Analysis International

ရှုံးထွက်အဆင့် ဂျာမနီ Vs အင်္ဂလန်ပွဲစဉ်မှာ ဂျာမနီအသင်း အနိုင်ရသွားစေနိုင်တဲ့ ၇ ချက်

ယူရို ၂၀၂၀ ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာတဲ့နောက်မှာတော့ ဝင်ဘလေကွင်းသစ်ကြီးမှာ ယှဉ်ပြိုင်ကစားကြမယ့် အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ ပွဲစဉ်ဟာနိုင်ငံတကာ ဘောလုံးပရိတ်သတ်တွေရဲ့ စိတ်ကိုဆွဲဆောင်မှု အမြင့်ဆုံးဖြစ်နေပြီး ဂျာမနီအနေနဲ့ အင်္ဂလန်အသင်းကို ကျော်ဖြတ်သွားနိုင်မယ့် အချက် ၇ ချက်ကို ဖော်ပြလိုက်ရပါတယ်။

(၁) သမိုင်းကြောင်းအရ အသာရနေခြင်း
၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအနေနဲ့ ဂျာမနီ(ထိုစဉ်က အနောက်ဂျာမနီ)အသင်းကို အချိန်ပိုမှာ အနိုင်ယူခဲ့ပြီး ထိုစဉ်က အနိုင်ယူခဲ့တဲ့ကွင်းကတော့ ယခင်က ဝင်ဘလေကွင်းဟောင်းမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုအရ ဂျာမနီအသင်းက ၁၅ ကြိမ်၊ အင်္ဂလန်အသင်းက ၁၃ ကြိမ် အသီးသီးအနိုင်ရထားကာ ၄ ပွဲသရေ ကျထားခဲ့ပါတယ်။

အနီးစပ်ဆုံးညွှန်းရရင် ဂျာမနီအသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှာလည်း လက်ရှိ ဂျာမနီနည်းပြ ယိုအာခင်မ် လို့ဗ်ရဲ့ အသင်းဟာ အင်္ဂလန်အသင်းကို သောမက်စ်မူလာရဲ့ ခြေစွမ်းပြ ဂိုး ၂ဂိုးနှင့်အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ ယူရို ၁၉၉၆ ဆီမီးဖိုင်နယ်မှာလည်း ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ လက်ရှိ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ ပင်နယ်တီလွဲချော်မှုနှင့်အတူ ဂျာမနီအသင်းကို အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပြီး အဆိုပါနှစ်က ဂျာမနီအသင်းအနေနဲ့ ယူရိုဖလားပါ ရရှိသွားခဲ့ပါသေးတယ်။

(၂) အင်္ဂလန်အသင်းအနေနဲ့ အဓိက ကစားသမားကို မသုံးစွဲသေးခြင်း
ယူရို ၂၀၂၀ မှာ ပွဲကစားချိန်များများရသင့်တဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုအနေနဲ့ သူ့ရဲ့ ယူရို ၂၀၂၀ အတွက် ပထမဆုံးပွဲကို အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ချက်အသင်းနဲ့ပွဲစဉ်မှာ ကစားခဲ့ရပြီး ကစားရချိန်ကတော့ ၆ မိနစ်သာ ရှိခဲ့တာပါ။ ဘိုင်ယန်မြူးနစ်နှင့်လီဗာပူးလ် ကစားသမားဟောင်း ဟာမန်းကတော့ “ကျွန်တော်သာနည်းပြဆိုရင်အကုန်လုံးကြံ့ခိုင်မှုပြည့်ဝနေတဲ့အခါ သူက ကျွန်တော့်အသင်းမှာ ရှိလိမ့်မယ်”လို့ RTE ကို ပြောခဲ့ပါတယ်။ အဆိုပါအင်္ဂလန်တောင်ပံကစားသမားဟာ ဒေါ့မွန်အသင်းအတွက် ၁၃၇ ပွဲမှာ ဂိုး ၅၀ ပြည့်တဲ့ထိ သွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး ယူရို ၂၀၂၀ မှာတော့ ဆောက်ဂိတ်ရဲ့ လျစ်လျူရှုမှုကို ခံနေရတာဖြစ်ပါတယ်။

