Premier League Transfer News

ဆန်ချိုကို ရတော့မယ့်အချိန်မှာ မက်ဂွိုင်းယားရဲ့ တွဲဖက်ကိုပါ ခေါ်နိုင်တော့မယ့် ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆုဖလားအောင်မြင်မှုတွေကို အရယူဖို့အတွက် လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပြီး ကာလရှည်ပစ်မှတ်ဖြစ်တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီးနောက် ပြောင်းရွှေ့ကြေးအတွက် ဒေါ့မွန်ဘက်က အလိုရှိနေတဲ့ ပမာဏနဲ့ သိပ်မကွာတဲ့ ကမ်းလှမ်းချက်တွေကြောင့် ရောက်ရှိလာဖို့ အနီးစပ်ဆုံးအနေအထားဖြစ်လာနေပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ခံစစ်ပိုင်းကို အားဖြည့်ရန်စီစဉ်လာပြီး မက်ဂွိုင်းယားနဲ့ တွဲဖက်ဖို့ ကမ္ဘာ့အဆင့်နောက်ခံလူ ရှာပုံတော်ဖွင့်လာတာကလည်း ကြာနေခဲ့ချိန်မှာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတွေကတည်းက အသံထွက်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ခေါ်ယူပြီး အသင်းခံစစ်ပိုင်းကို အားဖြည့်လိုနေတာလည်းဖြစ်ပါတယ်။

ကာလို အန်ချယ်လော့တီ ရောက်လာပြီးနောက်ပိုင်း အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရောင်းချမယ့် ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရှိနေတဲ့ ဗာရွန်းဟာ အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မှုနဲ့အတူ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားလိုတယ်လို့ The Independent မှ ဖော်ပြထားပါတယ်။

စာချုပ်သက်တမ်း ၁၂ လသာ ကျန်တော့တဲ့ ပြင်သစ်သားအတွက် ရီးယဲလ်မက်ဒရစ်အနေနဲ့ ပေါင် ၅၁.၅ သန်းခန့် အလိုရှိနေချိန်မှာ ယူနိုက်တက်တို့အနေနဲ့ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး လစာညှိနှိုင်းဖို့သာ ကျန်တော့သလို ဗာရွန်းအနေနဲ့ တစ်ပတ်ကို ပေါင်လေးသိန်း ရယူလိုနေပြီး အိုးလ်ထရက်ဖို့ဒ်ရဲ့ လစာအများဆုံး ကစားသမားအဖြစ် ဂိုးသမား ဒဟေးယားကို ကျော်ဖြတ်လာဖို့ ရှိနေတာပါ။

သရဲနီတို့အနေနဲ့ မက်ဒရစ်နောက်ခံလူကို စောင့်ကြည့်လာခဲ့တာ ကာလကြာရှည်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက အသင်းရဲ့ ခံစစ်မှူးဟောင်းကြီး ရီယို ဖာဒီနန်ရဲ့ နေရာကို အစားထိုးဖို့အတွက် ပြင်သစ်သားကို လန်းစ်မှာ ကစားနေခဲ့ချိန်ကတည်း အသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကိုယ်တိုင် ဆက်ခံသူအဖြစ် အလိုရှိခဲ့ဖူးတာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၄၄ ဂိုး ခွင့်ပြုပေးခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ခံစစ်ကြောင်းအနေနဲ့ တစ်ရာသီလုံးနီးပါး ဗန်ဒိုက်အပါအဝင် အဓိကနောက်ခံအတွင်းလူတွေ မပါဝင်ခဲ့တဲ့ လီဗာပူးခံစစ်ထက်တောင် ၂ ဂိုး ပိုပေးခဲ့ရတဲ့ အချိန်မှာ ပြုပြင်ဖို့ အမှန်တကယ် လိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ကို အရယူချင်ရင် ဆိုးလ်ရှားအနေနဲ့ ခံစစ်ပိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်မယ့် ဗဟိုခံစစ်မှူးတစ်ဦး ခေါ်မှရမယ့် အနေအထားဖြစ်ပြီး မက်ဂွိုင်းယားထက် ပိုကောင်းမယ့် ဦးဆောင်မှုမျိုးနဲ့ အသင်းကို ထိန်းကျောင်းပေးနိုင်တဲ့မယ့်သူက ဗာရွန်းဖြစ်လာမလားဆိုတာနဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး တစ်ချိန်က ‌ဖာဒီနန်-ဗီဒစ်အတွဲလို လုပ်ပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ အင္အားႀကီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဆုဖလားေအာင္ျမင္မႈေတြကို အရယူဖို႔အတြက္ လူအင္အားျဖည့္တင္းမႈေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနၿပီး ကာလရွည္ပစ္မွတ္ျဖစ္တဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရၿပီးေနာက္ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ေဒါ့မြန္ဘက္က အလိုရွိေနတဲ့ ပမာဏနဲ႔ သိပ္မကြာတဲ့ ကမ္းလွမ္းခ်က္ေတြေၾကာင့္ ေရာက္ရွိလာဖို႔ အနီးစပ္ဆုံးအေနအထားျဖစ္လာေနၿပီပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း ခံစစ္ပိုင္းကို အားျဖည့္ရန္စီစဥ္လာၿပီး မက္ဂြိဳင္းယားနဲ႔ တြဲဖက္ဖို႔ ကမာၻ႔အဆင့္ေနာက္ခံလူ ရွာပုံေတာ္ဖြင့္လာတာကလည္း ၾကာေနခဲ့ခ်ိန္မွာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ရာသီေတြကတည္းက အသံထြက္ေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ေခၚယူၿပီး အသင္းခံစစ္ပိုင္းကို အားျဖည့္လိုေနတာလည္းျဖစ္ပါတယ္။

