Premier League

၃၂ ပွဲ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ ဆီမီးတက်သွားတဲ့ အာဇူရီ- အီတလီ ၂-၁ ဘယ်လ်ဂျီယမ် ပွဲအပြီး မှတ်မှတ်ရရပြောစရာ ၇ချက်

ပျောက်ဆုံးခဲ့ပြန်တဲ့ ဒီဘရိုင်းနားတို့ ရွှေရောင်မျိုးဆက်
နိုင်ငံတကာအဆင့်မှာတော့ ဘယ်လ်ဂျီယမ်အသင်းက တဝဲဝဲလည်နဲ့ လိုရာမရောက်တဲ့ အသင်းအဖြစ် ပန်းတိုင်မဝင်နိုင်ဘဲ ပျောက်ဆုံးခဲ့တဲ့ ရွှေရောင်မျိုးဆက်အဖြစ်သာ ဆက်လက်အဖတ်တင်ခဲ့ပါတယ်။ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ စပိန်တို့ရဲ့ အစဥ်အလာအတိုင်း အကောင်းဆုံး မျိုးဆက်သစ်ကို ပိုင်ဆိုင်ခဲ့ပေမယ့် နိုင်ငံတကာဥရောပအဆင့်မှာတော့ ဗိုလ်ဝင်ခံဖို့ ပါရမီအထူးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ဘယ်လ်ဂျီယမ်တို့ ကျဆုံးနေဆဲ အခြေအနေဖြစ်ပြီး အသက် ၃၀ တန်းဝင်လာတဲ့ ဒီမျိုးဆက်အတွက် လာမယ့်ကမ္ဘာ့ဖလပြိုင်ပွဲကသာ ထပ်မျှော်လင့်စရာအနေနဲ့ ပေါက်ကွဲပြရဦးမှာပါ။

စပီနက်ဇိုလာမပါဘဲ တိုက်ပွဲဝင်ရတော့မယ့် အာဇူရီ.
နည်းပြမန်ချီနီရဲ့ အီတလီအသင်းကတော့ ပွဲမပြီးခင် ၁၀ မိနစ်အလိုမှာ ပြိုင်ပွဲတလျှောက် ခြေစွမ်းတောက်ပလာခဲ့တဲ့ ရိုးမားကွင်းလယ်လူ စပီနက်ဇိုလာကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီး အသက် ၂၈ နှစ်သားဟာ အာဇူရီတို့ကို ဆီမီးဖိုင်နယ်အထိ ဆွဲတင်ခဲ့ပုံက ချီးကျုးလောက်စရာ စွမ်းဆောင်ရည်အဖြစ် အသိအမှတ်ပြုရမှာပါ။ ပွဲကို ဆက်မကစားနိုင်တော့လို့ သူက အရန်ခုံတန်းကိ​ု အချက်ပြပြီး လူစားလဲဖို့ အကူအညီတောင်းခဲ့ရတာကလည်း မန်ချီနီ ကျော်ဖြတ်ရဦးမယ့် စိန်ခေါ်မှုအသစ်ဖြစ်လာဖွယ်ရှိနေပြီး အီတလီတို့ ခေါင်းကိုက်ရဦးမယ်လို့ သုံးသပ်ခံထားရပါတယ်။

မန်ချီနီနဲ့ ပန်းဝင်နိုင်မလား အီတလီ
၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်မှာ ခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့ အီတလီက ၃ နှစ်အတွင်းမှာ အချိန်ယူပြင်ဆင်ခဲ့ပြီး ဒါဟာ နည်းပြမန်ချီနီရဲ့ စွမ်းလွန်းတဲ့ တည်ဆောက်စည်းရုံးနိုင်မှုဖြစ်သလို လက်ရှိ အီတလီရဲ့ ယူရိုဆီမီးရောက် ခြေစွမ်းမှာ သူ့ကို မဖြစ်မနေ Credit ပေးရမှာပါ။ မန်ချီနီအလုပ်လုပ်ခဲ့ပုံက ပြိုကွဲနေတဲ့ မြို့ပျက်တခုကို ပြန်စုစည်းခဲ့သလို အီတလီကို နဂိုအဆင့်အတန်းပြန်ရောက်အောင် ဆွဲတင်ခံ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ၄ ကြိမ် ကိုင်မြှောက်ထားတဲ့အသင်းဟာ ၂၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းနဲ့ ယူရိုဆီမီးကို ရောက်လာတာဟာ စပိန်အသင်းအတွက်တော့ အိပ်မက်ဆိုးမက်ခြင်းမျိုးဖြစ်ခဲ့တာပါ။

