Premier League

ဂိုးသွင်းယူပြီးချင်း အောင်ပွဲ မခံရဲတဲ့ စတာလင်ကို ဖာဒီနန် ဘယ်လိုထိ ချီးကျူးလိုက်သလဲ

အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား စတာလင်ကတော့ သူ့အနေနဲ့ ဂျာမနီအသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပြီးချိန် အောင်ပွဲခံဖို့ စိုးရိမ်မှုတွေ ရှိခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံး ရုန်းကန်ခဲ့ရကာ လုခ်ရှောရဲ့ အနိမ့်ဘောပေးပို့မှုကို စတာလင် ပိတ်သွင်းပြီး အင်္ဂလန်အသင်းပရိသတ်တွေကို ပျော်ရွှင်မှု မပေးနိုင်ခဲ့ချိန်အထိပါပဲ။ ပွဲပြီးဖို့ ၄ မိနစ်ကျော်အလိုမှာတော့ ဟယ်ရီကိန်းက အင်္ဂလန်အသင်းကို ကွာတားဖိုင်နယ် အရောက်ပို့ကြောင်း သေချာစေတဲ့ ဒုတိယဂိုးကို သွင်းယူခဲ့ပြီး ယူရို ၂၀၂၀ ရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ခက်ခက်ခဲခဲ တက်ရောက်နိုင်ခဲ့တာပါ။

စတာလင်ဟာ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမားတွေထဲက ခြေပေါ်တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ယူရို ၂၀၂၀ မှာ ၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းရဲ့ဂိုးဟာ အဆိုပါမန်စီးတီးကစားသမား မဟုတ်တဲ့ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့တာပါ။ စတာလင်ကတော့ သူ့အနေနဲ့ သူသွင်းယူခဲ့တဲ့ ပထမဂိုးမှာ လူကျွံတယ်လို့ ထင်ခဲ့တဲ့အတွက် အောင်ပွဲခံနေရင်း VAR ပြန်ကြည့်မှာစိုးလို့ အောင်ပွဲမခံရဲခဲ့ကြောင်းကို BBC Sport ကို ဝန်ခံသွားခဲ့ပါတယ်။

စတာလင်က “နိုင်ငံအသင်းအတွက် ဂိုးသွင်းယူရတာက အမြဲတန်း ထူးခြားတဲ့အခိုက်အတန့်ပါပဲ။ ကျွန်တော် အောင်ပွဲခံဖို့ တစ်စက္ကန့်လောက် လုပ်လိုက်သေးတယ်ဗျ။ ပြီးမှ ငါလူကျွံတာ မဟုတ်ဘူးပေါ့လို့ပဲ တွေးလိုက်တယ်ဗျ။ ပြီးတော့မှ လူမကျွံဘူးဆိုတော့ တကယ်ပျော်သွားခဲ့တာဗျ။ ကျွန်တော်တို့အနေနဲ့ ပုံစံကောင်းပြဖို့ လိုတယ်လို့ သိခဲ့ပြီး အဲ့ဒီလို လုပ်နိုင်ခဲ့တယ်လို့ ထင်တာပဲဗျ”လို့ ပြောသွားခဲ့ပါတယ်။

ကွင်းလယ်လူ ရိုက်စ်နဲ့ ဖီးလစ်တို့နဲ့ ပတ်သက်ပြီးလည်း သူက “ကျွန်တော်တို့ရဲ့ ကစားနိုင်တဲ့ ဆန္ဒပြင်းပြမှုကိုသိပြီး အဲ့အတိုင်း တ‌လျှောက်လုံး ကစားဖို့မဖြစ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့လုပ်ခဲ့တယ်။ ရိုက်စ်နဲ့ ဖီးလစ်တို့က ကွင်းလယ်မှာ သားရဲတွေလို ကြောက်စရာကောင်းတဲ့ထိ ကစားပြခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းခဲ့တယ်။ ကျွန်တော်တို့ တစ်ပွဲစီချီတက်မယ်လေ။ လတ်တလောတော့ ပြန်အားဖြည့်ပြီး နောက်တစ်ပွဲအတွက် အာရုံစိုက်ရမယ်” လို့ ပြောသွားခဲ့ပါသေးတယ်။

