Premier League Transfer News

2 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့သတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းအတွက် ပေါင် ၁၇၀ သန်းဝန်းကျင် စုစုပေါင်းကုန်ကျမှာဖြစ်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပြီး ဟာလန်းကလည်း ချန်ပီယံလိဂ် လက်ရှိချန်ပီယံတို့ဆီ ပြောင်းရွှေ့ချင်နေတာဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ခြေမြင့်လာနေပေမယ့် နော်ဝေးသားရဲ့ အေးဂျင့် ရွိုင်အိုလာက စာချုပ်ပါလျော်ကြေးပါ ထည့်သွင်းချင်နေတာကြောင့်သာ အခုထိ ညှိနှိုင်းမှု ကြန့်ကြာနေရကြောင်းသိရ။

တိုက်စစ်မှူး ခေါ်ယူချင်တဲ့ ချယ်လ်ဆီးအနေနဲ့ အသင်းက တိုက်စစ်မှူးအချို့ ရောင်းဖို့ စီစဉ်ထားတဲ့ထဲက တစ်ယောက်အပါအဝင်အဖြစ် တမ်မီ အေဘရာဟမ်ကို အက်စတန်ဗီလာအသင်းက ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်လာနေပြီး အဲ့ဒီပမာဏနဲ့ ကမ်းလှမ်းလာရင်တော့ လန်ဒန်ကလပ် အနေနဲ့ ချက်ချင်းခေါင်းငြိမ့်လိုက်မှာ သေချာနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိနေကြောင်းသိရ။

အီတလီအသင်းနဲ့အတူ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြကစားနေတဲ့ လီယိုနာဒို စပင်နက်ဇိုလာကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းအနေနဲ့ ယုံကြည်ချက်အပြည့်ရှိနေတယ်လို့ သိရပြီး ရိုးမားဘက်ကလည်း သူ့ကို ဂျူဗင်တပ်စ်အသင်းကနေ ခေါ်ခဲ့တုန်းက သုံးခဲ့ရတဲ့ ပေါင် ၂၆ သန်းထက် ပိုတဲ့ပမာဏကိုပဲ လိုချင်နေတာကြောင့် ခြင်္သေ့ပြာတို့ကတော့ အသင်းမှာလူပိုဖြစ်နေတဲ့ အီမာဆန် ပါလ်မီယာရီနဲ့ အလိုက်ပေးကမ်းလှမ်းပြီး ငွေသားအနည်းငယ်နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်းသိရ။

ချယ်လ်ဆီးအသင်းက ဘာစီလိုနာအသင်းရဲ့ အရန်ခုံမှာ အထိုင်များနေခဲ့တဲ့ ကွင်းလယ်လူ မီရာလမ် ပယာနစ်ချ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကတ်တလန်ကလပ်ရဲ့ အရောင်းစာရင်းထဲက တစ်ယောက်အပါအဝင် ဖြစ်လာနိုင်မယ့် ဘော့စနီးယားသားကို သူ့ရဲ့အသင်းဟောင်း ဂျူဗင်တပ်စ် ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူနိုင်မယ့် သူ့ကို လန်ဒန်ကလပ်က စိတ်ဝင်စားမှုမြင့်တက်လာကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ကာလရှည်ပစ်မှတ် ဒက်ကလန် ရိုက်စ်ကို မန်ချက်စတာယူနိုက်တက်ကပါ ကြားဝင်ကြိုးပမ်းလာပြီး သူ့ရဲ့ နိုင်ငံအသင်းဖော်တချို့က အိုးလ်ထရက်ဖို့ဒ်ကို ဆွဲဆောင်နေကြတာကြောင့် အနောက်လန်ဒန်ကလပ်အနေနဲ့ ကာလရှည်ပစ်မှတ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ရမယ်ဆိုရင်တောင် အရခေါ်ယူသွားဖို့ရှိနေကြောင်းသိရ။

အင်တာမီလန်အသင်းက ပီအက်စ်ဂျီအသင်းဆီ ထွက်ခွာသွားတဲ့ အက်ချရက်ဖ် ဟာကီမီ နေရာအဖို့ ချယ်လ်ဆီးအသင်းရဲ့ ဒါဗီဒေး ဇက်ပါကော့စတာကို စိတ်ဝင်စားနေပေမယ့် ကမ်းလှမ်းမှုတော့ မလုပ်ရသေးကြောင်းသိရသလို သူ့ကို ခေါ်ယူဖို့ အခြား စီးရီးအေအသင်းတွေဖြစ်တဲ့ ဖီအိုရင်တီးနားနဲ့ အတ္တလန်တာတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြ‌တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြကြောင်းသိရ။

