Premier League Transfer News

29 June နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

စပိန်အသင်းနဲ့ ခရိုအေးရှားတို့အသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ စပိန်အသင်းရဲ့ ချယ်လ်ဆီးနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွေတာဟာ သူ့ရဲ့ နိုင်ငံ့ကိုယ်စားပြု ၈ နှစ်တာအတွင်း ပထမဆုံးသော စပိန်လက်ရွေးစင်သွင်းဂိုးကို ပွဲချိန် (၅၇)မိနစ်မှာ သွင်းယူနိုင်ခဲ့။

ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ အာလင်း ဟာလန်းအတွက် ဒေါ့မွန်အသင်းထံ (ပေါင်သန်း(၆၀)+ တမ်မီ အေဘရာဟမ်ကို အလိုက်ပေးပြီး) ငွေကြေးအားဖြင့် ခန့်မှန်းခြေ ပေါင်သန်း(၁၀၀)နီးပါးဖြင့် ကမ်းလှမ်းခဲ့ကြောင်းသိရ။

ကွန်တေဟာ ပေါ့ဘာနဲ့အတူ ကွင်းလယ်မှာ နှစ်ယောက်တည်း တွဲပြီး မကစားနိုင်ကြောင်း မှတ်ချက်ပေးခဲ့တဲ့ ဂယ်ရီ နဗီးလ်ကို အရင်ကတည်းက ကန်တေက နှစ်ယောက်တည်း ကစားလာတာဆိုပြီး ချယ်လ်ဆီးပရိသတ်တွေက တွစ်တာတွင် လှောင်ပြောင်နေကြသည့်အပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဂျော်ဂျင်ညိုနဲ့အတူ ခြေစွမ်းပြခဲ့တာလို့ ဆိုရှယ်မီဒီယာများတွင် ပြောဆိုနေကြပြီး လွဲတာက ပေါ့ဘာလားလို့ မေးခွန်းထုတ်စရာရှိလာခဲ့။

ချယ်လ်ဆီးအသင်းသည် အသင်းရဲ့ ကွင်းလယ်ကို ပိုမိုတောင့်တင်းရန် စီစဉ်နေပြီး ဘာစီလိုနာအသင်းတွင် နေရာမရဖြစ်နေသည့် ကွင်းလယ်လူ မီရာလမ် ပီယာနစ်ချ်အား ခေါ်ယူရန် စိတ်ဝင်စားမှုပြသလာပြီး ငွေလိုလို့ ကစားသမားတွေကို ထုတ်ရောင်းဖို့စီစဉ်နေတဲ့ စပိန်ကလပ်ကြောင့် အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိနေ။

ချယ်လ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူလို့မရခဲ့ပါက ဒုတိယရွေးချယ်မှုအနေနဲ့ မိုနာကိုကွင်းလယ်လူ အူရယ်လီယင် ချွာမင်နီကို ခေါ်ယူသွားရန်စီစဉ်နေပြီး အဆိုပါ ပြင်သစ်ကွင်းလယ်လူကို ခေါ်ယူရန် အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ပီတာချက်ကိုယ်တိုင် စည်းရုံးသွားရန်ရှိနေကြောင်းသိရ။

ယခုနှစ် နွေရာသီတွင် ချယ်လ်ဆီးအသင်းသည် အဒါမာ ထရာအိုရေး၊ ဟာလန်းနှင့် ဒက်ကလန်ရိုက်စ်တို့ကို ခေါ်ယူနိုင်ရန်အတွက် ဇီယက်ခ်ျ၊ ဂျရူး၊ အေဘရာဟမ်နှင့် မားကို့စ်အလွန်ဆိုအပါအဝင် အသင်းမှကစားသမားအချို့ကို ထုတ်ရောင်းသွားဖွယ်ရှိနေပြီး တိုက်ဆိုင်မှုကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ချယ်လ်ဆီးအသင်း မချိတ်ဆက်မီကတည်းက အဆိုပါကစားသမား (၃)ယောက်စလုံးကို ချီးကျူးထားဖူးခဲ့ကြောင်းသိရ။

