Premier League

အထင်ကြီးစေသည့် နံပါတ် ၉ စစ်စစ်ကိုမြင်ခဲ့ရသည့် ပြင်သစ် 7-8 ဆွစ် ပွဲပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ ရဲ့ (၁၆)သင်း ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်အသင်းနှင့်တွေ့ဆုံခဲ့ပြီး မိနစ်(၉၀)အတွင်း သုံးဂိုးစီသရေကျနေခဲ့ရာ အချိန်ပိုအတွင်းမှာလည်း သရေကျနေပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ (၄-၅)နဲ့ ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီးလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ ပေါ့ဂ်ဘာ ကန်တေ ဂရိဇ်မန်း ဂျရူး ဗာရန်း တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေပါလျက်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြောစရာဖြစ်ခဲ့တဲ့ အချက်(၇)ချက်ကို ကောက်နုတ်ထားပါတယ်

အသံတိတ်ဦးညွတ်ခဲ့ရတဲ့ ပြင်သစ်အသင်း
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့ (၅)နှစ်တုန်းက လွဲခဲ့တဲ့ ချန်ပီယံဆုကိုယူဖို့ ပစ်မှတ်ထားခဲ့ကြတာပါ။ သေမင်းတမန်အုပ်စုထဲ ကျရောက်ခဲ့ရပြီး အုပ်စုဗိုလ်အနေနဲ့ ရှုံးထွက်အဆင့်ကို တက်လာခဲ့ပေမယ့် (၁)ပွဲနိုင်(၂)ပွဲသရေဆိုတဲ့တည်ငြိမ်မှုမရှိတဲ့ပုံစံကိုပြသနေခဲ့တာပါ။ ပထမပိုင်းမှာ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ဒုတိယပိုင်းစစချင်း မိနစ်(၃၀) အတွင်းမှာ (၃)ဂိုးသွင်းယူထားခဲ့ပြီး အနိုင်ရပြီလို့ ယူဆထားခဲ့ရတာပါ။ ဂရိဇ်မန်း ဘာပေ ဘန်ဇီမာ တို့ရဲ့ တိုက်စစ်ဟာ ဒီပွဲမှာတော့ အားရစရာရှိခဲ့ပြီး လျော့တိလျော့ရဲ ခံစစ်ကြောင့်သာမဟုတ်ရင် နောက်တစ်ဆင့်တက်ခဲ့ရမှာပါ။

မထင်မှတ်တာ လုပ်ပြခဲ့တဲ့ လျှော့တွက်ခံ ဆွစ်ဇာလန်
ဆွစ်ဇာလန်မှာလည်း ကစားသမားကောင်းတွေ ရှိပေမယ့် ပြိုင်ပွဲရဲ့ ဖျက်မျဉ်းအဆင့်သာ သတ်မှတ်ထားခဲ့ကြတာပါ။ ကစားသမားကောင်းတွေရှိပေမယ့် ပြင်သစ်လို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တွေ့တဲ့အခါ လျှော့တွက်ခံခဲ့ရပြီး ပွဲကတော့ ဘောလုံးပွဲတွေရဲ့ ရသကို အပြည့်အဝပေးခဲ့ပါတယ်။ ဟန်ဂေရီကို ရှုံးပွဲကြုံတွေ့တော့မလိုဖြစ်ခဲ့တဲ့ ဂျာမနီအသင်းလည်း ယူရို ၂၀၂၀ မှာရှိခဲ့သလို ချက်အသင်းက ဒတ်ခ်ျတို့ကို အံ့အားသင့်ဖွယ် နှစ်ဂိုးပြတ်အနိုင်ယူခဲ့တာနဲ့တော့ ဒီပွဲက အနည်းငယ်ကွဲပြားပါတယ်။ ကမ္ဘာ့အဆင့်တွေက ဒီပြိုင်ပွဲမှာ အရေးမကြီးဘူးဆိုတာကို ပြနေတာလား….