ချယ်လ်ဆီးအသင်းအနေနဲ့ အာလင်း ဟာလန်း၊ ခီလီယန် အမ်ဘာပေ၊ ဟာရီကိန်းတို့ထက် ဈေးသက်သာနိုင်မယ့် ကစားသမားဟောင်း ရိုမီလူ လူကာကူကို ပြန်လည်ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့ ကစားသမားမျိုးဖြစ်နေတဲ့အပြင် ယူရို ၂၀၂၀ မှာလည်း ခြေစွမ်းပြထားနေတာမလို့ တူဟယ်လ်အနေနဲ့ ခေါ်ယူသင့်တယ်လို့ ပရီးမီးယားလိဂ် ဝါရင့်တိုက်စစ်မှူးဟောင်း ပီတာ ခရော့ခ်ျက ပြောသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက တောင်ပံတိုက်စစ်ကစားသမား ကင်းစလီ ကိုမွန်အတွက် ပေါင် ၇၅ သန်းကနေ ပေါင် ၈၆ သန်းကြား အလိုရှိနေတာကြောင့် အာလင်း ဟာလန်းကို ခေါ်ယူဖို့ အကုန်အကျများနေမယ့် ချယ်လ်ဆီးအနေနဲ့ လူပိုတွေဖြစ်နေမယ့် ဟာကင်းမ် ဇီးယက်ရှ်၊ ရော့စ် ဘာကလီနဲ့ ကာလမ် ဟဒ်ဆန်-အိုဒွိုင်းတို့ကို ရောင်းချပြီး ငွေဖော်သွားဖို့ရှိနေလို့ အပြောင်းအရွှေ့ဖြစ်လာဖို့ ကစားသမားရောင်းထွက်ဖို့ လိုနေတာကြောင့် အနည်းငယ်ကြာဖို့ရှိနေကြောင်းသိရ။

ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အင်တာမီလန် ခံစစ်အစွန်လူ အက်ရှ်ရက်ဖ် ဟာကီမီကို ပီအက်စ်ဂျီအသင်းထံ လက်လွှတ်ခဲ့ရတာကြောင့် ခြင်္သေ့ပြာတွေက အခြားကစားသမားတွေကို ရှာဖွေခဲ့ရာကနေ အတ္တလန်တာအသင်းရဲ့ ယော်ကင်းမ် မေးဟလ်နဲ့ ဝုဖ်ဘတ်အသင်းရဲ့ ရစ်ဒယ်လ် ဘာကူတို့ကို စိတ်ဝင်စားလာခဲ့ပြီး ယူရို ၂၀၂၀ မှာ ခြေစွမ်းပြနေတဲ့ ဒိန်းမတ်သား ရောက်လာနိုင်ခြေက ပိုပြီးများနေတယ်လို့ သုံးသပ်နေကြကြောင်းသိရ။

နည်းပြ သောမက်စ် တူဟယ်လ်က နည်းပြကောင်းတစ်ယောက်ဖြစ်သလို နည်းစနစ်ပိုင်းနဲ့ ပွဲချဉ်းကပ်ပုံမှာလည်း ကောင်းမွန်ကြောင်း ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ အသင်းအဖော်အချို့ကို ဖွင့်ပြောထားတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေက ချီးကျူးသွားခဲ့ပြီး ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဒီဒီယေး ဒရော့ဘာရဲ့ ပရိသတ် ပြင်သစ်သားလေးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဆရာတပည့်ပြန်လည်ပေါင်းစည်းမှုရော သူ့အတွက် လိုချင်နေတဲ့ စိန်ခေါ်မှု အသစ်တွေပါ ရင်ဆိုင်ရနိုင်တာကြောင့် ခေါ်ယူနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းရဲ႕ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းအတြက္ ေပါင္ ၁၇၀ သန္းဝန္းက်င္ စုစုေပါင္းကုန္က်မွာျဖစ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ကမ္းလွမ္းခဲ့ၿပီး ဟာလန္းကလည္း ခ်န္ပီယံလိဂ္ လက္ရွိခ်န္ပီယံတို႔ဆီ ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္လို႔ အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာႏိုင္ေျချမင့္လာေနေပမယ့္ ေနာ္ေဝးသားရဲ႕ ေအးဂ်င့္ ႐ြိဳင္အိုလာက စာခ်ဳပ္ပါေလ်ာ္ေၾကးပါ ထည့္သြင္းခ်င္ေနတာေၾကာင့္သာ အခုထိ ညႇိႏႈိင္းမႈ ၾကန႔္ၾကာေနရေၾကာင္းသိရ။

