Analysis International

ရော်နယ်လ်ဒိုကို စိတ်ပျက်စေခဲ့တဲ့ ပေါ်တူဂီရဲ့ ဂျင်းငါးကောင်က ဘယ်သူတွေလဲ

ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့စံချိန်နဲ့ ထပ်တူကျတဲ့ ၁၀၉ ဂိုးပြည့် သွင်းဂိုးတွေကို ရယူနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲတစ်လျှောက်မှာလည်း သွင်းဂိုးအများဆုံး ၁၄ ဂိုးအထိ အုပ်စုတွင်းသွင်းဂိုး ၅ ဂိုးနဲ့အတူ ရရှိထားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ သူရုန်းကန်ခဲ့ရသလောက် အသင်းအတွက် မပေးဆပ်ခဲ့သူတွေနဲ့ ခြေစွမ်းညံ့ဖျင်းခဲ့သူတွေအတွက် တရားဝင်ထုတ်မပြောခဲ့ပေမယ့် စိတ်ပျက်နေမှာကတော့ အမှန်ပဲဖြစ်ပြီး ဒီလူငါးဦးကတော့ ထိပ်တန်းဂျင်းကောင်တွေ ဖြစ်ခဲ့တာပါ။

၅။ ဒါနီလို ပါရဲရား (ပီအက်စ်ဂျီ)
ပေါ်တိုကနေ ပီအက်စ်ဂျီကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ဒါနီလို ပါရဲရားဟာ ပေါ်တူဂီရဲ့ Big Name တစ်ယောက်တော့ မဟုတ်ခဲ့ပေမယ့် အုပ်စုပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး ခြေစွမ်းမပြနိုင်မှုမှာတော့ သူ့ရဲ့ Partner of Crime အမှုတွဲက ဘက်တစ်ရဲ့ ဝီလီယမ် ကာဗာလ်ယို ဖြစ်ခဲ့တာပါ။ ဘောလုံးမဖြန့်နိုင်စေရ၊ တိုက်စစ်ကို မပံ့ပိုးနိုင်စေရလို့ အာမခံနဲ့ ကစားနေတဲ့ သူတို့နှစ်ယောက်ထဲမှာ ကာဗာလ်ယိုက သူ့ထက်အရင် Line-up ပျောက်ခဲ့ပြီး သူကတော့ အုပ်စုနောက်ဆုံးပွဲကို ၄၅ မိနစ်အထိ တောင့်ခံခဲ့သေးတာဖြစ်ပါတယ်။

တိုက်စစ်အတွက် အကျိုးမပြုလို့ ခံစစ်အတွက်များ အကျိုးပြုခဲ့သလားလို့ တွက်စစ်ကြည့်ရင်လည်း ပေါ်တူဂီတို့အနေနဲ့ အုပ်စုရဲ့ အားအနည်းဆုံး ဟန်ဂေရီနဲ့ Clean Sheet ရခဲ့တာကလွဲလို့ ကျန်တဲ့ ဂျာမနီ၊ ပြင်သစ်တို့နဲ့ပွဲမှာ ၆ ဂိုးအထိ ပေးခဲ့ရပြီး ဘယ်သူ့ကိုမှ မကူညီနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ ဂျာအို ပယ်လင်ညာဆီ နေရာလွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။

၄။ ရူဘင် ဒီယက်စ် (မန်ချက်စတာစီးတီး)
မန်ချက်စတာစီးတီးရဲ့ ဆုများရှင် နောက်ခံလူကတော့ အစ်တီဟတ်ရဲ့ အကြိုဆိုခံ လူတန်းစားဖြစ်ခဲ့ပေမယ့် ပေါ်တူဂီမှာတော့ ဘာမှမဆိုင်တဲ့ ခြေစွမ်းကို ပြသနေခဲ့ပြီး ဂျာမနီနဲ့ပွဲမှာလည်း Own Goal တစ်ဂိုး ပါဝင်အားပေးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ လုပ်အားနှုန်းမှာ ပီပီရဲ့ အတွေ့အကြုံကို ပေါင်းထည့်လိုက်ရင် ယူရိုချန်ပီယံဆုကို ကာကွယ်နိုင်ပြီလို့ ထင်ခဲ့တဲ့ နည်းပြ ဖာနန်ဒို ဆန်းတို့စ်အတွက်တော့ တက်တက်စင်အောင် လွဲခဲ့ပြီး အုပ်စု အဆင့်မှာ ခြေစွမ်းမပြနိုင်ခဲ့မှုက ဘယ်လ်ဂျီယမ်နဲ့ပွဲအထိ ပါလာခဲ့ပြီး ပြိုင်ဘက်တိုက်စစ်မှူး လူကာကူးက ကောင်းကောင်းဒုက္ခပေးခဲ့သေးတာပါ။

