Premier League Transfer News

2 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းက အလိုရှိနေတဲ့ နောက်ခံလူ ဘန်ဝှိုက်အတွက် ဘရိုက်တန်အသင်းက ဈေးကိုင်နေခဲ့ပေမယ့် ယူရိုပြိုင်ပွဲတွေ ပြီးတဲ့အခါ ကစားသမားနဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြီးတာနဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိနေသလို အင်္ဂလန်လက်ရွေးစင်အနေနဲ့ အမ်းမရိတ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုနဲ့ ခရစ္စ ဝှီတ်လီ ထုတ်ဖော်သွား။

– ပေါ်တူဂီ လူငယ်ကစားသမား နူနို တာဗာရက်စ်အတွက် ပြိုင်ပွဲမှာ အာဆင်နယ်တို့အနေနဲ့ လီဗာပူးလ်ကို အနိုင်ရခဲ့ပြီဖြစ်ပြီး အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ရှိနေသလို မာဆေးဆိုက်အသင်းကတော့ ငွေကြေးချွေတာဖို့ မဖြစ်နိုင်တော့ဘဲ စပို့တင်းလစ္စဘွန်းရဲ့ ပေါင် ၄၃ သန်းတန် နောက်ခံလူ နူနို မန်ဒက်စ်ကိုပဲ ကြိုးစားရဖို့ရှိလာ။

– ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ချာကာကို မရောင်းချသင့်တော့ကြောင်း အသင်းဂန္ထဝင်တိုက်စစ်မှူး အီယန်ရိုက်က သတိပေးသွားပြီး တတ်နိုင်သမျှ အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးစားသွားဖို့ တိုက်တွန်း။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်အတွက် ဇွန်လကုန်မှာ ခေါ်ယူဖို့ မလုပ်နိုင်ခဲ့တဲ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ (ပေါင် ၁၈ သန်း) ပိုပေးရနိုင်ပြီး ဆွီဒင်သားရဲ့ စာချုပ်လျော်ကြေးက သတ်မှတ်ကာလအတွင်းမှာ ယူရို သန်း ၇၀ (ပေါင် ၆၁ သန်း)ကနေ သန်း ၉၀ (ပေါင် ၇၇.၅ သန်း)အထိ မြင့်တက်လာခဲ့။

– ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်ပါနေခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာ ထွက်ခွာသွားခဲ့ရင် ပြန်လည်အစားထိုးမှုအတွက် အာဆင်နယ်တို့အနေနဲ့ နာပိုလီအသင်းရဲ့ ပိုလန်ကွင်းလယ်လူ ပျိုတာ ဇီလင်စကီးကို စိတ်ဝင်စားနေပြီး ချိတ်ဆက်စုံစမ်းနေ။

– နောက်ခံလူ ဟက်တာ ဘယ်လာရင်အတွက် အင်တာမီလန်အသင်းရဲ့ ချဉ်းကပ်လာမှုဟာ မခိုင်မာကြောင်း ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်လိုက်ပြီး တန်ကြေး ပေါင်သန်း ၂၀ ဝန်းကျင်ရှိတဲ့ စပိန်သားအတွက် အာဆင်နယ်ဘက်ကလည်း အငှားနဲ့ ခွင့်ပြုဖို့ လုံးဝမရှိဘူးလို့ ရေးသား။

– အီတလီလက်ရွေးစင်ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို ခေါ်ယူဖို့အတွက် ပိုမိုလွယ်ကူအောင်နဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)ဆိုတဲ့ ဈေးနှုန်းကို လျှော့ချနိုင်အောင် နေရာဟောင်းကို ပြန်ချင်နေတဲ့ လူးကပ်စ် တော်ရဲရားကို ဆာဆူအိုလိုဆီ အလိုက်ပေးကမ်းလှမ်းဖို့ အာဆင်နယ်ပရိသတ်တွေ တိုက်တွန်း။

– အာဆင်နယ်အသင်းက စောင့်ကြည့်နေခဲ့တဲ့ RB လိုက်ပ်ဇစ်ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို ခေါ်ယူလိုတဲ့အထဲမှာ ရိုးမားအသင်းလည်း ပါဝင်လာခဲ့ပြီး ဂရာနစ် ချာကာကို မရခဲ့ရင် ပြောင်းလဲခေါ်ယူဖို့ စီစဉ်နေသလို ဂန်းနားတွေဘက်ကလည်း ဆွစ်ဇာလန်သားရဲ့ ဖြစ်နိုင်ဖွယ် အစားထိုးမှုအဖြစ် သတ်မှတ်ထား။