စတာလင်ဟာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပွဲ ၂၀ မှာ ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအသင်းကစားသမားတွေထဲမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမားလည်းဖြစ်ပါတယ်။ ယူရို ၂၀၂၀ မှာတော့ လေးစားရလောက်တဲ့ စွမ်းရည်မျိုးပြသထားနိုင်နေပြီး ၄ ပွဲကစား ၃ ဂိုးသွင်းယူထားနိုင်ခဲ့တာပါ။

ဂျာမနီအသင်းကို အနိုင်ရပြီးနောက်မှာတော့ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက်မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း ဖာဒီနန်ကတော့ BBC Sport ကို “ပွဲမစခင်ကတည်းက ဒါနိုင်ငံ့သူရဲကောင်းဖြစ်ဖို့ အခွင့်အရေးလို့ ပြောခဲ့တယ်။ သူက အသင်းကို ဆွဲတင်ပြီး အနိုင်ရလဒ်ယူပေးနေသူပဲဗျ။ ပရော်ဖက်ရှင်နယ်ဆန်ပြီး ကြိုးစားတာနဲ့ သတ္တိရှိတာက သူ့ကို သဘောကျ‌စေတာဗျ။ ပြိုင်ဘက်ခံစစ်ကို ကြောက်စိတ်ဝင်စေတဲ့ အစွမ်းနဲ့ နိုင်ငံ့သူရဲကောင်းလေ” လို့ မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို ချီးကျူးသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဖာဒီနန်က “သူ့ကို မှန်းဆဖို့ခက်တယ်ဗျ။ ဉာဏ်များတယ်။ သူ့ကစားသမားဘဝတလျှောက်မှာ အကြမ်း‌ဆုံး အခြေအနေပဲဗျ။ ပွဲကို အဆုံးအဖြတ် ပေးနေတဲ့ ကစားသမားပဲဗျ။ ကျွန်တော်ကတော့ ဒီကောင်လေးကို ကမ္ဘာ့အဆင့်ကစားသမားလို့ပဲ သတ်မှတ်တယ်ဗျာ”လို့ BBC Sport မှာ ချီးကျူးသွားခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း “စတာလင်နဲ့ ဟယ်ရီတို့က ဝေဖန်မှုတွေမှားကြောင်း သက်သေပြဖို့ လိုအပ်နေခဲ့တာဗျ။ စတာလင်က ပြီးခဲ့တဲ့ ၃-၄ နှစ်ကတည်းက အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်ပြီး သူ့အပေါ် ယုံကြည်မှုထားလိုက်ရင် သူ့စွမ်းဆောင်ရည်က အံ့မခန်းပဲဗျ။ ဟယ်ရီအတွက်ကတော့ အရေးကြီးတဲ့အခိုက်အတန့်လို့ ထင်တယ်။ ကွင်းထဲမှာ ဘာလုပ်လုပ် သွင်းဂိုးတွေ လိုတယ်‌လေ။ သူဒုတိယဂိုးသွင်းယူနိုင်ခဲ့တာအတွက် တကယ်‌ကျေနပ်တယ်ဗျာ” လို့ ပြောခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ေတာင္ပံတိုက္စစ္ကစားသမား စတာလင္ကေတာ့ သူ႔အေနနဲ႔ ဂ်ာမနီအသင္းနဲ႔ပြဲမွာ အဂၤလန္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူၿပီးခ်ိန္ ေအာင္ပြဲခံဖို႔ စိုးရိမ္မႈေတြ ရွိခဲ့ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ပထမပိုင္းတစ္ပိုင္းလုံး ႐ုန္းကန္ခဲ့ရကာ လုခ္ေရွာရဲ႕ အနိမ့္ေဘာေပးပို႔မႈကို စတာလင္ ပိတ္သြင္းၿပီး အဂၤလန္အသင္းပရိသတ္ေတြကို ေပ်ာ္႐ႊင္မႈ မေပးႏိုင္ခဲ့ခ်ိန္အထိပါပဲ။ ပြဲၿပီးဖို႔ ၄ မိနစ္ေက်ာ္အလိုမွာေတာ့ ဟယ္ရီကိန္းက အဂၤလန္အသင္းကို ကြာတားဖိုင္နယ္ အေရာက္ပို႔ေၾကာင္း ေသခ်ာေစတဲ့ ဒုတိယဂိုးကို သြင္းယူခဲ့ၿပီး ယူ႐ို ၂၀၂၀ ရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို ခက္ခက္ခဲခဲ တက္ေရာက္ႏိုင္ခဲ့တာပါ။

