Premier League Transfer News

30 June ညနေခင်း နောက်ဆုံးရ လီဗာပူးလ် အပြောင်းအရွှေ့ သတင်းများ

လီဗာပူးလ်အသင်းအနေနဲ့ အက်တလီကိုမက်ဒရစ် ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူရန်ချိတ်ဆက်နေပြီး လီယွန်နယ် မက်ဆီကိုယ်တိုင် ပြီးပြည့်စုံတဲ့ကွင်းလယ်လူလို့ ချီးကျူးထားတဲ့ အဆိုပါ အသက် ၂၆ နှစ်အရွယ် စပိန်သားအတွက် ပေါင် ၃၅ သန်းခန့် အလိုရှိနေကြောင်းသိရ။

လီဗာပူးလ်အသင်းအနေနဲ့ တောင်ပံတိုက်စစ်အင်အား ဖြည့်တင်းမှုအဖြစ် ပေါ်တိုအသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ အော့တာဗျိုကို‌ ချိတ်ဆက်နေပြီး ပေါ်တူဂီကလပ်က ပေါင် ၅၁ သန်းရမှ ရောင်းမည်ဆိုသော်လည်း ယခုလကုန်အထိ သက်ရောက်မှုရှိတဲ့ စာချုပ်ပါလျော်ကြေး ပေါင် ၃၅ သန်း ပေးပြီး ခေါ်ယူနိုင်ဖို့ရှိနေ။

ယူရို ၂၀၂၀ တွင် ခြေစွမ်းပြကစားခဲ့တဲ့ ဟော်ဖန်ဟိမ်းရဲ့ စွယ်စုံရကစားသမား ခရစ္စတော့ဖ် ဘောင်ဂါ့တ်နာကို ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း ကစားသမားကိုယ်တိုင်က ဂျာမန်ကလပ်မှာ တစ်ရာသီဆက်ကစားဦးမယ်လို့ သိရပြီး လီဗာပူးလ်အသင်းအတွက် ဖာမီနို နောက်တစ်ယောက် ဖြစ်လာမလားလို့ မျှော်လင့်ချင်စရာဖြစ်လာနေကြောင်းသိရ။

လန်းစ်အသင်းရဲ့ နောက်ခံလူ လွိခ် ဘာဒေကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ လီဗာပူးလ်လည်းပါဝင်လာခဲ့ပြီး အသင်းကစားသမားဟောင်းပဲဖြစ်တဲ့ ရာဖေးလ် ဗာရွန်းလက်သစ်လို့ တင်စားခြင်းခံရသည့် အဆိုပါကစားသမားကို အာဆင်နယ်၊ ရန်းနက်စ်နဲ့ အေစီမီလန်အသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိနေ။

မနေ့ညက အင်္ဂလန် ၂-၀ ဂျာမနီ ပွဲအပြီးမှာ ဂျာမန်ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာကို ခေါ်ယူပေးဖို့ လီဗာပူးလ်ပရိသတ်များက တွစ်တာတွင် တောင်းဆိုခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် အဆိုပါကစားသမားကို ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖွယ်ရှိနေ။

မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်သည် လီဗာပူးလ်အသင်းမှခေါ်ယူရန် စိတ်ဝင်စားနေသည့် ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ကစားသမားကောင်းတစ်ယောက်လို့ ချီးကျူးသွားခဲ့ပြီး သူ့လိုကစားသမားမျိုးက လီဗာပူးလိုအသင်းကြီးမှာ ကစားနိုင်တဲ့ ယုံကြည်မှုနဲ့ စွမ်းရည်မျိုးရှိကြောင်း ထောက်ခံသွားခဲ့။

လီဗာပူးလ်အသင်းနည်းပြ ယာဂင် ကလော့ပ် ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ မက်ဂင်းအတွက် ပေါင် ၄၅ သန်းနဲ့အထက် ကမ်းလှမ်းမှုမျိုးကိုသာ စဉ်းစားသွားမယ်လို့ အက်စတန်ဗီလာက အကြောင်းပြန်ခဲ့တာကြောင့် အရခေါ်ယူမယ်ဆို အနည်းဆုံး ပေါင်သန်း ၄၀ ဝန်းကျင် ပေးချေရနိုင်ကြောင်းသိရ။

လီဗာပူးလ်အသင်းမှ ခေါ်ယူရန်စိတ်ဝင်စားနေသည့် လိဒ်စ် တောင်ပံကြယ်ပွင့် ရာဖင်ညာရဲ့ အရည်အသွေးဟာ မာနေး၊ ဖာမင်နို၊ ဆာလားတို့လို အရည်အသွေးမျိုးမရှိတာကြောင့် ခေါ်ယူဖို့မသင့်တော်ကြောင်း ကြိုးကြာနီဟောင်း ပေါလ်စတီးဝပ်မှ သတိပေးသွားခဲ့။

