Bundesliga La Liga Ligue1 Premier League Serie A Transfer News

July လဆန်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– ဇွန်လ ၃၀ ရက်နေ့အထိ လက်မှတ်ရေးထိုးဖို့ သဘောတူညီမှု မရရှိခဲ့ဘဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေတဲ့အတွက် မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေ ခြေချင်းလိမ်လာခဲ့ပြီး နူးကမ့်ဘက်ကတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားဆဲဖြစ်ကြောင်းသိရ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်အတွက် ငွေကြေး အင်အားတောင့်တင်းတဲ့ အသင်းကြီးသုံးသင်းက လစာမြင့်မြင့်မားမားနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပြီး မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ဖြစ်နေ။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီကုန်မှာ ဝုလ်ဗာဟမ့်ပ်တန်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ နည်းပြ နူနို ဆန်တိုကို နည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ပြီး ယာယီနည်းပြ ရိုင်ယန် မေဆန်ကို ထည့်မတွက်ရင် ပေါ်တူဂီသားနှစ်ဦးဆက်တိုက် ခန့်အပ်ခဲ့မိတာလည်းဖြစ်နေ။

– အဲဗာတန်အသင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်းကို ထွက်ခွာသွားတဲ့ ကာလို အန်ချယ်လော့တီကြောင့် လစ်လပ်နေခဲ့တဲ့ ဂွတ်ဒီဆန်ပါ့ခ်ရဲ့ နည်းပြနေရာအတွက် မာဆေးဆိုက်ကို ၁၁ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတဲ့ လီဗာပူးလ်နည်းပြဟောင်း ရာဖေးလ် ဘင်နီတက်ဇ်ကို သုံးနှစ်စာချုပ်နဲ့ ခန့်အပ်တာဝန်ပေးသွားခဲ့။

– လက်စတာစီးတီးအသင်းကတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ နာမည်ထွက်ခဲ့တဲ့ တိုက်စစ်မှူး ပတ်ဆန် ဒါကာကို ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းကနေ ပေါင် ၂၃ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားခဲ့ပြီး ၂၀၂၆ ခုနှစ် နွေရာသီအထိ ကင်းပါဝါကွင်းမှာ ရှိနေစေမယ့် စာချုပ်ကို ချုပ်ဆိုသွားခဲ့။

– ဆူပါအေးဂျင့် ဂျော်ဂျီ မန်ဒက်စ်အနေနဲ့ သူ့ရဲ့ ဖောက်သည် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အနာဂတ်အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးသွားဖို့ ရှိနေပြီး ယူရို ၂၀၂၀ မှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးကို ရောင်းချမှာလား ရှင်းရှင်းလင်းလင်း သိရဖို့ အရေးကြီးနေ။

– ကွင်းလယ်ပိုင်းမှာ အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူထားတာဟာ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို ရောင်းချသွားဖို့အတွက် မဟုတ်ကြောင်း အက်စတန်ဗီလာအသင်းက သက်သေပြတဲ့အနေနဲ့ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူကို စာချုပ် သက်တမ်းတိုးသွားပြီး ကလပ်ရဲ့ ရည်မှန်းချက်ကောင်းတွေကို ပြသနိုင်ဖို့ စီစဉ်နေ။

– လက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ သဘောတူညီပြီလို့ အသံထွက်ခဲ့ပြီးမှ မအောင်မြင်ခဲ့တဲ့ လိုင်လီကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးအတွက် ပြန်လည်ကြိုးစားမှု စတင်နေခဲ့ပြီး ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ရှိနေသလို အသင်းကြီးတွေ စိတ်ဝင်စားနေကြတဲ့ ယူရီ တီးလီးမန်းစ်ရဲ့ နေရာအတွက် အစားထိုးနိုင်ဖို့ ရည်ရွယ်နေ။

– အင်တာမီလန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မာတင် ဆာထရီယာနိုကို ခေါ်ယူဖို့ အာဆင်နယ်၊ စပါးစ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်တို့လို Mid Table အသင်းတွေက ယှဉ်ပြိုင်ကြိုးစားနေကြပြီး အသက် ၂၀ အရွယ် ဥရုဂွေးသားအနေနဲ့ အီတလီပတ်စ်ပို့ကို ကိုင်ဆောင်ထားတာက ပရီးမီးယားလိဂ်ကို ခေါ်ယူဖို့ လွယ်ကူစေနိုင်ကြောင်းသိရ။

– လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာအသင်းမှာ ဇာတ်ပို့ဇာတ်ရံအဖြစ်သာ အရန်ခုံထိုင်နေခဲ့ရတဲ့ စပိန် ယူ-၂၁ နောက်ခံလူဟောင်း ဂျူနီယာ ဖာပိုကို ခေါ်ယူဖို့ ကြိုးစားမှုက အောင်မြင်မှုရဖို့ နီးစပ်နေပြီး ကာတာလန်ကလပ်ဘက်က ယူရို ၁၅ သန်းနဲ့ ရောင်းချဖို့ မူအရ သဘောတူညီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဇြန္လ ၃၀ ရက္ေန႔အထိ လက္မွတ္ေရးထိုးဖို႔ သေဘာတူညီမႈ မရရွိခဲ့ဘဲ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ့ၿပီျဖစ္တဲ့ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ရွိေနတဲ့အတြက္ မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြ ေျခခ်င္းလိမ္လာခဲ့ၿပီး ႏူးကမ့္ဘက္ကေတာ့ ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ႀကိဳးစားဆဲျဖစ္ေၾကာင္းသိရ။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာလာၿပီးတဲ့ေနာက္ အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္အတြက္ ေငြေၾကး အင္အားေတာင့္တင္းတဲ့ အသင္းႀကီးသုံးသင္းက လစာျမင့္ျမင့္မားမားနဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရၿပီး မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ပီအက္စ္ဂ်ီတို႔ျဖစ္ေန။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကုန္မွာ ဝုလ္ဗာဟမ့္ပ္တန္အသင္းကေန ထြက္ခြာလာခဲ့တဲ့ နည္းျပ ႏူႏို ဆန္တိုကို နည္းျပသစ္အျဖစ္ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ခန႔္အပ္လိုက္ၿပီျဖစ္ၿပီး ယာယီနည္းျပ ႐ိုင္ယန္ ေမဆန္ကို ထည့္မတြက္ရင္ ေပၚတူဂီသားႏွစ္ဦးဆက္တိုက္ ခန႔္အပ္ခဲ့မိတာလည္းျဖစ္ေန။

