Premier League Transfer News

2 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျေဒန် ဆန်ချိုအတွက် စိတ်အေးခဲ့အပြီးမှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး တိုက်စစ်ပိုင်းမှာ အားကိုးလို့မရတဲ့ အာရွန် ဝန်ဘစ်ဆာကာရဲ့ နေရာမှာ အလဲအလှယ်နဲ့ အသုံးပြုနိုင်ဖို့ ရိန်းဂျားစ်နောက်ခံလူ ဂျိမ်းစ် တာဗားနီးယာကို ချိတ်ဆက်နေ။

– ယူနိုက်တက်တို့အနေနဲ့ ဆန်ချိုကို အပြီးသတ်လက်မှတ်ရေးထိုးနိုင်တာနဲ့ နောက်ထပ်ပြဿနာတစ်ခုမှာ မီးကို မလောင်ခင်က တားမြစ်ဖို့ ရှိနေပြီး အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အတွက် လစာတိုးမြှင့်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ကြောင်းသိရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် ပြောင်းရွှေ့ကြေးသဘောတူညီနိုင်ဖို့ အခက်အခဲ မရှိပေမယ့် အသင်းရဲ့ မြင့်တက်လာတဲ့ လစာငွေပိုင်းကို ထိန်းချုပ်ရဖို့ ရှိနေတဲ့အတွက် ပြင်သစ်သားကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းသာ ပေးချေဖို့ ဆန္ဒရှိတယ်လို့ ဆိုနေကြ။

– ကစားသမားရဲ့ ဆန္ဒကြောင့်သာ အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ရတယ်လို့ ဒေါ့မွန်အသင်း အမှုဆောင်အရာရှိချုပ် ဟန်းစ်-ယိုအာခင်မ် ဗက်ဇ်ကာက ညည်းတွားပြောဆိုလိုက်ပြီး နှစ်နှစ်နီးပါးကြာအောင် ပြောင်းရွှေ့ကစားလိုနေတဲ့ မန်ချက်စတာယူနိုက်တက်အိပ်မက်ကို ခွင့်ပြုပေးလိုက်တာဖြစ်ပြီး လိုချင်တဲ့ ပြောင်းရွှေ့ကြေး မရခဲ့ကြောင်းဆိုသွား။

– အသင်းကနေ ခေါ်ယူဖို့ ကြန့်ကြာနေခဲ့တဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ဟာရီကိန်းကို ခေါ်ယူမယ့်အစား ဈေးနှုန်းပိုမိုသက်သာနိုင်သလို ပိုမိုငယ်ရွယ်တဲ့ အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ခေါ်ယူဖို့ ယူနိုက်တက်တို့ အလိုရှိနေ။

– ဂျူဗင်တပ်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေးစုံစမ်းထားပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုကို ညှိနှိုင်းနေခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ဆီ တစ်ကျော့ပြန် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အက်ဒင်ဆန် ကာဗာနီကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပြီး ယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ ဆန်ချိုနဲ့ ကျောနံပါတ် ၇ ပြဿနာကို တစ်ဖန်ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရာဖေးလ် ဗာရွန်းကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေက အဆင်မပြေခဲ့ဘူးဆိုရင် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ပြောင်းရွှေ့ကြေးရော လုပ်ခလစာပါ အနည်းဆုံးသုံးပုံတစ်ပုံလောက် သက်သာနိုင်တဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပေါ်တောရက်စ်ကိုပဲ ဟာရီ မက်ဂွိုင်းယားရဲ့ တွဲဘက်အဖြစ် ခေါ်ယူသွားဖွယ်ရှိနေ။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ အသင်းဘက်က ကမ်းလှမ်းတဲ့ နောက်ဆုံး စာချုပ်သစ် နှစ်ကြိမ်ကို ပယ်ချခဲ့တယ်လို့ သိရှိခဲ့ရတာက ယူနိုက်တက်တို့အတွက် ပွဲလန့်တုန်း ဖျာခင်းချင်စရာဖြစ်လာပြီး ဟမ်းမားနည်းပြ ဒေးဗစ်မွိုက်စ် အသည်းအသန်လိုချင်နေတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို အသုံးပြုကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

– ပီအက်စ်ဂျီအသင်းအနေနဲ့ ဆာဂျီယို ရာမို့စ်ကို နှစ်ရက်အတွင်း ဆေးစစ်ခေါ်ယူဖို့ သဘောတူညီသွားနိုင်တာဟာ ယူနိုက်တက်တို့ အတွက်တော့ သတင်းကောင်းဖြစ်နေခဲ့ပြီး နည်းပြပိုချက်တီနိုအနေနဲ့ လက်ရှိနောက်ခံလူတွေဖြစ်ကြတဲ့ မားကင်ညို့စ်နဲ့ ပရက်စနဲလ် ကင်ပမ်ဘီတို့ကို ပြန်လည်ရောင်းချနိုင်ခြေမှာ အခွင့်ကောင်းယူပြီး ခေါ်ယူနိုင်ဖို့ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳအတြက္ စိတ္ေအးခဲ့အၿပီးမွာ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ လုပ္ေဆာင္ေနၿပီး တိုက္စစ္ပိုင္းမွာ အားကိုးလို႔မရတဲ့ အာ႐ြန္ ဝန္ဘစ္ဆာကာရဲ႕ ေနရာမွာ အလဲအလွယ္နဲ႔ အသုံးျပဳႏိုင္ဖို႔ ရိန္းဂ်ားစ္ေနာက္ခံလူ ဂ်ိမ္းစ္ တာဗားနီးယာကို ခ်ိတ္ဆက္ေန။

