Premier League

ဘာစီကစားသမားတွေ လွှမ်းမိုးခဲ့တဲ့ စပိန် 5-3 ခရိုအေးရှား ပွဲအပြီး ထူးထူးခြားခြား ပြောစမှတ်စရာ ၇ ချက်

ယူရို ၂၀၂၀ ရဲ့ Own Goal ရှင် စာရင်းဝင်သွားတဲ့ အူနိုင်းဆိုင်မွန်
ပွဲရဲ့ အပြောင်းအလဲတွေမတိုင်ခင်မှာ လူပြောစရာဖြစ်ခဲ့တဲ့ အဓိကအချက်ကတော့ စပိန်ဂိုးသမား အူနိုင်းဆိုင်မွန်ဖြစ်ပြီး သူ့အနေနဲ့ ပွဲစဉ်တစ်လျှောက် လက်စွမ်းပြ ကာကွယ်မှုတွေရှိခဲ့ပေမယ့် ဒီလိုအဆင့်မှာ ဒီလိုအမှားမျိုးက မလုပ်သင့်တဲ့အရာဖြစ်ပါတယ်။ ကွင်းလယ်ကလာတဲ့ သာမန်ပေးပို့မှုကို အကြိမ်(၁၀၀) မှာ (၉၉)ကြိမ်က ဘောလုံးထိန်းပြီး ရှေ့ကိုကန်ထုတ်လို့ ရခဲ့ပေမယ့် ကျန်တဲ့တစ်ကြိမ်ကို စပိန်ဂိုးသမားက ပြုလုပ်ခဲ့ပြီး Own Goal ရှင်စာရင်းဝင်သွားခဲ့ပါတယ်။

ဂိုးသွင်းခြေပြန်တွေ့ခဲ့ကြတဲ့ စပိန်တိုက်စစ်မှူးများ
ယူရို ၂၀၂၀ အုပ်စုပွဲစဉ်ရဲ့ ပထမ(၂)ပွဲမှာ (၁)ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ စပိန်အသင်းကို ဘောလုံးကိုင်ထားပြီး တစ်ဖက်အသင်းဂိုးဧရိယာထိပ်မှာ ကြောင်ပျောက်နေတယ်ဆိုတဲ့ ဝေဖန်သံတွေအပြင် ပွဲထွက်ကစားနေရတဲ့ တိုက်စစ်မှူး မိုရာတာအပေါ်မှာပါ ဝေဖန်ခဲ့ကြပါတယ်။ ပွဲစဉ် (၃)မှာတာ့ ဆလိုဗက်ကီးယားအသင်းကို (၅-၀)ဆိုတဲ့ရလဒ်နဲ့ ခြေမှုန်းခဲ့ပြီး ဝေဖန်သူတွေကို တိတ်စေခဲ့ရုံသာမက အခုပွဲမှာလည်း မိနစ်(၁၂၀)အတွင်း (၅)ဂိုး သွင်းယူပြခဲ့ပါသေးတယ်။

ယူရိုသမိုင်းတလျှောက် နှစ်သင်းပေါင်းသွင်းဂိုး ဒုတိယအများဆုံးပွဲ
ပွဲပြီးခါနီးသွင်းဂိုးတွေနဲ့ အချိန်ပိုက သွင်းဂိုး(၂)ဂိုးကြောင့် အဆိုပါပွဲဟာ ယူရိုသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးမြင်ရတဲ့ ပွဲစဉ်တွေထဲကတစ်ပွဲ ဖြစ်လာခဲ့ပါတယ်။ ကိုပင်ဟေဂင်က အဆိုပါ သွင်းဂိုး (၈)ဂိုးကြောင့် ယူရိုသမိုင်းတစ်လျှောက် နှစ်သင်းပေါင်းသွင်းဂိုး ဒုတိယအများဆုံးပွဲ ဖြစ်လာခဲ့ပြီး ယူရို ၁၉၆၀ တုန်းက ပြင်သစ်အသင်းကို ယူဂိုဆလားဗီးယားအသင်းက (၅-၄)နဲ့ အနိုင်ရခဲ့တဲ့ပွဲကတော့ ပထမနေရာချိတ်နေဆဲပါ။

ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ မိုရာတာ
ယူရို ၂၀၂၀ အတွင်း အခွင့်အရေးတွေကို လွဲချော်ခဲ့လို့ ပြစ်တင်ခံနေရတဲ့ မိုရာတာအနေနဲ့ ခရိုအေးရှားနဲ့ ပွဲစဉ်မှာတော့ ခြေစွမ်းပြခဲ့ပြီး နောက်ခံလူတွေကို အလုပ်ရှပ်စေခဲ့တာပါ။ သူ့ရဲ့သွင်းဂိုးကိုတော့ အချိန်ပိုမှာမှ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးကြောင့် စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်နဲ့အတူ စပိန်အသင်းအတွက် ယူရိုသွင်းဂိုး အများဆုံးစာရင်းမှာ သွင်းဂိုး(၅)ဂိုးဖြင့် ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

စံချိန်တင်ခဲ့တဲ့ စပိန်
ယူရို ၂၀၂၀ မှာတော့ စပိန်အသင်းနဲ့ ခရိုအေးရှား အသင်းတို့ရဲ့ပွဲစဉ်က ကြည့်အကောင်းဆုံးပွဲတွေထဲကတစ်ပွဲဖြစ်ခဲ့ပြီး စပိန်အသင်းအနေနဲ့လည်း ယူရိုပြိုင်ပွဲတစ်လျှောက် အသင်းတစ်သင်းက ပြိုင်ပွဲတစ်ခုတည်းမှာ သွင်းဂိုး(၅)ဂိုးကို (၂)ပွဲဆက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအနေနဲ့လည်း စံချိန်တင်ခဲ့ပါသေးတယ်။

ဘာစီလိုနာကစားသမားတွေရဲ့ လွှမ်းမိုးမှု
ရှာဗီနဲ့ အင်နီယေစတာတို့လို ကွင်းလယ်လူတွေ ထပ်မပေါ်ထွက်လာတော့ပေမယ့် ဘာစီလိုနာရဲ့ လွှမ်းမိုးမှုတော့ မလျော့ကျခဲ့ဘဲ ပတ်ဒရီနဲ့ ဘူးစကွက်စ်တို့ရဲ့ ကွင်းလယ်က ခရိုအေးရှားရဲ့ မိုဒရစ်တို့ကို ကောင်းကောင်းယှဉ်နိုင်ခဲ့ပါတယ်။ ဘာစီရဲ့(၃၂)နှစ်သား ကွင်းလယ်လူအနေနဲ့ သူ့ကို ဘယ်လိုဖိအားပေးပေး သူ့အနေနဲ့ တစ်ကွက်ကြိုမြင်တဲ့ ပေးပို့မှုတွေပြုလုပ်ခဲ့ပြီး စပိန်အသင်းကို သူတို့အတွဲအဖက်အနေနဲ့ ဘယ်အထိ ဆွဲခေါ်နိုင်မလဲ စိတ်ဝင်စားစရာပါ။

ခရိုအေးရှားရဲ့ အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်
ပွဲပြီးဖို့ (၅)မိနစ်ကျော်အလို၊ ရလဒ်က (၁-၃)နဲ့ ရှုံးနိမ့်နေခဲ့တာ‌ဆိုပေမယ့် မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပို (၃)မိနစ်အရောက်မှာတော့ (၃-၃) ဖြစ်သွားတဲ့ထိ အံ့ဩစရာ စိတ်ဓါတ်မာကျောမှုကို ခရိုအေးရှားသားတွေ ပြသခဲ့ပါတယ်။ သူတို့အနေနဲ့ နောက်တစ်ဆင့်ကို မတက်ရောက်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ကိုတော့ မချီးကျူးလို့မရပါဘူး။ ဘောလုံးကမ္ဘာမှာ သူတို့လို စိတ်ဓါတ်မျိုးနဲ့အသင်း များများစားစားမရှိလို့ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူ႐ို ၂၀၂၀ ရဲ႕ Own Goal ရွင္ စာရင္းဝင္သြားတဲ့ အူႏိုင္းဆိုင္မြန္
ပြဲရဲ႕ အေျပာင္းအလဲေတြမတိုင္ခင္မွာ လူေျပာစရာျဖစ္ခဲ့တဲ့ အဓိကအခ်က္ကေတာ့ စပိန္ဂိုးသမား အူႏိုင္းဆိုင္မြန္ျဖစ္ၿပီး သူ႔အေနနဲ႔ ပြဲစဥ္တစ္ေလွ်ာက္ လက္စြမ္းျပ ကာကြယ္မႈေတြရွိခဲ့ေပမယ့္ ဒီလိုအဆင့္မွာ ဒီလိုအမွားမ်ိဳးက မလုပ္သင့္တဲ့အရာျဖစ္ပါတယ္။ ကြင္းလယ္ကလာတဲ့ သာမန္ေပးပို႔မႈကို အႀကိမ္(၁၀၀) မွာ (၉၉)ႀကိမ္က ေဘာလုံးထိန္းၿပီးေရွ႕ကိုကန္ထုတ္လို႔ ရခဲ့ေပမယ့္ က်န္တဲ့တစ္ႀကိမ္ကို စပိန္ဂိုးသမားက ျပဳလုပ္ခဲ့ၿပီး Own Goal ရွင္စာရင္းဝင္သြားခဲ့ပါတယ္။

