာမို့စ် ထွက်ခွာသွားလို့ ပြင်သစ်သားကို ဘာနေဗျူးကနေ လွယ်လွယ်နဲ့ လက်လွှတ်ဖို့ကိုတော့ ပြန်လည်သုံးသပ်နေဆဲဖြစ်တဲ့ သောင်မတင် ရေမကျ အခြေအ​နေကို မြင်တွေ့နေရတာဖြစ်ပြီး အက်ဒ် ဝုဒ်ဝဒ်တို့ဘက်က ဘယ်လိုထပ်မံဆွဲဆောင်နိုင်မလဲဆိုတာက စကားပြောလာမှာပါ။

ပြင်သစ်သားအနေနဲ့ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်လည်းဖြစ်သလို ရီယို ဖာဒီနန်ကို လေးစားအားကျခဲ့ရသူဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်မြေကို ပြောင်းရွှေ့လိုတဲ့ဆန္ဒ ပြင်းပြခဲ့ပေမယ့် အထမမြောက်ခဲ့တာဖြစ်ပြီး လက်ရှိကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆုဖလား ၁၈ လုံး ဆွတ်ခူးပြီး ဥရောပထိပ်တန်းအဖြစ် ကြီးစိုးပြီးတဲ့နောက် သူ့ရဲ့အိပ်မက်ကို တကျော့ပြန်အကောင်အထည်ဖော်လိုနေတာဖြစ်လို့ ကစားသမားရဲ့ အာသီသကတော့ ထင်ရှားခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ သူ့ကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ရီးရဲလ်ဘက်က ဆွဲတင်သွားမယ့် စျေးစကားနောက်ကို အမီလိုက်သွားဖို့ အသင့်ရှိနေချိန်မှာ ပြင်သစ်အသင်းကလည်း ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် အခုအပြောင်းအရွှေ့လှုပ်ရှားမှုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ မစတင်မီ အမြန်ဆုံးလက်စသတ်နိုင်မယ်လို့ မျှော်လင့်ခံထားရတာကြောင့် ပရိသတ်တွေ ရင်အေးသွားရဖို့လည်း ရှိပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းက အကြီးအကျယ် ချိတ်ဆက်နေတဲ့ ရင်းနေးကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါလို လူငယ်ကြယ်ပွင့်ကို အခုနွေရာသီမှာ ညှိနှိုင်းလို့ မရခဲ့ရင်လည်း ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ကိစ္စ အကွဲအပြဲတွေဖြစ်နေတဲ့ ဂျာမန်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို ခေါ်ယူသွားပြီး ပစ်မှတ်ထားနေတယ်လို့ သိရပြီး နီမန်ဂျာ မာတစ်ချ် ကျဆင်းသွားတဲ့ ကွင်းလယ်လုပ်အားကို ဖြည့်ဖို့ ခြေလှမ်းနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ သောကြာနေ့ နောက်ဆုံးသတင်းအရ အသက် ၂၆ နှစ်သားရဲ့ လစာကိစ္စဟာ ဘိုင်ယန်အသင်းကို ခေါင်းကိုက်စရာတွေ ပေးနေတယ်လို့ အခိုင်အမာ သိရပြီး ကင်းစလီ ကိုမွန်နဲ့ ဂျိုရှုအာ ကင်းမစ်ချ်တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ လုံးပန်းနေရချိန်မှာ သူတို့လှည့်မကြည့်နိုင်တဲ့ ဂေါ်ရက်ဇ်ကာကို ယူနိုက်တက်အသင်းက လက်သွက်သွက်နဲ့ ကျေနပ်လောက်ဖွယ် လစာကိုပါ ကမ်းလှမ်းပြီး အမြန်ဆုံးသဘောတူညီမှု ရယူသွားဖွယ် ရှိနေတယ်လို့လည်း သိရှိထားရကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မန်တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကို ခေါ်ယူလို့အပြီးမှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအတွက် အတွဲအဖက်ဖြစ်လာဖို့ ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှုးကို ရှာဖွေနေတာက