စတာလင္ဟာ အဂၤလန္အသင္းရဲ႕ တိုက္စစ္ကစားသမားေတြထဲက ေျခေပၚတဲ့ ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး ယူ႐ို ၂၀၂၀ မွာ ၃ ဂိုးသြင္းယူေပးထားႏိုင္ခဲ့တာျဖစ္ၿပီး ဟယ္ရီကိန္းရဲ႕ဂိုးဟာ အဆိုပါမန္စီးတီးကစားသမား မဟုတ္တဲ့ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့တာပါ။ စတာလင္ကေတာ့ သူ႔အေနနဲ႔ သူသြင္းယူခဲ့တဲ့ ပထမဂိုးမွာ လူကြၽံတယ္လို႔ ထင္ခဲ့တဲ့အတြက္ ေအာင္ပြဲခံေနရင္း VAR ျပန္ၾကည့္မွာစိုးလို႔ ေအာင္ပြဲမခံရဲခဲ့ေၾကာင္းကို BBC Sport ကို ဝန္ခံသြားခဲ့ပါတယ္။

စတာလင္က “ႏိုင္ငံအသင္းအတြက္ ဂိုးသြင္းယူရတာက အၿမဲတန္း ထူးျခားတဲ့အခိုက္အတန႔္ပါပဲ။ ကြၽန္ေတာ္ ေအာင္ပြဲခံဖို႔ တစ္စကၠန႔္ေလာက္ လုပ္လိုက္ေသးတယ္ဗ်။ ၿပီးမွ ငါလူကြၽံတာ မဟုတ္ဘူးေပါ့လို႔ပဲ ေတြးလိုက္တယ္ဗ်။ ၿပီးေတာ့မွ လူမကြၽံဘူးဆိုေတာ့ တကယ္ေပ်ာ္သြားခဲ့တာဗ်။ ကြၽန္ေတာ္တို႔အေနနဲ႔ ပုံစံေကာင္းျပဖို႔ လိုတယ္လို႔ သိခဲ့ၿပီး အဲ့ဒီလို လုပ္ႏိုင္ခဲ့တယ္လို႔ ထင္တာပဲဗ်”လို႔ ေျပာသြားခဲ့ပါတယ္။

ကြင္းလယ္လူ ႐ိုက္စ္နဲ႔ ဖီးလစ္တို႔နဲ႔ ပတ္သက္ၿပီးလည္း သူက “ကြၽန္ေတာ္တို႔ရဲ႕ ကစားႏိုင္တဲ့ ဆႏၵျပင္းျပမႈကိုသိၿပီး အဲ့အတိုင္း တ‌ေလွ်ာက္လုံး ကစားဖို႔မျဖစ္ႏိုင္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔လုပ္ခဲ့တယ္။ ႐ိုက္စ္နဲ႔ ဖီးလစ္တို႔က ကြင္းလယ္မွာ သားရဲေတြလို ေၾကာက္စရာေကာင္းတဲ့ထိ ကစားျပခဲ့ၿပီး အသင္းရဲ႕ စြမ္းေဆာင္ရည္ေကာင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ တစ္ပြဲစီခ်ီတက္မယ္ေလ။ လတ္တေလာေတာ့ ျပန္အားျဖည့္ၿပီး ေနာက္တစ္ပြဲအတြက္ အာ႐ုံစိုက္ရမယ္” လို႔ ေျပာသြားခဲ့ပါေသးတယ္။