ဆွီဒင်ကစားသမား အီမီးလ် ဖော့စ်ဘတ်အား အမြန်ဆုံးခေါ်ယူသင့်ကြောင်း ယူရို ၂၀၂၀ ရှုံးထွက်ပွဲစဉ်ဖြစ်သည့် ဆွီဒင်နှင့်ယူကရိန်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲအပြီးမှာ လီဗာပူးလ်ပရိသတ်များ ဆိုရှယ်မီဒီယာများပေါ်တွင် တင်ခဲ့ကြပြီး ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါတောင်ပံကစားသမားဟာ ယူရို ၂၀၂၀ မှာ ၄ ပွဲကစား ၄ ဂိုးသွင်းယူနိုင်ခဲ့ကြောင်းသိရ။

လီဗာပူးလ်အသင်းဟာ ဗိုင်နယ်လ်ဒွမ် ထွက်ခွာသွားတဲ့ ကွင်းလယ်နေရာ ဖြည့်တင်းရန် ဘာစီလိုနာအသင်းမှ အီလေ့စ် မိုရီဘာအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး စာချုပ်လျော်ကြေး ပေါင်သန်း ၁၀၀ ရှိ ကွင်းလယ်လူအတွက်သင့်တင့်တဲ့ဈေးနှုန်းဖြင့် ကမ်းလှမ်းမှုပြုလုပ်ပါက ငွေကြေးလိုအပ်ချက်ရှိနေတဲ့ ကာတာလန်ကလပ်အနေနဲ့ ရောင်းချသွားဖွယ်ရှိနေတာကြောင့် အဆိုပါ အပြောင်းအရွှေ့မှာ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်းသိရ။

လီဗာပူးလ်အသင်းဟာ နောက်နှစ်နွေရာသီတွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို ခေါ်ယူဖို့ လက်လျှော့ဦးမည် မဟုတ်ပဲ ရီးယဲလ်မက်ဒရစ်နှင့်အပြိုင် ကမ်းလှမ်သွားဖွယ်ရှိနေပြီး ကစားသမားရဲ့ စိတ်ကို ဆွဲဆောင်နိုင်မှုက အရေးပါနေပြီး ယှဉ်ပြိုင်ကြိုးစားရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ အက္တလီကိုမက္ဒရစ္ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူရန္ခ်ိတ္ဆက္ေနၿပီး လီယြန္နယ္ မက္ဆီကိုယ္တိုင္ ၿပီးျပည့္စုံတဲ့ကြင္းလယ္လူလို႔ ခ်ီးက်ဴးထားတဲ့ အဆိုပါ အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္သားအတြက္ ေပါင္ ၃၅ သန္းခန႔္ အလိုရွိေနေၾကာင္းသိရ။

လီဗာပူးလ္အသင္းအေနနဲ႔ ေတာင္ပံတိုက္စစ္အင္အား ျဖည့္တင္းမႈအျဖစ္ ေပၚတိုအသင္းရဲ႕ ဘရာဇီးလ္ကြင္းလယ္လူ ေအာ့တာဗ်ိဳကို‌ ခ်ိတ္ဆက္ေနၿပီး ေပၚတူဂီကလပ္က ေပါင္ ၅၁ သန္းရမွ ေရာင္းမည္ဆိုေသာ္လည္း ယခုလကုန္အထိ သက္ေရာက္မႈရွိတဲ့ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၃၅ သန္း ေပးၿပီး ေခၚယူႏိုင္ဖို႔ရွိေန။

ယူ႐ို ၂၀၂၀ တြင္ ေျခစြမ္းျပကစားခဲ့တဲ့ ေဟာ္ဖန္ဟိမ္းရဲ႕ စြယ္စုံရကစားသမား ခရစၥေတာ့ဖ္ ေဘာင္ဂါ့တ္နာကို ေခၚယူရန္စိတ္ဝင္စားေနေသာ္လည္း ကစားသမားကိုယ္တိုင္က ဂ်ာမန္ကလပ္မွာ တစ္ရာသီဆက္ကစားဦးမယ္လို႔ သိရၿပီး လီဗာပူးလ္အသင္းအတြက္ ဖာမီႏို ေနာက္တစ္ေယာက္ ျဖစ္လာမလားလို႔ ေမွ်ာ္လင့္ခ်င္စရာျဖစ္လာေနေၾကာင္းသိရ။

လန္းစ္အသင္းရဲ႕ ေနာက္ခံလူ လြိခ္ ဘာေဒကို ေခၚယူလိုတဲ့ အသင္းေတြထဲ လီဗာပူးလ္လည္းပါဝင္လာခဲ့ၿပီး အသင္းကစားသမားေဟာင္းပဲျဖစ္တဲ့ ရာေဖးလ္ ဗာ႐ြန္းလက္သစ္လို႔ တင္စားျခင္းခံရသည့္ အဆိုပါကစားသမားကို အာဆင္နယ္၊ ရန္းနက္စ္နဲ႔ ေအစီမီလန္အသင္းတို႔ကလည္း စိတ္ဝင္စားလ်က္ရွိေန။