(၃) ဂျာမနီအသင်းရဲ့ အဓိက ကွင်းလယ်လူ ကြံ့ခိုင်မှုပြည့်ဝလာခြင်း
ဂျာမနီအသင်းရဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာအနေနဲ့ ဒဏ်ရာမှ ပြန်လည်သက်သာနေပြီဖြစ်ပြီး ပေါ်တူဂီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ (၁၇)မိနစ်နှင့် ဟန်ဂေရီအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ၃၂ မိနစ်ကစားခဲ့ပြီး ဟန်ဂေရီအသင်းနဲ့ပွဲစဉ်မှာ အသင်းကို ရှုံးထွက်အဆင့်ပို့ဆောင်ပေးမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အဆိုပါကွင်းလယ်လူက “ကျွန်တော် တကယ်ပျော်ပါတယ်။ အရန်ခုံကနေ ခက်ခဲတဲ့ပွဲစဉ်တစ်ခုကို စောင့်ကြည့်နေရတာက ခက်ခဲပေမယ့် ကွင်းထဲဝင်တဲ့အခါ အကုန်လုံးကို ပေးဆပ်ပြီးကစားဖို့ တွန်းအားပေးပါတယ်” လို့ ပြောသွားခဲ့ရာ အင်္ဂလန်နဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

(၄) ကင်းမစ်ခ်ျနဲ့ ဂိုဆန်စ် ဒဏ်ရာပြဿနာကင်းနေခြင်း
အုပ်စုပွဲစဉ်တွေမှာ အသုံးပြုခဲ့တဲ့ ၃-၄-၃ ကစားကွက်မှာ အံဝင်အောင် ခြေစွမ်းပြထားနိုင်ခဲ့တဲ့ ကင်းမစ်ခ်ျနဲ့ ဂိုဆန်စ်တို့ နှစ်ယောက်စလုံး ဒဏ်ရာပြဿနာကင်းစင်နေပါတယ်။ ဘိုင်ယန်အသင်းနည်းပြဟောင်း ဟန်ဇီဖလစ်ခ်ကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်လာမယ့် သူလို့ အဆိုပါဘိုင်ယန်ကွင်းလယ်လူကို ချီးကျူးထားခဲ့ပြီး အတ္တလန်တာ အစွန်လူရဲ့ ပေါ်တူဂီနဲ့ပွဲစဉ်က ခြေစွမ်းကိုလည်း ၁၉၉၆ ဝင်ဘလေနိုင်ပွဲတုန်းက အသင်းသားတစ်ဦးဖြစ်တဲ့ စတက်ဖန် ဖရန်းက “ခံစစ်၊ တိုက်စစ်ကစားပုံကောင်းပြီး နေရာလွတ်တွေနဲ့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်သူ”လို့ ချီးကျူးခဲ့ပြီး နောက်ခံအစွန်လူ ရေရေရာရာ မရှိသေးတဲ့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအတွက်တော့ အခက်အခဲဖြစ်လာနိုင်ပါတယ်။

(၅) အနိုင်ရနည်းကို သိခြင်း
နှစ်သင်းကို ယှဉ်ကြည့်တဲ့အခါမှာ သိသာတဲ့ ကွာခြားချက်က ဂျာမနီအသင်းရဲ့ လက်ရှိလူအင်အားမှာ ၂၀၁၄ကမ္ဘာ့ဖလားရ အသင်းသားတွေ၊ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပိုင်ရှင်တွေပါဝင်နေပြီး ဝင်ဘလေကွင်းမှာ၂၀၁၃ ခုနှစ်က ချန်ပီယံလိဂ်ရယူအောင်မြေနင်းဖူးတဲ့ သောမက်စ်မူလာ နဲ့ နွိုင်ယာတို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလားရရှိထားတဲ့ ခိုင် ဟာဗက်ဇ်နဲ့ တီမို ဗာနာလို ငယ်ရွယ်ထက်မြက်တဲ့ ကစားသမားလည်း ရှိနေပါတယ်။ ဒါကြောင့် ဂျာမနီ အသင်းက ကစားသမားတွေအများစုက ဆုဖလားတွေနဲ့ ယဉ်ပါးနေသူတွေများတဲ့အတွက်ကော ပွဲကြီးအတွေ့အကြုံပိုများတဲ့ အတွက်ကော ဂျာမနီအသင်းကပဲ သမ္ဘာနဲ့ထိန်းဆော့ပြီး နောက်တစ်ဆင့်တက်သွားနိုင်ခြေများတယ်လို့ ယူဆကြသူတွေလည်းရှိနေကြတာပါ။