စတာလင္ဟာ အဂၤလန္အသင္းအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲ ၂၀ မွာ ၁၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိကစားသမားေတြထဲမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္ကစားသမားလည္းျဖစ္ပါတယ္။ ယူ႐ို ၂၀၂၀ မွာေတာ့ ေလးစားရေလာက္တဲ့ စြမ္းရည္မ်ိဳးျပသထားႏိုင္ေနၿပီး ၄ ပြဲကစား ၃ ဂိုးသြင္းယူထားႏိုင္ခဲ့တာပါ။

ဂ်ာမနီအသင္းကို အႏိုင္ရၿပီးေနာက္မွာေတာ့ မန္စီးတီးအသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူအသင္းရဲ႕ ေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ BBC Sport ကို “ပြဲမစခင္ကတည္းက ဒါႏိုင္ငံ့သူရဲေကာင္းျဖစ္ဖို႔ အခြင့္အေရးလို႔ ေျပာခဲ့တယ္။ သူက အသင္းကို ဆြဲတင္ၿပီး အႏိုင္ရလဒ္ယူေပးေနသူပဲဗ်။ ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး ႀကိဳးစားတာနဲ႔ သတၱိရွိတာက သူ႔ကို သေဘာက်‌ေစတာဗ်။ ၿပိဳင္ဘက္ခံစစ္ကို ေၾကာက္စိတ္ဝင္ေစတဲ့ အစြမ္းနဲ႔ ႏိုင္ငံ့သူရဲေကာင္းေလ” လို႔ မန္စီးတီး တိုက္စစ္ကစားသမား စတာလင္ကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ဖာဒီနန္က “သူ႔ကို မွန္းဆဖို႔ခက္တယ္ဗ်။ ဉာဏ္မ်ားတယ္။ သူ႔ကစားသမားဘဝတေလွ်ာက္မွာ အၾကမ္း‌ဆုံး အေျခအေနပဲဗ်။ ပြဲကို အဆုံးအျဖတ္ ေပးေနတဲ့ ကစားသမားပဲဗ်။ ကြၽန္ေတာ္ကေတာ့ ဒီေကာင္ေလးကို ကမာၻ႔အဆင့္ကစားသမားလို႔ပဲ သတ္မွတ္တယ္ဗ်ာ”လို႔ BBC Sport မွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း “စတာလင္နဲ႔ ဟယ္ရီတို႔က ေဝဖန္မႈေတြမွားေၾကာင္း သက္ေသျပဖို႔ လိုအပ္ေနခဲ့တာဗ်။ စတာလင္က ၿပီးခဲ့တဲ့ ၃-၄ ႏွစ္ကတည္းက အသင္းရဲ႕ ႀကီးမားတဲ့ အစိတ္အပိုင္းျဖစ္ၿပီး သူ႔အေပၚ ယုံၾကည္မႈထားလိုက္ရင္ သူ႔စြမ္းေဆာင္ရည္က အံ့မခန္းပဲဗ်။ ဟယ္ရီအတြက္ကေတာ့ အေရးႀကီးတဲ့အခိုက္အတန႔္လို႔ ထင္တယ္။ ကြင္းထဲမွာ ဘာလုပ္လုပ္ သြင္းဂိုးေတြ လိုတယ္‌ေလ။ သူဒုတိယဂိုးသြင္းယူႏိုင္ခဲ့တာအတြက္ တကယ္‌ေက်နပ္တယ္ဗ်ာ” လို႔ ေျပာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.