Premier League

နိုင်ငံအတွက် အောင်မြင်မှု ဆာလောင်နေဆဲ ရော်နယ်လ်ဒိုရဲ့ ခံစားချက်

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးပြီးချင်း ဒေါသထွက်ခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုချွတ်ပြီး ပစ်ချခဲ့ပါတယ်။ သူ့ရဲ့ ‌အနိုင်ရလိုစိတ်ကို ထင်ဟပ်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကို မီဒီယာများကလည်း အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရတာနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုက “ဒါကျွန်တော်တို့ လိုချင်ခဲ့တဲ့ရလဒ် မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ကြိုတင်မျှော်မှန်းခဲ့တာထက် စောစောထွက်ခွာခဲ့ရတယ်။ ကျွန်တော်တို့ ချန်ပီယံဆုကို ကာကွယ်ဖို့ တတ်နိုင်သမျှအားလုံးလုပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အုပ်စုအနေအထားနဲ့ ကျော်ဖြတ်ခဲ့မှုကြောင့်တော့ ပေါ်တူဂီ ပြည်သူပြည်သားတွေကို ပျော်ရွှင်စေခဲ့မယ်လို့ထင်ပါတယ်”လို့ သူ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ရဲ့ ပရိသတ်တွေဟာ မမောမပန်း အားပေးခဲ့ကြတယ်။ သူတို့ရဲ့ ယုံကြည်မှုကို ပေးဆပ်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပြီး ရောက်ချင်တဲ့အဆင့်ထိ မရောက်ခဲ့ရပေမယ့် ကျေးဇူးတင်ပါတယ်။ ဘယ်လ်ဂျီယံနဲ့ တခြားအသင်းတွေအနေနဲ့ ယူရို ၂၀၂၀ မှာ အောင်မြင်ဖို့ ဆန္ဒပြုပါတယ်။ ပေါ်တူဂီအသင်းအနေနဲ့ ပိုမိုတောင့်တင်းတဲ့ အသင်းအနေနဲ့ ပြန်လာခဲ့မယ်”လို့ သူ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူဖို့ အစီအစဉ်မရှိသေး‌ကြောင်း ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ အလီဒါယီရဲ့ နိုင်ငံလက်ရွေးစင်သွင်းဂိုး အရေအတွက်ကို လိုက်မှီခဲ့ပြီဖြစ်ပေမယ့် မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယူရိုပြိုင်ပွဲသမိုင်းမှာတော့ သွင်းဂိုး (၁၄)ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် စီးရီးအေတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လူကာကူကိုတော့ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒိုက (၅)ဂိုးဖြင့် ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး သူ့နောက်မှာတော့ ပက်ထရစ်ရှစ်ခ်နဲ့ ဘန်ဇီးမားတို့က သွင်းဂိုး(၄)ဂိုးစီနဲ့ ရှိနေပါတယ်။

ယူရိုပြိုင်ပွဲမှ ထွက်ခွါခဲ့ပြီး ဂျူဗင်တပ်စ် အသင်းအတွက်သာ အာရုံစိုက်ဖွယ်ရှိပါတယ်။ La Gazzetta dello Sport မှ ဖော်ပြချက်အရလည်း ရော်နယ်လ်ဒိုအတွက် မည်သည့်ကမ်းလှမ်းချက် တစုံတရာမှ အီတလီကလပ်ထံ ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်တဲ့အသင်းဆိုတာ ရှားနေသလို ခေါ်ယူနိုင်တဲ့အသင်းတွေဖြစ်တဲ့ မန်ယူအသင်းက ဆန်ချိုကို ခေါ်ယူဖို့လုံးပန်းနေ၊ ပီအက်စ်ဂျီကလည်း ဘာပေကို အသင်းမပြောင်းရန် စည်းရုံးနေပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဟာလန်းကို ခေါ်ယူဖို့သာ စီစဉ်ထားတာနဲ့ ဂျူဗင်တပ်စ်နည်းပြဖြစ်လာမယ့် အယ်လီဂရီကလည်း သူနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် အသင်းမပြောင်းဘူးလို့ ထုတ်မပြောသည့်တိုင် အသင်းမှာပဲ ဆက်ရှိဖို့များလာတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုဟာ ဘယ္လ္ဂ်ီယံအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ၿပီးၿပီးခ်င္း ေဒါသထြက္ခဲ့ၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကိုခြၽတ္ၿပီး ပစ္ခ်ခဲ့ပါတယ္။ သူ႔ရဲ႕ ‌အႏိုင္ရလိုစိတ္ကို ထင္ဟပ္ခဲ့ၿပီး အဆိုပါျဖစ္ရပ္ကို မီဒီယာမ်ားကလည္း အမိအရ မွတ္တမ္းတင္ႏိုင္ခဲ့ၾကပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကေန ထြက္ခြါခဲ့ရတာနဲ႔ပတ္သက္ၿပီး ေရာ္နယ္လ္ဒိုက “ဒါကြၽန္ေတာ္တို႔ လိုခ်င္ခဲ့တဲ့ရလဒ္ မဟုတ္ဘူးဗ်။ ကြၽန္ေတာ္တို႔ ႀကိဳတင္ေမွ်ာ္မွန္းခဲ့တာထက္ ေစာေစာထြက္ခြာခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ တတ္ႏိုင္သမွ်အားလုံးလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ အုပ္စုအေနအထားနဲ႔ ေက်ာ္ျဖတ္ခဲ့မႈေၾကာင့္ေတာ့ ေပၚတူဂီျပည္သူျပည္သားေတြကို ေပ်ာ္႐ႊင္ေစခဲ့မယ္လို႔ထင္ပါတယ္”လို႔ သူ႔ကိုယ္ပိုင္ ဆိုရွယ္မီဒီယာမွာ တင္ခဲ့ပါတယ္။