၃။ ဘာနာဒို ဆေးလ်ဗား (မန်ချက်စတာစီးတီး)
ပေါ်တူဂီရဲ့ နောက်ထပ်မျိုးဆက်ကို ရော်နယ်လ်ဒို မရှိတော့ရင် ဦးဆောင်လိမ့်မယ်လို့ တစ်ပေးခံထားရသူ မန်စီးတီးကွင်းလယ်လူက ယူရိုပွဲမှာ Nobody ပါ။ သူ့ကို နေရာချထားတဲ့ ညာတောင်ပံမှာ ကောင်းကောင်းမကစားနိုင်သလို နည်းပြ ဆန်တို့စ်က အလယ်ကို ပြန်မပို့ခဲ့ဘဲ ကန်ဆယ်လိုလောက် အသိဉာဏ်မရှိတဲ့ ဆီမီဒိုနဲ့ တွဲပေးခဲ့ချိန်မှာတော့ နာမည်ကို မေ့ပစ်ရတော့မလိုပါပဲ။ ညာတောင်ပံမှာ နောက်ထပ်ဆေးလ်ဗားတစ်ယောက်ဖြစ်တဲ့ ရာဖာကမှ ဟန်ဂေရီနဲ့ပွဲမှာ တစ်ပွဲခြေစွမ်း ပြနိုင်ခဲ့သေးပြီး နေးရှင်းလိဂ်ရဲ့ အကောင်းဆုံးဆုရှင်ကတော့ ဒီနွေမှာ နာမည်အကြီးကြီးပျက်ခဲ့တာဖြစ်ပါတယ်။

၂။ ဒီယိုဂို ဂျိုတာ (လီဗာပူးလ်)
လီဗာပူးလ်အသင်းနဲ့ တောက်ပခဲ့တဲ့ ဂျိုတာဟာ ပေါ်တူဂီတိုက်စစ်မှာတော့ ရော်နယ်လ်ဒိုကို ငြိုငြင်စေခဲ့သေးသူပါ။ အလောတကြီးနဲ့ ဂိုးလိုချင်မှုတွေကို နောက်ပွဲတွေမှာ ပြင်ဆင်သွားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းကတော့ ထူးထူးခြားခြားမရှိခဲ့ဘဲ ကျန်တဲ့ တိုက်စစ်မှူးတွေထက်စာရင် လေးပွဲမှာ တစ်ဂိုးရခဲ့ဖူးတာပဲရှိခဲ့တာပါ။ အကောင်းဆုံးတွေအတွက် မျှော်လင့်ပြီး အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက အသက်အရွယ်နဲ့ မလိုက်အောင် ရုန်းပြခဲ့စဉ်မှာ တာဝန်မကျေခဲ့ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်တဲ့ တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယမ်နဲ့ပွဲမှာလည်း အကောင်းဆုံး အခွင့်အရေးတစ်ခုကို ဖြုန်းတီးပစ်ခဲ့ပါသေးတယ်။

၁။ ဘရူနို ဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာနှစ်သင်းက ကစားသမားတွေထဲမှာ စီးတီးရဲ့ အကောင်းဆုံး ရူဘင် ဒီယက်စ်က ခံစစ်မို့ အများနဲ့ ပူးပေါင်းပြစ်တင်ခံခဲ့ရပေမယ့် တိုက်စစ်မှာ ပျောက်ဆုံးနေပြီး ကွင်းထဲ လမ်းလျှောက်နေခဲ့သလို ဖန်တီးမှုတွေပါ ကင်းမဲ့ခဲ့တဲ့ ဖာနန်ဒက်စ်က ပိုပြီး အမှုကြီးသွားခဲ့တာဖြစ်ပါတယ်။ ဟန်ဂေရီနဲ့ပွဲမှာ သိပ်မဆိုးခဲ့ပေမယ့် ကျန်တဲ့ အုပ်စုနှစ်ပွဲမှာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ အရေးပါမှုပါ လျော့ကျခဲ့သလို ဂျာမနီနဲ့ပွဲကတော့ ထောက်ပြစရာဖြစ်ခဲ့တာပါ။

ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ လူစားဝင်ပြီး တစ်ဖက်ကစားသမားတွေကို ဖြတ်ကျော်ပြခဲ့ပေမယ့် အသင်းအတွက်တော့ ဘာမှ သေသေချာချာ မကူညီနိုင်ခဲ့တာကြောင့် သူ့ရဲ့ နာမည်ကြီးတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးပါဝင်ပတ်သက်မှုနှုန်းက ပေါ်တူဂီနဲ့တော့ ၅ ပွဲမှာ သုညဖြစ်ခဲ့ပြီး ပရိသတ်တွေအားလုံးရဲ့ မျှော်လင့်ချက်တွေကို သဲထဲရေသွန်ဖြစ်စေခဲ့ပါတယ်။

ဒီကစားသမား ၅ ဉီးအပြင် တိုက်စစ်က ကျည်မထွက်တဲ့ ဂျာအို ဖဲလစ္စနဲ့ အန်ဒရီ ဆေးလ်ဗားတို့ဟာလည်း ခြေစွမ်းညံ့ဖျင်းခဲ့တယ်လို့ ဆိုနိုင်သလို ခံစစ်က ကြီးမိုက်ကြီး ပီပီကတော့ ဒီယက်စ်ကို နှစ်ယောက်စာ ကစားခိုင်းတဲ့ တာဝန်မကျေမှုနဲ့ ဒီစာရင်းထဲကို ထည့်သွင်းနိုင်ပြီး အပြောင်းအလဲလုပ်ဖို့ ဖြတ်ထိုးဉာဏ်နည်းခဲ့တဲ့ နည်းပြ ဖာနန်ဒို ဆန်တို့စ်ပါဆိုရင် ရော်နယ်လ်ဒိုကို စိတ်ပျက်စေခဲ့တဲ့ ပေါ်တူဂီဂျင်းအုပ်စုက ပိုမိပြည့်စုံမှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီအသင္းနဲ႔အတူ ကမာၻ႔စံခ်ိန္နဲ႔ ထပ္တူက်တဲ့ ၁၀၉ ဂိုးျပည့္ သြင္းဂိုးေတြကို ရယူႏိုင္ခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္မွာလည္း သြင္းဂိုး အမ်ားဆုံး ၁၄ ဂိုးအထိ အုပ္စုတြင္းသြင္းဂိုး ၅ ဂိုးနဲ႔အတူ ရရွိထားခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႐ုန္းကန္ခဲ့ရသေလာက္ အသင္းအတြက္ မေပးဆပ္ခဲ့သူေတြနဲ႔ ေျခစြမ္းညံ့ဖ်င္းခဲ့သူေတြအတြက္ တရားဝင္ထုတ္မေျပာခဲ့ေပမယ့္ စိတ္ပ်က္ေနမွာကေတာ့ အမွန္ပဲျဖစ္ၿပီး ဒီလူငါးဦးကေတာ့ ထိပ္တန္းဂ်င္းေကာင္ေတြ ျဖစ္ခဲ့တာပါ။

၅။ ဒါနီလို ပါရဲရား (ပီအက္စ္ဂ်ီ)
ေပၚတိုကေန ပီအက္စ္ဂ်ီကို အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္တဲ့ ဒါနီလို ပါရဲရားဟာ ေပၚတူဂီရဲ႕ Big Name တစ္ေယာက္ေတာ့ မဟုတ္ခဲ့ေပမယ့္ အုပ္စုပြဲစဥ္ေတြမွာ ပုံမွန္ပြဲထြက္ခြင့္ရခဲ့သူျဖစ္ၿပီး ေျခစြမ္းမျပႏိုင္မႈမွာေတာ့ သူ႔ရဲ႕ Partner of Crime အမႈတြဲက ဘက္တစ္ရဲ႕ ဝီလီယမ္ ကာဗာလ္ယို ျဖစ္ခဲ့တာပါ။ ေဘာလုံးမျဖန႔္ႏိုင္ေစရ၊ တိုက္စစ္ကို မပံ့ပိုးႏိုင္ေစရလို႔ အာမခံနဲ႔ ကစားေနတဲ့ သူတို႔ႏွစ္ေယာက္ထဲမွာ ကာဗာလ္ယိုက သူ႔ထက္အရင္ Line-up ေပ်ာက္ခဲ့ၿပီး သူကေတာ့ အုပ္စုေနာက္ဆုံးပြဲကို ၄၅ မိနစ္အထိ ေတာင့္ခံခဲ့ေသးတာျဖစ္ပါတယ္။