(၆) အင်္ဂလန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားများ နေရာထပ်နေခြင်း
Daily Mail ရဲ့ဖော်ပြချက်အရ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ကွင်းလယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်နှင့် မေဆန်မောင့်ကို တစ်ပြိုင်နက်ပွဲထုတ်သွားဖို့ ရှိနေပြီး ခြေစွမ်းပြနေတဲ့ ဘူကာယို ဆာကာကို အရန်ခုံထဲပို့ဖို့ ဖြစ်နိုင်ခြေများလာရာ ဂရီးလစ်ရှ် မေဆန်မောင့် ဖိုဒန် တို့ထဲက ၂ ယောက်လောက်အထိ ပွဲထွက်လာနိုင်ဖွယ်ရှိနေပြီး သူတို့ဟာလည်း ကစားပေါက်တူနေတဲ့သူတွေဖြစ်နေရာ ရာဟင်းမ်စတာလင် နဲ့ ကွင်းလယ်တိုက်စစ်မှာ တွဲဖက်ပေးသွားဖွယ်ရှိနေသည်။

(၇) အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပြဿနာ
အင်္ဂလန်အသင်းဟာ အုပ်စုတွင်း ၃ ပွဲမှာ ပေးဂိုးမရှိတာကတော့ ချီးကျူးစရာဖြစ်နေပေမယ့် တိုက်စစ်သွင်းဂိုးဟာ ၃ ပွဲမှာ ၂ ဂိုးသာ ရှိခဲ့ပြီး တစ်ပွဲတစ်ဂိုးနှုန်းတောင် မရှိတဲ့အနေအထားဟာ မဖြစ်သင့်တဲ့အပြင် သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးထားတာကလည်း စတာလင် တစ်ယောက်တည်းသာ ဖြစ်နေခဲ့ပါတယ်။

ယခု ယူရိုပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဟယ်ရီကိန်း ကိုယ်တိုင် ကွင်းထဲမှာ ရှိနေရဲ့လားလို့ ရှာနေရတဲ့အထိ ကစားကွက်ပြင်ပရောက်နေခဲ့ပြီး သွင်းဂိုးလည်းနတ္ထိ ဖြစ်နေသလို ကလပ်အသင်းတွေမှာ ဂိုးမြူးတဲ့ တိုက်စစ်အားသန်ကစားသမားတွေပါ သွင်းဂိုးတွေပျောက်ရှနေကာ တိုက်စစ်အဆုံးသတ်ညံ့ဖျင်း‌တာတွေဟာ အခွင့်အရေးတစ်ကြိမ်တိုင်း အရေးကြီးတဲ့အနေအထားဖြစ်တဲ့ ယခုလို ရှုံးထွက်အဆင့်ပွဲကြီးမှာ ဒုက္ခရောက်နိုင်ဖို့ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၂၀၂၀ ရဲ႕ ၁၆ သင္း ရႈံးထြက္အဆင့္ ပြဲစဥ္ေတြ ထြက္ေပၚလာတဲ့ေနာက္မွာေတာ့ ဝင္ဘေလကြင္းသစ္ႀကီးမွာ ယွဥ္ၿပိဳင္ကစားၾကမယ့္ အဂၤလန္အသင္းနဲ႔ ဂ်ာမနီအသင္းတို႔ရဲ႕ ပြဲစဥ္ဟာႏိုင္ငံတကာ ေဘာလုံးပရိတ္သတ္ေတြရဲ႕ စိတ္ကိုဆြဲေဆာင္မႈ အျမင့္ဆုံးျဖစ္ေနၿပီး ဂ်ာမနီအေနနဲ႔ အဂၤလန္အသင္းကို ေက်ာ္ျဖတ္သြားႏိုင္မယ့္ အခ်က္ ၇ ခ်က္ကို ေဖာ္ျပလိုက္ရပါတယ္။

