Premier League

အင်္ဂလန်နဲ့ယူကရိန်းပွဲစဉ်အပါအဝင် ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့တဲ့ စပါယ်ရှယ်ဝမ်း

ဂျိုဆေး မော်ရင်ညိုကတော့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ်မှာ အင်္ဂလန်က ယူကရိန်းကို အနိုင်ရမယ်လို့ ခန့်မှန်းလိုက်ပြီး ကျန်ရှိတဲ့ပွဲစဉ်တွေကိုပါ ခန့်မှန်းသွားခဲ့ပါတယ်။ ဂါရက် ဆောက်ဂိတ်ရဲ့အသင်းက ဂျာမနီအသင်းကို အံ့အားသင့်ဖွယ် နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာပါ။ ယူကရိန်းနဲ့တွေ့ဆုံနေပြီး ၁၆ သင်းရှုံးထွက်တုန်းကထက်တော့ ပွဲနည်းနည်းပိုချောင်တဲ့ အနေအထားမှာ ရှိနေတာပါ။

အုပ်စု D မှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလာဒ်နဲ့အတူ အုပ်စုပထမနေရာနဲ့ တက်ရောက်လာခဲ့ပြီးတော့ လာမယ့်ကွာတားဖိုင်နယ်မကန်ရသေးခင်အထိတော့ ပေးဂိုးမဲ့နေတဲ့အသင်းပါ။ ယူကရိန်းကတော့ တစ်ပွဲသာအနိုင်ရရှိခဲ့ပြီး နှစ်ပွဲရှုံးခဲ့ပေမယ့် အကောင်းဆုံး တတိယအသင်းအနေနဲ့ တက်ရောက်လာခဲ့တာပါ။ ဆွီဒင်အသင်းကို ‌အချိန်ပို မိနစ် ၃၀ ရဲ့ နောက်ဆုံးအခိုက်အတန့်မှာ အနိုင်ဂိုးသွင်းယူခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

ပွဲစဉ် အချိန်ဇယား အရတော့ အင်္ဂလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ ယှဉ်ပြိုင် ကစားမယ့်ပွဲက နောက်ဆုံးမှ ကစားမယ့် ပွဲစဉ်ဖြစ်နေပြီး ချက်နဲ့ ဒိန်းမတ်ထဲက နိုင်တဲ့အသင်းနဲ့ အနိုင်ရတဲ့အသင်းနဲ့ နောက်တစ်ဆင့်မှာ ဘယ်သူတက်တက် တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။ ချက်အသင်းဟာ အုပ်စုတွင်းမှာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ရှုံးထွက်အဆင့်မှာတော့ နယ်သာလန်အသင်းကို အံ့အားဖွယ် နိုင်ပွဲယူခဲ့တာပါ။

ဒိန်းမတ်အသင်းကလည်း အဓိက ကစားသမားအချို့ မပါဝင်တာတောင် ဝေးလ်စ်ကို ဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီး တက်လာခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းကလည်း ပြင်သစ်အသင်းကို မထင်မှတ်ပဲ ကျော်ဖြတ်လာခဲ့ပြီး စပိန်အသင်းကလည်း အထလေးခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုးတွေတော့ အချိန်ပိုမှာ အရယူခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ အီတလီတို့လည်း ခက်ခဲတဲ့နိုင်ပွဲကို ပုံဖော်ခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာပါ။

ယူရို ၂၀၂၀ ရဲ့ ကွာတားဖိုင်နယ်ကနေ ဘယ်အသင်းတွေ တက်ရောက်သွားမလဲလို့ talkSPORT ရဲ့မေးမြန်းမှုကို ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး အစရှိတဲ့အသင်းတွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုက “ကျွန်တော့်အမြင်ပဲ ပြောပါရစေ။ အင်္ဂလန်တော့ သေချာပေါက်တက်မယ်ဗျ။ ချက်နဲ့ ဒိန်းမတ် ဘယ်သူတက်မလဲဆိုတာ မှန်းရတော့ခက်ပေမယ့် ဒိန်းမတ်ပဲလို့ထင်တယ်ဗျာ”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဘယ်လ်ဂျီယံနဲ့ အီတလီကတော့ ပွဲကောင်းတစ်ပွဲ‌ဗျ။ တကယ့်ပွဲကြီးပွဲကောင်းပဲ။ ကျွန်တော်ကတော့ အီတလီကိုရွေးမယ်ဗျာ။ ဆွစ်ဇာလန်နဲ့စပိန်ကလည်း ပွဲကြီးပွဲကောင်းပဲဗျ။ ဒါပေမယ့် ဂရာနစ် ချာကာ မပါဘူးဆိုတာတော့ သိပ်မကောင်းဘူးဗျ။ နောက်တစ်ဆင့်တက်ဖို့ဆို သူ့ကိုလိုအပ်လိမ့်မယ်။ သူမပါဘူးဆိုတော့ စပိန်ပဲ တက်သွားပါလိမ့်မယ်” လို့ ဖြေသွားခဲ့ပါတယ်။

ယူရိုဖလားကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ဖို့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း စပါယ်ရှယ်ဝမ်းက “အဲ့လိုထင်တာပဲဗျ။ ဘောလုံးအားကစားကတော့ အိမ်ပြန်လာပြီ။ ဗိုလ်လုပွဲက ဝင်ဘလီမှာ ကစားမယ်ဗျာ။ ပြီးတော့ အင်္ဂလန်ကလည်း အဲ့ဗိုလ်လုပွဲမှာ ပါဝင်နေလိမ့်မယ်ဗျ”လို့ ပြောသွားခဲ့ပြီး ဗိုလ်လုပွဲအထိတော့ တက်လိမ့်မယ်ဆိုတဲ့ မှတ်ချက်မျိုး ပေးသွားခဲ့ပါတယ်။

ပရိသတ်ကြီးနဲ့ မော်ရင်ညိုရဲ့ အမြင်က ထပ်တူညီနိုင်ပါ့မလားဆိုတာကတော့…………………………….

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂ်ိဳေဆး ေမာ္ရင္ညိဳကေတာ့ ယူ႐ို ၂၀၂၀ ကြာတားဖိုင္နယ္မွာ အဂၤလန္က ယူကရိန္းကို အႏိုင္ရမယ္လို႔ ခန႔္မွန္းလိုက္ၿပီး က်န္ရွိတဲ့ပြဲစဥ္ေတြကိုပါ ခန႔္မွန္းသြားခဲ့ပါတယ္။ ဂါရက္ ေဆာက္ဂိတ္ရဲ႕အသင္းက ဂ်ာမနီအသင္းကို အံ့အားသင့္ဖြယ္ ႏွစ္ဂိုးျပတ္ အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္လာခဲ့တာပါ။ ယူကရိန္းနဲ႔ေတြ႕ဆုံေနၿပီး ၁၆ သင္းရႈံးထြက္တုန္းကထက္ေတာ့ ပြဲနည္းနည္းပိုေခ်ာင္တဲ့ အေနအထားမွာ ရွိေနတာပါ။

အုပ္စု D မွာ ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရ ရလာဒ္နဲ႔အတူ အုပ္စုပထမေနရာနဲ႔ တက္ေရာက္လာခဲ့ၿပီးေတာ့ လာမယ့္ကြာတားဖိုင္နယ္မကန္ရေသးခင္အထိေတာ့ ေပးဂိုးမဲ့ေနတဲ့အသင္းပါ။ ယူကရိန္းကေတာ့ တစ္ပြဲသာအႏိုင္ရရွိခဲ့ၿပီး ႏွစ္ပြဲရႈံးခဲ့ေပမယ့္ အေကာင္းဆုံး တတိယအသင္းအေနနဲ႔ တက္ေရာက္လာခဲ့တာပါ။ ဆြီဒင္အသင္းကို ‌အခ်ိန္ပို မိနစ္ ၃၀ ရဲ႕ ေနာက္ဆုံးအခိုက္အတန႔္မွာ အႏိုင္ဂိုးသြင္းယူခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။

ပြဲစဥ္ အခ်ိန္ဇယား အရေတာ့ အဂၤလန္အသင္းနဲ႔ ယူကရိန္းအသင္းတို႔ ယွဥ္ၿပိဳင္ ကစားမယ့္ပြဲက ေနာက္ဆုံးမွ ကစားမယ့္ ပြဲစဥ္ျဖစ္ေနၿပီး ခ်က္နဲ႔ ဒိန္းမတ္ထဲက ႏိုင္တဲ့အသင္းနဲ႔ အႏိုင္ရတဲ့အသင္းနဲ႔ ေနာက္တစ္ဆင့္မွာ ဘယ္သူတက္တက္ ေတြ႕ဆုံမွာလည္း ျဖစ္ပါတယ္။ ခ်က္အသင္းဟာ အုပ္စုတြင္းမွာ အဂၤလန္ကို ရႈံးနိမ့္ခဲ့ေပမယ့္ ရႈံးထြက္အဆင့္မွာေတာ့ နယ္သာလန္အသင္းကို အံ့အားဖြယ္ ႏိုင္ပြဲယူခဲ့တာပါ။

