Premier League

ဖာဘရီဂက်စ်နောက်ကို လူငယ်ကြယ်ပွင့်လေးလိုက်မှာ ကြောက်နေတဲ့ ကမ်းဘဲလ်

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အက်စတွန်ဗီလာရဲ့ ဂျက်ဂရီးလစ်ရှ် ကြုံနေရသလိုမျိုး လူငယ်ကစားသမားလေး ဘူကာယို ဆာကာအနေနဲ့ အသင်းပြောင်းသွားမှာကို စိုးရိမ်နေကြောင်း ပြောသွားခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ ပြသနေတဲ့ ခြေစွမ်းကောင်းတွေကြောင့် အသင်းကြီးတွေရဲ့ ငွေပုံပေးပြီးခေါ်ယူတာမျိုး ကြုံရမှာကို ဂန်းနားဟောင်းကြီးက စိုးရိမ်နေတာပါ။

ကမ်းဘဲလ်က Football Insider ကို “သူတို့ ဒီ ၁၉ နှစ်သားလေးကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ဆို နှစ်ရှည်စာချုပ် ချုပ်ဖို့ လုပ်ရတော့မယ်ဗျ”လို့ ပြောသွားခဲ့တာပါ။ ဆာကာရဲ့ တန်‌ကြေးဟာ အင်္ဂလန်အသင်းက ဂျာမနီအသင်းကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာ ထပ်ပြီးမြင့်တက်လာခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ယူရိုမှာ နှစ်ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့တာပါ။

အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေတဲ့ တောင်ပံကစားသမားလေးက ပြီးခဲ့တဲ့နှစ်ကမှ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့ပေမယ့် အင်္ဂလန်အသင်းမှာ ပါဝင်ကစားရတာကြောင့် ဆုဖလားနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေ ဆာလောင်လာလိမ့်မယ်ဆိုတာကိုလည်း ကမ်းဘဲလ်က “ကျွန်တော် အရိုးသားဆုံးပြောရရင် သူ့ရဲ့အနာဂတ်က ဂန်းနားတွေအတွက် စိုးရိမ်စရာ ကောင်းလာပါပြီ။ လက်မခံချင်ပေမယ့် တကယ်စိုးရိမ်စရာပါ”လို့လည်း ပြောသွားခဲ့ပါတယ်။

“အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ လမ်းကြောင်းမှန်ပေါ်မှာ မရှိဘူးဆိုတာ သိကြပါတယ်။ ဆာကာက ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့နဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပခုံးချင်းတိုက်နှုတ်ဆက်နေကြတာက တခြားကစားသမားတွေထက် တရင်းတနှီးရှိနေပုံ ပေါက်နေတယ်။ အမြင့်မားဆုံး အောင်မြင်မှုတွေရနေတဲ့ နိုင်ငံအသင်းဖော်တွေကိုကြည့်ပြီး သူတို့လိုဖြစ်ချင်နေမှာပဲလေ။ သူ့ကလပ်က အစကနေ ပြန်ပြီးတည်ဆောက်နေတဲ့အသင်းဖြစ်နေတာ။ ခက်ခဲတဲ့ခံစားချက်တော့ ဖြစ်ချင်ဖြစ်နေမှာပေါ့ဗျာ”လို့ ပြောသွားခဲ့ပြီး ဗီလာကွင်းလယ်လူလိုမျိုး မန်စီးတီးရဲ့ ဆွဲငင်အားတွေကို ခံနေရမှာကို စိုးရိမ်နေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ လစာတိုးမြှင့်ထားတဲ့ စာချုပ်သစ်ကမ်းလှမ်းဖို့လိုနေပြီး ဆာကာနဲ့အတူ အီမီးလ် စမစ်ရိုးကလည်း ခြေစွမ်းက အတော်လေး တိုးတက်လာခဲ့တာပါ။ ခြေစွမ်းတက်လာတဲ့နောက်မှာတော့ မြင့်မားတဲ့လစာနဲ့ အသင်းကြီးတွေ ကမ်းလှမ်းမှုကို စိုးရိမ်နေရတာဖြစ်ပြီး ဆက်စ် ဖာဘရီဂက်စ်ကို ဘာစီလိုနာက ပြန်ဝယ်သွားခဲ့သလိုမျိုး ထပ်မဖြစ်ရအောင် မကြာသေးခင်ကမှ ကီရန် တီယာနီကို စာချုပ်သစ်ချုပ်ဆိုခဲ့ရတာပါ။