(၁) သမိုင္းေၾကာင္းအရ အသာရေနျခင္း
၁၉၆၆ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အဂၤလန္အသင္းအေနနဲ႔ ဂ်ာမနီ(ထိုစဥ္က အေနာက္ဂ်ာမနီ)အသင္းကို အခ်ိန္ပိုမွာ အႏိုင္ယူခဲ့ၿပီး ထိုစဥ္က အႏိုင္ယူခဲ့တဲ့ကြင္းကေတာ့ ယခင္က ဝင္ဘေလကြင္းေဟာင္းမွာပါ။ ထိပ္တိုက္ေတြ႕ဆုံမႈအရ ဂ်ာမနီအသင္းက ၁၅ ႀကိမ္၊ အဂၤလန္အသင္းက ၁၃ ႀကိမ္ အသီးသီးအႏိုင္ရထားကာ ၄ ပြဲသေရ က်ထားခဲ့ပါတယ္။

အနီးစပ္ဆုံးၫႊန္းရရင္ ဂ်ာမနီအသင္းဟာ ၂၀၁၀ ကမာၻ႔ဖလား ၁၆ သင္းရႈံးထြက္အဆင့္မွာလည္း လက္ရွိ ဂ်ာမနီနည္းျပ ယိုအာခင္မ္ လို႔ဗ္ရဲ႕ အသင္းဟာ အဂၤလန္အသင္းကို ေသာမက္စ္မူလာရဲ႕ ေျခစြမ္းျပ ဂိုး ၂ဂိုးႏွင့္အတူ ၄-၁ ဆိုတဲ့ ရလဒ္နဲ႔ ေက်ာ္ျဖတ္ခဲ့ပါတယ္။ ယူ႐ို ၁၉၉၆ ဆီမီးဖိုင္နယ္မွာလည္း ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ လက္ရွိ အဂၤလန္နည္းျပ ေဆာက္ဂိတ္ရဲ႕ ပင္နယ္တီလြဲေခ်ာ္မႈႏွင့္အတူ ဂ်ာမနီအသင္းကို အေရးနိမ့္ခဲ့ရတာလည္းျဖစ္ၿပီး အဆိုပါႏွစ္က ဂ်ာမနီအသင္းအေနနဲ႔ ယူ႐ိုဖလားပါ ရရွိသြားခဲ့ပါေသးတယ္။

(၂) အဂၤလန္အသင္းအေနနဲ႔ အဓိက ကစားသမားကို မသုံးစြဲေသးျခင္း
ယူ႐ို ၂၀၂၀ မွာ ပြဲကစားခ်ိန္မ်ားမ်ားရသင့္တဲ့ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ဆန္ခ်ိဳအေနနဲ႔ သူ႔ရဲ႕ ယူ႐ို ၂၀၂၀ အတြက္ ပထမဆုံးပြဲကို အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ခ်က္အသင္းနဲ႔ပြဲစဥ္မွာ ကစားခဲ့ရၿပီး ကစားရခ်ိန္ကေတာ့ ၆ မိနစ္သာ ရွိခဲ့တာပါ။ ဘိုင္ယန္ျမဴးနစ္ႏွင့္လီဗာပူးလ္ ကစားသမားေဟာင္း ဟာမန္းကေတာ့ “ကြၽန္ေတာ္သာနည္းျပဆိုရင္အကုန္လုံးႀကံ့ခိုင္မႈျပည့္ဝေနတဲ့အခါ သူက ကြၽန္ေတာ့္အသင္းမွာ ရွိလိမ့္မယ္”လို႔ RTE ကို ေျပာခဲ့ပါတယ္။ အဆိုပါအဂၤလန္ေတာင္ပံကစားသမားဟာ ေဒါ့မြန္အသင္းအတြက္ ၁၃၇ ပြဲမွာ ဂိုး ၅၀ ျပည့္တဲ့ထိ သြင္းယူထားႏိုင္ခဲ့သူျဖစ္ၿပီး ယူ႐ို ၂၀၂၀ မွာေတာ့ ေဆာက္ဂိတ္ရဲ႕ လ်စ္လ်ဴရႈမႈကို ခံေနရတာျဖစ္ပါတယ္။