တိုက္စစ္အတြက္ အက်ိဳးမျပဳလို႔ ခံစစ္အတြက္မ်ား အက်ိဳးျပဳခဲ့သလားလို႔ တြက္စစ္ၾကည့္ရင္လည္း ေပၚတူဂီတို႔အေနနဲ႔ အုပ္စုရဲ႕ အားအနည္းဆုံး ဟန္ေဂရီနဲ႔ Clean Sheet ရခဲ့တာကလြဲလို႔ က်န္တဲ့ ဂ်ာမနီ၊ ျပင္သစ္တို႔နဲ႔ပြဲမွာ ၆ ဂိုးအထိ ေပးခဲ့ရၿပီး ဘယ္သူ႔ကိုမွ မကူညီႏိုင္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ ဂ်ာအို ပယ္လင္ညာဆီ ေနရာလႊဲေျပာင္းေပးခဲ့ရတာျဖစ္ပါတယ္။

၄။ ႐ူဘင္ ဒီယက္စ္ (မန္ခ်က္စတာစီးတီး)
မန္ခ်က္စတာစီးတီးရဲ႕ ဆုမ်ားရွင္ ေနာက္ခံလူကေတာ့ အစ္တီဟတ္ရဲ႕ အႀကိဳဆိုခံ လူတန္းစားျဖစ္ခဲ့ေပမယ့္ ေပၚတူဂီမွာေတာ့ ဘာမွမဆိုင္တဲ့ ေျခစြမ္းကို ျပသေနခဲ့ၿပီး ဂ်ာမနီနဲ႔ပြဲမွာလည္း Own Goal တစ္ဂိုး ပါဝင္အားေပးခဲ့သူျဖစ္ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းနဲ႔ လုပ္အားႏႈန္းမွာ ပီပီရဲ႕ အေတြ႕အႀကဳံကို ေပါင္းထည့္လိုက္ရင္ ယူ႐ိုခ်န္ပီယံဆုကို ကာကြယ္ႏိုင္ၿပီလို႔ ထင္ခဲ့တဲ့ နည္းျပ ဖာနန္ဒို ဆန္းတို႔စ္အတြက္ေတာ့ တက္တက္စင္ေအာင္ လြဲခဲ့ၿပီး အုပ္စု အဆင့္မွာ ေျခစြမ္းမျပႏိုင္ခဲ့မႈက ဘယ္လ္ဂ်ီယမ္နဲ႔ပြဲအထိ ပါလာခဲ့ၿပီး ၿပိဳင္ဘက္တိုက္စစ္မႉး လူကာကူးက ေကာင္းေကာင္းဒုကၡေပးခဲ့ေသးတာပါ။

၃။ ဘာနာဒို ေဆးလ္ဗား (မန္ခ်က္စတာစီးတီး)
ေပၚတူဂီရဲ႕ ေနာက္ထပ္မ်ိဳးဆက္ကို ေရာ္နယ္လ္ဒို မရွိေတာ့ရင္ ဦးေဆာင္လိမ့္မယ္လို႔ တစ္ေပးခံထားရသူ မန္စီးတီးကြင္းလယ္လူက ယူ႐ိုပြဲမွာ Nobody ပါ။ သူ႔ကို ေနရာခ်ထားတဲ့ ညာေတာင္ပံမွာ ေကာင္းေကာင္းမကစားႏိုင္သလို နည္းျပ ဆန္တို႔စ္က အလယ္ကို ျပန္မပို႔ခဲ့ဘဲ ကန္ဆယ္လိုေလာက္ အသိဉာဏ္မရွိတဲ့ ဆီမီဒိုနဲ႔ တြဲေပးခဲ့ခ်ိန္မွာေတာ့ နာမည္ကို ေမ့ပစ္ရေတာ့မလိုပါပဲ။ ညာေတာင္ပံမွာ ေနာက္ထပ္ေဆးလ္ဗားတစ္ေယာက္ျဖစ္တဲ့ ရာဖာကမွ ဟန္ေဂရီနဲ႔ပြဲမွာ တစ္ပြဲေျခစြမ္း ျပႏိုင္ခဲ့ေသးၿပီး ေနးရွင္းလိဂ္ရဲ႕ အေကာင္းဆုံးဆုရွင္ကေတာ့ ဒီေႏြမွာ နာမည္အႀကီးႀကီးပ်က္ခဲ့တာျဖစ္ပါတယ္။