တိုက္စစ္မႉး ေခၚယူခ်င္တဲ့ ခ်ယ္လ္ဆီးအေနနဲ႔ အသင္းက တိုက္စစ္မႉးအခ်ိဳ႕ ေရာင္းဖို႔ စီစဥ္ထားတဲ့ထဲက တစ္ေယာက္အပါအဝင္အျဖစ္ တမ္မီ ေအဘရာဟမ္ကို အက္စတန္ဗီလာအသင္းက ယူ႐ို ၄၅ သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္လာေနၿပီး အဲ့ဒီပမာဏနဲ႔ ကမ္းလွမ္းလာရင္ေတာ့ လန္ဒန္ကလပ္ အေနနဲ႔ ခ်က္ခ်င္းေခါင္းၿငိမ့္လိုက္မွာ ေသခ်ာေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္လာဖြယ္ ရွိေနေၾကာင္းသိရ။

အီတလီအသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပကစားေနတဲ့ လီယိုနာဒို စပင္နက္ဇိုလာကို ေခၚယူဖို႔ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ယုံၾကည္ခ်က္အျပည့္ရွိေနတယ္လို႔ သိရၿပီး ႐ိုးမားဘက္ကလည္း သူ႔ကို ဂ်ဴဗင္တပ္စ္အသင္းကေန ေခၚခဲ့တုန္းက သုံးခဲ့ရတဲ့ ေပါင္ ၂၆ သန္းထက္ ပိုတဲ့ပမာဏကိုပဲ လိုခ်င္ေနတာေၾကာင့္ ျခေသၤ့ျပာတို႔ကေတာ့ အသင္းမွာလူပိုျဖစ္ေနတဲ့ အီမာဆန္ ပါလ္မီယာရီနဲ႔ အလိုက္ေပးကမ္းလွမ္းၿပီး ေငြသားအနည္းငယ္နဲ႔ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းက ဘာစီလိုနာအသင္းရဲ႕ အရန္ခုံမွာ အထိုင္မ်ားေနခဲ့တဲ့ ကြင္းလယ္လူ မီရာလမ္ ပယာနစ္ခ်္ကို ေခၚယူရန္ စိတ္ဝင္စားေနၿပီး ကတ္တလန္ကလပ္ရဲ႕ အေရာင္းစာရင္းထဲက တစ္ေယာက္အပါအဝင္ ျဖစ္လာႏိုင္မယ့္ ေဘာ့စနီးယားသားကို သူ႔ရဲ႕အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ ပီအက္စ္ဂ်ီတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး အနည္းငယ္နဲ႔ ေခၚယူႏိုင္မယ့္ သူ႔ကို လန္ဒန္ကလပ္က စိတ္ဝင္စားမႈျမင့္တက္လာေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကာလရွည္ပစ္မွတ္ ဒက္ကလန္ ႐ိုက္စ္ကို မန္ခ်က္စတာယူႏိုက္တက္ကပါ ၾကားဝင္ႀကိဳးပမ္းလာၿပီး သူ႔ရဲ႕ ႏိုင္ငံအသင္းေဖာ္တခ်ိဳ႕က အိုးလ္ထရက္ဖို႔ဒ္ကို ဆြဲေဆာင္ေနၾကတာေၾကာင့္ အေနာက္လန္ဒန္ကလပ္အေနနဲ႔ ကာလရွည္ပစ္မွတ္ကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚရမယ္ဆိုရင္ေတာင္ အရေခၚယူသြားဖို႔ရွိေနေၾကာင္းသိရ။