ဘန်ဇီမာရဲ့ဂိုးတွေက စိတ်ပျက်စရာပြင်သစ်အတွက် မလုံလောက်ခဲ့
နိုင်ငံလက်ရွေးစင်အသင်းနဲ့(၆)နှစ်ကြာဝေးကွာခဲ့တဲ့ ဘန်ဇီမာအနေနဲ့ ယူရို ၂၀၂၀ မှာ သွင်းဂိုး(၄)ဂိုးအထိ ရယူပေးထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့စဉ်မှာလည်း သူ့သွင်းဂိုးတွေနဲ့ပဲ သရေကျခဲ့သလို ယခုပွဲမှာလည်း (၃၃)နှစ်သားတိုက်စစ်မှူးအနေနဲ့ ချေပဂိုးနဲ့ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါသေးတယ်။ မိနစ်(၈၀)ကျော်မှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာက အဆိုပါပြင်သစ်သားအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အချိန်ပိုပထမပိုင်းမှာတင် ကြွက်သားဒဏ်ရာကြောင့် လူစားလဲခံလိုက်ရပါတယ်။

ပြင်သစ်က ပေါ့ဂ်ဘာရဲ့ခြေစွမ်းက မန်ယူအထိပါလာလေမလား
ပေါ့ဂ်ဘာကတော့ ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်တဝိုက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လှပတဲ့ ဂိုးတစ်ဂိုးကိုပါ သွင်းယူခဲ့ပါသေးတယ်။ ပြင်သစ်အသင်းရဲ့ သွင်းဂိုးတွေအတွက် ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ဖန်တီးပေးမှုတွေကိုသာ တိုက်စစ်က အသုံးချနိုင်ခဲ့ရင် ဂိုးဖန်တီးမှု (၂)ကြိမ်ထိ ရလာနိုင်တာလည်းဖြစ်ပါတယ်။ အဆိုပါ စွမ်းရည်တွေကြောင့်ပဲ မန်ယူက ခေါ်ယူခဲ့တာဖြစ်ပေမယ့် အဲ့မှာ ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး နိုင်ငံအသင်းမှာပဲ ဘာလို့ ခြေစွမ်းပြနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် ယူရို ၂၀၂၀ မှာ ခြေစွမ်းအတောက်ပဆုံးလို့တောင် ပြောလို့ရတဲ့အထိ ခြေစွမ်းပြသနေရင် အဲ့ပုံစံကို မန်ယူမှာ ဘာလို့မပြနိုင်ရမှာလဲဆိုတာ စဉ်းစားစရာပါ။

သေရေးရှင်ရေးဖြစ်တဲ့ပင်နယ်တီမှမဝင်တဲ့ ဘာပေ
ဘာပေကို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ခေတ်အလွန်မှာ အစားထိုးမယ့် ကြယ်ပွင့်လို့ အများစုက မှတ်ယူထားခဲ့ကြတာပါ။
သူဟာ ပြင်သစ်အသင်းရဲ့ ယူရိုပြိုင်ပွဲတလျှောက် ခြေစွမ်းမပြနိုင်တဲ့ ကစားသမားအများစုထဲက တစ်ယောက်ဖြစ်ပြီး အဆုံးအဖြတ်ပင်နယ်တီအပါအဝင် ယူရို ၂၀၂၀ မှာ သွင်းဂိုးတစ်ဂိုးမှမရရှိခဲ့တဲ့ထိ ပုံမှန်ခြေပျောက်ဆုံးနေခဲ့တာပါ။ ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းခွင့်အမြောက်အမြားကို ဖြုန်းတီးခဲ့တာကို ဖယ်ထားရင်တောင် အဆုံးအဖြတ်ပင်နယ်တီ မဝင်ခဲ့ဘဲ အသင်းလည်း အရေးနိမ့်ပြီးပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