၂။ ဒီယိုဂို ဂ်ိဳတာ (လီဗာပူးလ္)
လီဗာပူးလ္အသင္းနဲ႔ ေတာက္ပခဲ့တဲ့ ဂ်ိဳတာဟာ ေပၚတူဂီတိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒိုကို ၿငိဳျငင္ေစခဲ့ေသးသူပါ။ အေလာတႀကီးနဲ႔ ဂိုးလိုခ်င္မႈေတြကို ေနာက္ပြဲေတြမွာ ျပင္ဆင္သြားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းကေတာ့ ထူးထူးျခားျခားမရွိခဲ့ဘဲ က်န္တဲ့ တိုက္စစ္မႉးေတြထက္စာရင္ ေလးပြဲမွာ တစ္ဂိုးရခဲ့ဖူးတာပဲရွိခဲ့တာပါ။ အေကာင္းဆုံးေတြအတြက္ ေမွ်ာ္လင့္ၿပီး အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုက အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ႐ုန္းျပခဲ့စဥ္မွာ တာဝန္မေက်ခဲ့ဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္တဲ့ တိုက္စစ္မႉးဟာ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာလည္း အေကာင္းဆုံး အခြင့္အေရးတစ္ခုကို ျဖဳန္းတီးပစ္ခဲ့ပါေသးတယ္။

၁။ ဘ႐ူႏို ဖာနန္ဒက္စ္ (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာႏွစ္သင္းက ကစားသမားေတြထဲမွာ စီးတီးရဲ႕ အေကာင္းဆုံး ႐ူဘင္ ဒီယက္စ္က ခံစစ္မို႔ အမ်ားနဲ႔ ပူးေပါင္းျပစ္တင္ခံခဲ့ရေပမယ့္ တိုက္စစ္မွာ ေပ်ာက္ဆုံးေနၿပီး ကြင္းထဲ လမ္းေလွ်ာက္ေနခဲ့သလို ဖန္တီးမႈေတြပါ ကင္းမဲ့ခဲ့တဲ့ ဖာနန္ဒက္စ္က ပိုၿပီး အမႈႀကီးသြားခဲ့တာျဖစ္ပါတယ္။ ဟန္ေဂရီနဲ႔ပြဲမွာ သိပ္မဆိုးခဲ့ေပမယ့္ က်န္တဲ့ အုပ္စုႏွစ္ပြဲမွာ ဆိုး႐ြားတဲ့ ေျခစြမ္းနဲ႔ အေရးပါမႈပါ ေလ်ာ့က်ခဲ့သလို ဂ်ာမနီနဲ႔ပြဲကေတာ့ ေထာက္ျပစရာျဖစ္ခဲ့တာပါ။

ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ လူစားဝင္ၿပီး တစ္ဖက္ကစားသမားေတြကို ျဖတ္ေက်ာ္ျပခဲ့ေပမယ့္ အသင္းအတြက္ေတာ့ ဘာမွ ေသေသခ်ာခ်ာ မကူညီႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ နာမည္ႀကီးတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဂိုးပါဝင္ပတ္သက္မႈႏႈန္းက ေပၚတူဂီနဲ႔ေတာ့ ၅ ပြဲမွာ သုညျဖစ္ခဲ့ၿပီး ပရိသတ္ေတြအားလုံးရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို သဲထဲေရသြန္ျဖစ္ေစခဲ့ပါတယ္။

ဒီကစားသမား ၅ ဉီးအျပင္ တိုက္စစ္က က်ည္မထြက္တဲ့ ဂ်ာအို ဖဲလစၥနဲ႔ အန္ဒရီ ေဆးလ္ဗားတို႔ဟာလည္း ေျခစြမ္းညံ့ဖ်င္းခဲ့တယ္လို႔ ဆိုႏိုင္သလို ခံစစ္က ႀကီးမိုက္ႀကီး ပီပီကေတာ့ ဒီယက္စ္ကို ႏွစ္ေယာက္စာ ကစားခိုင္းတဲ့ တာဝန္မေက်မႈနဲ႔ ဒီစာရင္းထဲကို ထည့္သြင္းႏိုင္ၿပီး အေျပာင္းအလဲလုပ္ဖို႔ ျဖတ္ထိုးဉာဏ္နည္းခဲ့တဲ့ နည္းျပ ဖာနန္ဒို ဆန္တို႔စ္ပါဆိုရင္ ေရာ္နယ္လ္ဒိုကို စိတ္ပ်က္ေစခဲ့တဲ့ ေပၚတူဂီဂ်င္းအုပ္စုက ပိုမိျပည့္စုံမွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.