ခံစစ်အမှားကို ဘယ်လ်ဂျီယမ် ဘာကြောင့်မပြုပြင်ခဲ့သလဲ
ဒီပွဲက ဘယ်လ်ဂျီယမ်ရဲ့ ခံစစ်ပိုင်းအမှားတွေကြောင့် ပေးဆပ်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲတခုဝင်ဖို့ ရှေ့၊လယ်၊နောက် ညီညွတ်ခြင်းမှာ မမျှတနိုင်ခဲ့ဘဲ အီတလီနဲ့အတွေ့မှာ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ နည်းပြရော်ဘတ်တို မာတီနက်ဇ်ရဲ့ ပွဲကြိုအစီအမံတွေက အလုပ်ဖြစ်ရဲ့လားဆိုတာတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပြီး ပေါ်တူဂီနဲ့ပွဲကလို ကံကောင်းမှုတွေကို မယူဆောင်လာနိုင်တော့တာလည်း ချန်ပီယံဖြစ်ဖို့ ရည်မှန်းတဲ့ အသင်းတိုင်းအတွက် မှတ်သားရမယ့် အချက်တချက်ဖြစ်ခဲ့တာပါ။ လူအိုတွေနဲ့ ဖွဲ့စည်းထားတဲ့ ခံစစ်ကြောင်းက ဘယ်လ်ဂျီယမ်ကို ဒုက္ခပေးသွားခဲ့တယ်လို့သာ ဆိုရမှာပါ။

လိုရန်ဇို အင်ဆစ်ဂ်ညေးရဲ့ လှပတဲ့တေးသွား
အီတလီရဲ့ ဒုတိယဦး​ဆောင်ဂိုးကို ပထမပိုင်းမှာတင် သွင်းယူပြီး ဘယ်လ်ဂျီယမ်ကို ပွဲသိမ်းပေးခဲ့တဲ့ အင်ဆစ်ဂ်ညေးရဲ့ စွမ်းဆောင်ရည်က အသင်းအတွက် အဆင့်အတန်းမြင့်ခြေစွမ်းမျိုးကိုလည်း ပြသခဲ့သလို နာပိုလီအသင်းခေါင်းဆောင်ဟာ သိပ်မကြီးမားလွန်းတဲ့ သူ့ပုံရိပ်နဲ့ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ပြီး တည်ငြိမ်စွာနဲ့ အီတလီကို ထမ်းတင်သွားခဲ့တာပါ။ အသက် ၃၀ နှစ်သားဟာ ယူရို ၂၀၂၀ မှာ သူ့နာမည်တလုံးကို ရေးထိုးနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

လီယိုနာဒို စပီနက်ဇိုလာရဲ့ ကြေကွဲခန်း ဘယ်လောက်ထိကြာမလဲ
ရိုးမားကစားသမားဟာ ခြေဖနောင့်ကြောကို ကြွက်သားပိုင်းဒဏ်ရာအဖြစ် အကြီးအကျယ်ထိခိုက်မိသွားခဲ့တာဖြစ်ပြီး အချိန်အတော်ကြာ အနားယူရတော့မယ်လို့ သတင်းတွေ​က တက်လာနေပါတယ်။ ကစားသမားအတွက်ရော အီတလီအတွက်ပါ ဝမ်းနည်းဖွယ်ရာ သတင်းတခုဖြစ်ခဲ့ပြီး မျက်ရည်တွေကျလို့ ငိုကြွေးရတဲ့အထိ နာကျင်ခံစားရတဲ့အတိုင်း ကွင်းထဲက ထွက်ခွာသွားခဲ့ရတဲ့ အီတလီသားဟာ ၁ နှစ်အထိ အနားယူရမယ်လို့ သတ်မှတ်ခံထားရပါတယ်။