အထင်ကြီးစေသည့် နံပါတ်(၉)စစ်စစ်
နံပါတ်(၉)စစ်စစ်ဖြစ်ရခြင်းရဲ့ အနုပညာက နံပါတ်(၉)စစ်စစ်တွေ ပျောက်ဆုံးသလောက်ဖြစ်နေတဲ့ခေတ်မှာတော့ အဖိုးတန်ပါတယ်။ ဆွစ်ဇာလန်အသင်းရဲ့ တိုက်စစ်ကစားသမား ဆယ်ဖရိုဗစ်ဟာ အဲ့လိုကစားသမားဖြစ်ပြီး ဆွစ်ဇာလန်အသင်းအတွက် သွင်းဂိုး(၂၄)ဂိုးရှိလာပြီဖြစ်ပါတယ်။ အဖွင့်ဂိုးကို လန်ဂလက်အနားကနေ ခွါပြီး တံတောင်နဲ့ အနည်းငယ်တွန်းကာ ခေါင်းတိုက်ခွင့်ရယူပြီး သွင်းယူခဲ့တာပါ။ သူ့ရဲ့ ဒုတိယဂိုးကိုလည်း ပထမဂိုးလိုပဲနေရာယူကာ သွင်းခဲ့ပြီး ပြိုင်ပွဲကြီးတွေမှာ ကစားသမားရှာဖွေကြတဲ့ အသင်းတွေရဲ့ ရေဒါထဲ ရောက်နေလောက်ပြီး မှန်ကန်တဲ့ရွေးချယ်မှု လုပ်နိုင်ဖို့ မျှော်လင့်ရပါမယ်။

ဒေးရွှမ်း အစီအစဉ်ပြောင်းပြန်ဖြစ်ခဲ့
စက်တင်ဘာ ၂၀၂၀ နောက်ပိုင်း ပထမဆုံးအနေနဲ့ ဒေးရွှမ်းဟာ နောက်တန်း (၃)ယောက်တန်းကို အသုံးပြုခဲ့ပြီး ဒစ်ဂ်နေးရဲ့ မပါဝင်နိုင်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ဗာရန်း – ကင်ဘမ်ပေ အတွဲရဲ့အလယ်မှာ လန်ဂလက်ကို ထည့်သွင်းခဲ့ပြီး သူ့ရဲ့ အားနည်းမှုကို အခွင့်ကောင်းယူပြီး ဦးဆောင်ဂိုးပေးခဲ့လိုက်ရပါတယ်။ ဘယ်တောင်ပံဆော့နေကြမဟုတ်တဲ့ ရာဘီယော့လည်း ရုန်းကန်ခဲ့ရပြီး မိနစ်(၄၀) လောက်အထိ ရုပ်ပျက်ဆင်းပျက်ဆိုးရွားခဲ့တာပါ။အာရုံစူးစိုက်မှုလျော့နည်းခဲ့တဲ့အတွက် အာရုံစူးစိုက်မှုအပြည့်နဲ့ ဆွစ်ဇာလန်ကပဲ လိုအပ်တဲ့ရလဒ်ကို အရယူသွားနိုင်ခဲ့ပြီး ‌ပြင်သစ်အသင်းရဲ့ နည်းဗျူဟာ ကမောက်ကမတွေ ဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ျပင္သစ္အသင္းဟာ ယူ႐ို ၂၀၂၀ ရဲ႕ (၁၆)သင္း ရႈံးထြက္အဆင့္မွာ ဆြစ္ဇာလန္အသင္းႏွင့္ေတြ႕ဆုံခဲ့ၿပီး မိနစ္(၉၀)အတြင္း သုံးဂိုးစီသေရက်ေနခဲ့ရာ အခ်ိန္ပိုအတြင္းမွာလည္း သေရက်ေနၿပီး ပင္နယ္တီအဆုံးအျဖတ္ ခံယူရာမွာေတာ့ (၄-၅)နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ေစာေစာစီးစီးလက္ျပႏႈတ္ဆက္ခဲ့ရပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံအသင္းမွာ ေပါ့ဂ္ဘာ ကန္ေတ ဂရိဇ္မန္း ဂ်႐ူး ဗာရန္း တို႔လို ကမာၻ႔အဆင့္ ကစားသမားေတြ ရွိေနပါလ်က္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေျပာစရာျဖစ္ခဲ့တဲ့ အခ်က္(၇)ခ်က္ကို ေကာက္ႏုတ္ထားပါတယ္