မေန႔ညက အဂၤလန္ ၂-၀ ဂ်ာမနီ ပြဲအၿပီးမွာ ဂ်ာမန္ကြင္းလယ္လူ လီယြန္ ဂိုရက္ဇ္ကာကို ေခၚယူေပးဖို႔ လီဗာပူးလ္ပရိသတ္မ်ားက တြစ္တာတြင္ ေတာင္းဆိုခဲ့ၾကၿပီး ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ရွိေတာ့သည့္ အဆိုပါကစားသမားကို ေပါင္သန္း ၂၀ ဝန္းက်င္ျဖင့္ ေခၚယူႏိုင္ဖြယ္ရွိေန။

မန္ယူအသင္းေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္သည္ လီဗာပူးလ္အသင္းမွေခၚယူရန္ စိတ္ဝင္စားေနသည့္ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဂမ္ကို ကစားသမားေကာင္းတစ္ေယာက္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး သူ႔လိုကစားသမားမ်ိဳးက လီဗာပူးလိုအသင္းႀကီးမွာ ကစားႏိုင္တဲ့ ယုံၾကည္မႈနဲ႔ စြမ္းရည္မ်ိဳးရွိေၾကာင္း ေထာက္ခံသြားခဲ့။

လီဗာပူးလ္အသင္းနည္းျပ ယာဂင္ ကေလာ့ပ္ ရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္တဲ့ မက္ဂင္းအတြက္ ေပါင္ ၄၅ သန္းနဲ႔အထက္ ကမ္းလွမ္းမႈမ်ိဳးကိုသာ စဥ္းစားသြားမယ္လို႔ အက္စတန္ဗီလာက အေၾကာင္းျပန္ခဲ့တာေၾကာင့္ အရေခၚယူမယ္ဆို အနည္းဆုံး ေပါင္သန္း ၄၀ ဝန္းက်င္ ေပးေခ်ရႏိုင္ေၾကာင္းသိရ။

လီဗာပူးလ္အသင္းမွ ေခၚယူရန္စိတ္ဝင္စားေနသည့္ လိဒ္စ္ ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာရဲ႕ အရည္အေသြးဟာ မာေနး၊ ဖာမင္ႏို၊ ဆာလားတို႔လို အရည္အေသြးမ်ိဳးမရွိတာေၾကာင့္ ေခၚယူဖို႔မသင့္ေတာ္ေၾကာင္း ႀကိဳးၾကာနီေဟာင္း ေပါလ္စတီးဝပ္မွ သတိေပးသြားခဲ့။

ဆြီဒင္ကစားသမား အီမီးလ္ ေဖာ့စ္ဘတ္အား အျမန္ဆုံးေခၚယူသင့္ေၾကာင္း ယူ႐ို ၂၀၂၀ ရႈံးထြက္ပြဲစဥ္ျဖစ္သည့္ ဆြီဒင္ႏွင့္ယူကရိန္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲအၿပီးမွာ လီဗာပူးလ္ပရိသတ္မ်ား ဆိုရွယ္မီဒီယာမ်ားေပၚတြင္ တင္ခဲ့ၾကၿပီး ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဆိုပါေတာင္ပံကစားသမားဟာ ယူ႐ို ၂၀၂၀ မွာ ၄ ပြဲကစား ၄ ဂိုးသြင္းယူႏိုင္ခဲ့ေၾကာင္းသိရ။

လီဗာပူးလ္အသင္းဟာ ဗိုင္နယ္လ္ဒြမ္ ထြက္ခြာသြားတဲ့ ကြင္းလယ္ေနရာ ျဖည့္တင္းရန္ ဘာစီလိုနာအသင္းမွ အီေလ့စ္ မိုရီဘာအား ေခၚယူရန္ စိတ္ဝင္စားေနၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၁၀၀ ရွိ ကြင္းလယ္လူအတြက္သင့္တင့္တဲ့ေဈးႏႈန္းျဖင့္ ကမ္းလွမ္းမႈျပဳလုပ္ပါက ေငြေၾကးလိုအပ္ခ်က္ရွိေနတဲ့ ကာတာလန္ကလပ္အေနနဲ႔ ေရာင္းခ်သြားဖြယ္ရွိေနတာေၾကာင့္ အဆိုပါ အေျပာင္းအေ႐ႊ႕မွာ အမွန္တကယ္ျဖစ္ေပၚလာႏိုင္ဖြယ္ရွိေနေၾကာင္းသိရ။

လီဗာပူးလ္အသင္းဟာ ေနာက္ႏွစ္ေႏြရာသီတြင္ ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည့္ တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို ေခၚယူဖို႔ လက္ေလွ်ာ့ဦးမည္ မဟုတ္ပဲ ရီးယဲလ္မက္ဒရစ္ႏွင့္အၿပိဳင္ ကမ္းလွမ္သြားဖြယ္ရွိေနၿပီး ကစားသမားရဲ႕ စိတ္ကို ဆြဲေဆာင္ႏိုင္မႈက အေရးပါေနၿပီး ယွဥ္ၿပိဳင္ႀကိဳးစားရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.