Premier League Serie A Transfer News

ရော်နယ်လ်ဒိုရဲ့ အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးနဲ့အတူ ပေါ်တူဂီသားတွေ ဆုံစည်းမှာလား

ပေါ်တူဂီအသင်းရဲ့ ယူရို ၂၀၂၀ က ထွက်ခွာခဲ့ရမှုဟာ မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ ပျောက်တာမှ မကြာသေး၊ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စတင်နေပြီလည်း ဖြစ်ပါတယ်။ ယူရိုမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ သူ့အနေနဲ့ တစ်ဖက်အသင်းဂိုးရှေ့မှာ ဇီဝိန်ချွေအဆုံးသတ်စွမ်းရည်တွေ ပြသနိုင်တုန်း အနေအထားက သူ့အသက်က ၃၆ နှစ်ရှိတယ်ဆိုတာကို မေ့ထားလို့ရလောက်တဲ့ထိပါပဲ။

တကယ်တော့ ရော်နယ်လ်ဒိုကို ခေါ်ယူလိုတဲ့ ထိပ်တန်းအသင်းကြီးတွေ များပြားနေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ နောက်ဆုံးရသတင်းတွေအရတော့ အခြားအသင်းကြီးတွေထက် မန်ချက်စတာယူနိုက်တက်အသင်းက ‌ခြေတစ်လှမ်း သွက်နေတာပဲဖြစ်ပါတယ်။ Cult of Calcio မှာ ဖော်ပြချက်အရ ရော်နယ်လ်ဒိုက တစ်နှစ်လုပ်ခ အခွန်ဖြတ်ပြီး ပေါင် ၂၇ သန်း ရရှိနေတဲ့ တူရင်က လက်ရှိလစာရဲ့ တစ်ဝက်ပဲ ရရှိမှာပါ။

အပြောင်းအရွှေ့ကတော့ ၃၆ နှစ်သားတိုက်စစ်မှူး အပေါ်မှာပဲ မူတည်နေတာဖြစ်ပြီး လစာများမယ့် ဂျူဗင်တပ်စ်မှာ ဆက်နေမလား၊ လစာလျှော့ယူပြီး သရဲနီတို့ဆီကို ပြန်လာပြီး ပရီးမီးယားလိဂ်အရယူဖို့ တိုက်ပွဲဝင်မလားဆိုတာ သူရွေးချယ်ရမယ့်ကိစ္စပါ။ ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပြီးတော့ အင်္ဂလန်ကလပ်ထက် ပိုကောင်းတဲ့ ကမ်းလှမ်းချက်မျိုးပေးဖို့ စောင့်နေတာလားတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပါ။

လာဂဇက်တာဒယ်လိုစပို့စ်ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်လ်ဒိုအတွက် အစားထိုးဖို့ ရှာပြီးသွားပြီလို့ သိရပြီး မန်ချက်စတာစီးတီးရဲ့ ဂါဘရီယယ် ဂျေဆူးစ်၊ ဖီအိုရင်တီးနားရဲ့ ဒူဆန် ဗလာဟိုဗစ်ခ်ျ နဲ့ ပီအက်စ်ဂျီရဲ့ မော်ရို အီကာဒီတို့ကို လျာထားပေမယ့် အသင်းကနေ မထွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ ဟွမ်မာတာကတော့ အသင်းမှာပဲ ဆက်နေရဖို့ မျှော်လင့်နေပြီး စာချုပ်သစ်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေကလည်း တစ်နှစ်သက်တမ်းတိုးဖို့ စီစဉ်နေတာကြောင့် ၂၀၁၄ ကတည်းက သရဲနီဖြစ်လာခဲ့တဲ့ စပိန်သားကို လာမယ့်ရာသီမှာလည်း မြင်ရဖို့ရှိနေသေးတာပါ။ ဂျေဒန် ဆန်ချို ရောက်ရှိလာတာကြောင့် တိုက်စစ်အတွက် ကစားခွင့် နည်းသွားနိုင်ပေမယ့် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပုံလည်းရပါတယ်။

Euro Sport ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်အင်အားဖြည့်တင်းဖို့အတွက် ဝုဗ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းနဲ့ ပေါင် ၃၅ သန်းဝန်းကျင်ပမာဏနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတဲ့ သူ့ကို ဂန်းနားတို့နဲ့အပြိုင် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အသင်းရဲ့ ကွင်းလယ်မှာ လက်ရှိ ဖရက်ဒ်၊ စကော့ မက်တော်မီနေး၊ နီမန်ဂျာ မာတစ်ခ်ျ၊ ပေါလ် ပေါ့ဘာတို့ကို ဦးစားပေး အသုံးပြုနေရတာပါ။

သူနဲ့ ရော်နယ်လ်ဒိုသာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာခဲ့ရင် ပေါ်တူဂီတွဲလုံးတွေ မြင်ရမှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဘရူနိုဖာနန်ဒက်စ် – နီဗက်စ် – ရော်နယ်လ်ဒိုတို့ ဆီလီဆာ ၃ ယောက်သား ပူးပေါင်းပြီး ကာလအတော်ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူသွားမလား‌ဆိုတာ မျှော်လင့်ရင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီအသင္းရဲ႕ ယူ႐ို ၂၀၂၀ က ထြက္ခြာခဲ့ရမႈဟာ မီဒီယာေတြရဲ႕ စာမ်က္ႏွာထက္မွာ ေပ်ာက္တာမွ မၾကာေသး၊ ေပၚတူဂီအသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ စတင္ေနၿပီလည္း ျဖစ္ပါတယ္။ ယူ႐ိုမွာ ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တဲ့ သူ႔အေနနဲ႔ တစ္ဖက္အသင္းဂိုးေရွ႕မွာ ဇီဝိန္ေခြၽအဆုံးသတ္စြမ္းရည္ေတြ ျပသႏိုင္တုန္း အေနအထားက သူ႔အသက္က ၃၆ ႏွစ္ရွိတယ္ဆိုတာကို ေမ့ထားလို႔ရေလာက္တဲ့ထိပါပဲ။