ဂိုးသြင္းေျချပန္ေတြ႕ခဲ့ၾကတဲ့ စပိန္တိုက္စစ္မႉးမ်ား
ယူ႐ို ၂၀၂၀ အုပ္စုပြဲစဥ္ရဲ႕ ပထမ(၂)ပြဲမွာ (၁)ဂိုးသာ သြင္းယူထားႏိုင္ခဲ့တဲ့ စပိန္အသင္းကို ေဘာလုံးကိုင္ထားၿပီး တစ္ဖက္အသင္းဂိုးဧရိယာထိပ္မွာ ေၾကာင္ေပ်ာက္ေနတယ္ဆိုတဲ့ ေဝဖန္သံေတြအျပင္ ပြဲထြက္ကစားေနရတဲ့ တိုက္စစ္မႉး မိုရာတာအေပၚမွာပါ ေဝဖန္ခဲ့ၾကပါတယ္။ ပြဲစဥ္ (၃)မွာတာ့ ဆလိုဗက္ကီးယားအသင္းကို (၅-၀)ဆိုတဲ့ရလဒ္နဲ႔ ေျခမႈန္းခဲ့ၿပီး ေဝဖန္သူေတြကို တိတ္ေစခဲ့႐ုံသာမက အခုပြဲမွာလည္း မိနစ္(၁၂၀)အတြင္း (၅)ဂိုး သြင္းယူျပခဲ့ပါေသးတယ္။

ယူ႐ိုသမိုင္းတေလွ်ာက္ ႏွစ္သင္းေပါင္းသြင္းဂိုး ဒုတိယအမ်ားဆုံးပြဲ
ပြဲၿပီးခါနီးသြင္းဂိုးေတြနဲ႔ အခ်ိန္ပိုက သြင္းဂိုး(၂)ဂိုးေၾကာင့္ အဆိုပါပြဲဟာ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးျမင္ရတဲ့ ပြဲစဥ္ေတြထဲကတစ္ပြဲ ျဖစ္လာခဲ့ပါတယ္။ ကိုပင္ေဟဂင္က အဆိုပါ သြင္းဂိုး (၈)ဂိုးေၾကာင့္ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ ႏွစ္သင္းေပါင္းသြင္းဂိုး ဒုတိယအမ်ားဆုံးပြဲ ျဖစ္လာခဲ့ၿပီး ယူ႐ို ၁၉၆၀ တုန္းက ျပင္သစ္အသင္းကို ယူဂိုဆလားဗီးယားအသင္းက (၅-၄)နဲ႔ အႏိုင္ရခဲ့တဲ့ပြဲကေတာ့ ပထမေနရာခ်ိတ္ေနဆဲပါ။