မန်ယူနောက်ခံလူဟောင်း ရီယို ဖာဒီနန်က ချယ်လ်ဆီးကစားသမားအဖြစ် ၆ နှစ်တာ ရှိနေခဲ့တဲ့ မာရီယို ပါဆာလစ်ကို အတ္တလန်တာအသင်းထံ ပေါင်(၁၂)သန်းတည်းနဲ့ ရောင်းချခဲ့တဲ့ အဆိုပါ လန်ဒန်ကလပ်ကို ရူးနေတယ်လို့ ဝေဖန်ခဲ့ပြီး ပါဆာလစ်ကတော့ ခရိုအေးရှားအသင်းနဲ့အတူ ယူရို ၂၀၂၀ မှာ ခြေစွမ်းတောက်ပခဲ့တဲ့ကစားသမားဖြစ်နေ။

ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားဖြစ်တဲ့ ဂီးလ်မိုးကို နောဝစ်ခ်ျအသင်းက အငှါးဖြင့် ခေါ်ယူရန်နီးစပ်နေပြီဖြစ်ပြီး ဂရေမီဆောင်းနက်စ်ကတော့ မန်စီးတီးအသင်းရဲ့ ဖိုဒန်ကို နမူနာယူပြီး စိတ်ရှည်ရှည်နဲ့ နေရာရဖို့ အသင်းမှာ စောင့်သင့်ကြောင်း အကြံပြုခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က မေဆန်မောင့်နဲ့ အေဘရာဟမ်တို့ကဲ့သို့ အငှါးထွက်ကစားပြီးမှ အသင်းထံပြန်လာပြီး ခြေစွမ်းပြလိုလျက်ရှိနေကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ခိုင်ဟာဗက်ဇ်က ချယ်လ်ဆီးအသင်းနဲ့သတင်းထွက်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ထိပ်တန်းတိုက်စစ်မှူးလို့ ချီးကျူးသွားခဲ့ပြီး သူတို့နှစ်ဦးဟာ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာလည်း ထိပ်တိုက်တွေ့ဆုံနေကြ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ချယ်လ်ဆီးကစားသမားများဖြစ်သည့် မောင့်နှင့် ချေးဝဲလ်တို့ကို ကြိုဆိုကြောင်းဆိုခဲ့ပြီး ၎င်းတို့ (၂)ဦးဟာ ကိုဗစ်ပိုးတွေ့ရှိခဲ့သော စကော့တလန်ကွင်းလယ်လူ ဂီလ်မောနှင့် အချိန်အနည်းငယ်ကြာ စကားပြောခဲ့တဲ့အတွက် သီးခြားခွဲပြီး နေထိုင်နေခဲ့ရရာမှ သတ်မှတ်ထားတဲ့ ကွာရန်တင်းကနေ လွန်မြောက်ကင်းစင်ခဲ့ပြီလို့ သိရ။

ဘာစီလိုနာအသင်းဟာ ၎င်းတို့၏ ဘယ်နောက်ခံလူ ဂျူနီယာ ဖာပိုအနေနဲ့ လိဒ်စ်ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သေချာသလောက်ရှိနေပြီဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းနောက်ခံလူ မားကို့စ် အလွန်ဆိုဘက် မြှားဦးလှည့်လာပြီး နည်းပြ တူဟယ်လ်ကတော့ ရောင်းမှာမဟုတ်တဲ့အကြောင်း အရိပ်အမြွက်ဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္အသင္းနဲ႔ ခ႐ိုေအးရွားတို႔အသင္း ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ စပိန္အသင္းရဲ႕ ခ်ယ္လ္ဆီးေနာက္ခံလူ ဆီဆာ အက္ဇ္ပီလီေကြတာဟာ သူ႔ရဲ႕ ႏိုင္ငံ့ကိုယ္စားျပဳ ၈ ႏွစ္တာအတြင္း ပထမဆုံးေသာ စပိန္လက္ေ႐ြးစင္သြင္းဂိုးကို ပြဲခ်ိန္ (၅၇)မိနစ္မွာ သြင္းယူႏိုင္ခဲ့။