ဒိန္းမတ္အသင္းကလည္း အဓိက ကစားသမားအခ်ိဳ႕ မပါဝင္တာေတာင္ ေဝးလ္စ္ကို ဂိုးျပတ္ႏိုင္ပြဲရယူခဲ့ၿပီး တက္လာခဲ့တာျဖစ္ပါတယ္။ ဆြစ္ဇာလန္အသင္းကလည္း ျပင္သစ္အသင္းကို မထင္မွတ္ပဲ ေက်ာ္ျဖတ္လာခဲ့ၿပီး စပိန္အသင္းကလည္း အထေလးခဲ့ေပမယ့္ လိုအပ္တဲ့အႏိုင္ဂိုးေတြေတာ့ အခ်ိန္ပိုမွာ အရယူခဲ့ၿပီး ဘယ္လ္ဂ်ီယံနဲ႔ အီတလီတို႔လည္း ခက္ခဲတဲ့ႏိုင္ပြဲကို ပုံေဖာ္ခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္လာခဲ့တာပါ။

ယူ႐ို ၂၀၂၀ ရဲ႕ ကြာတားဖိုင္နယ္ကေန ဘယ္အသင္းေတြ တက္ေရာက္သြားမလဲလို႔ talkSPORT ရဲ႕ေမးျမန္းမႈကို ရီးယဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ယ္လ္ဆီး အစရွိတဲ့အသင္းေတြနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက “ကြၽန္ေတာ့္အျမင္ပဲ ေျပာပါရေစ။ အဂၤလန္ေတာ့ ေသခ်ာေပါက္တက္မယ္ဗ်။ ခ်က္နဲ႔ ဒိန္းမတ္ ဘယ္သူတက္မလဲဆိုတာ မွန္းရေတာ့ခက္ေပမယ့္ ဒိန္းမတ္ပဲလို႔ထင္တယ္ဗ်ာ”လို႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ဘယ္လ္ဂ်ီယံနဲ႔ အီတလီကေတာ့ ပြဲေကာင္းတစ္ပြဲ‌ဗ်။ တကယ့္ပြဲႀကီးပြဲေကာင္းပဲ။ ကြၽန္ေတာ္ကေတာ့ အီတလီကိုေ႐ြးမယ္ဗ်ာ။ ဆြစ္ဇာလန္နဲ႔စပိန္ကလည္း ပြဲႀကီးပြဲေကာင္းပဲဗ်။ ဒါေပမယ့္ ဂရာနစ္ ခ်ာကာ မပါဘူးဆိုတာေတာ့ သိပ္မေကာင္းဘူးဗ်။ ေနာက္တစ္ဆင့္တက္ဖို႔ဆို သူ႔ကိုလိုအပ္လိမ့္မယ္။ သူမပါဘူးဆိုေတာ့ စပိန္ပဲ တက္သြားပါလိမ့္မယ္” လို႔ ေျဖသြားခဲ့ပါတယ္။

ယူ႐ိုဖလားကို သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ရယူႏိုင္ဖို႔ အခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း စပါယ္ရွယ္ဝမ္းက “အဲ့လိုထင္တာပဲဗ်။ ေဘာလုံးအားကစားကေတာ့ အိမ္ျပန္လာၿပီ။ ဗိုလ္လုပြဲက ဝင္ဘလီမွာ ကစားမယ္ဗ်ာ။ ၿပီးေတာ့ အဂၤလန္ကလည္း အဲ့ဗိုလ္လုပြဲမွာ ပါဝင္ေနလိမ့္မယ္ဗ်”လို႔ ေျပာသြားခဲ့ၿပီး ဗိုလ္လုပြဲအထိေတာ့ တက္လိမ့္မယ္ဆိုတဲ့ မွတ္ခ်က္မ်ိဳး ေပးသြားခဲ့ပါတယ္။

ပရိသတ္ႀကီးနဲ႔ ေမာ္ရင္ညိဳရဲ႕ အျမင္က ထပ္တူညီႏိုင္ပါ့မလားဆိုတာကေတာ့…………………………….

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.