(၃) ဂ်ာမနီအသင္းရဲ႕ အဓိက ကြင္းလယ္လူ ႀကံ့ခိုင္မႈျပည့္ဝလာျခင္း
ဂ်ာမနီအသင္းရဲ႕ ကြင္းလယ္လူ ေဂၚရက္ဇ္ကာအေနနဲ႔ ဒဏ္ရာမွ ျပန္လည္သက္သာေနၿပီျဖစ္ၿပီး ေပၚတူဂီအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ (၁၇)မိနစ္ႏွင့္ ဟန္ေဂရီအသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ၃၂ မိနစ္ကစားခဲ့ၿပီး ဟန္ေဂရီအသင္းနဲ႔ပြဲစဥ္မွာ အသင္းကို ရႈံးထြက္အဆင့္ပို႔ေဆာင္ေပးမယ့္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ အဆိုပါကြင္းလယ္လူက “ကြၽန္ေတာ္ တကယ္ေပ်ာ္ပါတယ္။ အရန္ခုံကေန ခက္ခဲတဲ့ပြဲစဥ္တစ္ခုကို ေစာင့္ၾကည့္ေနရတာက ခက္ခဲေပမယ့္ ကြင္းထဲဝင္တဲ့အခါ အကုန္လုံးကို ေပးဆပ္ၿပီးကစားဖို႔ တြန္းအားေပးပါတယ္” လို႔ ေျပာသြားခဲ့ရာ အဂၤလန္နဲ႔ပြဲအတြက္ ႀကံ့ခိုင္မႈျပည့္ဝေနႏိုင္တဲ့ အေနအထားမွာရွိေနပါတယ္။

(၄) ကင္းမစ္ခ္်နဲ႔ ဂိုဆန္စ္ ဒဏ္ရာျပႆနာကင္းေနျခင္း
အုပ္စုပြဲစဥ္ေတြမွာ အသုံးျပဳခဲ့တဲ့ ၃-၄-၃ ကစားကြက္မွာ အံဝင္ေအာင္ ေျခစြမ္းျပထားႏိုင္ခဲ့တဲ့ ကင္းမစ္ခ္်နဲ႔ ဂိုဆန္စ္တို႔ ႏွစ္ေယာက္စလုံး ဒဏ္ရာျပႆနာကင္းစင္ေနပါတယ္။ ဘိုင္ယန္အသင္းနည္းျပေဟာင္း ဟန္ဇီဖလစ္ခ္ကလည္း ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ေယာက္ျဖစ္လာမယ့္ သူလို႔ အဆိုပါဘိုင္ယန္ကြင္းလယ္လူကို ခ်ီးက်ဴးထားခဲ့ၿပီး အတၱလန္တာ အစြန္လူရဲ႕ ေပၚတူဂီနဲ႔ပြဲစဥ္က ေျခစြမ္းကိုလည္း ၁၉၉၆ ဝင္ဘေလႏိုင္ပြဲတုန္းက အသင္းသားတစ္ဦးျဖစ္တဲ့ စတက္ဖန္ ဖရန္းက “ခံစစ္၊ တိုက္စစ္ကစားပုံေကာင္းၿပီး ေနရာလြတ္ေတြနဲ႔ အခြင့္အေရးေတြ ဖန္တီးေပးႏိုင္သူ”လို႔ ခ်ီးက်ဴးခဲ့ၿပီး ေနာက္ခံအစြန္လူ ေရေရရာရာ မရွိေသးတဲ့ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းအတြက္ေတာ့ အခက္အခဲျဖစ္လာႏိုင္ပါတယ္။

(၅) အႏိုင္ရနည္းကို သိျခင္း
ႏွစ္သင္းကို ယွဥ္ၾကည့္တဲ့အခါမွာ သိသာတဲ့ ကြာျခားခ်က္က ဂ်ာမနီအသင္းရဲ႕ လက္ရွိလူအင္အားမွာ ၂၀၁၄ကမာၻ႔ဖလားရ အသင္းသားေတြ၊ ၂၀၁၇ ကြန္ဖက္ဒေရးရွင္းဖလားပိုင္ရွင္ေတြပါဝင္ေနၿပီး ဝင္ဘေလကြင္းမွာ၂၀၁၃ ခုႏွစ္က ခ်န္ပီယံလိဂ္ရယူေအာင္ေျမနင္းဖူးတဲ့ ေသာမက္စ္မူလာ နဲ႔ ႏြိဳင္ယာတို႔လည္း ပါဝင္ေနပါတယ္။