ေဝဖန္သူေတြကို အသံတိတ္ေစခဲ့တဲ့ မိုရာတာ
ယူ႐ို ၂၀၂၀ အတြင္း အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့လို႔ ျပစ္တင္ခံေနရတဲ့ မိုရာတာအေနနဲ႔ ခ႐ိုေအးရွားနဲ႔ ပြဲစဥ္မွာေတာ့ ေျခစြမ္းျပခဲ့ၿပီး ေနာက္ခံလူေတြကို အလုပ္ရွပ္ေစခဲ့တာပါ။ သူ႔ရဲ႕သြင္းဂိုးကိုေတာ့ အခ်ိန္ပိုမွာမွ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အဆိုပါသြင္းဂိုးေၾကာင့္ စပိန္တိုက္စစ္မႉးေဟာင္း ဖာနန္ဒိုေတာရက္စ္နဲ႔အတူ စပိန္အသင္းအတြက္ ယူ႐ိုသြင္းဂိုးအမ်ားဆုံးစာရင္းမွာ သြင္းဂိုး(၅)ဂိုးျဖင့္ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

စံခ်ိန္တင္ခဲ့တဲ့ စပိန္
ယူ႐ို ၂၀၂၀ မွာေတာ့ စပိန္အသင္းနဲ႔ ခ႐ိုေအးရွား အသင္းတို႔ရဲ႕ပြဲစဥ္က ၾကည့္အေကာင္းဆုံးပြဲေတြထဲကတစ္ပြဲျဖစ္ခဲ့ၿပီး စပိန္အသင္းအေနနဲ႔လည္း ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ အသင္းတစ္သင္းက ၿပိဳင္ပြဲတစ္ခုတည္းမွာ သြင္းဂိုး(၅)ဂိုးကို (၂)ပြဲဆက္ သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းအေနနဲ႔လည္း စံခ်ိန္တင္ခဲ့ပါေသးတယ္။

ဘာစီလိုနာကစားသမားေတြရဲ႕ လႊမ္းမိုးမႈ
ရွာဗီနဲ႔ အင္နီေယစတာတို႔လို ကြင္းလယ္လူေတြ ထပ္မေပၚထြက္လာေတာ့ေပမယ့္ ဘာစီလိုနာရဲ႕ လႊမ္းမိုးမႈေတာ့ မေလ်ာ့က်ခဲ့ဘဲ ပတ္ဒရီနဲ႔ ဘူးစကြက္စ္တို႔ရဲ႕ ကြင္းလယ္က ခ႐ိုေအးရွားရဲ႕ မိုဒရစ္တို႔ကို ေကာင္းေကာင္းယွဥ္ႏိုင္ခဲ့ပါတယ္။ ဘာစီရဲ႕(၃၂)ႏွစ္သား ကြင္းလယ္လူအေနနဲ႔ သူ႔ကိုဘယ္လိုဖိအားေပးေပး သူ႔အေနနဲ႔ တစ္ကြက္ႀကိဳျမင္တဲ့ ေပးပို႔မႈေတြ ျပဳလုပ္ခဲ့ၿပီး စပိန္အသင္းကို သူတို႔အတြဲအဖက္အေနနဲ႔ ဘယ္အထိ ဆြဲေခၚႏိုင္မလဲ စိတ္ဝင္စားစရာပါ။

ခ႐ိုေအးရွားရဲ႕ အႏိုင္မခံ အရႈံးမေပးစိတ္ဓါတ္
ပြဲၿပီးဖို႔ (၅)မိနစ္ေက်ာ္အလို၊ ရလဒ္က (၁-၃)နဲ႔ ရႈံးနိမ့္ေနခဲ့တာ‌ဆိုေပမယ့္ မိနစ္(၉၀)ျပည့္လို႔ နာက်င္အခ်ိန္ပို (၃)မိနစ္အေရာက္မွာေတာ့ (၃-၃) ျဖစ္သြားတဲ့ထိ အံ့ဩစရာ စိတ္ဓါတ္မာေက်ာမႈကို ခ႐ိုေအးရွားသားေတြ ျပသခဲ့ပါတယ္။ သူတို႔အေနနဲ႔ ေနာက္တစ္ဆင့္ကို မတက္ေရာက္ႏိုင္ခဲ့ေပမယ့္ သူတို႔ရဲ႕ အႏိုင္မခံအရႈံးမေပးစိတ္ဓါတ္ကိုေတာ့ မခ်ီးက်ဴးလို႔မရပါဘူး။ ေဘာလုံးကမာၻမွာ သူတို႔လို စိတ္ဓါတ္မ်ိဳးနဲ႔အသင္း မ်ားမ်ားစားစားမရွိလို႔ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.