အသံတိတ္ဦးၫြတ္ခဲ့ရတဲ့ ျပင္သစ္အသင္း
၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံအသင္းဟာ ၿပီးခဲ့တဲ့ (၅)ႏွစ္တုန္းက လြဲခဲ့တဲ့ ခ်န္ပီယံဆုကိုယူဖို႔ ပစ္မွတ္ထားခဲ့ၾကတာပါ။ ေသမင္းတမန္အုပ္စုထဲ က်ေရာက္ခဲ့ရၿပီး အုပ္စုဗိုလ္အေနနဲ႔ ရႈံးထြက္အဆင့္ကို တက္လာခဲ့ေပမယ့္ (၁)ပြဲႏိုင္(၂)ပြဲသေရဆိုတဲ့တည္ၿငိမ္မႈမရွိတဲ့ပုံစံကိုျပသေနခဲ့တာပါ။ ပထမပိုင္းမွာ ဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ဒုတိယပိုင္းစစခ်င္း မိနစ္(၃၀) အတြင္းမွာ (၃)ဂိုးသြင္းယူထားခဲ့ၿပီး အႏိုင္ရၿပီလို႔ ယူဆထားခဲ့ရတာပါ။ ဂရိဇ္မန္း ဘာေပ ဘန္ဇီမာ တို႔ရဲ႕ တိုက္စစ္ဟာ ဒီပြဲမွာေတာ့ အားရစရာရွိခဲ့ၿပီး ေလ်ာ့တိေလ်ာ့ရဲ ခံစစ္ေၾကာင့္သာမဟုတ္ရင္ ေနာက္တစ္ဆင့္တက္ခဲ့ရမွာပါ။

မထင္မွတ္တာ လုပ္ျပခဲ့တဲ့ ေလွ်ာ့တြက္ခံ ဆြစ္ဇာလန္
ဆြစ္ဇာလန္မွာလည္း ကစားသမားေကာင္းေတြ ရွိေပမယ့္ ၿပိဳင္ပြဲရဲ႕ ဖ်က္မ်ဥ္းအဆင့္သာ သတ္မွတ္ထားခဲ့ၾကတာပါ။ ကစားသမားေကာင္းေတြရွိေပမယ့္ ျပင္သစ္လို ကမာၻ႔အဆင့္ ကစားသမားေတြနဲ႔ ေတြ႕တဲ့အခါ ေလွ်ာ့တြက္ခံခဲ့ရၿပီး ပြဲကေတာ့ ေဘာလုံးပြဲေတြရဲ႕ ရသကို အျပည့္အဝေပးခဲ့ပါတယ္။ ဟန္ေဂရီကို ရႈံးပြဲႀကဳံေတြ႕ေတာ့မလိုျဖစ္ခဲ့တဲ့ ဂ်ာမနီအသင္းလည္း ယူ႐ို ၂၀၂၀ မွာရွိခဲ့သလို ခ်က္အသင္းက ဒတ္ခ္်တို႔ကို အံ့အားသင့္ဖြယ္ ႏွစ္ဂိုးျပတ္အႏိုင္ယူခဲ့တာနဲ႔ေတာ့ ဒီပြဲက အနည္းငယ္ကြဲျပားပါတယ္။ ကမာၻ႔အဆင့္ေတြက ဒီၿပိဳင္ပြဲမွာ အေရးမႀကီးဘူးဆိုတာကို ျပေနတာလား….