– ယူႏိုက္တက္တို႔အေနနဲ႔ ဆန္ခ်ိဳကို အၿပီးသတ္လက္မွတ္ေရးထိုးႏိုင္တာနဲ႔ ေနာက္ထပ္ျပႆနာတစ္ခုမွာ မီးကို မေလာင္ခင္က တားျမစ္ဖို႔ ရွိေနၿပီး အဓိက ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ လစာတိုးျမႇင့္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳးပမ္းသြားရမွာျဖစ္ေၾကာင္းသိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီႏိုင္ဖို႔ အခက္အခဲ မရွိေပမယ့္ အသင္းရဲ႕ ျမင့္တက္လာတဲ့ လစာေငြပိုင္းကို ထိန္းခ်ဳပ္ရဖို႔ ရွိေနတဲ့အတြက္ ျပင္သစ္သားကို တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းသာ ေပးေခ်ဖို႔ ဆႏၵရွိတယ္လို႔ ဆိုေနၾက။

– ကစားသမားရဲ႕ ဆႏၵေၾကာင့္သာ အသင္းကေန ထြက္ခြာခြင့္ ေပးလိုက္ရတယ္လို႔ ေဒါ့မြန္အသင္း အမႈေဆာင္အရာရွိခ်ဳပ္ ဟန္းစ္-ယိုအာခင္မ္ ဗက္ဇ္ကာက ညည္းတြားေျပာဆိုလိုက္ၿပီး ႏွစ္ႏွစ္နီးပါးၾကာေအာင္ ေျပာင္းေ႐ႊ႕ကစားလိုေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အိပ္မက္ကို ခြင့္ျပဳေပးလိုက္တာျဖစ္ၿပီး လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကး မရခဲ့ေၾကာင္းဆိုသြား။

– အသင္းကေန ေခၚယူဖို႔ ၾကန႔္ၾကာေနခဲ့တဲ့ အေထာင္တိုက္စစ္မႉးေနရာအတြက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ဟာရီကိန္းကို ေခၚယူမယ့္အစား ေဈးႏႈန္းပိုမိုသက္သာႏိုင္သလို ပိုမိုငယ္႐ြယ္တဲ့ အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ေခၚယူဖို႔ ယူႏိုက္တက္တို႔ အလိုရွိေန။

– ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးစုံစမ္းထားၿပီး ပုဂၢိဳလ္ေရး သေဘာတူညီမႈကို ညႇိႏႈိင္းေနခဲ့တဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အိုးလ္ထရက္ဖို႔ဒ္ဆီ တစ္ေက်ာ့ျပန္ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ အက္ဒင္ဆန္ ကာဗာနီကို ထြက္ခြာခြင့္ေပးဖို႔ ရွိေနၿပီး ယူႏိုက္တက္ တာဝန္ရွိသူေတြအေနနဲ႔ ဆန္ခ်ိဳနဲ႔ ေက်ာနံပါတ္ ၇ ျပႆနာကို တစ္ဖန္ျပန္လည္ရင္ဆိုင္ရဖြယ္ရွိေန။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ရာေဖးလ္ ဗာ႐ြန္းကို ေခၚယူဖို႔ ညႇိႏႈိင္းမႈေတြက အဆင္မေျပခဲ့ဘူးဆိုရင္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကးေရာ လုပ္ခလစာပါ အနည္းဆုံးသုံးပုံတစ္ပုံေလာက္ သက္သာႏိုင္တဲ့ ဗီလာရီးရဲလ္ေနာက္ခံလူ ေပၚေတာရက္စ္ကိုပဲ ဟာရီ မက္ဂြိဳင္းယားရဲ႕ တြဲဘက္အျဖစ္ ေခၚယူသြားဖြယ္ရွိေန။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အေနနဲ႔ အသင္းဘက္က ကမ္းလွမ္းတဲ့ ေနာက္ဆုံး စာခ်ဳပ္သစ္ ႏွစ္ႀကိမ္ကို ပယ္ခ်ခဲ့တယ္လို႔ သိရွိခဲ့ရတာက ယူႏိုက္တက္တို႔အတြက္ ပြဲလန႔္တုန္း ဖ်ာခင္းခ်င္စရာျဖစ္လာၿပီး ဟမ္းမားနည္းျပ ေဒးဗစ္မြိဳက္စ္ အသည္းအသန္လိုခ်င္ေနတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို အသုံးျပဳကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေန။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဆာဂ်ီယို ရာမို႔စ္ကို ႏွစ္ရက္အတြင္း ေဆးစစ္ေခၚယူဖို႔ သေဘာတူညီသြားႏိုင္တာဟာ ယူႏိုက္တက္တို႔ အတြက္ေတာ့ သတင္းေကာင္းျဖစ္ေနခဲ့ၿပီး နည္းျပပိုခ်က္တီႏိုအေနနဲ႔ လက္ရွိေနာက္ခံလူေတြျဖစ္ၾကတဲ့ မားကင္ညိဳ႕စ္နဲ႔ ပရက္စနဲလ္ ကင္ပမ္ဘီတို႔ကို ျပန္လည္ေရာင္းခ်ႏိုင္ေျခမွာ အခြင့္ေကာင္းယူၿပီး ေခၚယူႏိုင္ဖို႔ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.