ရော်နယ်လ်ဒိုကို လိုက်မမီတော့တဲ့ လူကာကူ
ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကာကူက ယူရို ၂၀၂၀ ရဲ့ သွင်းဂိုးအများဆုံး ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုကို အမီလိုက်ဖို့ အားကောင်းမောင်းသန်ကြိုးပမ်းခဲ့ပေမယ့် ခွာလိပ်ခဲ့ရပြီး ၄ ဂိုးနဲ့သာ ရပ်တန့်ခဲ့ရပြီး ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရယူသွားဖို့ တစ်ပြေးနေတဲ့ အသက် ၃၆ နှစ်သားရဲ့ ၅ ဂိုးမှတ်တမ်းကို မကျော်ဖြတ်နိုင်တော့တာကလည်း သူ့ကို ရော်နယ်လ်ဒိုနဲ့ တတန်းတည်းသတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မာန်မာနကိုလည်း ထိခိုက်သွားစေခဲ့တယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပ်ာက္ဆုံးခဲ့ျပန္တဲ့ ဒီဘ႐ိုင္းနားတို႔ ေ႐ႊေရာင္မ်ိဳးဆက္
ႏိုင္ငံတကာအဆင့္မွာေတာ့ ဘယ္လ္ဂ်ီယမ္အသင္းက တဝဲဝဲလည္နဲ႔ လိုရာမေရာက္တဲ့ အသင္းအျဖစ္ ပန္းတိုင္မဝင္ႏိုင္ဘဲ ေပ်ာက္ဆုံးခဲ့တဲ့ ေ႐ႊေရာင္မ်ိဳးဆက္အျဖစ္သာ ဆက္လက္အဖတ္တင္ခဲ့ပါတယ္။ ဘရာဇီးလ္၊ ဂ်ာမနီ၊ အီတလီ၊ ျပင္သစ္၊ စပိန္တို႔ရဲ႕ အစဥ္အလာအတိုင္း အေကာင္းဆုံး မ်ိဳးဆက္သစ္ကို ပိုင္ဆိုင္ခဲ့ေပမယ့္ ႏိုင္ငံတကာဥေရာပအဆင့္မွာေတာ့ ဗိုလ္ဝင္ခံဖို႔ ပါရမီအထူးဆုံး လူစာရင္းကို ပိုင္ဆိုင္ထားတဲ့ ဘယ္လ္ဂ်ီယမ္တို႔ က်ဆုံးေနဆဲ အေျခအေနျဖစ္ၿပီး အသက္ ၃၀ တန္းဝင္လာတဲ့ ဒီမ်ိဳးဆက္အတြက္ လာမယ့္ကမာၻ႔ဖလၿပိဳင္ပြဲကသာ ထပ္ေမွ်ာ္လင့္စရာအေနနဲ႔ ေပါက္ကြဲျပရဦးမွာပါ။

စပီနက္ဇိုလာမပါဘဲ တိုက္ပြဲဝင္ရေတာ့မယ့္ အာဇူရီ.
နည္းျပမန္ခ်ီနီရဲ႕ အီတလီအသင္းကေတာ့ ပြဲမၿပီးခင္ ၁၀ မိနစ္အလိုမွာ ၿပိဳင္ပြဲတေလွ်ာက္ ေျခစြမ္းေတာက္ပလာခဲ့တဲ့ ႐ိုးမားကြင္းလယ္လူ စပီနက္ဇိုလာကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးခဲ့ရၿပီး အသက္ ၂၈ ႏွစ္သားဟာ အာဇူရီတို႔ကို ဆီမီးဖိုင္နယ္အထိ ဆြဲတင္ခဲ့ပုံက ခ်ီးက်ဳးေလာက္စရာ စြမ္းေဆာင္ရည္အျဖစ္ အသိအမွတ္ျပဳရမွာပါ။ ပြဲကို ဆက္မကစားႏိုင္ေတာ့လို႔ သူက အရန္ခုံတန္းကိ​ု အခ်က္ျပၿပီး လူစားလဲဖို႔ အကူအညီေတာင္းခဲ့ရတာကလည္း မန္ခ်ီနီ ေက်ာ္ျဖတ္ရဦးမယ့္ စိန္ေခၚမႈအသစ္ျဖစ္လာဖြယ္ရွိေနၿပီး အီတလီတို႔ ေခါင္းကိုက္ရဦးမယ္လို႔ သုံးသပ္ခံထားရပါတယ္။