ဒါ့အျပင္ ပူပူေႏြးေႏြး ခ်န္ပီယံလိဂ္ဖလားရရွိထားတဲ့ ခိုင္ ဟာဗက္ဇ္နဲ႔ တီမို ဗာနာလို ငယ္႐ြယ္ထက္ျမက္တဲ့ ကစားသမားလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ဂ်ာမနီ အသင္းက ကစားသမားေတြအမ်ားစုက ဆုဖလားေတြနဲ႔ ယဥ္ပါးေနသူေတြမ်ားတဲ့အတြက္ေကာ ပြဲႀကီးအေတြ႕အႀကဳံပိုမ်ားတဲ့ အတြက္ေကာ ဂ်ာမနီအသင္းကပဲ သမာၻနဲ႔ထိန္းေဆာ့ၿပီး ေနာက္တစ္ဆင့္တက္သြားႏိုင္ေျခမ်ားတယ္လို႔ ယူဆၾကသူေတြလည္းရွိေနၾကတာပါ။

(၆) အဂၤလန္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမားမ်ား ေနရာထပ္ေနျခင္း
Daily Mail ရဲ႕ေဖာ္ျပခ်က္အရ အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ ကြင္းလယ္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဖိုဒန္ႏွင့္ ေမဆန္ေမာင့္ကို တစ္ၿပိဳင္နက္ပြဲထုတ္သြားဖို႔ ရွိေနၿပီး ေျခစြမ္းျပေနတဲ့ ဘူကာယို ဆာကာကို အရန္ခုံထဲပို႔ဖို႔ ျဖစ္ႏိုင္ေျခမ်ားလာရာ ဂရီးလစ္ရွ္ ေမဆန္ေမာင့္ ဖိုဒန္ တို႔ထဲက ၂ ေယာက္ေလာက္အထိ ပြဲထြက္လာႏိုင္ဖြယ္ရွိေနၿပီး သူတို႔ဟာလည္း ကစားေပါက္တူေနတဲ့သူေတြျဖစ္ေနရာ ရာဟင္းမ္စတာလင္ နဲ႔ ကြင္းလယ္တိုက္စစ္မွာ တြဲဖက္ေပးသြားဖြယ္ရွိေနသည္။

(၇) အဂၤလန္အသင္းရဲ႕ တိုက္စစ္ျပႆနာ
အဂၤလန္အသင္းဟာ အုပ္စုတြင္း ၃ ပြဲမွာ ေပးဂိုးမရွိတာကေတာ့ ခ်ီးက်ဴးစရာျဖစ္ေနေပမယ့္ တိုက္စစ္သြင္းဂိုးဟာ ၃ ပြဲမွာ ၂ ဂိုးသာ ရွိခဲ့ၿပီး တစ္ပြဲတစ္ဂိုးႏႈန္းေတာင္ မရွိတဲ့အေနအထားဟာ မျဖစ္သင့္တဲ့အျပင္ သြင္းဂိုး ၂ ဂိုးစလုံးကို သြင္းယူေပးထားတာကလည္း စတာလင္ တစ္ေယာက္တည္းသာ ျဖစ္ေနခဲ့ပါတယ္။

ယခု ယူ႐ိုၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုရွင္ ဟယ္ရီကိန္း ကိုယ္တိုင္ ကြင္းထဲမွာ ရွိေနရဲ႕လားလို႔ ရွာေနရတဲ့အထိ ကစားကြက္ျပင္ပေရာက္ေနခဲ့ၿပီး သြင္းဂိုးလည္းနတၳိ ျဖစ္ေနသလို ကလပ္အသင္းေတြမွာ ဂိုးျမဴးတဲ့ တိုက္စစ္အားသန္ကစားသမားေတြပါ သြင္းဂိုးေတြေပ်ာက္ရွေနကာ တိုက္စစ္အဆုံးသတ္ညံ့ဖ်င္း‌တာေတြဟာ အခြင့္အေရးတစ္ႀကိမ္တိုင္း အေရးႀကီးတဲ့အေနအထားျဖစ္တဲ့ ယခုလို ရႈံးထြက္အဆင့္ပြဲႀကီးမွာ ဒုကၡေရာက္ႏိုင္ဖို႔ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.