အင္တာမီလန္အသင္းက ပီအက္စ္ဂ်ီအသင္းဆီ ထြက္ခြာသြားတဲ့ အက္ခ်ရက္ဖ္ ဟာကီမီ ေနရာအဖို႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ဒါဗီေဒး ဇက္ပါေကာ့စတာကို စိတ္ဝင္စားေနေပမယ့္ ကမ္းလွမ္းမႈေတာ့ မလုပ္ရေသးေၾကာင္းသိရသလို သူ႔ကို ေခၚယူဖို႔ အျခား စီးရီးေအအသင္းေတြျဖစ္တဲ့ ဖီအိုရင္တီးနားနဲ႔ အတၱလန္တာတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၾက‌တယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပေနၾကေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အာလင္း ဟာလန္း၊ ခီလီယန္ အမ္ဘာေပ၊ ဟာရီကိန္းတို႔ထက္ ေဈးသက္သာႏိုင္မယ့္ ကစားသမားေဟာင္း ႐ိုမီလူ လူကာကူကို ျပန္လည္ေခၚယူသင့္ေၾကာင္း တိုက္တြန္းသြားခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ တိုးတက္လာတဲ့ ကစားသမားမ်ိဳးျဖစ္ေနတဲ့အျပင္ ယူ႐ို ၂၀၂၀ မွာလည္း ေျခစြမ္းျပထားေနတာမလို႔ တူဟယ္လ္အေနနဲ႔ ေခၚယူသင့္တယ္လို႔ ပရီးမီးယားလိဂ္ ဝါရင့္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာ့ခ္်က ေျပာသြားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းက ေတာင္ပံတိုက္စစ္ကစားသမား ကင္းစလီ ကိုမြန္အတြက္ ေပါင္ ၇၅ သန္းကေန ေပါင္ ၈၆ သန္းၾကား အလိုရွိေနတာေၾကာင့္ အာလင္း ဟာလန္းကို ေခၚယူဖို႔ အကုန္အက်မ်ားေနမယ့္ ခ်ယ္လ္ဆီးအေနနဲ႔ လူပိုေတြျဖစ္ေနမယ့္ ဟာကင္းမ္ ဇီးယက္ရွ္၊ ေရာ့စ္ ဘာကလီနဲ႔ ကာလမ္ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကို ေရာင္းခ်ၿပီး ေငြေဖာ္သြားဖို႔ရွိေနလို႔ အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ ကစားသမားေရာင္းထြက္ဖို႔ လိုေနတာေၾကာင့္ အနည္းငယ္ၾကာဖို႔ရွိေနေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္း ေခၚယူဖို႔ ပစ္မွတ္ထားခဲ့တဲ့ အင္တာမီလန္ ခံစစ္အစြန္လူ အက္ရွ္ရက္ဖ္ ဟာကီမီကို ပီအက္စ္ဂ်ီအသင္းထံ လက္လႊတ္ခဲ့ရတာေၾကာင့္ ျခေသၤ့ျပာေတြက အျခားကစားသမားေတြကို ရွာေဖြခဲ့ရာကေန အတၱလန္တာအသင္းရဲ႕ ေယာ္ကင္းမ္ ေမးဟလ္နဲ႔ ဝုဖ္ဘတ္အသင္းရဲ႕ ရစ္ဒယ္လ္ ဘာကူတို႔ကို စိတ္ဝင္စားလာခဲ့ၿပီး ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပေနတဲ့ ဒိန္းမတ္သား ေရာက္လာႏိုင္ေျခက ပိုၿပီးမ်ားေနတယ္လို႔ သုံးသပ္ေနၾကေၾကာင္းသိရ။

နည္းျပ ေသာမက္စ္ တူဟယ္လ္က နည္းျပေကာင္းတစ္ေယာက္ျဖစ္သလို နည္းစနစ္ပိုင္းနဲ႔ ပြဲခ်ဥ္းကပ္ပုံမွာလည္း ေကာင္းမြန္ေၾကာင္း ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းမတိုးေတာ့ဘူးလို႔ အသင္းအေဖာ္အခ်ိဳ႕ကို ဖြင့္ေျပာထားတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက ခ်ီးက်ဴးသြားခဲ့ၿပီး ခ်ယ္လ္ဆီးဂႏၴဝင္တိုက္စစ္မႉး ဒီဒီေယး ဒေရာ့ဘာရဲ႕ ပရိသတ္ ျပင္သစ္သားေလးကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ဆရာတပည့္ျပန္လည္ေပါင္းစည္းမႈေရာ သူ႔အတြက္ လိုခ်င္ေနတဲ့ စိန္ေခၚမႈ အသစ္ေတြပါ ရင္ဆိုင္ရႏိုင္တာေၾကာင့္ ေခၚယူႏိုင္ပါ့မလားဆိုတာ စိတ္ဝင္စားစရာျဖစ္လာေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.