မန္ခ်ီနီနဲ႔ ပန္းဝင္ႏိုင္မလား အီတလီ
၂၀၁၈ ကမာၻ႔ဖလားဝင္ခြင့္မွာ ေျခစစ္ပြဲမေအာင္ျမင္ခဲ့တဲ့ အီတလီက ၃ ႏွစ္အတြင္းမွာ အခ်ိန္ယူျပင္ဆင္ခဲ့ၿပီး ဒါဟာ နည္းျပမန္ခ်ီနီရဲ႕ စြမ္းလြန္းတဲ့ တည္ေဆာက္စည္း႐ုံးႏိုင္မႈျဖစ္သလို လက္ရွိ အီတလီရဲ႕ ယူ႐ိုဆီမီးေရာက္ ေျခစြမ္းမွာ သူ႔ကို မျဖစ္မေန Credit ေပးရမွာပါ။ မန္ခ်ီနီအလုပ္လုပ္ခဲ့ပုံက ၿပိဳကြဲေနတဲ့ ၿမိဳ႕ပ်က္တခုကို ျပန္စုစည္းခဲ့သလို အီတလီကို နဂိုအဆင့္အတန္းျပန္ေရာက္ေအာင္ ဆြဲတင္ခံ့တာျဖစ္ၿပီး ကမာၻ႔ဖလား ၄ ႀကိမ္ ကိုင္ေျမႇာက္ထားတဲ့အသင္းဟာ ၂၇ ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္းနဲ႔ ယူ႐ိုဆီမီးကို ေရာက္လာတာဟာ စပိန္အသင္းအတြက္ေတာ့ အိပ္မက္ဆိုးမက္ျခင္းမ်ိဳးျဖစ္ခဲ့တာပါ။

ခံစစ္အမွားကို ဘယ္လ္ဂ်ီယမ္ ဘာေၾကာင့္မျပဳျပင္ခဲ့သလဲ
ဒီပြဲက ဘယ္လ္ဂ်ီယမ္ရဲ႕ ခံစစ္ပိုင္းအမွားေတြေၾကာင့္ ေပးဆပ္ခဲ့ရတာျဖစ္ၿပီး တိုက္ပြဲတခုဝင္ဖို႔ ေရွ႕၊လယ္၊ေနာက္ ညီၫြတ္ျခင္းမွာ မမွ်တႏိုင္ခဲ့ဘဲ အီတလီနဲ႔အေတြ႕မွာ အေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။ နည္းျပေရာ္ဘတ္တို မာတီနက္ဇ္ရဲ႕ ပြဲႀကိဳအစီအမံေတြက အလုပ္ျဖစ္ရဲ႕လားဆိုတာေတာ့ ေမးခြန္းထုတ္စရာ ရွိခဲ့ၿပီး ေပၚတူဂီနဲ႔ပြဲကလို ကံေကာင္းမႈေတြကို မယူေဆာင္လာႏိုင္ေတာ့တာလည္း ခ်န္ပီယံျဖစ္ဖို႔ ရည္မွန္းတဲ့ အသင္းတိုင္းအတြက္ မွတ္သားရမယ့္ အခ်က္တခ်က္ျဖစ္ခဲ့တာပါ။ လူအိုေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ခံစစ္ေၾကာင္းက ဘယ္လ္ဂ်ီယမ္ကို ဒုကၡေပးသြားခဲ့တယ္လို႔သာ ဆိုရမွာပါ။