ရီးရဲလ်မက်ဒရစ်ကစားသမား ရာဖေးလ် ဗာရွန်းနဲ့ အတော်လေး နီးစပ်မှုရှိလာခဲ့ပြီး အပြောင်းအရွှေ့ကိစ္စအတွက် နေ့စဉ်တိုးတက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒီနေရာမှာ အခက်အခဲတခုအနေနဲ့ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ ဆုံးဖြတ်ချက်က ကြားခံနေသလို ညှိနှိုင်းမှုတွေနဲ့ စကားပြောဆိုမှုတွေဟာ အဆင့်တခုအထိ ပေါက်ရောက်ခဲ့ပြီးမှ ယူနိုက်တက်ကို အခက်တွေ့အောင် ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ စပိန်ကလာတဲ့ သတင်းတွေက ဖော်ပြနေကြတာဖြစ်ပြီး ဒါဟာ မက်ဒရစ်ဘောလုံးမာဖီးယားကြီးရဲ့ ဈေးတင်းထားမှုဖြစ်တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ဗာရွန်းကို ပေါင် ၄၃ သန်းနဲ့ ဈေးဖွင့်ခဲ့ပြီး ဒါဟာ ရီးရဲလ်အသင်းအတွက်လည်း ပျော်ရွှင်စရာ ဈေးနှုန်းဖြစ်ပြီး ကမ်းလှမ်းမှုကို ကြိုဆိုခံထားရချိန်မှာ ဆာဂျီယို ရာမို့စ် ထွက်ခွာသွားလို့ ပြင်သစ်သားကို ဘာနေဗျူးကနေ လွယ်လွယ်နဲ့ လက်လွှတ်ဖို့ကိုတော့ ပြန်လည်သုံးသပ်နေဆဲဖြစ်တဲ့ သောင်မတင် ရေမကျ အခြေအ​နေကို မြင်တွေ့နေရတာဖြစ်ပြီး အက်ဒ် ဝုဒ်ဝဒ်တို့ဘက်က ဘယ်လိုထပ်မံဆွဲဆောင်နိုင်မလဲဆိုတာက စကားပြောလာမှာပါ။


ယူနိုက်တက်တို့အနေနဲ့ သူ့ကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ရီးရဲလ်ဘက်က ဆွဲတင်သွားမယ့် ဈေးစကားနောက်ကို အမီလိုက်သွားဖို့ အသင့်ရှိနေချိန်မှာ ပြင်သစ်အသင်းကလည်း ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် အခုအပြောင်းအရွှေ့လှုပ်ရှားမှုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ မစတင်မီ အမြန်ဆုံးလက်စသတ်နိုင်မယ်လို့ မျှော်လင့်ခံထားရတာကြောင့် ပရိသတ်တွေ ရင်အေးသွားရဖို့လည်း ရှိပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းက အကြီးအကျယ် ချိတ်ဆက်နေတဲ့ ရင်းနေးကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါလို လူငယ်ကြယ်ပွင့်ကို အခုနွေရာသီမှာ ညှိနှိုင်းလို့ မရခဲ့ရင်လည်း ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ကိစ္စ အကွဲအပြဲတွေဖြစ်နေတဲ့ ဂျာမန်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို ခေါ်ယူသွားပြီး ပစ်မှတ်ထားနေတယ်လို့ သိရပြီး နီမန်ဂျာ မာတစ်ခ်ျ ကျဆင်းသွားတဲ့ ကွင်းလယ်လုပ်အားကို ဖြည့်ဖို့ ခြေလှမ်းနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ သောကြာနေ့ နောက်ဆုံးသတင်းအရ အသက် ၂၆ နှစ်သားရဲ့ လစာကိစ္စဟာ ဘိုင်ယန်အသင်းကို ခေါင်းကိုက်စရာတွေ ပေးနေတယ်လို့ အခိုင်အမာ သိရပြီး ကင်းစလီ ကိုမွန်နဲ့ ဂျိုရှူအာ ကင်းမစ်ခ်ျတို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ လုံးပန်းနေရချိန်မှာ သူတို့လှည့်မကြည့်နိုင်တဲ့ ဂေါ်ရက်ဇ်ကာကို ယူနိုက်တက်အသင်းက လက်သွက်သွက်နဲ့ ကျေနပ်လောက်ဖွယ် လစာကိုပါ ကမ်းလှမ်းပြီး အမြန်ဆုံးသဘောတူညီမှု ရယူသွားဖွယ် ရှိနေတယ်လို့လည်း သိရှိထားရကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.