ဘန္ဇီမာရဲ႕ဂိုးေတြက စိတ္ပ်က္စရာျပင္သစ္အတြက္ မလုံေလာက္ခဲ့
ႏိုင္ငံလက္ေ႐ြးစင္အသင္းနဲ႔(၆)ႏွစ္ၾကာေဝးကြာခဲ့တဲ့ ဘန္ဇီမာအေနနဲ႔ ယူ႐ို ၂၀၂၀ မွာ သြင္းဂိုး(၄)ဂိုးအထိ ရယူေပးထားႏိုင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းနဲ႔ ႏွစ္ဂိုးစီသေရက်ခဲ့စဥ္မွာလည္း သူ႔သြင္းဂိုးေတြနဲ႔ပဲ သေရက်ခဲ့သလို ယခုပြဲမွာလည္း (၃၃)ႏွစ္သားတိုက္စစ္မႉးအေနနဲ႔ ေခ်ပဂိုးနဲ႔ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါေသးတယ္။ မိနစ္(၈၀)ေက်ာ္မွ ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရတာက အဆိုပါျပင္သစ္သားအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး အခ်ိန္ပိုပထမပိုင္းမွာတင္ ႂကြက္သားဒဏ္ရာေၾကာင့္ လူစားလဲခံလိုက္ရပါတယ္။

ျပင္သစ္က ေပါ့ဂ္ဘာရဲ႕ေျခစြမ္းက မန္ယူအထိပါလာေလမလား
ေပါ့ဂ္ဘာကေတာ့ ဆြစ္ဇာလန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ကြင္းလယ္တဝိုက္ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး လွပတဲ့ ဂိုးတစ္ဂိုးကိုပါ သြင္းယူခဲ့ပါေသးတယ္။ ျပင္သစ္အသင္းရဲ႕ သြင္းဂိုးေတြအတြက္ ကြင္းလယ္မွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူ႔ရဲ႕ဖန္တီးေပးမႈေတြကိုသာ တိုက္စစ္က အသုံးခ်ႏိုင္ခဲ့ရင္ ဂိုးဖန္တီးမႈ (၂)ႀကိမ္ထိ ရလာႏိုင္တာလည္းျဖစ္ပါတယ္။ အဆိုပါ စြမ္းရည္ေတြေၾကာင့္ပဲ မန္ယူက ေခၚယူခဲ့တာျဖစ္ေပမယ့္ အဲ့မွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့ၿပီး ႏိုင္ငံအသင္းမွာပဲ ဘာလို႔ ေျခစြမ္းျပေနသလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ေနခဲ့ပါတယ္။ ျပင္သစ္အသင္းအတြက္ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းအေတာက္ပဆုံးလို႔ေတာင္ ေျပာလို႔ရတဲ့အထိ ေျခစြမ္းျပသေနရင္ အဲ့ပုံစံကို မန္ယူမွာ ဘာလို႔မျပႏိုင္ရမွာလဲဆိုတာ စဥ္းစားစရာပါ။

ေသေရးရွင္ေရးျဖစ္တဲ့ပင္နယ္တီမွမဝင္တဲ့ ဘာေပ
ဘာေပကို ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ရဲ႕ ေခတ္အလြန္မွာ အစားထိုးမယ့္ ၾကယ္ပြင့္လို႔ အမ်ားစုက မွတ္ယူထားခဲ့ၾကတာပါ။
သူဟာ ျပင္သစ္အသင္းရဲ႕ ယူ႐ိုၿပိဳင္ပြဲတေလွ်ာက္ ေျခစြမ္းမျပႏိုင္တဲ့ ကစားသမားအမ်ားစုထဲက တစ္ေယာက္ျဖစ္ၿပီး အဆုံးအျဖတ္ပင္နယ္တီအပါအဝင္ ယူ႐ို ၂၀၂၀ မွာ သြင္းဂိုးတစ္ဂိုးမွမရရွိခဲ့တဲ့ထိ ပုံမွန္ေျခေပ်ာက္ဆုံးေနခဲ့တာပါ။ ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးသြင္းခြင့္အေျမာက္အျမားကို ျဖဳန္းတီးခဲ့တာကို ဖယ္ထားရင္ေတာင္ အဆုံးအျဖတ္ပင္နယ္တီ မဝင္ခဲ့ဘဲ အသင္းလည္း အေရးနိမ့္ၿပီးၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္ခဲ့ရပါတယ္။