ခ်ယ္လ္ဆီးအသင္းရဲ႕ ပစ္မွတ္ကစားသမားျဖစ္တဲ့ အာလင္း ဟာလန္းအတြက္ ေဒါ့မြန္အသင္းထံ (ေပါင္သန္း(၆၀)+ တမ္မီ ေအဘရာဟမ္ကို အလိုက္ေပးၿပီး) ေငြေၾကးအားျဖင့္ ခန႔္မွန္းေျခ ေပါင္သန္း(၁၀၀)နီးပါးျဖင့္ ကမ္းလွမ္းခဲ့ေၾကာင္းသိရ။

ကြန္ေတဟာ ေပါ့ဘာနဲ႔အတူ ကြင္းလယ္မွာ ႏွစ္ေယာက္တည္း တြဲၿပီး မကစားႏိုင္ေၾကာင္း မွတ္ခ်က္ေပးခဲ့တဲ့ ဂယ္ရီ နဗီးလ္ကို အရင္ကတည္းက ကန္ေတက ႏွစ္ေယာက္တည္း ကစားလာတာဆိုၿပီး ခ်ယ္လ္ဆီးပရိသတ္ေတြက တြစ္တာတြင္ ေလွာင္ေျပာင္ေနၾကသည့္အျပင္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း ေဂ်ာ္ဂ်င္ညိဳနဲ႔အတူ ေျခစြမ္းျပခဲ့တာလို႔ ဆိုရွယ္မီဒီယာမ်ားတြင္ ေျပာဆိုေနၾကၿပီး လြဲတာက ေပါ့ဘာလားလို႔ ေမးခြန္းထုတ္စရာရွိလာခဲ့။

ခ်ယ္လ္ဆီးအသင္းသည္ အသင္းရဲ႕ ကြင္းလယ္ကို ပိုမိုေတာင့္တင္းရန္ စီစဥ္ေနၿပီး ဘာစီလိုနာအသင္းတြင္ ေနရာမရျဖစ္ေနသည့္ ကြင္းလယ္လူ မီရာလမ္ ပီယာနစ္ခ်္အား ေခၚယူရန္ စိတ္ဝင္စားမႈျပသလာၿပီး ေငြလိုလို႔ ကစားသမားေတြကို ထုတ္ေရာင္းဖို႔စီစဥ္ေနတဲ့ စပိန္ကလပ္ေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္လာဖြယ္ရွိေန။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူလို႔မရခဲ့ပါက ဒုတိယေ႐ြးခ်ယ္မႈအေနနဲ႔ မိုနာကိုကြင္းလယ္လူ အူရယ္လီယင္ ခြၽာမင္နီကို ေခၚယူသြားရန္စီစဥ္ေနၿပီး အဆိုပါ ျပင္သစ္ကြင္းလယ္လူကို ေခၚယူရန္ အသင္းရဲ႕ ဂႏၴဝင္ဂိုးသမား ပီတာခ်က္ကိုယ္တိုင္ စည္း႐ုံးသြားရန္ရွိေနေၾကာင္းသိရ။

ယခုႏွစ္ ေႏြရာသီတြင္ ခ်ယ္လ္ဆီးအသင္းသည္ အဒါမာ ထရာအိုေရး၊ ဟာလန္းႏွင့္ ဒက္ကလန္႐ိုက္စ္တို႔ကို ေခၚယူႏိုင္ရန္အတြက္ ဇီယက္ခ္်၊ ဂ်႐ူး၊ ေအဘရာဟမ္ႏွင့္ မားကို႔စ္အလြန္ဆိုအပါအဝင္ အသင္းမွကစားသမားအခ်ိဳ႕ကို ထုတ္ေရာင္းသြားဖြယ္ရွိေနၿပီး တိုက္ဆိုင္မႈကေတာ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ခ်ယ္လ္ဆီးအသင္း မခ်ိတ္ဆက္မီကတည္းက အဆိုပါကစားသမား (၃)ေယာက္စလုံးကို ခ်ီးက်ဴးထားဖူးခဲ့ေၾကာင္းသိရ။