လက်ရှိ ယူရို ၂၀၂၀ တစ်လျှောက်လည်း ဆာကာက ‌အထင်ကြီးစရာ ခြေစွမ်းပြထားခဲ့ပေမယ့် ဂျာမနီအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ၆၀ မိနစ်အရောက်မှာ ဂျာမန်နောက်ခံလူ မားသီးယက်စ် ဂင်တာနဲ့ ထိခိုက်မိတဲ့ ဒဏ်ရာအနည်းငယ် ရသွားတာကြောင့် ပိုဆိုးမလာအောင်နဲ့ ဗျူဟာအပြောင်းအလဲအဖြစ် ၆၉ မိနစ်မှာ ဂရီးလစ်ရှ်နဲ့ လူစားလဲခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း မနှစ်က ဒီလိုနေ့ ဇူလိုင် ၁ ရက်နေ့မှာ သူတို့ရဲ့ အတောက်ပဆုံး ဖြစ်လာမယ့် ဆာကာကို တခြားအသင်းကြီးတွေ ခေါ်ယူသွားမယ့် အရေးကနေ တားဆီးဖို့ ၂၀၂၄ ထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားတယ်လို့ သိရှိရကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က အက္စတြန္ဗီလာရဲ႕ ဂ်က္ဂရီးလစ္ရွ္ ႀကဳံေနရသလိုမ်ိဳး လူငယ္ကစားသမားေလး ဘူကာယို ဆာကာအေနနဲ႔ အသင္းေျပာင္းသြားမွာကို စိုးရိမ္ေနေၾကာင္း ေျပာသြားခဲ့ပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာ ျပသေနတဲ့ ေျခစြမ္းေကာင္းေတြေၾကာင့္ အသင္းႀကီးေတြရဲ႕ ေငြပုံေပးၿပီးေခၚယူတာမ်ိဳး ႀကဳံရမွာကို ဂန္းနားေဟာင္းႀကီးက စိုးရိမ္ေနတာပါ။

ကမ္းဘဲလ္က Football Insider ကို “သူတို႔ ဒီ ၁၉ ႏွစ္သားေလးကို အသင္းမွာ ဆက္ထိန္းႏိုင္ဖို႔ဆို ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဖို႔ လုပ္ရေတာ့မယ္ဗ်”လို႔ ေျပာသြားခဲ့တာပါ။ ဆာကာရဲ႕ တန္‌ေၾကးဟာ အဂၤလန္အသင္းက ဂ်ာမနီအသင္းကို အႏိုင္ယူခဲ့တဲ့ ပြဲအၿပီးမွာ ထပ္ၿပီးျမင့္တက္လာခဲ့တာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ယူ႐ိုမွာ ႏွစ္ပြဲဆက္တိုက္ ပြဲထြက္ခြင့္ရခဲ့တာပါ။

အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ က်န္ရွိေနတဲ့ ေတာင္ပံကစားသမားေလးက ၿပီးခဲ့တဲ့ႏွစ္ကမွ စာခ်ဳပ္သက္တမ္းတိုးျမႇင့္ထားခဲ့ေပမယ့္ အဂၤလန္အသင္းမွာ ပါဝင္ကစားရတာေၾကာင့္ ဆုဖလားနဲ႔ တစ္ဦးခ်င္းေအာင္ျမင္မႈေတြ ဆာေလာင္လာလိမ့္မယ္ဆိုတာကိုလည္း ကမ္းဘဲလ္က “ကြၽန္ေတာ္ အ႐ိုးသားဆုံးေျပာရရင္ သူ႔ရဲ႕အနာဂတ္က ဂန္းနားေတြအတြက္ စိုးရိမ္စရာ ေကာင္းလာပါၿပီ။ လက္မခံခ်င္ေပမယ့္ တကယ္စိုးရိမ္စရာပါ”လို႔လည္း ေျပာသြားခဲ့ပါတယ္။

“အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ လမ္းေၾကာင္းမွန္ေပၚမွာ မရွိဘူးဆိုတာ သိၾကပါတယ္။ ဆာကာက ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔နဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပခုံးခ်င္းတိုက္ႏႈတ္ဆက္ေနၾကတာက တျခားကစားသမားေတြထက္ တရင္းတႏွီးရွိေနပုံ ေပါက္ေနတယ္။ အျမင့္မားဆုံး ေအာင္ျမင္မႈေတြရေနတဲ့ ႏိုင္ငံအသင္းေဖာ္ေတြကိုၾကည့္ၿပီး သူတို႔လိုျဖစ္ခ်င္ေနမွာပဲေလ။ သူ႔ကလပ္က အစကေန ျပန္ၿပီးတည္ေဆာက္ေနတဲ့အသင္းျဖစ္ေနတာ။ ခက္ခဲတဲ့ခံစားခ်က္ေတာ့ ျဖစ္ခ်င္ျဖစ္ေနမွာေပါ့ဗ်ာ”လို႔ ေျပာသြားခဲ့ၿပီး ဗီလာကြင္းလယ္လူလိုမ်ိဳး မန္စီးတီးရဲ႕ ဆြဲငင္အားေတြကို ခံေနရမွာကို စိုးရိမ္ေနတာပါ။

အာဆင္နယ္အသင္းအေနနဲ႔ လစာတိုးျမႇင့္ထားတဲ့ စာခ်ဳပ္သစ္ကမ္းလွမ္းဖို႔လိုေနၿပီး ဆာကာနဲ႔အတူ အီမီးလ္ စမစ္႐ိုးကလည္း ေျခစြမ္းက အေတာ္ေလး တိုးတက္လာခဲ့တာပါ။ ေျခစြမ္းတက္လာတဲ့ေနာက္မွာေတာ့ ျမင့္မားတဲ့လစာနဲ႔ အသင္းႀကီးေတြ ကမ္းလွမ္းမႈကို စိုးရိမ္ေနရတာျဖစ္ၿပီး ဆက္စ္ ဖာဘရီဂက္စ္ကို ဘာစီလိုနာက ျပန္ဝယ္သြားခဲ့သလိုမ်ိဳး ထပ္မျဖစ္ရေအာင္ မၾကာေသးခင္ကမွ ကီရန္ တီယာနီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ရတာပါ။

လက္ရွိ ယူ႐ို ၂၀၂၀ တစ္ေလွ်ာက္လည္း ဆာကာက ‌အထင္ႀကီးစရာ ေျခစြမ္းျပထားခဲ့ေပမယ့္ ဂ်ာမနီအသင္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ၆၀ မိနစ္အေရာက္မွာ ဂ်ာမန္ေနာက္ခံလူ မားသီးယက္စ္ ဂင္တာနဲ႔ ထိခိုက္မိတဲ့ ဒဏ္ရာအနည္းငယ္ ရသြားတာေၾကာင့္ ပိုဆိုးမလာေအာင္နဲ႔ ဗ်ဴဟာအေျပာင္းအလဲအျဖစ္ ၆၉ မိနစ္မွာ ဂရီးလစ္ရွ္နဲ႔ လူစားလဲခဲ့ရပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔လည္း မႏွစ္က ဒီလိုေန႔ ဇူလိုင္ ၁ ရက္ေန႔မွာ သူတို႔ရဲ႕ အေတာက္ပဆုံး ျဖစ္လာမယ့္ ဆာကာကို တျခားအသင္းႀကီးေတြ ေခၚယူသြားမယ့္ အေရးကေန တားဆီးဖို႔ ၂၀၂၄ ထိ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုထားတယ္လို႔ သိရွိရေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.