ဆက္လက္ၿပီး “ကြၽန္ေတာ္တို႔ရဲ႕ ပရိတ္သတ္ေတြဟာ မေမာမပန္း အားေပးခဲ့ၾကတယ္။ သူတို႔ရဲ႕ ယုံၾကည္မႈကို ေပးဆပ္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့ၿပီး ေရာက္ခ်င္တဲ့အဆင့္ထိ မေရာက္ခဲ့ရေပမယ့္ ေက်းဇူးတင္ပါတယ္။ ဘယ္လ္ဂ်ီယံနဲ႔ တျခားအသင္းေတြအေနနဲ႔ ယူ႐ို ၂၀၂၀ မွာ ေအာင္ျမင္ဖို႔ ဆႏၵျပဳပါတယ္။ ေပၚတူဂီအသင္းအေနနဲ႔ ပိုမိုေတာင့္တင္းတဲ့ အသင္းအေနနဲ႔ ျပန္လာခဲ့မယ္”လို႔ သူ႔ကိုယ္ပိုင္ ဆိုရွယ္မီဒီယာမွာ တင္ခဲ့ၿပီး ႏိုင္ငံလက္ေ႐ြးစင္အသင္းမွ အနားယူဖို႔ အစီအစဥ္မရွိေသး‌ေၾကာင္း ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ အလီဒါယီရဲ႕ ႏိုင္ငံလက္ေ႐ြးစင္သြင္းဂိုး အေရအတြက္ကို လိုက္မွီခဲ့ၿပီျဖစ္ေပမယ့္ မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ယူ႐ိုၿပိဳင္ပြဲသမိုင္းမွာေတာ့ သြင္းဂိုး (၁၄)ဂိုးနဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။ စိတ္ပ်က္ဖြယ္ရႈံးနိမ့္ခဲ့ေပမယ့္ စီးရီးေအတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ လူကာကူကိုေတာ့ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ပါတယ္။

လက္ရွိ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ေရာ္နယ္လ္ဒိုက (၅)ဂိုးျဖင့္ ဦးေဆာင္ထားႏိုင္ဆဲျဖစ္ၿပီး သူ႔ေနာက္မွာေတာ့ ပက္ထရစ္ရွစ္ခ္နဲ႔ ဘန္ဇီးမားတို႔က သြင္းဂိုး(၄)ဂိုးစီနဲ႔ ရွိေနပါတယ္။

ယူ႐ိုၿပိဳင္ပြဲမွ ထြက္ခြါခဲ့ၿပီး ဂ်ဴဗင္တပ္စ္ အသင္းအတြက္သာ အာ႐ုံစိုက္ဖြယ္ရွိပါတယ္။ La Gazzetta dello Sport မွ ေဖာ္ျပခ်က္အရလည္း ေရာ္နယ္လ္ဒိုအတြက္ မည္သည့္ကမ္းလွမ္းခ်က္ တစုံတရာမွ အီတလီကလပ္ထံ ေရာက္ရွိလာျခင္း မရွိေသးေၾကာင္းလည္း သိရပါတယ္။

ေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္တဲ့အသင္းဆိုတာ ရွားေနသလို ေခၚယူႏိုင္တဲ့အသင္းေတြျဖစ္တဲ့ မန္ယူအသင္းက ဆန္ခ်ိဳကို ေခၚယူဖို႔လုံးပန္းေန၊ ပီအက္စ္ဂ်ီကလည္း ဘာေပကို အသင္းမေျပာင္းရန္ စည္း႐ုံးေနၿပီး ရီးယဲလ္မက္ဒရစ္အသင္းကလည္း ဟာလန္းကို ေခၚယူဖို႔သာ စီစဥ္ထားတာနဲ႔ ဂ်ဴဗင္တပ္စ္နည္းျပျဖစ္လာမယ့္ အယ္လီဂရီကလည္း သူနဲ႔ရင္းႏွီးတဲ့ ဆက္ဆံေရးရွိတာေၾကာင့္ အသင္းမေျပာင္းဘူးလို႔ ထုတ္မေျပာသည့္တိုင္ အသင္းမွာပဲ ဆက္ရွိဖို႔မ်ားလာတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.