– အဲဗာတန္အသင္းကလည္း ရီးရဲလ္မက္ဒရစ္အသင္းကို ထြက္ခြာသြားတဲ့ ကာလို အန္ခ်ယ္ေလာ့တီေၾကာင့္ လစ္လပ္ေနခဲ့တဲ့ ဂြတ္ဒီဆန္ပါ့ခ္ရဲ႕ နည္းျပေနရာအတြက္ မာေဆးဆိုက္ကို ၁၁ ႏွစ္အၾကာမွာ ျပန္လည္ေရာက္ရွိလာတဲ့ လီဗာပူးလ္နည္းျပေဟာင္း ရာေဖးလ္ ဘင္နီတက္ဇ္ကို သုံးႏွစ္စာခ်ဳပ္နဲ႔ ခန႔္အပ္တာဝန္ေပးသြားခဲ့။

– လက္စတာစီးတီးအသင္းကေတာ့ ပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔ နာမည္ထြက္ခဲ့တဲ့ တိုက္စစ္မႉး ပတ္ဆန္ ဒါကာကို ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းကေန ေပါင္ ၂၃ သန္းဝန္းက်င္နဲ႔ ေခၚယူသြားခဲ့ၿပီး ၂၀၂၆ ခုႏွစ္ ေႏြရာသီအထိ ကင္းပါဝါကြင္းမွာ ရွိေနေစမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုသြားခဲ့။

– ဆူပါေအးဂ်င့္ ေဂ်ာ္ဂ်ီ မန္ဒက္စ္အေနနဲ႔ သူ႔ရဲ႕ ေဖာက္သည္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္အတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆြးေႏြးသြားဖို႔ ရွိေနၿပီး ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပခဲ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးကို ေရာင္းခ်မွာလား ရွင္းရွင္းလင္းလင္း သိရဖို႔ အေရးႀကီးေန။

– ကြင္းလယ္ပိုင္းမွာ အီမီလီယာႏို ဘြင္ဒီယာကို ေခၚယူထားတာဟာ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေရာင္းခ်သြားဖို႔အတြက္ မဟုတ္ေၾကာင္း အက္စတန္ဗီလာအသင္းက သက္ေသျပတဲ့အေနနဲ႔ အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူကို စာခ်ဳပ္ သက္တမ္းတိုးသြားၿပီး ကလပ္ရဲ႕ ရည္မွန္းခ်က္ေကာင္းေတြကို ျပသႏိုင္ဖို႔ စီစဥ္ေန။

– လက္စတာစီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကုန္ခါနီးမွာ သေဘာတူညီၿပီလို႔ အသံထြက္ခဲ့ၿပီးမွ မေအာင္ျမင္ခဲ့တဲ့ လိုင္လီကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးအတြက္ ျပန္လည္ႀကိဳးစားမႈ စတင္ေနခဲ့ၿပီး ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ေခၚယူဖို႔ ရွိေနသလို အသင္းႀကီးေတြ စိတ္ဝင္စားေနၾကတဲ့ ယူရီ တီးလီးမန္းစ္ရဲ႕ ေနရာအတြက္ အစားထိုးႏိုင္ဖို႔ ရည္႐ြယ္ေန။

– အင္တာမီလန္အသင္းရဲ႕ လူငယ္တိုက္စစ္မႉး မာတင္ ဆာထရီယာႏိုကို ေခၚယူဖို႔ အာဆင္နယ္၊ စပါးစ္၊ ဝက္စ္ဟမ္းနဲ႔ အဲဗာတန္တို႔လို Mid Table အသင္းေတြက ယွဥ္ၿပိဳင္ႀကိဳးစားေနၾကၿပီး အသက္ ၂၀ အ႐ြယ္ ဥ႐ုေဂြးသားအေနနဲ႔ အီတလီပတ္စ္ပို႔ကို ကိုင္ေဆာင္ထားတာက ပရီးမီးယားလိဂ္ကို ေခၚယူဖို႔ လြယ္ကူေစႏိုင္ေၾကာင္းသိရ။

– လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းမွာ ဇာတ္ပို႔ဇာတ္ရံအျဖစ္သာ အရန္ခုံထိုင္ေနခဲ့ရတဲ့ စပိန္ ယူ-၂၁ ေနာက္ခံလူေဟာင္း ဂ်ဴနီယာ ဖာပိုကို ေခၚယူဖို႔ ႀကိဳးစားမႈက ေအာင္ျမင္မႈရဖို႔ နီးစပ္ေနၿပီး ကာတာလန္ကလပ္ဘက္က ယူ႐ို ၁၅ သန္းနဲ႔ ေရာင္းခ်ဖို႔ မူအရ သေဘာတူညီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.