ကာလို အန္ခ်ယ္ေလာ့တီ ေရာက္လာၿပီးေနာက္ပိုင္း အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ေရာင္းခ်မယ့္ ကစားသမားစာရင္းမွာ ထိပ္ဆုံးက ရွိေနတဲ့ ဗာ႐ြန္းဟာ အသင္းရဲ႕ ဆုံးျဖတ္ခ်က္အေပၚ စိတ္ပ်က္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕မႈနဲ႔အတူ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္သြားလိုတယ္လို႔ The Independent မွ ေဖာ္ျပထားပါတယ္။

စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ေတာ့တဲ့ ျပင္သစ္သားအတြက္ ရီးယဲလ္မက္ဒရစ္အေနနဲ႔ ေပါင္ ၅၁.၅ သန္းခန႔္ အလိုရွိေနခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ ေပါင္သန္း ၅၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီး လစာညႇိႏႈိင္းဖို႔သာ က်န္ေတာ့သလို ဗာ႐ြန္းအေနနဲ႔ တစ္ပတ္ကို ေပါင္ေလးသိန္း ရယူလိုေနၿပီး အိုးလ္ထရက္ဖို႔ဒ္ရဲ႕ လစာအမ်ားဆုံး ကစားသမားအျဖစ္ ဂိုးသမား ဒေဟးယားကို ေက်ာ္ျဖတ္လာဖို႔ ရွိေနတာပါ။

သရဲနီတို႔အေနနဲ႔ မက္ဒရစ္ေနာက္ခံလူကို ေစာင့္ၾကည့္လာခဲ့တာ ကာလၾကာရွည္ခဲ့ၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၀ ႏွစ္ကတည္းက အသင္းရဲ႕ ခံစစ္မႉးေဟာင္းႀကီး ရီယို ဖာဒီနန္ရဲ႕ ေနရာကို အစားထိုးဖို႔အတြက္ ျပင္သစ္သားကို လန္းစ္မွာ ကစားေနခဲ့ခ်ိန္ကတည္း အသင္းရဲ႕ ဂႏၶဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ကိုယ္တိုင္ ဆက္ခံသူအျဖစ္ အလိုရွိခဲ့ဖူးတာပါ။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ပရီးမီးယားလိဂ္မွာ ေပးဂိုး ၄၄ ဂိုး ခြင့္ျပဳေပးခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ခံစစ္ေၾကာင္းအေနနဲ႔ တစ္ရာသီလုံးနီးပါး ဗန္ဒိုက္အပါအဝင္ အဓိကေနာက္ခံအတြင္းလူေတြ မပါဝင္ခဲ့တဲ့ လီဗာပူးခံစစ္ထက္ေတာင္ ၂ ဂိုး ပိုေပးခဲ့ရတဲ့ အခ်ိန္မွာ ျပဳျပင္ဖို႔ အမွန္တကယ္ လိုအပ္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ကို အရယူခ်င္ရင္ ဆိုးလ္ရွားအေနနဲ႔ ခံစစ္ပိုင္းမွာ ေခါင္းေဆာင္မႈေပးႏိုင္မယ့္ ဗဟိုခံစစ္မႉးတစ္ဦး ေခၚမွရမယ့္ အေနအထားျဖစ္ၿပီး မက္ဂြိဳင္းယားထက္ ပိုေကာင္းမယ့္ ဦးေဆာင္မႈမ်ိဳးနဲ႔ အသင္းကို ထိန္းေက်ာင္းေပးႏိုင္တဲ့မယ့္သူက ဗာ႐ြန္းျဖစ္လာမလားဆိုတာနဲ႔ သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး တစ္ခ်ိန္က ‌ဖာဒီနန္-ဗီဒစ္အတြဲလို လုပ္ျပႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.