တကယ္ေတာ့ ေရာ္နယ္လ္ဒိုကို ေခၚယူလိုတဲ့ ထိပ္တန္းအသင္းႀကီးေတြ မ်ားျပားေနတာက အံ့ဩစရာေတာ့ မဟုတ္ပါဘူး။ ေနာက္ဆုံးရသတင္းေတြအရေတာ့ အျခားအသင္းႀကီးေတြထက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ‌ေျခတစ္လွမ္း သြက္ေနတာပဲျဖစ္ပါတယ္။ Cult of Calcio မွာ ေဖာ္ျပခ်က္အရ ေရာ္နယ္လ္ဒိုက တစ္ႏွစ္လုပ္ခ အခြန္ျဖတ္ၿပီး ေပါင္ ၂၇ သန္း ရရွိေနတဲ့ တူရင္က လက္ရွိလစာရဲ႕ တစ္ဝက္ပဲ ရရွိမွာပါ။

အေျပာင္းအေ႐ႊ႕ကေတာ့ ၃၆ ႏွစ္သားတိုက္စစ္မႉး အေပၚမွာပဲ မူတည္ေနတာျဖစ္ၿပီး လစာမ်ားမယ့္ ဂ်ဴဗင္တပ္စ္မွာ ဆက္ေနမလား၊ လစာေလွ်ာ့ယူၿပီး သရဲနီတို႔ဆီကို ျပန္လာၿပီး ပရီးမီးယားလိဂ္အရယူဖို႔ တိုက္ပြဲဝင္မလားဆိုတာ သူေ႐ြးခ်ယ္ရမယ့္ကိစၥပါ။ ပီအက္စ္ဂ်ီအသင္းနဲ႔ ရီးယဲလ္မက္ဒရစ္အသင္းတို႔ကလည္း အေျခအေနကို ေစာင့္ၾကည့္ေနၿပီးေတာ့ အဂၤလန္ကလပ္ထက္ ပိုေကာင္းတဲ့ ကမ္းလွမ္းခ်က္မ်ိဳးေပးဖို႔ ေစာင့္ေနတာလားေတာ့ သူတို႔ကိုယ္တိုင္ပဲ သိမွာပါ။

လာဂဇက္တာဒယ္လိုစပို႔စ္ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္အသင္းဟာ ေရာ္နယ္လ္ဒိုအတြက္ အစားထိုးဖို႔ ရွာၿပီးသြားၿပီလို႔ သိရၿပီး မန္ခ်က္စတာစီးတီးရဲ႕ ဂါဘရီယယ္ ေဂ်ဆူးစ္၊ ဖီအိုရင္တီးနားရဲ႕ ဒူဆန္ ဗလာဟိုဗစ္ခ္် နဲ႔ ပီအက္စ္ဂ်ီရဲ႕ ေမာ္႐ို အီကာဒီတို႔ကို လ်ာထားေပမယ့္ အသင္းကေန မထြက္ဖို႔ေတာ့ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၿပီးခဲ့တဲ့ ၂ ရက္ေလာက္ကမွ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့တဲ့ ဟြမ္မာတာကေတာ့ အသင္းမွာပဲ ဆက္ေနရဖို႔ ေမွ်ာ္လင့္ေနၿပီး စာခ်ဳပ္သစ္ကို ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ တာဝန္ရွိသူေတြကလည္း တစ္ႏွစ္သက္တမ္းတိုးဖို႔ စီစဥ္ေနတာေၾကာင့္ ၂၀၁၄ ကတည္းက သရဲနီျဖစ္လာခဲ့တဲ့ စပိန္သားကို လာမယ့္ရာသီမွာလည္း ျမင္ရဖို႔ရွိေနေသးတာပါ။ ေဂ်ဒန္ ဆန္ခ်ိဳ ေရာက္ရွိလာတာေၾကာင့္ တိုက္စစ္အတြက္ ကစားခြင့္ နည္းသြားႏိုင္ေပမယ့္ ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ထားပုံလည္းရပါတယ္။

Euro Sport ရဲ႕ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းက ကြင္းလယ္အင္အားျဖည့္တင္းဖို႔အတြက္ ဝုဗ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို ေခၚယူဖို႔ စီစဥ္လာတယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းနဲ႔ ေပါင္ ၃၅ သန္းဝန္းက်င္ပမာဏနဲ႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေနတဲ့ သူ႔ကို ဂန္းနားတို႔နဲ႔အၿပိဳင္ ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ အသင္းရဲ႕ ကြင္းလယ္မွာ လက္ရွိ ဖရက္ဒ္၊ စေကာ့ မက္ေတာ္မီေနး၊ နီမန္ဂ်ာ မာတစ္ခ္်၊ ေပါလ္ ေပါ့ဘာတို႔ကို ဦးစားေပး အသုံးျပဳေနရတာပါ။

သူနဲ႔ ေရာ္နယ္လ္ဒိုသာ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္လာခဲ့ရင္ ေပၚတူဂီတြဲလုံးေတြ ျမင္ရမွာျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ – နီဗက္စ္ – ေရာ္နယ္လ္ဒိုတို႔ ဆီလီဆာ ၃ ေယာက္သား ပူးေပါင္းၿပီး ကာလအေတာ္ၾကာ ေဝးကြာေနခဲ့တဲ့ ပရီးမီးယားလိဂ္ဖလားကို အရယူသြားမလား‌ဆိုတာ ေမွ်ာ္လင့္ရင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.