လိုရန္ဇို အင္ဆစ္ဂ္ေညးရဲ႕ လွပတဲ့ေတးသြား
အီတလီရဲ႕ ဒုတိယဦး​ေဆာင္ဂိုးကို ပထမပိုင္းမွာတင္ သြင္းယူၿပီး ဘယ္လ္ဂ်ီယမ္ကို ပြဲသိမ္းေပးခဲ့တဲ့ အင္ဆစ္ဂ္ေညးရဲ႕ စြမ္းေဆာင္ရည္က အသင္းအတြက္ အဆင့္အတန္းျမင့္ေျခစြမ္းမ်ိဳးကိုလည္း ျပသခဲ့သလို နာပိုလီအသင္းေခါင္းေဆာင္ဟာ သိပ္မႀကီးမားလြန္းတဲ့ သူ႔ပုံရိပ္နဲ႔ လႊမ္းမိုးမႈကို ဖယ္ရွားႏိုင္ခဲ့ၿပီး တည္ၿငိမ္စြာနဲ႔ အီတလီကို ထမ္းတင္သြားခဲ့တာပါ။ အသက္ ၃၀ ႏွစ္သားဟာ ယူ႐ို ၂၀၂၀ မွာ သူ႔နာမည္တလုံးကို ေရးထိုးႏိုင္ခဲ့ၿပီလို႔ ဆိုရမွာပါ။

လီယိုနာဒို စပီနက္ဇိုလာရဲ႕ ေၾကကြဲခန္း ဘယ္ေလာက္ထိၾကာမလဲ
႐ိုးမားကစားသမားဟာ ေျခဖေနာင့္ေၾကာကို ႂကြက္သားပိုင္းဒဏ္ရာအျဖစ္ အႀကီးအက်ယ္ထိခိုက္မိသြားခဲ့တာျဖစ္ၿပီး အခ်ိန္အေတာ္ၾကာ အနားယူရေတာ့မယ္လို႔ သတင္းေတြ​က တက္လာေနပါတယ္။ ကစားသမားအတြက္ေရာ အီတလီအတြက္ပါ ဝမ္းနည္းဖြယ္ရာ သတင္းတခုျဖစ္ခဲ့ၿပီး မ်က္ရည္ေတြက်လို႔ ငိုေႂကြးရတဲ့အထိ နာက်င္ခံစားရတဲ့အတိုင္း ကြင္းထဲက ထြက္ခြာသြားခဲ့ရတဲ့ အီတလီသားဟာ ၁ ႏွစ္အထိ အနားယူရမယ္လို႔ သတ္မွတ္ခံထားရပါတယ္။

ေရာ္နယ္လ္ဒိုကို လိုက္မမီေတာ့တဲ့ လူကာကူ
ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး လူကာကူက ယူ႐ို ၂၀၂၀ ရဲ႕ သြင္းဂိုးအမ်ားဆုံး ေပၚတူဂီတိုက္စစ္မႉးႀကီး ေရာ္နယ္လ္ဒိုကို အမီလိုက္ဖို႔ အားေကာင္းေမာင္းသန္ႀကိဳးပမ္းခဲ့ေပမယ့္ ခြာလိပ္ခဲ့ရၿပီး ၄ ဂိုးနဲ႔သာ ရပ္တန္႔ခဲ့ရၿပီး ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုကို ရယူသြားဖို႔ တစ္ေျပးေနတဲ့ အသက္ ၃၆ ႏွစ္သားရဲ႕ ၅ ဂိုးမွတ္တမ္းကို မေက်ာ္ျဖတ္ႏိုင္ေတာ့တာကလည္း သူ႔ကို ေရာ္နယ္လ္ဒိုနဲ႔ တတန္းတည္းသတ္မွတ္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ မာန္မာနကိုလည္း ထိခိုက္သြားေစခဲ့တယ္လို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.