– အာဆင်နယ်အသင်းကနေ ထွက်ခွာခွင့် ပေးထားတဲ့ ကွင်းလယ်လူ ဝီလီယန်အနေနဲ့ အင်တာမိုင်ယာမီအသင်းနဲ့ ညှိနှိုင်းမှုမှာ သူ့ဘက်က တောင်းဆိုတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၆၇၀၀၀ ကြောင့် ပျက်ပြားခဲ့ရပြီး အသင်းအနေနဲ့ အိုဇေးလ်တုန်းကလို လက်ကျန်စာချုပ်အတွက် တာဝန်ယူပေးချေရတာမျိုး ထပ်မဖြစ်ဖို့ ကြိုးစားရှောင်လွှဲရဖွယ်ရှိနေ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့ကိစ္စတွေမှာ ဘယ်လို ကိုင်တွယ်နေကြသလဲလို့ အသင်းတာဝန်ရှိသူတွေကို မေးခွန်းထုတ်ခဲ့ကြပြီး ရီးစ် နယ်လ်ဆန်ကို ဈေးပေါပေါနဲ့ ချရောင်းရဖို့ ရှိနေသလို မက်တီယို ဂန်ဒူဇီကိုလည်း စာချုပ် တစ်နှစ်ကျန်ချိန်မှာ ပေါင်ဆယ်သန်းထက် ပိုပေးမယ့်အသင်း မရှိတော့ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းက အလိုရွိေနတဲ့ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ဘ႐ိုက္တန္အသင္းက ေဈးကိုင္ေနခဲ့ေပမယ့္ ယူ႐ိုၿပိဳင္ပြဲေတြ ၿပီးတဲ့အခါ ကစားသမားနဲ႔ ေတ့ေတ့ဆိုင္ဆိုင္ ေဆြးေႏြးၿပီးတာနဲ႔ အေျပာင္းအေ႐ႊ႕ျဖစ္ေပၚဖြယ္ရွိေနသလို အဂၤလန္လက္ေ႐ြးစင္အေနနဲ႔ အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုနဲ႔ ခရစၥ ဝွီတ္လီ ထုတ္ေဖာ္သြား။

– ေပၚတူဂီ လူငယ္ကစားသမား ႏူႏို တာဗာရက္စ္အတြက္ ၿပိဳင္ပြဲမွာ အာဆင္နယ္တို႔အေနနဲ႔ လီဗာပူးလ္ကို အႏိုင္ရခဲ့ၿပီျဖစ္ၿပီး အျမန္ဆုံး အၿပီးသတ္ႏိုင္ဖို႔ ရွိေနသလို မာေဆးဆိုက္အသင္းကေတာ့ ေငြေၾကးေခြၽတာဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ စပို႔တင္းလစၥဘြန္းရဲ႕ ေပါင္ ၄၃ သန္းတန္ ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကိုပဲ ႀကိဳးစားရဖို႔ရွိလာ။

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အေကာင္းဆုံးေျခစြမ္းေတြကို ျပသေနခဲ့တဲ့ ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို မေရာင္းခ်သင့္ေတာ့ေၾကာင္း အသင္းဂႏၴဝင္တိုက္စစ္မႉး အီယန္႐ိုက္က သတိေပးသြားၿပီး တတ္ႏိုင္သမွ် အသင္းမွာ ဆက္လက္ထိန္းသိမ္းႏိုင္ေအာင္ ႀကိဳးစားသြားဖို႔ တိုက္တြန္း။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ခ္အတြက္ ဇြန္လကုန္မွာ ေခၚယူဖို႔ မလုပ္ႏိုင္ခဲ့တဲ့အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၂၀ (ေပါင္ ၁၈ သန္း) ပိုေပးရႏိုင္ၿပီး ဆြီဒင္သားရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက သတ္မွတ္ကာလအတြင္းမွာ ယူ႐ို သန္း ၇၀ (ေပါင္ ၆၁ သန္း)ကေန သန္း ၉၀ (ေပါင္ ၇၇.၅ သန္း)အထိ ျမင့္တက္လာခဲ့။

– ႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေတာ္ေတာ္ေလး စိတ္ပါေနခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာ ထြက္ခြာသြားခဲ့ရင္ ျပန္လည္အစားထိုးမႈအတြက္ အာဆင္နယ္တို႔အေနနဲ႔ နာပိုလီအသင္းရဲ႕ ပိုလန္ကြင္းလယ္လူ ပ်ိဳတာ ဇီလင္စကီးကို စိတ္ဝင္စားေနၿပီး ခ်ိတ္ဆက္စုံစမ္းေန။

– ေနာက္ခံလူ ဟက္တာ ဘယ္လာရင္အတြက္ အင္တာမီလန္အသင္းရဲ႕ ခ်ဥ္းကပ္လာမႈဟာ မခိုင္မာေၾကာင္း ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္လိုက္ၿပီး တန္ေၾကး ေပါင္သန္း ၂၀ ဝန္းက်င္ရွိတဲ့ စပိန္သားအတြက္ အာဆင္နယ္ဘက္ကလည္း အငွားနဲ႔ ခြင့္ျပဳဖို႔ လုံးဝမရွိဘူးလို႔ ေရးသား။

– အီတလီလက္ေ႐ြးစင္ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို ေခၚယူဖို႔အတြက္ ပိုမိုလြယ္ကူေအာင္နဲ႔ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)ဆိုတဲ့ ေဈးႏႈန္းကို ေလွ်ာ့ခ်ႏိုင္ေအာင္ ေနရာေဟာင္းကို ျပန္ခ်င္ေနတဲ့ လူးကပ္စ္ ေတာ္ရဲရားကို ဆာဆူအိုလိုဆီ အလိုက္ေပးကမ္းလွမ္းဖို႔ အာဆင္နယ္ပရိသတ္ေတြ တိုက္တြန္း။

– အာဆင္နယ္အသင္းက ေစာင့္ၾကည့္ေနခဲ့တဲ့ RB လိုက္ပ္ဇစ္ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို ေခၚယူလိုတဲ့အထဲမွာ ႐ိုးမားအသင္းလည္း ပါဝင္လာခဲ့ၿပီး ဂရာနစ္ ခ်ာကာကို မရခဲ့ရင္ ေျပာင္းလဲေခၚယူဖို႔ စီစဥ္ေနသလို ဂန္းနားေတြဘက္ကလည္း ဆြစ္ဇာလန္သားရဲ႕ ျဖစ္ႏိုင္ဖြယ္ အစားထိုးမႈအျဖစ္ သတ္မွတ္ထား။

– အာဆင္နယ္အသင္းကေန ထြက္ခြာခြင့္ ေပးထားတဲ့ ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ အင္တာမိုင္ယာမီအသင္းနဲ႔ ညႇိႏႈိင္းမႈမွာ သူ႔ဘက္က ေတာင္းဆိုတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၁၆၇၀၀၀ ေၾကာင့္ ပ်က္ျပားခဲ့ရၿပီး အသင္းအေနနဲ႔ အိုေဇးလ္တုန္းကလို လက္က်န္စာခ်ဳပ္အတြက္ တာဝန္ယူေပးေခ်ရတာမ်ိဳး ထပ္မျဖစ္ဖို႔ ႀကိဳးစားေရွာင္လႊဲရဖြယ္ရွိေန။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ကစားသမားေတြကို စာခ်ဳပ္သက္တမ္းတိုးဖို႔ကိစၥေတြမွာ ဘယ္လို ကိုင္တြယ္ေနၾကသလဲလို႔ အသင္းတာဝန္ရွိသူေတြကို ေမးခြန္းထုတ္ခဲ့ၾကၿပီး ရီးစ္ နယ္လ္ဆန္ကို ေဈးေပါေပါနဲ႔ ခ်ေရာင္းရဖို႔ ရွိေနသလို မက္တီယို ဂန္ဒူဇီကိုလည္း စာခ်ဳပ္ တစ္ႏွစ္က်န္ခ်ိန္မွာ ေပါင္ဆယ္သန္းထက္ ပိုေပးမယ့္အသင္း မရွိေတာ့ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.