အထင္ႀကီးေစသည့္ နံပါတ္(၉)စစ္စစ္
နံပါတ္(၉)စစ္စစ္ျဖစ္ရျခင္းရဲ႕ အႏုပညာက နံပါတ္(၉)စစ္စစ္ေတြ ေပ်ာက္ဆုံးသေလာက္ျဖစ္ေနတဲ့ေခတ္မွာေတာ့ အဖိုးတန္ပါတယ္။ ဆြစ္ဇာလန္အသင္းရဲ႕ တိုက္စစ္ကစားသမား ဆယ္ဖ႐ိုဗစ္ဟာ အဲ့လိုကစားသမားျဖစ္ၿပီး ဆြစ္ဇာလန္အသင္းအတြက္ သြင္းဂိုး(၂၄)ဂိုးရွိလာၿပီျဖစ္ပါတယ္။ အဖြင့္ဂိုးကို လန္ဂလက္အနားကေန ခြါၿပီး တံေတာင္နဲ႔ အနည္းငယ္တြန္းကာ ေခါင္းတိုက္ခြင့္ရယူၿပီး သြင္းယူခဲ့တာပါ။ သူ႔ရဲ႕ ဒုတိယဂိုးကိုလည္း ပထမဂိုးလိုပဲေနရာယူကာ သြင္းခဲ့ၿပီး ၿပိဳင္ပြဲႀကီးေတြမွာ ကစားသမားရွာေဖြၾကတဲ့ အသင္းေတြရဲ႕ ေရဒါထဲ ေရာက္ေနေလာက္ၿပီး မွန္ကန္တဲ့ေ႐ြးခ်ယ္မႈ လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ရပါမယ္။

ေဒး႐ႊမ္း အစီအစဥ္ေျပာင္းျပန္ျဖစ္ခဲ့
စက္တင္ဘာ ၂၀၂၀ ေနာက္ပိုင္း ပထမဆုံးအေနနဲ႔ ေဒး႐ႊမ္းဟာ ေနာက္တန္း (၃)ေယာက္တန္းကို အသုံးျပဳခဲ့ၿပီး ဒစ္ဂ္ေနးရဲ႕ မပါဝင္ႏိုင္မႈေၾကာင့္ ျဖစ္ပါလိမ့္မယ္။ ဗာရန္း – ကင္ဘမ္ေပ အတြဲရဲ႕အလယ္မွာ လန္ဂလက္ကို ထည့္သြင္းခဲ့ၿပီး သူ႔ရဲ႕ အားနည္းမႈကို အခြင့္ေကာင္းယူၿပီး ဦးေဆာင္ဂိုးေပးခဲ့လိုက္ရပါတယ္။ ဘယ္ေတာင္ပံေဆာ့ေနၾကမဟုတ္တဲ့ ရာဘီေယာ့လည္း ႐ုန္းကန္ခဲ့ရၿပီး မိနစ္(၄၀) ေလာက္အထိ ႐ုပ္ပ်က္ဆင္းပ်က္ဆိုး႐ြားခဲ့တာပါ။အာ႐ုံစူးစိုက္မႈေလ်ာ့နည္းခဲ့တဲ့အတြက္ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ဆြစ္ဇာလန္ကပဲ လိုအပ္တဲ့ရလဒ္ကို အရယူသြားႏိုင္ခဲ့ၿပီး ‌ျပင္သစ္အသင္းရဲ႕ နည္းဗ်ဴဟာ ကေမာက္ကမေတြ ျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.