မန္ယူေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ခ်ယ္လ္ဆီးကစားသမားအျဖစ္ ၆ ႏွစ္တာ ရွိေနခဲ့တဲ့ မာရီယို ပါဆာလစ္ကို အတၱလန္တာအသင္းထံ ေပါင္(၁၂)သန္းတည္းနဲ႔ ေရာင္းခ်ခဲ့တဲ့ အဆိုပါ လန္ဒန္ကလပ္ကို ႐ူးေနတယ္လို႔ ေဝဖန္ခဲ့ၿပီး ပါဆာလစ္ကေတာ့ ခ႐ိုေအးရွားအသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းေတာက္ပခဲ့တဲ့ကစားသမားျဖစ္ေန။

ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္ကစားသမားျဖစ္တဲ့ ဂီးလ္မိုးကို ေနာဝစ္ခ္်အသင္းက အငွါးျဖင့္ ေခၚယူရန္နီးစပ္ေနၿပီျဖစ္ၿပီး ဂေရမီေဆာင္းနက္စ္ကေတာ့ မန္စီးတီးအသင္းရဲ႕ ဖိုဒန္ကို နမူနာယူၿပီး စိတ္ရွည္ရွည္နဲ႔ ေနရာရဖို႔ အသင္းမွာ ေစာင့္သင့္ေၾကာင္း အႀကံျပဳခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ေမဆန္ေမာင့္နဲ႔ ေအဘရာဟမ္တို႔ကဲ့သို႔ အငွါးထြက္ကစားၿပီးမွ အသင္းထံျပန္လာၿပီး ေျခစြမ္းျပလိုလ်က္ရွိေနေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂ်ာမန္ကြင္းလယ္တိုက္စစ္ကစားသမား ခိုင္ဟာဗက္ဇ္က ခ်ယ္လ္ဆီးအသင္းနဲ႔သတင္းထြက္ေနတဲ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းကို ထိပ္တန္းတိုက္စစ္မႉးလို႔ ခ်ီးက်ဴးသြားခဲ့ၿပီး သူတို႔ႏွစ္ဦးဟာ ယူ႐ို ၂၀၂၀ ရႈံးထြက္အဆင့္မွာလည္း ထိပ္တိုက္ေတြ႕ဆုံေနၾက။

အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ဟာ ခ်ယ္လ္ဆီးကစားသမားမ်ားျဖစ္သည့္ ေမာင့္ႏွင့္ ေခ်းဝဲလ္တို႔ကို ႀကိဳဆိုေၾကာင္းဆိုခဲ့ၿပီး ၎တို႔ (၂)ဦးဟာ ကိုဗစ္ပိုးေတြ႕ရွိခဲ့ေသာ စေကာ့တလန္ကြင္းလယ္လူ ဂီလ္ေမာႏွင့္ အခ်ိန္အနည္းငယ္ၾကာ စကားေျပာခဲ့တဲ့အတြက္ သီးျခားခြဲၿပီး ေနထိုင္ေနခဲ့ရရာမွ သတ္မွတ္ထားတဲ့ ကြာရန္တင္းကေန လြန္ေျမာက္ကင္းစင္ခဲ့ၿပီလို႔ သိရ။

ဘာစီလိုနာအသင္းဟာ ၎တို႔၏ ဘယ္ေနာက္ခံလူ ဂ်ဴနီယာ ဖာပိုအေနနဲ႔ လိဒ္စ္ယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕ရန္ ေသခ်ာသေလာက္ရွိေနၿပီျဖစ္တဲ့အတြက္ ခ်ယ္လ္ဆီးအသင္းေနာက္ခံလူ မားကို႔စ္ အလြန္ဆိုဘက္ ျမႇားဦးလွည့္လာၿပီး နည္းျပ တူဟယ္လ္ကေတာ့ ေရာင္းမွာမဟုတ္တဲ့အေၾကာင္း အရိပ္အႁမြက္ဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.